HomeEntertainmentFilmသဘာဝလွန် ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်သူများ ကြည့်သင့်တဲ့ စီးရီးများ

သဘာဝလွန် ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်သူများ ကြည့်သင့်တဲ့ စီးရီးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတိုင်းဟာ ကိစ္စအမျိူးမျိူးနဲ့ အကြောင်းအမျိူးမျိူးကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်မှာတော့ စိတ်ထွက်ပေါက်တစ်ခု လိုအပ်လာပါတယ်။ စိတ်ထွက်ပေါက်ကို ရှာဖွေတဲ့အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်ဟာ အကြိုက်ချင်း မတူညီကြတော့ပါဘူး။ အဲ့ဒီထဲကမှ လူပင်ပန်းစိတ်ပင်ပန်း ဖြစ်လာရင် ရုပ်ရှင်ကြည့်ပြီး အပန်းဖြေတတ်သူတွေ အတွက်တော့ သဘာဝလွန် ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်ကြမှာပါ။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သဘာဝလွန် ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်သူတွေ ကြည့်သင့်တဲ့ စီးရီးတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Order
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး‌ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jack Morton လို့ ခေါ်တဲ့  ကောလိပ်ကျောင်းသား တစ်ယောက်ဟာ သူ့အမေရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်စားချေဖို့ ကြိုးစားနေရင်းနဲ့ သူကိုယ်တိုင်ဟာ သမန်းဝံပုလွေတွေနဲ့ အောက်လမ်းမှော်ပညာကို အသုံးပြုသူတို့ရဲ့ စစ်ပွဲကြားမှာ ပါဝင်သွားခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Jack Manley ၊ Sarah Grey ၊ Katharine Isabelle နဲ့ Adam DiMarco တို့က ပါဝင်ထားပါတယ်။

(6) Hemlock Grove
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ Pennsylvania ပြည်နယ်မှာရှိတဲ့ Hemlock Grove ဆိုတဲ့ မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီမြို့မှာ နေထိုင်ကြသူဟာ အလွန်ကို ချမ်းသာကြွယ်ဝကြသလို လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဆိုးရွားတဲ့ အမှန်တရားတစ်ခုက ပေါ်ပေါက်လာတဲ့အချိန်မှာတော့ အဲ့ဒီမြို့ရဲ့ တကယ့်သရုပ်မှန်ကို မြင်လာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Bill Skarsgard ၊ Landon Liboiron နဲ့ Famke Janssen တို့က ပါဝင်ထားပါတယ်။

(5) The Gifted
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သန္ဓေပြောင်းလူသားတွေကို လူသားတွေဟာ အပယ်ခံအနေ ဆက်ဆံကြသလို ကြောက်လည်းကြောက်ရွံ့ကြပါတယ်။ သန္ဓေပြောင်းလူသားတွေကလည်း လူသားတွေနဲ့ ပူးတွဲနေထိုင်လို့ မဖြစ်တာကြောင့် သန္ဓေပြောင်းလူသားတွေပဲ စုပြီးတော့ နေထိုင်ကြရပါတယ်။ အဲ့ဒါကြောင့်ပဲ သန္ဓေပြောင်းလူသားတွေရဲ့ ကျောင်းဟာ သူတို့တွေနဲ့ လူသားတွေနဲ့ အန္တရာယ်မရှိဘဲ အတူပူးတွဲနေထိုင်ရအောင် ကြိုးစားကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(4) Midnight, Texas
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ Midnight လို့ခေါ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေကြတဲ့ လူတွေအကုန်လုံးဟာ အဲ့ဒီမြို့ထဲမှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ကြပါတယ်။ သာမန်လူတွေကတော့ သူတို့တွေကို အပယ်ခံလိုမျိူး ဆက်ဆံကြပေမယ့်လည်း အဲ့ဒီမြို့မှာ နေထိုင်သူအချင်းချင်းကတော့ ကူညီဖေးမကာ အန္တရာယ်မှန်သမျှကို အတူတူဖြတ်ကျော်ကြသူတွေလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Francois Arnaud ၊ Arielle Kebbel ၊ Peter Mensah နဲ့ Parisa Fitz-Henley တို့က ပါဝင်ထားပါတယ်။

(3) The Vampire Diaries
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Elena ဆိုတဲ့ ကောင်မလေးဟာ အထက်တန်းကျောင်းကို စတင်တက်ရောက်တဲ့အချိန်မှာပဲ Stefan နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေပြီးတော့ သူမနဲ့ သူတို့နှစ်ယောက်ကြားမှာ မမြင်ရတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေတယ်လို့ ခံစားလာရပါတယ်။ အဲ့ဒီနောက်မှာတော့ Stefan ရဲ့ အကိုဖြစ်သူ Damon ကလည်း မြို့ထဲကို ရောက်လာပြီး နောက်မှာတော့ အခြေအနေတွေဟာ ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးလာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Paul Wesley ၊ Ian Somerhalder နဲ့ Nina Dobrev တို့က ပါဝင်ထားပါတယ်။

(2) Penny Dreadful
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Vanessa Ives ဟာ လူသတ်သမားတစ်ယောက်ကို စုံစမ်းဖို့အတွက် သေနတ်သမားဖြစ်တဲ့ Ethan Chandler ၊ စူးစမ်းလေ့လာသူ Sir Malcolm Murray နဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့  Victor Frankenstein တို့ကို စုစည်းပြီးတော့ အဖွဲ့ဖွဲ့လိုက်ပါတယ်။ အဲ့လိုမျိုး စုံစမ်းနေရင်းနဲ့ သူတို့အဖွဲ့ရဲ့ပစ်မှတ်ဟာ လူသားမဟုတ်တဲ့ အရာတစ်ခုမှန်း သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Eva Green ၊ Josh Hartnett နဲ့ Timothy Dalton တို့က ပါဝင်ထားပါတယ်။

(1) Supernatural
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါးတွေကို အမဲလိုက်တဲ့ မုဆိုးမျိူးရိုးကနေ ဆင်းသက်လာတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ သူတို့အဖေကို လိုက်လံရှာဖွေကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကနေ စတင်ပြီးတော့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ရှည်လျားပြီး ပျော်ရွှင်စရာတွေ ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ အမဲလိုက်ခရီးစဉ်ကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jensen Ackles ၊ Jared Padalecki နဲ့Misha Collins တို့က ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတိုင္းဟာ ကိစၥအမ်ိဴးမ်ိဴးနဲ႔ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ စိတ္ပင္ပန္းေနတဲ့အခ်ိန္မွာေတာ့ စိတ္ထြက္ေပါက္တစ္ခု လိုအပ္လာပါတယ္။ စိတ္ထြက္ေပါက္ကို ရွာေဖြတဲ့အခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ဟာ အႀကိဳက္ခ်င္း မတူညီၾကေတာ့ပါဘူး။ အဲ့ဒီထဲကမွ လူပင္ပန္းစိတ္ပင္ပန္း ျဖစ္လာရင္ ႐ုပ္ရွင္ၾကည့္ၿပီး အပန္းေျဖတတ္သူေတြ အတြက္ေတာ့ သဘာဝလြန္ ဇာတ္လမ္းအမ်ိဴးအစားေတြကို ႀကိဳက္ႏွစ္သက္ၾကမွာပါ။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ သဘာဝလြန္ ဇာတ္လမ္းအမ်ိဴးအစားေတြကို ႀကိဳက္ႏွစ္သက္သူေတြ ၾကည့္သင့္တဲ့ စီးရီးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Order
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး‌ IMDb (6.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jack Morton လို႔ ေခၚတဲ့  ေကာလိပ္ေက်ာင္းသား တစ္ေယာက္ဟာ သူ႔အေမရဲ႕ ေသဆုံးမႈကို လက္စားေခ်ဖို႔အတြက္ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုထဲကို ဝင္ေရာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လက္စားေခ်ဖို႔ ႀကိဳးစားေနရင္းနဲ႔ သူကိုယ္တိုင္ဟာ သမန္းဝံပုေလြေတြနဲ႔ ေအာက္လမ္းေမွာ္ပညာကို အသုံးျပဳသူတို႔ရဲ႕ စစ္ပြဲၾကားမွာ ပါဝင္သြားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jack Manley ၊ Sarah Grey ၊ Katharine Isabelle နဲ႔ Adam DiMarco တို႔က ပါဝင္ထားပါတယ္။

(6) Hemlock Grove
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ Pennsylvania ျပည္နယ္မွာရွိတဲ့ Hemlock Grove ဆိုတဲ့ ၿမိဳ႕မွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီၿမိဳ႕မွာ ေနထိုင္ၾကသူဟာ အလြန္ကို ခ်မ္းသာႂကြယ္ဝၾကသလို လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ ကိုယ္စီ ရွိၾကပါတယ္။ ဒါေပမယ့္လည္း ဆိုး႐ြားတဲ့ အမွန္တရားတစ္ခုက ေပၚေပါက္လာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီၿမိဳ႕ရဲ႕ တကယ့္သ႐ုပ္မွန္ကို ျမင္လာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Bill Skarsgard ၊ Landon Liboiron နဲ႔ Famke Janssen တို႔က ပါဝင္ထားပါတယ္။

(5) The Gifted
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ သေႏၶေျပာင္းလူသားေတြကို လူသားေတြဟာ အပယ္ခံအေန ဆက္ဆံၾကသလို ေၾကာက္လည္းေၾကာက္႐ြံ႕ၾကပါတယ္။ သေႏၶေျပာင္းလူသားေတြကလည္း လူသားေတြနဲ႔ ပူးတြဲေနထိုင္လို႔ မျဖစ္တာေၾကာင့္ သေႏၶေျပာင္းလူသားေတြပဲ စုၿပီးေတာ့ ေနထိုင္ၾကရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သေႏၶေျပာင္းလူသားေတြရဲ႕ ေက်ာင္းဟာ သူတို႔ေတြနဲ႔ လူသားေတြနဲ႔ အႏၲရာယ္မရွိဘဲ အတူပူးတြဲေနထိုင္ရေအာင္ ႀကိဳးစားၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(4) Midnight, Texas
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ Midnight လို႔ေခၚတဲ့ ၿမိဳ႕ငယ္ေလး တစ္ခုမွာ ဇာတ္အိမ္တည္ထားတာပဲ ျဖစ္ပါတယ္။ သာမန္လူေတြနဲ႔ မတူဘဲ ထူးျခားေနၾကတဲ့ လူေတြအကုန္လုံးဟာ အဲ့ဒီၿမိဳ႕ထဲမွာ ေအးေအးခ်မ္းခ်မ္း ေနထိုင္ႏိုင္ၾကပါတယ္။ သာမန္လူေတြကေတာ့ သူတို႔ေတြကို အပယ္ခံလိုမ်ိဴး ဆက္ဆံၾကေပမယ့္လည္း အဲ့ဒီၿမိဳ႕မွာ ေနထိုင္သူအခ်င္းခ်င္းကေတာ့ ကူညီေဖးမကာ အႏၲရာယ္မွန္သမွ်ကို အတူတူျဖတ္ေက်ာ္ၾကသူေတြလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Francois Arnaud ၊ Arielle Kebbel ၊ Peter Mensah နဲ႔ Parisa Fitz-Henley တို႔က ပါဝင္ထားပါတယ္။

(3) The Vampire Diaries
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Elena ဆိုတဲ့ ေကာင္မေလးဟာ အထက္တန္းေက်ာင္းကို စတင္တက္ေရာက္တဲ့အခ်ိန္မွာပဲ Stefan နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေနၿပီးေတာ့ သူမနဲ႔ သူတို႔ႏွစ္ေယာက္ၾကားမွာ မျမင္ရတဲ့ ဆက္သြယ္မႈတစ္ခု ရွိေနတယ္လို႔ ခံစားလာရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Stefan ရဲ႕ အကိုျဖစ္သူ Damon ကလည္း ၿမိဳ႕ထဲကို ေရာက္လာၿပီး ေနာက္မွာေတာ့ အေျခအေနေတြဟာ ထင္ထားတာထက္ ပိုၿပီးေတာ့ ရႈပ္ေထြးလာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Paul Wesley ၊ Ian Somerhalder နဲ႔ Nina Dobrev တို႔က ပါဝင္ထားပါတယ္။

(2) Penny Dreadful
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Vanessa Ives ဟာ လူသတ္သမားတစ္ေယာက္ကို စုံစမ္းဖို႔အတြက္ ေသနတ္သမားျဖစ္တဲ့ Ethan Chandler ၊ စူးစမ္းေလ့လာသူ Sir Malcolm Murray နဲ႔ သိပၸံပညာရွင္ျဖစ္တဲ့  Victor Frankenstein တို႔ကို စုစည္းၿပီးေတာ့ အဖြဲ႕ဖြဲ႕လိုက္ပါတယ္။ အဲ့လိုမ်ိဳး စုံစမ္းေနရင္းနဲ႔ သူတို႔အဖြဲ႕ရဲ႕ပစ္မွတ္ဟာ လူသားမဟုတ္တဲ့ အရာတစ္ခုမွန္း သိလိုက္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Eva Green ၊ Josh Hartnett နဲ႔ Timothy Dalton တို႔က ပါဝင္ထားပါတယ္။

(1) Supernatural
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မေကာင္းဆိုးဝါးေတြကို အမဲလိုက္တဲ့ မုဆိုးမ်ိဴး႐ိုးကေန ဆင္းသက္လာတဲ့ ညီအစ္ကိုႏွစ္ေယာက္ဟာ ေပ်ာက္ဆုံးေနတဲ့ သူတို႔အေဖကို လိုက္လံရွာေဖြၾကတာပဲ ျဖစ္ပါတယ္။ အဲ့ဒီကေန စတင္ၿပီးေတာ့ သူတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ရွည္လ်ားၿပီး ေပ်ာ္႐ႊင္စရာေတြ ၊ ဝမ္းနည္းစရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အမဲလိုက္ခရီးစဥ္ႀကီးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jensen Ackles ၊ Jared Padalecki နဲ႔Misha Collins တို႔က ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular