HomeEntertainmentFilmSupernatural ဇာတ်လမ်းတစ်လျှောက် Demon တွေအပေါ် အမြင်ပြောင်းလဲလာခဲ့ပုံများ

Supernatural ဇာတ်လမ်းတစ်လျှောက် Demon တွေအပေါ် အမြင်ပြောင်းလဲလာခဲ့ပုံများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Winchester ညီအစ်ကိုနှစ်ယောက်ဟာ Supernatural ဇာတ်လမ်းတစ်လျှောက်မှာ မကောင်းဆိုးဝါးတွေ၊ သတ္တဝါတွေမျိူးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီး အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက် ရင်ဆိုင်ရတဲ့ အရာတွေက ပိုပြီးတော့ အန္တရာယ်များလာခဲ့ပါတယ်။ ဇာတ်လမ်းစစချင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့အဖေကို ရှာဖွေဖို့ပဲ ဖြစ်ပြီး လမ်းတစ်လျှောက်မှာ သွေးစုပ်ဖုတ်ကောင်တွေ၊ သရဲတွေလောက်ကိုပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ကနဦးတုန်းက Demon တွေနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့အတွက် သိပ်ကိုအန္တရာယ်များတဲ့ ဗီလိန်တွေ ဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ demon တွေဆိုရင် ဂရုတောင်မစိုက်ကြတော့ပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Supernatural ဇာတ်လမ်းတစ်လျှောက်မှာ Demon တွေအပေါ် အမြင်ပြောင်းလဲလာခဲ့ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

Demon တွေရဲ့အစ (Season 1-2)
photo via screenrant

ဇာတ်လမ်းအစပိုင်းမှာတော့ demon တွေဟာ အလွန်ရှားပါးပြီးတော့ အင်မတန်လည်း စွမ်းအားကြီးမားတဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့တွေအတွက်  demon တွေဟာ အပြင်မှာ တကယ်မရှိတဲ့ ဒဏ္ဍာရီတွေလိုမျိူးတောင် ဖြစ်နေခဲ့ပါတယ်။ Season 1 နဲ့ 2 မှာတော့ သူတို့ရဲ့အမေနဲ့ Sam ရဲ့ ချစ်သူကို သတ်သွားတဲ့ Azazel ဟာ အဓိကဗီလိန်အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Sam နဲ့ Dean ဟာ demon တွေအကြောင်းကို ဘာမှသိပ်ပြီး မသိသေးတာကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။ Sam နဲ့ Dean ဟာ သာမန်သွေးစုပ်ဖုတ်ကောင်တို့လို သဘာဝလွန်သတ္တဝါတွေလောက်နဲ့ပဲ ရင်ဆိုင်ဖူးတာကြောင့် demon တွေဟာ သူတို့အတွက် အကြီးမားဆုံးအန္တရာယ်ကြီး ဖြစ်နေခဲ့ပါတယ်။

အကြောင်းကတော့ demon တွေဟာ လူတွေကို ပူးကပ်နိုင်တာကြောင့် Sam နဲ့ Dean တို့ဟာ ရန်သူနဲ့မိတ်ဆွေကို မခွဲခြားနိုင်သေးတာကြောင့်လည်း ဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း demon တွေအနေနဲ့ Sam နဲ့ Dean တို့ကို လှည့်စားဖို့အတွက် သိပ်လွယ်ကူနေခဲ့တာ ဖြစ်ပါတယ်။ Azazel ကလည်း John ကို ပူးကပ်ပြီးတော့ Colt သေနတ်ကို Dean ဆီကနေ လှည့်စားပြီးတော့ တောင်းခဲ့ပါတယ်။ အကြောင်းကတော့ Colt သေနတ်နဲ့ မသတ်နိုင်တဲ့ အရာတွေဟာ အနည်းငယ်ပဲ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Meg ဟာလည်း Winchester ညီအစ်ကိုနှစ်ယောက်ကို ဇာတ်လမ်းအစပိုင်းမှာ ပြဿနာတွေအများကြီး ပေးသွားခဲ့သူ ဖြစ်ပါတယ်။

Season 2 ထဲမှာတော့ လူသားတွေကို နောက်ထပ်ဒုက္ခပေးနိုင်တဲ့ demon တစ်မျိူးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ လမ်းလေးခွဆုံ demon ဖြစ်ပြီးတော့ လူသားတွေနဲ့ အပေးအယူ ပြုလုပ်တဲ့ demon တစ်မျိူးပဲ ဖြစ်ပါတယ်။ အဲ့ဒီ demon တွေနဲ့ အပေးအယူ လုပ်ပြီးတိုင်းမှာ မကောင်းတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာတာကို သိပေမယ့်လည်း Winchester မိသားစုဟာ ရွေးချယ်စရာမရှိဘဲနဲ့ အပေးအယူ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒါတွေကတော့ John ဟာ Dean ကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံခဲ့ပြီး Dean ကလည်း Sam ကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ demon တွေနဲ့ အပေးအယူ လုပ်တာဟာ သူတို့အတွက် ဆိုးကျိူးတွေ ဖြစ်လာစေတယ်ဆိုတာ သိခဲ့ကြရပါတယ်။

ယုံကြည်သူများ (Season 3-4)
photo via screenrant

Season 3 နဲ့ 4 မှာတော့ Sam နဲ့ Dean တို့ဟာ demon တွေနဲ့ ပိုပြီးတော့ ရင်းနှီးလာသလို ကာကွယ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ demon တွေ မပူးကပ်နိုင်တဲ့ သင်္ကေတကို တက်တူးအနေနဲ့ ထိုးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း demon တွေဟာ အစပိုင်းမှာ တွေ့ရတာထက် ပိုပြီးများလာကာ ငရဲတံခါးလည်း ပွင့်သွားတာကြောင့် demon တွေအများကြီးဟာ ကမ္ဘာပေါ်ကို ရောက်လာကြပါတယ်။

ဒါ့အပြင် demon တွေဟာ တစ်ခြားသဘာဝလွန် သတ္တဝါတွေလို တိရစ္ဆာန်ဗီဇအတိုင်း နေထိုင်ကြတာမဟုတ်ဘဲ ဉာဏ်ရည်မြင့်မားတာကြောင့် သူတို့နှစ်ယောက်အတွက် ပိုပြီးတော့ ခက်ခဲစေခဲ့ပါတယ်။ ဒါ့အပြင် Ruby ဟာလည်း သူတို့တွေကို အချိန်အတော်ကြာ လှည့်စားခဲ့ပြီး Lucifer ကို ငရဲက လှောင်အိမ်ထဲကနေ လွတ်သွားအောင် လုပ်ပေးခဲ့ပါတယ်။

Season 4 ရဲ့အဆုံးမှာတော့ Ruby ရဲ့ တကယ့်ရည်ရွယ်ချက်ကို သိလိုက်ရတဲ့အချိန်မှာ ပရိသတ်အများစုဟာ သိပ်ကို အံ့ဩသွားခဲ့ကြပါတယ်။ အကြောင်းကတော့ Ruby ဟာ သူ့ကိုယ်သူ မှန်တဲ့ဘက်မှာ ရှိနေတယ်ဆိုပြီးတော့ Sam နဲ့ ပရိသတ်တွေကို ယုံကြည်အောင် ပြုလုပ်ထားနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Ruby ဟာ Sam ကိုလည်း မကောင်းဆိုးဝါးတစ်ယောက်နီးပါး ဖြစ်လာအောင် ပြုလုပ်ခဲ့တဲ့အပြင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အသုံးချပြီး ညီအစ်ကိုချင်းတောင် သွေးကွဲအောင် ပြုလုပ်ခဲ့ပါသေးတယ်။

Devil နဲ့ အပေးအယူ (Season 5-7)
photo via screenrant

Demon တွေဟာ season 5 ထဲမှာတော့ သူတို့ရဲ့ဗီလိန်နေရာဟာ ပြောင်းလဲသွားပြီး သူတို့ရဲ့ စွမ်းအားတွေအကြောင်းကိုလည်း အကုန်လုံး သိခဲ့ရပြီ ဖြစ်ပါတယ်။ Winchester ညီအစ်ကိုတွေလိုပဲ ပရိသတ်တွေဟာလည်း demon တွေရဲ့ အကြောင်းအရာ အများစုကို သိသွားကြတာကြောင့် ကြည့်ရှုသူတွေအတွက်လည်း demon တွေဟာ သိပ်ပြီးတော့ မထူးဆန်းတော့ပါဘူး။ ဒါ့အပြင် ဒီ season တွေရဲ့ အဓိကဗီလိန်တွေကတော့ Leviathan တွေလိုမျိူး demon တွေထက် ပိုပြီးစွမ်းအားကြီးတဲ့ သတ္တဝါတွေ ပါဝင်ခဲ့ပါတယ်။ အစပိုင်း season တွေမှာ Winchester မိသားစုရဲ့ အကြီးမားဆုံးရန်သူတွေ ဖြစ်ခဲ့တဲ့ demon တွေကတော့ ဒီအချိန်မှာ ဗီလိန်နေရာက မပါဝင်တော့ပါဘူး။

အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံးဇာတ်ကောင်တွေ ဖြစ်တဲ့ Crowley နဲ့ Castiel တို့ စတင်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း angel တွေအကြောင်းကိုတော့ ဘာမှမသိရသေးသလို တကယ်ရှိမရှိဆိုတာတောင် မသေချာပါဘူး။ Crowley ကတော့ တစ်ခြား demon တွေလိုမျိူး လူတွေကို လှည့်စားတဲ့ အလုပ်တွေမလုပ်ဘဲ စီးပွားရေးသမားဆန်ဆန် အပေးအယူတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ Leviathan တွေလိုမျိူး သတ္တဝါတွေကိုတော့ ဘုံရန်သူအနေနဲ့ သတ်မှတ်ပြီးတော့ Crowley ဟာ Winchester ညီအစ်ကိုနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။

Mark of Cain (Season 8-10)
photo via screenrant

Season 8 ထဲမှာတော့ Sam နဲ့ Dean တို့ဟာ လက်နက်အနေနဲ့ Colt သေနတ်နဲ့ demon ဓားတို့ကို အသုံးပြုကာ တိုက်ခိုက်နေကြတာကြောင့် demon တွေဟာ သူတို့အတွက် သိပ်ကြီးမားတဲ့ အန္တရာယ်တွေ မဟုတ်ကြတော့ပါဘူး။ ဒါပေမယ့်လည်း Knight of Hell ဖြစ်တဲ့ Abaddon ပေါ်လာခဲ့ပြီး သူမအပေါ်မှာ demon ဓားကလည်း သက်ရောက်မှုမရှိတဲ့အပြင် သာမန် demon တွေထက်လည်း ပိုပြီးစွမ်းအားကြီးတဲ့အခါမှာတော့ Winchester ညီအစ်ကိုတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ Sam နဲ့ Dean တို့ဟာ Abaddon ကို ခက်ခက်ခဲခဲနဲ့ အနိုင်ယူပြီးနောက်မှာလည်း Cain က ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

Dean ဟာ Mark of Cain ကို ရရှိသွားတဲ့အချိန်မှာတော့ တဖြည်းဖြည်းနဲ့ အကြမ်းဖက်လာပြီးတော့ demon တွေရဲ့ လက္ခဏာတွေ ပြလာခဲ့ပါတယ်။ ဒါ့အပြင် Dean ဟာ season 9 ရဲ့ အဆုံးမှာ demon အဖြစ် ပြောင်းလဲသွားတဲ့ ဖြစ်ရပ်ကလည်း Dean ရဲ့အကြီးမားဆုံး ပြောင်းလဲမှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Sam ဟာ Dean ကို လူအဖြစ် ပြန်လည်ပြောင်းလဲဖို့အတွက် နည်းလမ်းရှာရပါတော့တယ်။ အရင်တုန်းကတော့ demon တွေဆိုရင် သတ်ပစ်လိုက်ရင် ရပေမယ့်လည်း ဒီတစ်ခါမှာတော့ demon ကို လူပြန်ဖြစ်အောင် လုပ်ဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။

မိတ်ဆွေအဖြစ်သို့ (Season 11-12)
photo via screenrant

Season 11 မှာ Amara ပေါ်လာတဲ့အချိန်မှာတော့ demon တွေဟာ သာမန် မကောင်းဆိုးဝါးသာသာပဲ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် Lucifer ကို အနိုင်ယူဖို့အတွက် Winchester ညီအစ်ကိုနဲ့အတူ Castiel နဲ့ Crowley တို့က ပူးပေါင်းခဲ့ကြပါတယ်။ Season 12 ဇာတ်သိမ်းမှာတော့ ပရိသတ်အများစုရဲ့ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်တဲ့ Crowley ဟာ Lucifer ကို အနိုင်ယူဖို့အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံခဲ့ရပါတယ်။ အဲ့ဒီအချက်ဟာလည်း ပရိသတ်တွေအတွက် အတော်လေးကို ဝမ်းနည်းစရာ ဖြစ်ခဲ့ပြီး Winchester ညီအစ်ကိုတွေအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အစပိုင်း season တွေမှာ လုံးဝပျောက်နေတဲ့ Prince of Hell တွေလည်း ပြန်လည်ပါဝင်လာကာ သူတို့ကိုလည်း ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ်။

Demon တွေရဲ့ ကျဆုံးခန်း (Season 13-15)
photo via screenrant

ကျန်ရှိနေတဲ့ season တွေထဲမှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ Prince of Hell ဖြစ်တဲ့ Asmodeus ဟာ အစပိုင်းမှာတော့ အလွန်စွမ်းအားကြီးတဲ့ demon အနေနဲ့ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Archangel ဖြစ်တဲ့ Gabriel သတ်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Archangel တွေရဲ့ တိုက်ပွဲတွေနဲ့ God နဲ့ Darkness တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘယ်သူကမှ demon တွေကို သတိမရတော့ပါဘူး။ ဒါ့အပြင် ပရိသတ်အများစုကလည်း demon တွေကို လုံးဝကို မေ့ပျောက်သွားပြီး ဘယ်သူကမှ သိပ်ပြီးတော့ ဂရုမစိုက်ကြတော့ပါဘူး။ Season 15 ထဲမှာလည်း Rowena ဟာ ငရဲအုပ်ချုပ်သူဖြစ်လာတာကြောင့် Sam နဲ့ Dean အတွက်လည်း Demon တွေကို ခေါင်းထဲထည့်စရာ မလိုတော့ပါဘူး။

ဒါကတော့ Supernatural ဇာတ်လမ်းတွဲထဲက demon တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ဇာတ်လမ်းနဲ့ demon တွေအပေါ်ထားတဲ့ ပရိသတ်တွေရဲ့အမြင်တွေပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးတွေကို ဖတ်ရှုရတာ နှစ်သက်တယ်ဆိုရင် ဒီပေ့ချ်ကို Like & See First လုပ်ထားပေးပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Winchester ညီအစ္ကိုႏွစ္ေယာက္ဟာ Supernatural ဇာတ္လမ္းတစ္ေလွ်ာက္မွာ မေကာင္းဆိုးဝါးေတြ၊ သတၱဝါေတြမ်ိဴးစုံနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အခ်ိန္ေတြၾကာလာတာနဲ႔အမွ် သူတို႔ႏွစ္ေယာက္ ရင္ဆိုင္ရတဲ့ အရာေတြက ပိုၿပီးေတာ့ အႏၲရာယ္မ်ားလာခဲ့ပါတယ္။ ဇာတ္လမ္းစစခ်င္းမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ရည္႐ြယ္ခ်က္ဟာ သူတို႔ရဲ႕အေဖကို ရွာေဖြဖို႔ပဲ ျဖစ္ၿပီး လမ္းတစ္ေလွ်ာက္မွာ ေသြးစုပ္ဖုတ္ေကာင္ေတြ၊ သရဲေတြေလာက္ကိုပဲ ရင္ဆိုင္ခဲ့ရပါတယ္။ ကနဦးတုန္းက Demon ေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာ သူတို႔အတြက္ သိပ္ကိုအႏၲရာယ္မ်ားတဲ့ ဗီလိန္ေတြ ျဖစ္ခဲ့ဖူးေပမယ့္ ေနာက္ပိုင္းမွာေတာ့ demon ေတြဆိုရင္ ဂ႐ုေတာင္မစိုက္ၾကေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Supernatural ဇာတ္လမ္းတစ္ေလွ်ာက္မွာ Demon ေတြအေပၚ အျမင္ေျပာင္းလဲလာခဲ့ပုံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Demon ေတြရဲ႕အစ (Season 1-2)
photo via screenrant

ဇာတ္လမ္းအစပိုင္းမွာေတာ့ demon ေတြဟာ အလြန္ရွားပါးၿပီးေတာ့ အင္မတန္လည္း စြမ္းအားႀကီးမားတဲ့ မေကာင္းဆိုးဝါးေတြအျဖစ္ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ေတြအတြက္  demon ေတြဟာ အျပင္မွာ တကယ္မရွိတဲ့ ဒ႑ာရီေတြလိုမ်ိဴးေတာင္ ျဖစ္ေနခဲ့ပါတယ္။ Season 1 နဲ႔ 2 မွာေတာ့ သူတို႔ရဲ႕အေမနဲ႔ Sam ရဲ႕ ခ်စ္သူကို သတ္သြားတဲ့ Azazel ဟာ အဓိကဗီလိန္အျဖစ္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Sam နဲ႔ Dean ဟာ demon ေတြအေၾကာင္းကို ဘာမွသိပ္ၿပီး မသိေသးတာေၾကာင့္ စိုးရိမ္ထိတ္လန႔္ခဲ့ၾကပါတယ္။ Sam နဲ႔ Dean ဟာ သာမန္ေသြးစုပ္ဖုတ္ေကာင္တို႔လို သဘာဝလြန္သတၱဝါေတြေလာက္နဲ႔ပဲ ရင္ဆိုင္ဖူးတာေၾကာင့္ demon ေတြဟာ သူတို႔အတြက္ အႀကီးမားဆုံးအႏၲရာယ္ႀကီး ျဖစ္ေနခဲ့ပါတယ္။

အေၾကာင္းကေတာ့ demon ေတြဟာ လူေတြကို ပူးကပ္ႏိုင္တာေၾကာင့္ Sam နဲ႔ Dean တို႔ဟာ ရန္သူနဲ႔မိတ္ေဆြကို မခြဲျခားႏိုင္ေသးတာေၾကာင့္လည္း ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္လည္း demon ေတြအေနနဲ႔ Sam နဲ႔ Dean တို႔ကို လွည့္စားဖို႔အတြက္ သိပ္လြယ္ကူေနခဲ့တာ ျဖစ္ပါတယ္။ Azazel ကလည္း John ကို ပူးကပ္ၿပီးေတာ့ Colt ေသနတ္ကို Dean ဆီကေန လွည့္စားၿပီးေတာ့ ေတာင္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ Colt ေသနတ္နဲ႔ မသတ္ႏိုင္တဲ့ အရာေတြဟာ အနည္းငယ္ပဲ ရွိတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ Meg ဟာလည္း Winchester ညီအစ္ကိုႏွစ္ေယာက္ကို ဇာတ္လမ္းအစပိုင္းမွာ ျပႆနာေတြအမ်ားႀကီး ေပးသြားခဲ့သူ ျဖစ္ပါတယ္။

Season 2 ထဲမွာေတာ့ လူသားေတြကို ေနာက္ထပ္ဒုကၡေပးႏိုင္တဲ့ demon တစ္မ်ိဴးကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ လမ္းေလးခြဆုံ demon ျဖစ္ၿပီးေတာ့ လူသားေတြနဲ႔ အေပးအယူ ျပဳလုပ္တဲ့ demon တစ္မ်ိဴးပဲ ျဖစ္ပါတယ္။ အဲ့ဒီ demon ေတြနဲ႔ အေပးအယူ လုပ္ၿပီးတိုင္းမွာ မေကာင္းတဲ့ ေနာက္ဆက္တြဲေတြ ျဖစ္လာတာကို သိေပမယ့္လည္း Winchester မိသားစုဟာ ေ႐ြးခ်ယ္စရာမရွိဘဲနဲ႔ အေပးအယူ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲ့ဒါေတြကေတာ့ John ဟာ Dean ကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံခဲ့ၿပီး Dean ကလည္း Sam ကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ demon ေတြနဲ႔ အေပးအယူ လုပ္တာဟာ သူတို႔အတြက္ ဆိုးက်ိဴးေတြ ျဖစ္လာေစတယ္ဆိုတာ သိခဲ့ၾကရပါတယ္။

ယုံၾကည္သူမ်ား (Season 3-4)
photo via screenrant

Season 3 နဲ႔ 4 မွာေတာ့ Sam နဲ႔ Dean တို႔ဟာ demon ေတြနဲ႔ ပိုၿပီးေတာ့ ရင္းႏွီးလာသလို ကာကြယ္မႈေတြကို ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ demon ေတြ မပူးကပ္ႏိုင္တဲ့ သေကၤတကို တက္တူးအေနနဲ႔ ထိုးခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း demon ေတြဟာ အစပိုင္းမွာ ေတြ႕ရတာထက္ ပိုၿပီးမ်ားလာကာ ငရဲတံခါးလည္း ပြင့္သြားတာေၾကာင့္ demon ေတြအမ်ားႀကီးဟာ ကမာၻေပၚကို ေရာက္လာၾကပါတယ္။

ဒါ့အျပင္ demon ေတြဟာ တစ္ျခားသဘာဝလြန္ သတၱဝါေတြလို တိရစာၦန္ဗီဇအတိုင္း ေနထိုင္ၾကတာမဟုတ္ဘဲ ဉာဏ္ရည္ျမင့္မားတာေၾကာင့္ သူတို႔ႏွစ္ေယာက္အတြက္ ပိုၿပီးေတာ့ ခက္ခဲေစခဲ့ပါတယ္။ ဒါ့အျပင္ Ruby ဟာလည္း သူတို႔ေတြကို အခ်ိန္အေတာ္ၾကာ လွည့္စားခဲ့ၿပီး Lucifer ကို ငရဲက ေလွာင္အိမ္ထဲကေန လြတ္သြားေအာင္ လုပ္ေပးခဲ့ပါတယ္။

Season 4 ရဲ႕အဆုံးမွာေတာ့ Ruby ရဲ႕ တကယ့္ရည္႐ြယ္ခ်က္ကို သိလိုက္ရတဲ့အခ်ိန္မွာ ပရိသတ္အမ်ားစုဟာ သိပ္ကို အံ့ဩသြားခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Ruby ဟာ သူ႔ကိုယ္သူ မွန္တဲ့ဘက္မွာ ရွိေနတယ္ဆိုၿပီးေတာ့ Sam နဲ႔ ပရိသတ္ေတြကို ယုံၾကည္ေအာင္ ျပဳလုပ္ထားႏိုင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Ruby ဟာ Sam ကိုလည္း မေကာင္းဆိုးဝါးတစ္ေယာက္နီးပါး ျဖစ္လာေအာင္ ျပဳလုပ္ခဲ့တဲ့အျပင္ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြကို အသုံးခ်ၿပီး ညီအစ္ကိုခ်င္းေတာင္ ေသြးကြဲေအာင္ ျပဳလုပ္ခဲ့ပါေသးတယ္။

Devil နဲ႔ အေပးအယူ (Season 5-7)
photo via screenrant

Demon ေတြဟာ season 5 ထဲမွာေတာ့ သူတို႔ရဲ႕ဗီလိန္ေနရာဟာ ေျပာင္းလဲသြားၿပီး သူတို႔ရဲ႕ စြမ္းအားေတြအေၾကာင္းကိုလည္း အကုန္လုံး သိခဲ့ရၿပီ ျဖစ္ပါတယ္။ Winchester ညီအစ္ကိုေတြလိုပဲ ပရိသတ္ေတြဟာလည္း demon ေတြရဲ႕ အေၾကာင္းအရာ အမ်ားစုကို သိသြားၾကတာေၾကာင့္ ၾကည့္ရႈသူေတြအတြက္လည္း demon ေတြဟာ သိပ္ၿပီးေတာ့ မထူးဆန္းေတာ့ပါဘူး။ ဒါ့အျပင္ ဒီ season ေတြရဲ႕ အဓိကဗီလိန္ေတြကေတာ့ Leviathan ေတြလိုမ်ိဴး demon ေတြထက္ ပိုၿပီးစြမ္းအားႀကီးတဲ့ သတၱဝါေတြ ပါဝင္ခဲ့ပါတယ္။ အစပိုင္း season ေတြမွာ Winchester မိသားစုရဲ႕ အႀကီးမားဆုံးရန္သူေတြ ျဖစ္ခဲ့တဲ့ demon ေတြကေတာ့ ဒီအခ်ိန္မွာ ဗီလိန္ေနရာက မပါဝင္ေတာ့ပါဘူး။

အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ အႀကိဳက္ဆုံးဇာတ္ေကာင္ေတြ ျဖစ္တဲ့ Crowley နဲ႔ Castiel တို႔ စတင္ပါဝင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း angel ေတြအေၾကာင္းကိုေတာ့ ဘာမွမသိရေသးသလို တကယ္ရွိမရွိဆိုတာေတာင္ မေသခ်ာပါဘူး။ Crowley ကေတာ့ တစ္ျခား demon ေတြလိုမ်ိဴး လူေတြကို လွည့္စားတဲ့ အလုပ္ေတြမလုပ္ဘဲ စီးပြားေရးသမားဆန္ဆန္ အေပးအယူေတြ ျပဳလုပ္ေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ Leviathan ေတြလိုမ်ိဴး သတၱဝါေတြကိုေတာ့ ဘုံရန္သူအေနနဲ႔ သတ္မွတ္ၿပီးေတာ့ Crowley ဟာ Winchester ညီအစ္ကိုနဲ႔ အေပးအယူလုပ္ခဲ့ပါတယ္။

Mark of Cain (Season 8-10)
photo via screenrant

Season 8 ထဲမွာေတာ့ Sam နဲ႔ Dean တို႔ဟာ လက္နက္အေနနဲ႔ Colt ေသနတ္နဲ႔ demon ဓားတို႔ကို အသုံးျပဳကာ တိုက္ခိုက္ေနၾကတာေၾကာင့္ demon ေတြဟာ သူတို႔အတြက္ သိပ္ႀကီးမားတဲ့ အႏၲရာယ္ေတြ မဟုတ္ၾကေတာ့ပါဘူး။ ဒါေပမယ့္လည္း Knight of Hell ျဖစ္တဲ့ Abaddon ေပၚလာခဲ့ၿပီး သူမအေပၚမွာ demon ဓားကလည္း သက္ေရာက္မႈမရွိတဲ့အျပင္ သာမန္ demon ေတြထက္လည္း ပိုၿပီးစြမ္းအားႀကီးတဲ့အခါမွာေတာ့ Winchester ညီအစ္ကိုေတြအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာခဲ့ပါတယ္။ Sam နဲ႔ Dean တို႔ဟာ Abaddon ကို ခက္ခက္ခဲခဲနဲ႔ အႏိုင္ယူၿပီးေနာက္မွာလည္း Cain က ထပ္မံေပၚေပါက္လာခဲ့ပါတယ္။

Dean ဟာ Mark of Cain ကို ရရွိသြားတဲ့အခ်ိန္မွာေတာ့ တျဖည္းျဖည္းနဲ႔ အၾကမ္းဖက္လာၿပီးေတာ့ demon ေတြရဲ႕ လကၡဏာေတြ ျပလာခဲ့ပါတယ္။ ဒါ့အျပင္ Dean ဟာ season 9 ရဲ႕ အဆုံးမွာ demon အျဖစ္ ေျပာင္းလဲသြားတဲ့ ျဖစ္ရပ္ကလည္း Dean ရဲ႕အႀကီးမားဆုံး ေျပာင္းလဲမႈေတြထဲကတစ္ခု ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Sam ဟာ Dean ကို လူအျဖစ္ ျပန္လည္ေျပာင္းလဲဖို႔အတြက္ နည္းလမ္းရွာရပါေတာ့တယ္။ အရင္တုန္းကေတာ့ demon ေတြဆိုရင္ သတ္ပစ္လိုက္ရင္ ရေပမယ့္လည္း ဒီတစ္ခါမွာေတာ့ demon ကို လူျပန္ျဖစ္ေအာင္ လုပ္ဖို႔ဆိုတာဟာ မျဖစ္ႏိုင္တဲ့ စိန္ေခၚမႈတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

မိတ္ေဆြအျဖစ္သို႔ (Season 11-12)
photo via screenrant

Season 11 မွာ Amara ေပၚလာတဲ့အခ်ိန္မွာေတာ့ demon ေတြဟာ သာမန္ မေကာင္းဆိုးဝါးသာသာပဲ ျဖစ္သြားခဲ့ပါတယ္။ ဒါ့အျပင္ Lucifer ကို အႏိုင္ယူဖို႔အတြက္ Winchester ညီအစ္ကိုနဲ႔အတူ Castiel နဲ႔ Crowley တို႔က ပူးေပါင္းခဲ့ၾကပါတယ္။ Season 12 ဇာတ္သိမ္းမွာေတာ့ ပရိသတ္အမ်ားစုရဲ႕ အႀကိဳက္ဆုံးဇာတ္ေကာင္ျဖစ္တဲ့ Crowley ဟာ Lucifer ကို အႏိုင္ယူဖို႔အတြက္ သူ႔ကိုယ္သူ စြန႔္လႊတ္အနစ္နာခံခဲ့ရပါတယ္။ အဲ့ဒီအခ်က္ဟာလည္း ပရိသတ္ေတြအတြက္ အေတာ္ေလးကို ဝမ္းနည္းစရာ ျဖစ္ခဲ့ၿပီး Winchester ညီအစ္ကိုေတြအတြက္လည္း ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခု ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အစပိုင္း season ေတြမွာ လုံးဝေပ်ာက္ေနတဲ့ Prince of Hell ေတြလည္း ျပန္လည္ပါဝင္လာကာ သူတို႔ကိုလည္း ခက္ခက္ခဲခဲ အႏိုင္ယူခဲ့ရပါတယ္။

Demon ေတြရဲ႕ က်ဆုံးခန္း (Season 13-15)
photo via screenrant

က်န္ရွိေနတဲ့ season ေတြထဲမွာေတာ့ ေနာက္ဆုံးက်န္ရွိေနတဲ့ Prince of Hell ျဖစ္တဲ့ Asmodeus ဟာ အစပိုင္းမွာေတာ့ အလြန္စြမ္းအားႀကီးတဲ့ demon အေနနဲ႔ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Archangel ျဖစ္တဲ့ Gabriel သတ္တာကို ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Archangel ေတြရဲ႕ တိုက္ပြဲေတြနဲ႔ God နဲ႔ Darkness တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ဘယ္သူကမွ demon ေတြကို သတိမရေတာ့ပါဘူး။ ဒါ့အျပင္ ပရိသတ္အမ်ားစုကလည္း demon ေတြကို လုံးဝကို ေမ့ေပ်ာက္သြားၿပီး ဘယ္သူကမွ သိပ္ၿပီးေတာ့ ဂ႐ုမစိုက္ၾကေတာ့ပါဘူး။ Season 15 ထဲမွာလည္း Rowena ဟာ ငရဲအုပ္ခ်ဳပ္သူျဖစ္လာတာေၾကာင့္ Sam နဲ႔ Dean အတြက္လည္း Demon ေတြကို ေခါင္းထဲထည့္စရာ မလိုေတာ့ပါဘူး။

ဒါကေတာ့ Supernatural ဇာတ္လမ္းတြဲထဲက demon ေတြနဲ႔ ပတ္သက္ၿပီး တျဖည္းျဖည္း ေျပာင္းလဲလာတဲ့ ဇာတ္လမ္းနဲ႔ demon ေတြအေပၚထားတဲ့ ပရိသတ္ေတြရဲ႕အျမင္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေတြကို ဖတ္ရႈရတာ ႏွစ္သက္တယ္ဆိုရင္ ဒီေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦးလို႔ တိုက္တြန္းလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular