HomeCharacterBlack Lantern ဖြစ်လာခဲ့တဲ့ Earth-2 က Superman

Black Lantern ဖြစ်လာခဲ့တဲ့ Earth-2 က Superman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စူပါဟီးရိုးဇာတ်ကောင်တွေထဲမှာ ၁၉၅၀ခုနှစ်ဝန်းကျင်လောက်တည်းက သိပ်ကိုနာမည်ကြီးခဲ့ပြီး အခုချိန်ထိလည်း လူကြိုက်များတဲ့ စူပါဟီးရိုးတွေထဲမှာ Superman ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ Superman ဟာ ၁၉၃၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Action Comics #1 မှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းက Superman နဲ့ အခု Superman ဟာ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အဲ့ဒီ Golden Age တုန်းက Superman ရဲ့နာမည်ဟာ Kal-L ဖြစ်ပြီး Earth-2 က Superman ပဲ ဖြစ်ပါတယ်။

Silver Age ရောက်မှသာ multiverse အကြောင်းတွေကို စတင်ဖော်ပြခဲ့ပြီး Earth-1 နဲ့ 2 က Superman နှစ်ယောက်ကို ပြိုင်တူဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ origin ရော တစ်ခြားအရာတွေ တော်တော်များများပါ တူညီနေကြပေမယ့်လည်း Kal-L ကတော့ နောက်ပိုင်းမှာ‌ တဖြည်းဖြည်းနဲ့ အသက်ကြီးလာခဲ့ပါတယ်။ Earth-1 က Kal-El ကတော့ အသက်ကြီးမလာဘဲ Superman အဖြစ်နဲ့ ဆက်လက်ပြီး အန္တရာယ်တွေကို ကာကွယ်နေခဲ့ပါတယ်။

photo via cbr

Crisis on Infinite Earths အဖြစ်အပျက်မှာတော့ Kal-L အပါအဝင် Earth-2 ဟာ ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Kal-L ဟာ အဲ့ဒီအဖြစ်အပျက်မှာ မသေဆုံးသွားဘဲ pocket dimension တစ်ခုထဲကနေ Earth-1 ကို စောင့်ကြည့်နေတယ်ဆိုတာကို သိခဲ့ကြရပါတယ်။

Infinite Crisis ဆိုတဲ့ အဖြစ်အပျက်မှာတော့ သူဟာ pocket dimension ထဲက ထွက်လာပြီးတော့ Kal-El ရဲ့ဆုံးဖြတ်ချက် မပြတ်သားမှုတွေကို အပြစ်တင်ကာ ဗီလိန်တွေ ဖြစ်ကြတဲ့ Superboy-prime နဲ့ Alexander Luthor Jr. တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါ့အပြင် Kal-L ဟာ Earth-1 ကို ဖျက်ဆီးဖို့ အကြံအစည်မှာ ပါဝင်ကူညီပေးဖို့အတွက် Earth-1 မှာရှိနေတဲ့ Batman နဲ့ Power Girl တို့ကို ပြောခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ သူတို့နေတဲ့ ကမ္ဘာကို ဖျက်ဆီးမယ့်အကြံကို သဘောမတူတာကြောင့် ငြင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Kal-L ဟာ Kal-El နဲ့ Power Girl တို့နဲ့ တိုက်ခိုက်ခဲ့အပြီးတော့ သူ့ရဲ့လုပ်ရပ်တွေဟာ မှားယွင်းနေတယ်ဆိုတာကို သိသွားခဲ့ပြီး Earth-1 က တစ်ခြားဟီးရိုးတွေနဲ့အတူ ပူးပေါင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Superboy-Prime ကို နောက်ထပ်လူတွေ ထပ်ပြီးတော့ မသတ်နိုင်တော့အောင် တားဆီးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ Superboy-Prime ကို Red Sun နဲ့ စွမ်းအားတွေ လျှော့ပြီးတော့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Superboy-Prime ဟာ စွမ်းအားတွေ လျော့နေတာတောင် သူ့ကို အလွယ်တကူ အနိုင်ယူခဲ့ပြီး သူတို့ရဲ့အစီအစဉ်တွေကို ဆန့်ကျင်ခဲ့တာကြောင့် သတ်ပစ်ခဲ့ပါတယ်။ Kal-L ဟာ သူကိုယ်တိုင်က ရှုံးနိမ့်သွားပေမယ့်လည်း Kal-El အနေနဲ့ Superboy-Prime ကို အနိုင်ယူဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Kal-L ဟာ Power Girl ရဲ့လက်ထဲမှာ အသက်ထွက်သွားပြီး သူ့ကို Earth-1 မှာ မြေမြုပ်ပေးခဲ့ကြပါတယ်။

photo via cbr

Blackest Night ဆိုတဲ့ ဖြစ်ရပ်မှာတော့ DC ဇာတ်ကောင်တွေဟာ Kal-L အပါအဝင် သေပြီးသားလူတွေနဲ့ ဖွဲ့စည်းထားတဲ့ Black Lantern စစ်တပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်ထဲမှာတော့ Kal-L နဲ့ သူ့ရဲ့ဇနီးသည်ဖြစ်တဲ့ Lois Kent တို့ဟာ Black Lantern အဖြစ်နဲ့ ပြန်လည်ရှင်သန်လာခဲ့ပြီး Smallville မှာရှိနေတဲ့ လူတွေကို တတ်နိုင်သမျှ များများ သတ်ဖြတ်ဖို့အတွက် စေလွှတ်ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာတော့ Superboy ဖြစ်တဲ့ Conner Kent ဟာ Kal-L ကို အနိုင်ယူနိုင်ခဲ့ပြီးတော့ အလောင်းကောင်အဖြစ် ပြန်လည်ပြောင်းသွားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း Black Lantern Lois ဟာ သူမရဲ့လက်စွပ်ကို အဆုံးရှုံးခံပြီးတော့ Kal-L ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလည်း Justice Society of America အဖွဲ့ဟာ Doctor Fate နဲ့ Mister Terrific တို့ တီထွင်ထားတဲ့ လက်နက်တစ်ခုနဲ့ Kal-L ရဲ့အလောင်းကောင်ကြီးကို လုံးဝဖျက်ဆီးပစ်ခဲ့ကြပြန်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

စူပါဟီး႐ိုးဇာတ္ေကာင္ေတြထဲမွာ ၁၉၅၀ခုႏွစ္ဝန္းက်င္ေလာက္တည္းက သိပ္ကိုနာမည္ႀကီးခဲ့ၿပီး အခုခ်ိန္ထိလည္း လူႀကိဳက္မ်ားတဲ့ စူပါဟီး႐ိုးေတြထဲမွာ Superman ဟာလည္း အပါအဝင္ျဖစ္ပါတယ္။ Superman ဟာ ၁၉၃၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Action Comics #1 မွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ၿပီး အဲ့ဒီတုန္းက Superman နဲ႔ အခု Superman ဟာ တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ အဲ့ဒီ Golden Age တုန္းက Superman ရဲ႕နာမည္ဟာ Kal-L ျဖစ္ၿပီး Earth-2 က Superman ပဲ ျဖစ္ပါတယ္။

Silver Age ေရာက္မွသာ multiverse အေၾကာင္းေတြကို စတင္ေဖာ္ျပခဲ့ၿပီး Earth-1 နဲ႔ 2 က Superman ႏွစ္ေယာက္ကို ၿပိဳင္တူေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ origin ေရာ တစ္ျခားအရာေတြ ေတာ္ေတာ္မ်ားမ်ားပါ တူညီေနၾကေပမယ့္လည္း Kal-L ကေတာ့ ေနာက္ပိုင္းမွာ‌ တျဖည္းျဖည္းနဲ႔ အသက္ႀကီးလာခဲ့ပါတယ္။ Earth-1 က Kal-El ကေတာ့ အသက္ႀကီးမလာဘဲ Superman အျဖစ္နဲ႔ ဆက္လက္ၿပီး အႏၲရာယ္ေတြကို ကာကြယ္ေနခဲ့ပါတယ္။

photo via cbr

Crisis on Infinite Earths အျဖစ္အပ်က္မွာေတာ့ Kal-L အပါအဝင္ Earth-2 ဟာ ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Kal-L ဟာ အဲ့ဒီအျဖစ္အပ်က္မွာ မေသဆုံးသြားဘဲ pocket dimension တစ္ခုထဲကေန Earth-1 ကို ေစာင့္ၾကည့္ေနတယ္ဆိုတာကို သိခဲ့ၾကရပါတယ္။

Infinite Crisis ဆိုတဲ့ အျဖစ္အပ်က္မွာေတာ့ သူဟာ pocket dimension ထဲက ထြက္လာၿပီးေတာ့ Kal-El ရဲ႕ဆုံးျဖတ္ခ်က္ မျပတ္သားမႈေတြကို အျပစ္တင္ကာ ဗီလိန္ေတြ ျဖစ္ၾကတဲ့ Superboy-prime နဲ႔ Alexander Luthor Jr. တို႔နဲ႔ ပူးေပါင္းခဲ့ပါတယ္။ ဒါ့အျပင္ Kal-L ဟာ Earth-1 ကို ဖ်က္ဆီးဖို႔ အႀကံအစည္မွာ ပါဝင္ကူညီေပးဖို႔အတြက္ Earth-1 မွာရွိေနတဲ့ Batman နဲ႔ Power Girl တို႔ကို ေျပာခဲ့ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ သူတို႔ေနတဲ့ ကမာၻကို ဖ်က္ဆီးမယ့္အႀကံကို သေဘာမတူတာေၾကာင့္ ျငင္းဆိုခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း Kal-L ဟာ Kal-El နဲ႔ Power Girl တို႔နဲ႔ တိုက္ခိုက္ခဲ့အၿပီးေတာ့ သူ႔ရဲ႕လုပ္ရပ္ေတြဟာ မွားယြင္းေနတယ္ဆိုတာကို သိသြားခဲ့ၿပီး Earth-1 က တစ္ျခားဟီး႐ိုးေတြနဲ႔အတူ ပူးေပါင္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Superboy-Prime ကို ေနာက္ထပ္လူေတြ ထပ္ၿပီးေတာ့ မသတ္ႏိုင္ေတာ့ေအာင္ တားဆီးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Superboy-Prime ကို Red Sun နဲ႔ စြမ္းအားေတြ ေလွ်ာ့ၿပီးေတာ့ ထိပ္တိုက္ရင္ဆိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Superboy-Prime ဟာ စြမ္းအားေတြ ေလ်ာ့ေနတာေတာင္ သူ႔ကို အလြယ္တကူ အႏိုင္ယူခဲ့ၿပီး သူတို႔ရဲ႕အစီအစဥ္ေတြကို ဆန႔္က်င္ခဲ့တာေၾကာင့္ သတ္ပစ္ခဲ့ပါတယ္။ Kal-L ဟာ သူကိုယ္တိုင္က ရႈံးနိမ့္သြားေပမယ့္လည္း Kal-El အေနနဲ႔ Superboy-Prime ကို အႏိုင္ယူဖို႔ အခြင့္အေရးတစ္ခု ဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Kal-L ဟာ Power Girl ရဲ႕လက္ထဲမွာ အသက္ထြက္သြားၿပီး သူ႔ကို Earth-1 မွာ ေျမျမဳပ္ေပးခဲ့ၾကပါတယ္။

photo via cbr

Blackest Night ဆိုတဲ့ ျဖစ္ရပ္မွာေတာ့ DC ဇာတ္ေကာင္ေတြဟာ Kal-L အပါအဝင္ ေသၿပီးသားလူေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Black Lantern စစ္တပ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အဲ့ဒီအျဖစ္အပ်က္ထဲမွာေတာ့ Kal-L နဲ႔ သူ႔ရဲ႕ဇနီးသည္ျဖစ္တဲ့ Lois Kent တို႔ဟာ Black Lantern အျဖစ္နဲ႔ ျပန္လည္ရွင္သန္လာခဲ့ၿပီး Smallville မွာရွိေနတဲ့ လူေတြကို တတ္ႏိုင္သမွ် မ်ားမ်ား သတ္ျဖတ္ဖို႔အတြက္ ေစလႊတ္ခံခဲ့ရပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Superboy ျဖစ္တဲ့ Conner Kent ဟာ Kal-L ကို အႏိုင္ယူႏိုင္ခဲ့ၿပီးေတာ့ အေလာင္းေကာင္အျဖစ္ ျပန္လည္ေျပာင္းသြားေစခဲ့ပါတယ္။ ဒါေပမယ့္လည္း Black Lantern Lois ဟာ သူမရဲ႕လက္စြပ္ကို အဆုံးရႈံးခံၿပီးေတာ့ Kal-L ကို ျပန္လည္အသက္သြင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာလည္း Justice Society of America အဖြဲ႕ဟာ Doctor Fate နဲ႔ Mister Terrific တို႔ တီထြင္ထားတဲ့ လက္နက္တစ္ခုနဲ႔ Kal-L ရဲ႕အေလာင္းေကာင္ႀကီးကို လုံးဝဖ်က္ဆီးပစ္ခဲ့ၾကျပန္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular