HomeEntertainmentFilmThe Last of Us Season 1 ဇာတ်သိမ်းပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

The Last of Us Season 1 ဇာတ်သိမ်းပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

The Last of Us Season 1 ရဲ့ ဇာတ်သိမ်းပိုင်းကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းကတော့ မူလဂိမ်းရဲ့ Final Level ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ဒီအပိုင်းထဲက Joel ရဲ့ ကြမ်းတမ်းမှုတွေကို ကြည့်ရှုပြီး ထိတ်လန့်သွားကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Joel ကတော့ Ellie အတွက်ဆိုရင် ဘာမဆိုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ဒီအပိုင်းထဲမှာ သေချာမြင်တွေ့လိုက်ရပါတယ်။

Ellie ရဲ့အမေ

photo credit HBO

ဒီအပိုင်းရဲ့ အစမှာတော့ Ellie ရဲ့အမေဖြစ်သူ Anna ကို မြင်တွေ့ခဲ့ရပါတယ်။ Anna ဟာ Infected တစ်ယောက်က သူမရဲ့နောက်ကို လိုက်လာတာကြောင့် ထွက်ပြေးနေရင်း Fireflies တွေရဲ့ ပုန်းခိုရာတစ်ခုထဲမှာ ဝင်ပုန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သာမန်တံခါးတစ်ချပ်ဟာ Infected ကို မတားဆီးနိုင်တာကြောင့် Anna ဟာ တိုက်ခိုက်ရင်း အကိုက်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ Ellie ဟာ မွေးဖွားလာတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ Anna နေရာမှာ သရုပ်ဆောင်ထားတဲ့ Ashley Johnson ဟာ ဂိမ်းထဲက Ellie နေရာမှာ အသံသရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Stalker

photo credit HBO

Anna ရဲ့အနောက်ကို လိုက်လာတဲ့ Infected ကတော့ Stalker အမျိူးအစားပဲ ဖြစ်ပါတယ်။ Infected တွေကတော့ Runner ၊ Stalker ၊ Clicker နဲ့ Bloater တို့ပဲ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Stalker တွေကို ယခုအချိန်မှသာ သေချာပြသသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲက Stalker ကလည်း ဂိမ်းထဲကလိုပဲ သားရဲတစ်ကောင်လိုမျိူး ခြေရောလက်ရော အသုံးပြုပြီး ပြေးလာတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် Season 2 ထဲမှာတော့ Stalker တွေကို ပိုမိုမြင်တွေ့ရဦးမယ်လို့ ယူဆရပါတယ်။

Ellie ကို ဂစ်တာတီးသင်ပေးချင်တဲ့ Joel

photo credit HBO

ဇာတ်ဝင်ခန်းတစ်ခုထဲမှာတော့ Joel ဟာ စားနပ်ရိက္ခာအချို့ကို ရှာတွေ့ခဲ့ပြီး ဂစ်တာအပျက်တစ်လုံးကိုလည်း ရှာတွေ့တယ်လို့ Ellie ကို ပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Joel ဟာ Ellie ကို ဂစ်တာတီးသင်ပေးချင်တယ်လို့လည်း ပြောသွားပါတယ်။ ဒီဒိုင်ယာလော့ခ်တစ်ခုလုံးဟာ ဂိမ်းထဲကအတိုင်း ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် The Last of Us Part II ရဲ့ အစမှာတော့ Joel နဲ့ Ellie တို့ဟာ သီချင်းတစ်ပုဒ်ကို ဂစ်တာနဲ့ တီးဆိုနေကြပြီး ဒီဂိမ်းရဲ့ Emotional ဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းတစ်လုံးကို Setup ပြုလုပ်သွားတာလည်း ဖြစ်ပါတယ်။

ဂိမ်းဆော့သူတိုင်း သိကြတဲ့ အချက်တစ်ခု

photo credit HBO

အပိုင်း(၇)ထဲမှာတော့ Ellie ဟာ သူမရဲ့လက်နှိပ်ဓာတ်မီးက မီးမလင်းတာကြောင့် လက်နှိပ်ဓာတ်မီးကို လက်နဲ့ ရိုက်နေတဲ့ ဇာတ်ဝင်ခန်းကို Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ ဂိမ်းထဲမှာတော့ ဆော့ကစားသူတွေဟာ ဓာတ်မီးမလင်းတော့ရင် Controller ကို လက်နဲ့ရိုက်ရတဲ့ Feature ကို ထည့်သွင်းထားပါတယ်။ ဒီအပိုင်းထဲမှာလည်း Joel ဟာ အဆောက်အအုံတစ်ခုရဲ့ အပေါ်ကို တက်ဖို့အတွက် Ellie ကို အရင်ဆုံးထိန်းတင်ပေးခဲ့ပြီး အပေါ်မှာရှိတဲ့ လှေကားကို ချပေးခိုင်းခဲ့ပါတယ်။ ဂိမ်းထဲမှာဆိုရင်လည်း ကစားသူတွေဟာ ဒီလိုပုံစံမျိူး မကြာခဏပြုလုပ်ရပါတယ်။

The Last of Us Ending ဝတ်စုံ

photo credit HBO

ဒီအပိုင်းထဲမှာတော့ Joel နဲ့ Ellie တို့ရဲ့ဝတ်စုံတွေ ပြောင်းလဲသွားတာကို သတိထားမိကြမှာပါ။ ဒီအပိုင်းထဲမှာ သူတို့ ဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ မူလဂိမ်း အဆုံးသတ်ခါနီးမှာ Joel နဲ့ Ellie တို့ ပြောင်းလဲဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေနဲ့ တပုံစံတည်း တူညီအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Sarah အကြောင်း ဖွင့်ပြောပြလာတဲ့ Joel

photo credit HBO

အပိုင်း(၁)ထဲက Sarah ရဲ့ သေဆုံးခြင်းကို ဝမ်းနည်းစရာ ကြုံတွေ့ပြီးကတည်းက Joel ဟာ Sarah ရဲ့အကြောင်းကို လုံးဝထပ်မပြောတော့တာ သတိထားမိကြမှာပါ။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Joel ဟာ Sarah ရဲ့အကြောင်းတွေကို Ellie ကို ဖွင့်ပြောပြလာပါတယ်။ ဒီအချက်ကြောင့်ပဲ Joel ဟာ Ellie ကို သူ့ရဲ့တကယ့် သမီးအရင်းတစ်ယောက်လို သဘောထားလာပြီး အရင်လိုမျိူး လျှို့ဝှက်ချက်တွေ ထားမနေတော့ဘဲ ပိုမိုနီးစပ်လာတာကို တွေ့ရပါတယ်။

Joel ရဲ့ရှော့ခ်ရစရာ ဆုံးဖြတ်ချက်

photo credit HBO

Joel နဲ့ Ellie တို့ကို Fireflies တွေက ချုံခိုတိုက်ခိုက်တဲ့ အချိန်မှာတော့ Joel ဟာ ကူရာမဲ့နေတဲ့ Ellie ကို ဘာမှမလုပ်ပေးနိုင်ဘဲ ကြည့်နေခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ Sarah က Joel ကိုပေးခဲ့တဲ့ နာရီလေးကို သေချာရိုက်ပြသွားပါတယ်။ Joel ဟာ Sarah အသက်အန္တရာယ် ကြုံတွေ့ခဲ့ရတဲ့အချိန်မှာလည်း ဘာမှမလုပ်ပေးခဲ့နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယခုဒီနာရီလေးကို ပြသသွားတဲ့ သဘောကတော့ အဲဒီအချိန်မှာ Joel ဟာ Sarah ရဲ့အကြောင်းကို စဉ်းစားနေပြီး Ellie ကိုတော့ Sarah လိုမျိူး ထပ်အဖြစ်မခံတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုပြီး ပရိသတ်တွေက ယူဆကြပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ Joel ဟာ Ellie ကို ကယ်တင်ဖို့အတွက် Fireflies တွေအားလုံးကို သတ်ပစ်လိုက်တာပဲ ဖြစ်ပြီး အဲဒီဇာတ်ဝင်ခန်းတွေ အားလုံးကလည်း ဂိမ်းထဲကအတိုင်း တထေရာတည်းနီးပါး တူညီအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

Season 2 အတွက် အရေးပါလာမယ့် ခေါင်းဆောင်ခွဲစိတ်ဆရာဝန်

photo credit HBO

Joel ဟာ ခွဲစိတ်ခန်းထဲကို ရောက်လာတဲ့ အချိန်မှာတော့ တုန့်ဆိုင်းမှုတစ်ချက်မှ မရှိဘဲ ခေါင်းဆောင်ခွဲစိတ်ဆရာဝန်ကို သတ်ပစ်လိုက်ပါတယ်။ အဲဒီခေါင်းဆောင်ခွဲစိတ်ဆရာဝန်ကတော့ Season 2 ထဲမှာ အရေးပါလာမယ့် Abby ဇာတ်ကောင်ကို Setup ပြုလုပ်သွားတာလည်း ဖြစ်ပါတယ်။ Abby ကတော့ အဲဒီခေါင်းဆောင်ခွဲစိတ်ဆရာဝန်ရဲ့ သမီးပဲ ဖြစ်ပြီး သူ့အဖေကို သတ်သွားတဲ့အတွက် Joel နဲ့ Ellie တို့ကို ပြန်လည်လက်စားချေဖို့ ကြိုးစားမှာပဲ ဖြစ်ပါတယ်။

Abby ရဲ့ဂိမ်းထဲက အသံသရုပ်ဆောင်

photo credit HBO

Abby ဟာ အပိုင်း(၉)ထဲမှာ မပါဝင်ခဲ့ပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Season 2 ထဲမှာ အရေးပါလာမယ့် ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Abby ရဲ့ဂိမ်းထဲက အသံသရုပ်ဆောင်ဖြစ်တဲ့ Laura Bailey ကတော့ ခွဲစိတ်ဆရာဝန်ရဲ့ အကူတွေထဲက တစ်ယောက်အဖြစ် Cameo ပါဝင်ထားပါသေးတယ်။

Marlene ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်း

photo credit HBO

Joel ဟာ Fireflies အဖွဲ့ဝင်တွေများစွာကို သတ်ပြီးနောက်မှာတော့ ကားပါကင်ထဲမှာ Marlene နဲ့လည်း ထပ်မံရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Marlene ဟာ Joel ကို နားချဖို့ ကြိုးစားခဲ့ပြီး Joel ကတော့ နားမယောင်ဘဲ သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ဒါ့အပြင် Marlene က သေနတ်ထိထားလို့ အသနားခံနေတာတောင်မှ လုံးဝတွန့်ဆုတ်ခြင်းမရှိဘဲ သတ်ပစ်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းတွေ အားလုံးဟာ ဂိမ်းထဲကအတိုင်း ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular