HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Super Mario Bros. Movie ဇာတ်လမ်း

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Super Mario Bros. Movie ဇာတ်လမ်း

The Super Mario Bros. Movie ရဲ့ Official ပိုစတာ ထုတ်ပေးပြီးနောက်မှာတော့ ပထမဆုံးထွေလာလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Despicable Me ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ Illumination Entertainment စတူဒီယိုကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး အဓိကဇာတ်ကောင် ဖြစ်တဲ့ Mario နေရာမှာတော့ မင်းသား Chris Pratt က အသံသရုပ်ဆောင်ထားပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ ဇာတ်လမ်းအကြောင်းကို မကြေညာသေးပေမယ့်လည်း ဂိမ်းထဲကလိုပဲ Bowser က Princess Peach ကို ဖမ်းထားပြီး Mario က သွားရောက်ကယ်တင်ဖို့ ကြိုးစားတာကို မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့တာ ဖြစ်ပြီး သေချာအချိန်ယူ ဖန်တီးထားတာကြောင့် ပရိသတ်တွေအကြိုက် Animation တစ်ခု ဖြစ်လာဦးမယ်လို့ ထင်ပါတယ်။

ယခုအချိန်မှာတော့ The Super Mario Bros. Movie ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီထွေလာရဲ့ အစမှာတော့ ဗီလိန်ဖြစ်တဲ့ Bowser ဟာ အခြားနိုင်ငံတွေကို လိုက်လံကျူးကျော်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Mushroom Kingdom ရဲ့ တမူထူးခြားတဲ့ ပုံစံကိုလည်း မြင်တွေ့ခဲ့ရပြီး Luigi ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Chris Pratt အပြင် Anya Taylor-Joy ၊ Charlie Day ၊ Jack Black ၊ Keegan-Michael Key ၊ Seth Rogen ၊ Fred Armisen နဲ့ Kevin Michael Richardson တို့ကလည်း ပါဝင်ပြီး အသံသရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၂၃ ခုနှစ် ဧပြီလ (၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular