HomeCharacterလူအများစု အံ့ဩသွားစေမယ့် Superman ရဲ့လျှို့ဝှက်ချက်များ

လူအများစု အံ့ဩသွားစေမယ့် Superman ရဲ့လျှို့ဝှက်ချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Superman ဟာ စူပါဟီးရိုးဇာတ်ကောင်တွေကြားထဲမှာ လူသိအများဆုံးဖြစ်ပြီး ကောမစ်အနေနဲ့လည်း တော်တော်လေး စောတဲ့ကာလမှာ ထွက်ရှိခဲ့ပါတယ်။ ၁၉၃၈ခုနှစ်မှာ Action Comics #1 နာမည်နဲ့ ပထမဆုံး ကောမစ်စာအုပ် ထွက်ရှိခဲ့ပြီး အခုအချိန် အဲ့ဒီ့စာအုပ်မူရင်းရဲ့ တန်ကြေးဟာ ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိနေတဲ့အထိပါပဲ။

Superman နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ တူညီတဲ့အရာကတော့ အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားတဲ့ ဟီးရိုးတစ်ယောက်ဆိုတာပါပဲ။ ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာတဲ့ Superman ဇာတ်ကောင်ဟာ ခေတ်ပေါ်ယဉ်ကျေးမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဖျော်ဖြေရေးလောကထဲမှာလည်း အထင်ကရအဖြစ်ဆုံး ဇာတ်ကောင်တစ်ခုအနေနဲ့ တည်ရှိနေပါတယ်။

ဒီလိုစကားတွေ ခံနေရတဲ့ အကြောင်းရင်းကတော့ Superman ဇာတ်ကောင်ဟာ လူတွေသိထားသလိုမျိုး အမှန်တရား ဘက်တော်သားအဖြစ်နဲ့ပဲနေပြီး မကောင်းတာတွေကို လုံးဝမကျူးလွန်တဲ့ ကာရိုက်တာ မဟုတ်ဘူးဆိုတာကို ပြောပြချင်လို့ပါပဲ။ ကောမစ်ရေးသားတဲ့ စာရေးဆရာတွေဟာ ခေတ်တွေ အများကြီးကို ဖြတ်သန်းလာခဲ့တဲ့ Superman ဇာတ်ကောင်ကို ယုံကြည်မှုရှိစွာနဲ့ပဲ မကောင်းတဲ့၊ dark ဖြစ်တဲ့ တစ်ချို့အရာတွေကို ထည့်သွင်းရေးဆွဲခဲ့ကြပါတယ်။ အမာခံပရိသတ်တွေတောင် သိသွားရင် အံ့ဩသွားရမယ့် Superman ရဲ့ dark ဖြစ်တဲ့ဇာတ်လမ်းအချို့ကတော့ …

လုပ်ပွဲကစားနေတဲ့ ဘောလုံးပွဲကိုတားဖို့ ပြစ်မှုကျူးလွန်ခဲ့ဖူးပါတယ်။
photo via cbr

Superman ကို စတင်မိတ်ဆက်ခဲ့တဲ့ ပထမဆုံးနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Action Comics စာအုပ်တွေထဲမှာ ဇာတ်လိုက်ကျော်ကြီး Superman ရဲ့ မစ်ရှင်ကတော့ အမေရိကရဲ့ ပျက်စီးယိုယွင်းနေတဲ့ ဘောလုံးလောကကို ပြန်လည်တည့်မတ်ပေးဖို့ ဖြစ်ပါတယ်။ ဒုစရိုက်သမားတစ်စုဟာ အရာရှိတွေကို လာဘ်ထိုးပြီးတော့ ဘောလုံးပွဲတွေကို လုပ်ပွဲကစားနေခဲ့တယ်ဆိုတာ Superman သိရှိသွားခဲ့ရာက ဇာတ်လမ်းစပါတယ်။

ဒီမှာတင် အမေရိကရဲ့ ယဉ်ကျေးသိမ်မွေ့၊ သဘောမနောကောင်းပါတယ်ဆိုပြီး နာမည်တစ်လုံးနဲ့နေတဲ့ Superman ဟာ မကောင်းမှုတစ်ခုကို တိုက်ဖျက်ဖို့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကတော့ အရင်ဦးဆုံး Tommy Burke ဆိုတဲ့ ဘောလုံးကစားသမားကို ဆေးခပ်ပြီး ပြန်ပေးဆွဲပါတယ်။ ပြီးတော့ သတိမေ့နေတဲ့ ဘောလုံးသမားကို သူ့ရဲ့အိပ်ရာပေါ်မှာ ကြိုးတုပ်ပြီး ထားခဲ့ပါတယ်။ သူကတော့ Tommy Burke အယောင်ဆောင်ပြီး ဘောလုံးပွဲမှာ လုပ်ပွဲ မဖြစ်အောင် ဝင်တားခဲ့ပါတယ်။ အံ့ဩစရာကောင်းစွာနဲ့ပဲ Superman ဟာ ပြန်ပေးဆွဲမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှု၊ နာမည်ခိုးယူမှု စတာတွေကို ပြုလုပ်ခဲ့ဖူးတာကို တွေ့ရပါတယ်။ 

သူဟာ လူမျိုးရေးလည်း ခွဲခြားပါသေးတယ်။
photo via cbr

၁၉၇၀ပြည့်နှစ်ဝန်းကျင်မှာ ထွက်ရှိခဲ့တဲ့ Superman ကောမစ်တွေထဲမှာ တစ်ချို့တစ်လေဟာ တော်တော်လေး ကပေါက်တိ ကပေါက်ချာနိုင်ပြီး ထိရှလွယ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားပါတယ်။ ဒီတစ်ခုကတော့ ဒီဘက်ခေတ်မှာဆိုရင် အကြီးအကျယ် ဝေဖန်ခံရမယ့်ကိစ္စတစ်ခုပါ။

Lois ဟာ သတင်းတစ်ခုကို ရေးဖို့အတွက် မဖြစ်မနေ လူမည်းအဖြစ် အယောင်ဆောင်ခဲ့ရဖူးပါတယ်။ အဲ့ဒီ့နောက်မှာတော့ Lois ဟာ လူမည်းဖြစ်နေတဲ့အချိန်မှာ သူမကို လက်ထပ်ရဲလားလို့ Superman ကို ချဲလင့်ခေါ်လိုက်ပါတယ်။ ဒီမှာတင် ကိုရွှေ Clark Kent က “ငါ့ကို ဘယ်လိုမေးရက်လိုက်တာလဲ Lois ရယ် …” ဆိုတာပဲ ပြောပြီး လက်ထပ်မယ်၊ မထပ်ဘူးဆိုတဲ့ အဖြေကိုတော့ မပြောခဲ့ပါဘူးတဲ့။ ဒါဟာ Superman အနေနဲ့ လူမည်းတစ်ယောက်ကို လက်ထပ်မှာ မဟုတ်ဘူးဆိုတာကို ပြောလိုက်သလိုပါပဲ။

သူနဲ့ပတ်သက်လို့ Lex Luthor မှန်ကန်ကြောင်း သက်သေပြခဲ့ဖူးပါသေးတယ်။
photo via cbr

Lex Luthor နဲ့ Superman ဟာ လုံးဝကို ဆန့်ကျင်ဖက် လူနှစ်ယောက်ပါ။ Superman ဟာ နတ်ဘုရားတစ်ယောက်လို အကန့်အသတ်မဲ့တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် Lex Luthor ကတော့ တီထွင်နိုင်စွမ်းရှိပြီး ဉာဏ်ကောင်းတဲ့ ရိုးရိုးသာမန်လူတစ်ယောက်ပါပဲ။

Lex ရဲ့ အယူအဆကတော့ ဒီလိုမျိုး စွမ်းအားတွေ ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ တစ်နေ့ကျရင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အန္တရာယ် ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဒီလိုလူမျိုးဟာ ကမ္ဘာပေါ်မှာမရှိသင့်ဘဲ ပျောက်ကွယ်သွားရမယ်ဆိုတဲ့ သူ့ရဲ့ခံယူချက်ကြောင့် ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပေမယ့် Lex ကို လုံးဝမှားတယ်လို့လည်း ပြောလို့မရပြန်ပါဘူး။

ပင်မ universe မဟုတ်တဲ့ Injustice လိုမျိုး ကောမစ်တွေနဲ့ Batman/ Superman: Absolute Power လို ကောမစ်တွေထဲမှာဆိုရင် Superman ဟာ ကမ္ဘာမြေရဲ့ အာဏာရှင်တစ်ယောက် ဖြစ်လာပြီးတော့ သူ့ကိုဆန့်ကျင်တဲ့သူ မှန်သမျှကို သတ်ပစ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

Superman ဟာ ဦးနှောက်အဆေးခံရဆုံး ဟီးရိုးတစ်ယောက်ပါ။
photo via cbr

တစ်ခါတစ်လေမှာ နတ်ဘုရားတစ်ပါးလို အစွမ်းတွေရှိနေတာကိုက Superman ရဲ့ အားနည်းချက် ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ အကြောင်းကတော့ စိတ်စွမ်းအင်ရှိတဲ့ ဗီလိန်တွေနဲ့ တွေ့ရင် အမြဲလိုလို ခုခံနိုင်စွမ်း ကင်းမဲ့ပြီး လက်နက်တစ်ခုလိုမျိုး အသုံးချခံရတာကြောင့်ပါပဲ။

ဒါကြောင့်လည်း Max Lord ၊ Mongul ၊ Darkseid ၊ Poison Ivy နဲ့ Eradicator တို့လို စိတ်စွမ်းအား ပိုင်ဆိုင်တဲ့ ဗီလိန်တွေနဲ့ တွေ့ရင် ခုခံနိုင်စွမ်းမရှိဘဲ ခဏခဏ ဦးနှောက်ဆေးခံရပြီးတော့ အရုပ်တစ်ရုပ်လို အသုံးချခံရတာ ဖြစ်ပါတယ်။ Superman ကို ဦးနှောက်ဆေးပြီး ဆိုးရွားတဲ့အရာတွေ လုပ်ခိုင်းတဲ့ထဲမှာ Batman ကို ပြန်တိုက်ခိုက်ခိုင်းတာအပြင် Big Barda နဲ့ ညစ်ညမ်းကား ရိုက်ကူးခဲ့ရတာအထိ ပါဝင်ပါတယ်။

Big Barda နဲ့အတူ ညစ်ညမ်းရုပ်ရှင် ရိုက်ခဲ့ဖူးပါတယ်။
photo via cbr

Superman ဟာ Apokolyptan စစ်သမီး တစ်ဖြစ်လည်း Mr. Miracle ရဲ့ဇနီးဖြစ်သူ Big Barda နဲ့ ညစ်ညမ်းရုပ်ရှင် ရိုက်ကူးခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက နှစ်ယောက်လုံးဟာ Sleez of Apokolips ရဲ့ ဦးနှောက်ဆေးခံထားရပြီး ညစ်ညမ်းရုပ်ရှင် ရိုက်ဖို့ ဖိအားပေးခံရခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီကောမစ်ကိုရေးခဲ့တဲ့ John Byrne ဟာ ဒီလိုမျိုး Superman က တစ်ခြားစူပါဟီးရိုးတစ်ယောက်နဲ့ ညစ်ညမ်းကား ရိုက်ကူးတာဟာ ကောင်းတဲ့အစီအစဉ်ပဲဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါကို ရေးပြီးနောက်မှာတော့ ကောမစ်ဆရာတွေဟာ နောင်တရပြီး ဇာတ်လမ်းကို ပြန်ပြင်ရေးဖို့ လုပ်ခဲ့ပေမယ့် အချိန်မမီတော့တာကြောင့် ထုတ်လုပ်ရေး၊ ဖြန့်ချိရေးမှာ ပါဝင်ပတ်သက်သမျှ လူအားလုံးက ဒီအကြောင်းကို ဘယ်တော့မှ ထပ်ပြီးမဆွေးနွေးတော့ဖို့ သဘောတူလိုက်ရတဲ့ အထိပါပဲ။ အဲ့လိုနဲ့ အခုချိန်ထိ ဒီဇာတ်လမ်းကြီးက ကျန်နေခဲ့တာပါ။

Superman ဟာ Gangbuster လည်း ဖြစ်သွားခဲ့ပါသေးတယ်။
photo via cbr

Superman ဟာ အခြား Universe တစ်ခုက Zod ကို သတ်ပြီးနောက်မှာ အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။ ဒီစိတ်နဲ့ပဲ စိတ်ဖိစီးမှုတွေ အပြင်းအထန်ရပြီး ညအိပ်မပျော်တာတွေ၊ အချိန်အကြာကြီး သတိလစ်သွားတာတွေ၊ ညစ်ညစ်ပေပေ ဖြစ်ကတတ်ဆန်း နေတာတွေ ဖြစ်လာခဲ့ပါတယ်။ Superman က ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ မက်ထရိုပိုလစ်မြို့ရဲ့ လမ်းတွေပေါ်မှာ မှုခင်းနှိမ်နင်းဖို့ နောက်ထပ် ဟီးရိုးတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။

သူခံစားနေရတဲ့ အပြစ်မကင်းတဲ့ စိတ်ခံစားချက်တွေကြောင့် လူတစ်ကိုယ် စိတ်နှစ်မျိုးပုံစံ ဖြစ်သွားခဲ့ပြီးတော့ Gangbuster ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ Superman နဲ့ မတူတဲ့အချက်ကတော့ Gangbuster ဟာ သွေးဆာပြီး အကြမ်းဖက်တတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါဟာ Superman ရဲ့ မသိစိတ်က ကွဲထွက်လာတဲ့ အသွင်တစ်မျိုးဖြစ်ပြီးတော့ နောက်ပိုင်းမှာ အသိစိတ်ပြန်ကပ်သွားလို့ Gangbuster ဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ ကျောင်းဆရာ Jose Delgado က Gangbuster အဖြစ် အသွင်ဆက်ယူပြီး မှုခင်းတွေ လိုက်လံနှိမ်နင်းနေခဲ့ပါတယ်။

Lois ကို သတ်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။
photo via cbr

၁၉၄၀နဲ့ ၁၉၈၀ကြားထဲက Superman ဇာတ်လမ်းကို ရေးသားတဲ့ စာရေးဆရာတွေဟာ စာမူအပ်ရမယ့်ရက် နီးလာပြီဆိုတာနဲ့ Superman က Lois ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သတ်အောင် ဇာတ်လမ်းထွင်ရေးပြီး အေးအေးဆေးဆေး ဘီယာဆိုင် သွားထိုင်နေကြသလား မှတ်ရပါတယ်။

သတ်ပုံသတ်နည်းတွေကလည်း ဇာတ်လမ်းအစုံမှာ နည်းမျိုးစုံပါပဲ။ ချောက်ထဲ တွန်းချတာ၊ အာကာသထဲကို ပစ်လွှတ်လိုက်တာ၊ ကပ်ပါးကောင်တွေ စားတာခံရအောင် ထားခဲ့တာတို့လိုမျိုး ရုပ်ပိုင်းဆိုင်ရာ နည်းအမျိုးမျိုးနဲ့ သတ်ခဲ့သလို စိတ်ပိုင်းဆိုင်ရာအရဆိုရင်လည်း စိတ်ကျရောဂါတွေ ရတဲ့အထိ လုပ်ခဲ့ပါသေးတယ်။ 

Superman ဟာ တစ်ချိန်က အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူအဖြစ် ပုံဖော်ခံခဲ့ရပေမယ့် ယခုလက်ရှိ DC ရဲ့ rebirth ပြန်လုပ်တဲ့ ဇာတ်လမ်းထဲမှာတော့ Lois နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်ပါ ရထားတယ်ဆိုတာ မယုံနိုင်အောင်ပါပဲ။

ဒါကတော့ Superman နဲ့ ပတ်သက်လို့ လူတွေသိပ်မသိသေးတဲ့ dark ဖြစ်တဲ့ လျှို့ဝှက်ချက်တွေပါပဲ။ ဘယ်အချက်က စာဖတ်သူအတွက် အံ့အားသင့်စေလည်းဆိုတာ ပြောပြခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Superman ဟာ စူပါဟီး႐ိုးဇာတ္ေကာင္ေတြၾကားထဲမွာ လူသိအမ်ားဆုံးျဖစ္ၿပီး ေကာမစ္အေနနဲ႔လည္း ေတာ္ေတာ္ေလး ေစာတဲ့ကာလမွာ ထြက္ရွိခဲ့ပါတယ္။ ၁၉၃၈ခုႏွစ္မွာ Action Comics #1 နာမည္နဲ႔ ပထမဆုံး ေကာမစ္စာအုပ္ ထြက္ရွိခဲ့ၿပီး အခုအခ်ိန္ အဲ့ဒီ့စာအုပ္မူရင္းရဲ႕ တန္ေၾကးဟာ ေဒၚလာသုံးသန္းေက်ာ္ တန္ဖိုးရွိေနတဲ့အထိပါပဲ။

Superman နဲ႔ ပတ္သက္လို႔ လူေတြသိထားတဲ့ တူညီတဲ့အရာကေတာ့ အမွန္တရားနဲ႔ တရားမွ်တမႈကို လက္ကိုင္ထားတဲ့ ဟီး႐ိုးတစ္ေယာက္ဆိုတာပါပဲ။ ေခတ္အဆက္ဆက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာတဲ့ Superman ဇာတ္ေကာင္ဟာ ေခတ္ေပၚယဥ္ေက်းမႈရဲ႕ ျပယုဂ္တစ္ခု ျဖစ္လာၿပီး ေဖ်ာ္ေျဖေရးေလာကထဲမွာလည္း အထင္ကရအျဖစ္ဆုံး ဇာတ္ေကာင္တစ္ခုအေနနဲ႔ တည္ရွိေနပါတယ္။

ဒီလိုစကားေတြ ခံေနရတဲ့ အေၾကာင္းရင္းကေတာ့ Superman ဇာတ္ေကာင္ဟာ လူေတြသိထားသလိုမ်ိဳး အမွန္တရား ဘက္ေတာ္သားအျဖစ္နဲ႔ပဲေနၿပီး မေကာင္းတာေတြကို လုံးဝမက်ဴးလြန္တဲ့ ကာ႐ိုက္တာ မဟုတ္ဘူးဆိုတာကို ေျပာျပခ်င္လို႔ပါပဲ။ ေကာမစ္ေရးသားတဲ့ စာေရးဆရာေတြဟာ ေခတ္ေတြ အမ်ားႀကီးကို ျဖတ္သန္းလာခဲ့တဲ့ Superman ဇာတ္ေကာင္ကို ယုံၾကည္မႈရွိစြာနဲ႔ပဲ မေကာင္းတဲ့၊ dark ျဖစ္တဲ့ တစ္ခ်ိဳ႕အရာေတြကို ထည့္သြင္းေရးဆြဲခဲ့ၾကပါတယ္။ အမာခံပရိသတ္ေတြေတာင္ သိသြားရင္ အံ့ဩသြားရမယ့္ Superman ရဲ႕ dark ျဖစ္တဲ့ဇာတ္လမ္းအခ်ိဳ႕ကေတာ့ …

လုပ္ပြဲကစားေနတဲ့ ေဘာလုံးပြဲကိုတားဖို႔ ျပစ္မႈက်ဴးလြန္ခဲ့ဖူးပါတယ္။
photo via cbr

Superman ကို စတင္မိတ္ဆက္ခဲ့တဲ့ ပထမဆုံးႏွစ္အတြင္း ထြက္ရွိခဲ့တဲ့ Action Comics စာအုပ္ေတြထဲမွာ ဇာတ္လိုက္ေက်ာ္ႀကီး Superman ရဲ႕ မစ္ရွင္ကေတာ့ အေမရိကရဲ႕ ပ်က္စီးယိုယြင္းေနတဲ့ ေဘာလုံးေလာကကို ျပန္လည္တည့္မတ္ေပးဖို႔ ျဖစ္ပါတယ္။ ဒုစ႐ိုက္သမားတစ္စုဟာ အရာရွိေတြကို လာဘ္ထိုးၿပီးေတာ့ ေဘာလုံးပြဲေတြကို လုပ္ပြဲကစားေနခဲ့တယ္ဆိုတာ Superman သိရွိသြားခဲ့ရာက ဇာတ္လမ္းစပါတယ္။

ဒီမွာတင္ အေမရိကရဲ႕ ယဥ္ေက်းသိမ္ေမြ႕၊ သေဘာမေနာေကာင္းပါတယ္ဆိုၿပီး နာမည္တစ္လုံးနဲ႔ေနတဲ့ Superman ဟာ မေကာင္းမႈတစ္ခုကို တိုက္ဖ်က္ဖို႔ ျပစ္မႈေတြကို က်ဴးလြန္ခဲ့ပါတယ္။ သူလုပ္ခဲ့တဲ့ လုပ္ရပ္ကေတာ့ အရင္ဦးဆုံး Tommy Burke ဆိုတဲ့ ေဘာလုံးကစားသမားကို ေဆးခပ္ၿပီး ျပန္ေပးဆြဲပါတယ္။ ၿပီးေတာ့ သတိေမ့ေနတဲ့ ေဘာလုံးသမားကို သူ႔ရဲ႕အိပ္ရာေပၚမွာ ႀကိဳးတုပ္ၿပီး ထားခဲ့ပါတယ္။ သူကေတာ့ Tommy Burke အေယာင္ေဆာင္ၿပီး ေဘာလုံးပြဲမွာ လုပ္ပြဲ မျဖစ္ေအာင္ ဝင္တားခဲ့ပါတယ္။ အံ့ဩစရာေကာင္းစြာနဲ႔ပဲ Superman ဟာ ျပန္ေပးဆြဲမႈ၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေစာ္ကားမႈ၊ နာမည္ခိုးယူမႈ စတာေတြကို ျပဳလုပ္ခဲ့ဖူးတာကို ေတြ႕ရပါတယ္။

သူဟာ လူမ်ိဳးေရးလည္း ခြဲျခားပါေသးတယ္။
photo via cbr

၁၉၇၀ျပည့္ႏွစ္ဝန္းက်င္မွာ ထြက္ရွိခဲ့တဲ့ Superman ေကာမစ္ေတြထဲမွာ တစ္ခ်ိဳ႕တစ္ေလဟာ ေတာ္ေတာ္ေလး ကေပါက္တိ ကေပါက္ခ်ာႏိုင္ၿပီး ထိရွလြယ္တဲ့ အေၾကာင္းအရာေတြကို ထည့္သြင္းထားပါတယ္။ ဒီတစ္ခုကေတာ့ ဒီဘက္ေခတ္မွာဆိုရင္ အႀကီးအက်ယ္ ေဝဖန္ခံရမယ့္ကိစၥတစ္ခုပါ။

Lois ဟာ သတင္းတစ္ခုကို ေရးဖို႔အတြက္ မျဖစ္မေန လူမည္းအျဖစ္ အေယာင္ေဆာင္ခဲ့ရဖူးပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Lois ဟာ လူမည္းျဖစ္ေနတဲ့အခ်ိန္မွာ သူမကို လက္ထပ္ရဲလားလို႔ Superman ကို ခ်ဲလင့္ေခၚလိုက္ပါတယ္။ ဒီမွာတင္ ကိုေ႐ႊ Clark Kent က “ငါ့ကို ဘယ္လိုေမးရက္လိုက္တာလဲ Lois ရယ္ …” ဆိုတာပဲ ေျပာၿပီး လက္ထပ္မယ္၊ မထပ္ဘူးဆိုတဲ့ အေျဖကိုေတာ့ မေျပာခဲ့ပါဘူးတဲ့။ ဒါဟာ Superman အေနနဲ႔ လူမည္းတစ္ေယာက္ကို လက္ထပ္မွာ မဟုတ္ဘူးဆိုတာကို ေျပာလိုက္သလိုပါပဲ။

သူနဲ႔ပတ္သက္လို႔ Lex Luthor မွန္ကန္ေၾကာင္း သက္ေသျပခဲ့ဖူးပါေသးတယ္။
photo via cbr

Lex Luthor နဲ႔ Superman ဟာ လုံးဝကို ဆန႔္က်င္ဖက္ လူႏွစ္ေယာက္ပါ။ Superman ဟာ နတ္ဘုရားတစ္ေယာက္လို အကန႔္အသတ္မဲ့တဲ့ အစြမ္းေတြ ပိုင္ဆိုင္ထားသူျဖစ္ေပမယ့္ Lex Luthor ကေတာ့ တီထြင္ႏိုင္စြမ္းရွိၿပီး ဉာဏ္ေကာင္းတဲ့ ႐ိုး႐ိုးသာမန္လူတစ္ေယာက္ပါပဲ။

Lex ရဲ႕ အယူအဆကေတာ့ ဒီလိုမ်ိဳး စြမ္းအားေတြ ပိုင္ဆိုင္ထားသူတစ္ေယာက္ဟာ တစ္ေန႔က်ရင္ လူသားမ်ိဳးႏြယ္တစ္ခုလုံးရဲ႕ အႏၲရာယ္ ျဖစ္လာႏိုင္တယ္ဆိုတာပါပဲ။ ဒီလိုလူမ်ိဳးဟာ ကမာၻေပၚမွာမရွိသင့္ဘဲ ေပ်ာက္ကြယ္သြားရမယ္ဆိုတဲ့ သူ႔ရဲ႕ခံယူခ်က္ေၾကာင့္ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ေပမယ့္ Lex ကို လုံးဝမွားတယ္လို႔လည္း ေျပာလို႔မရျပန္ပါဘူး။

ပင္မ universe မဟုတ္တဲ့ Injustice လိုမ်ိဳး ေကာမစ္ေတြနဲ႔ Batman/ Superman: Absolute Power လို ေကာမစ္ေတြထဲမွာဆိုရင္ Superman ဟာ ကမာၻေျမရဲ႕ အာဏာရွင္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ သူ႔ကိုဆန႔္က်င္တဲ့သူ မွန္သမွ်ကို သတ္ပစ္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

Superman ဟာ ဦးေႏွာက္အေဆးခံရဆုံး ဟီး႐ိုးတစ္ေယာက္ပါ။
photo via cbr

တစ္ခါတစ္ေလမွာ နတ္ဘုရားတစ္ပါးလို အစြမ္းေတြရွိေနတာကိုက Superman ရဲ႕ အားနည္းခ်က္ ျဖစ္သြားတာမ်ိဳး ရွိတတ္ပါတယ္။ အေၾကာင္းကေတာ့ စိတ္စြမ္းအင္ရွိတဲ့ ဗီလိန္ေတြနဲ႔ ေတြ႕ရင္ အၿမဲလိုလို ခုခံႏိုင္စြမ္း ကင္းမဲ့ၿပီး လက္နက္တစ္ခုလိုမ်ိဳး အသုံးခ်ခံရတာေၾကာင့္ပါပဲ။

ဒါေၾကာင့္လည္း Max Lord ၊ Mongul ၊ Darkseid ၊ Poison Ivy နဲ႔ Eradicator တို႔လို စိတ္စြမ္းအား ပိုင္ဆိုင္တဲ့ ဗီလိန္ေတြနဲ႔ ေတြ႕ရင္ ခုခံႏိုင္စြမ္းမရွိဘဲ ခဏခဏ ဦးေႏွာက္ေဆးခံရၿပီးေတာ့ အ႐ုပ္တစ္႐ုပ္လို အသုံးခ်ခံရတာ ျဖစ္ပါတယ္။ Superman ကို ဦးေႏွာက္ေဆးၿပီး ဆိုး႐ြားတဲ့အရာေတြ လုပ္ခိုင္းတဲ့ထဲမွာ Batman ကို ျပန္တိုက္ခိုက္ခိုင္းတာအျပင္ Big Barda နဲ႔ ညစ္ညမ္းကား ႐ိုက္ကူးခဲ့ရတာအထိ ပါဝင္ပါတယ္။

Big Barda နဲ႔အတူ ညစ္ညမ္း႐ုပ္ရွင္ ႐ိုက္ခဲ့ဖူးပါတယ္။
photo via cbr

Superman ဟာ Apokolyptan စစ္သမီး တစ္ျဖစ္လည္း Mr. Miracle ရဲ႕ဇနီးျဖစ္သူ Big Barda နဲ႔ ညစ္ညမ္း႐ုပ္ရွင္ ႐ိုက္ကူးခဲ့ဖူးပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ႏွစ္ေယာက္လုံးဟာ Sleez of Apokolips ရဲ႕ ဦးေႏွာက္ေဆးခံထားရၿပီး ညစ္ညမ္း႐ုပ္ရွင္ ႐ိုက္ဖို႔ ဖိအားေပးခံရခဲ့တာ ျဖစ္ပါတယ္။

အထူးသျဖင့္ ဒီေကာမစ္ကိုေရးခဲ့တဲ့ John Byrne ဟာ ဒီလိုမ်ိဳး Superman က တစ္ျခားစူပါဟီး႐ိုးတစ္ေယာက္နဲ႔ ညစ္ညမ္းကား ႐ိုက္ကူးတာဟာ ေကာင္းတဲ့အစီအစဥ္ပဲဆိုၿပီး ေရးသားခဲ့တာ ျဖစ္ပါတယ္။ ဒါကို ေရးၿပီးေနာက္မွာေတာ့ ေကာမစ္ဆရာေတြဟာ ေနာင္တရၿပီး ဇာတ္လမ္းကို ျပန္ျပင္ေရးဖို႔ လုပ္ခဲ့ေပမယ့္ အခ်ိန္မမီေတာ့တာေၾကာင့္ ထုတ္လုပ္ေရး၊ ျဖန႔္ခ်ိေရးမွာ ပါဝင္ပတ္သက္သမွ် လူအားလုံးက ဒီအေၾကာင္းကို ဘယ္ေတာ့မွ ထပ္ၿပီးမေဆြးေႏြးေတာ့ဖို႔ သေဘာတူလိုက္ရတဲ့ အထိပါပဲ။ အဲ့လိုနဲ႔ အခုခ်ိန္ထိ ဒီဇာတ္လမ္းႀကီးက က်န္ေနခဲ့တာပါ။

Superman ဟာ Gangbuster လည္း ျဖစ္သြားခဲ့ပါေသးတယ္။
photo via cbr

Superman ဟာ အျခား Universe တစ္ခုက Zod ကို သတ္ၿပီးေနာက္မွာ အျပစ္ရွိသလို ခံစားခဲ့ရပါတယ္။ ဒီစိတ္နဲ႔ပဲ စိတ္ဖိစီးမႈေတြ အျပင္းအထန္ရၿပီး ညအိပ္မေပ်ာ္တာေတြ၊ အခ်ိန္အၾကာႀကီး သတိလစ္သြားတာေတြ၊ ညစ္ညစ္ေပေပ ျဖစ္ကတတ္ဆန္း ေနတာေတြ ျဖစ္လာခဲ့ပါတယ္။ Superman က ဒီလိုေတြျဖစ္ေနတဲ့အခ်ိန္မွာ မက္ထ႐ိုပိုလစ္ၿမိဳ႕ရဲ႕ လမ္းေတြေပၚမွာ မႈခင္းႏွိမ္နင္းဖို႔ ေနာက္ထပ္ ဟီး႐ိုးတစ္ေယာက္ ေပၚထြက္လာခဲ့ပါတယ္။

သူခံစားေနရတဲ့ အျပစ္မကင္းတဲ့ စိတ္ခံစားခ်က္ေတြေၾကာင့္ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဳးပုံစံ ျဖစ္သြားခဲ့ၿပီးေတာ့ Gangbuster ဆိုၿပီး ျဖစ္လာခဲ့ပါတယ္။ Superman နဲ႔ မတူတဲ့အခ်က္ကေတာ့ Gangbuster ဟာ ေသြးဆာၿပီး အၾကမ္းဖက္တတ္တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။ ဒါဟာ Superman ရဲ႕ မသိစိတ္က ကြဲထြက္လာတဲ့ အသြင္တစ္မ်ိဳးျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ အသိစိတ္ျပန္ကပ္သြားလို႔ Gangbuster ဟာ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေက်ာင္းဆရာ Jose Delgado က Gangbuster အျဖစ္ အသြင္ဆက္ယူၿပီး မႈခင္းေတြ လိုက္လံႏွိမ္နင္းေနခဲ့ပါတယ္။

LOIS ကို သတ္ဖို႔အတြက္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ဖူးပါတယ္။
photo via cbr

၁၉၄၀နဲ႔ ၁၉၈၀ၾကားထဲက Superman ဇာတ္လမ္းကို ေရးသားတဲ့ စာေရးဆရာေတြဟာ စာမူအပ္ရမယ့္ရက္ နီးလာၿပီဆိုတာနဲ႔ Superman က Lois ကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ သတ္ေအာင္ ဇာတ္လမ္းထြင္ေရးၿပီး ေအးေအးေဆးေဆး ဘီယာဆိုင္ သြားထိုင္ေနၾကသလား မွတ္ရပါတယ္။

သတ္ပုံသတ္နည္းေတြကလည္း ဇာတ္လမ္းအစုံမွာ နည္းမ်ိဳးစုံပါပဲ။ ေခ်ာက္ထဲ တြန္းခ်တာ၊ အာကာသထဲကို ပစ္လႊတ္လိုက္တာ၊ ကပ္ပါးေကာင္ေတြ စားတာခံရေအာင္ ထားခဲ့တာတို႔လိုမ်ိဳး ႐ုပ္ပိုင္းဆိုင္ရာ နည္းအမ်ိဳးမ်ိဳးနဲ႔ သတ္ခဲ့သလို စိတ္ပိုင္းဆိုင္ရာအရဆိုရင္လည္း စိတ္က်ေရာဂါေတြ ရတဲ့အထိ လုပ္ခဲ့ပါေသးတယ္။

Superman ဟာ တစ္ခ်ိန္က အိမ္တြင္းအၾကမ္းဖက္မႈ က်ဴးလြန္သူအျဖစ္ ပုံေဖာ္ခံခဲ့ရေပမယ့္ ယခုလက္ရွိ DC ရဲ႕ rebirth ျပန္လုပ္တဲ့ ဇာတ္လမ္းထဲမွာေတာ့ Lois နဲ႔ လက္ထပ္ၿပီး ကေလးတစ္ေယာက္ပါ ရထားတယ္ဆိုတာ မယုံႏိုင္ေအာင္ပါပဲ။

ဒါကေတာ့ Superman နဲ႔ ပတ္သက္လို႔ လူေတြသိပ္မသိေသးတဲ့ dark ျဖစ္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြပါပဲ။ ဘယ္အခ်က္က စာဖတ္သူအတြက္ အံ့အားသင့္ေစလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular