HomeEntertainmentFilmSupernatural ဇာတ်သိမ်းအတွက် ဖြစ်နိုင်ချေရှိတဲ့ သီအိုရီ

Supernatural ဇာတ်သိမ်းအတွက် ဖြစ်နိုင်ချေရှိတဲ့ သီအိုရီ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ ၂၀၀၅ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ (၁၅)နှစ်တာကြာတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နေပြီး ပြီးဆုံးဖို့အတွက် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီ (၁၅)နှစ်တာအတွင်းမှာလည်း ပရိသတ်တွေဟာ တဖြည်းဖြည်းနဲ့ များပြားလာပြီး မကြာခင်မှာ ရောက်ရှိလာမယ့် ဇာတ်သိမ်းအတွက်လည်း အားလုံးဟာ စိတ်လှုပ်ရှားနေကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Supernatural ဇာတ်လမ်းတွဲဟာ ဘယ်လိုပုံစံမျိူးနဲ့ ဇာတ်သိမ်းသွားနိုင်လည်း ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

Winchester မိသားစုတွေက ဘုရားသခင်ကို ဘယ်လိုမျိူး အနိုင်ယူသွားနိုင်မလဲ?
photo via screenrant

Supernatural ထဲမှာ ဘုရားသခင်က ဘယ်လိုမျိူး သေဆုံးသွားမလည်းဆိုတာ ကို သေချာသိတာဆိုလို့ Death ဖြစ်သူ Billie ပဲ ရှိပါတယ်။ သူမဆီမှာတော့ အဲ့ဒီအကြောင်းကို စာအုပ်ထဲမှာ ရှိပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ အဲ့ဒီအကြောင်းအသေးစိတ် အချက်အလက်တွေကို တစ်ခြားသူတွေကို ပြောပြလို့မရပါဘူး။ သူမ ပြောနိုင်တဲ့ အရာတစ်ခုကတော့ Sam ၊ Dean နဲ့ Jack တို့ဟာ ဘုရားသခင်ကို အနိုင်ယူဖို့အတွက် အဓိကကျတဲ့ နေရာကနေ ပါဝင်တယ်လို့ပဲ ပြောနိုင်ပါတယ်။ အဲ့ဒီအချက်တွေကို သိရပေမယ့်လည်း သူတို့တွေဟာ ဘုရားသခင်ကို ဘယ်လိုမျိူး ရပ်တန့်နိုင်မှာလည်း ဆိုတဲ့မေးခွန်းလည်း ရှိပါသေးတယ်။

လူပြောများကြတဲ့ အချက်ကတော့ Supernatural ရဲ့နောက်ဆုံးတိုက်ပွဲမှာ Jack က အဆုံးသတ်ပေးရမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အခုအခြေအနေအရဆိုရင် ဘုရားသခင်ကို ယှဉ်ပြီးတိုက်ခိုက်နိုင်မယ့်သူဟာ Jack တစ်ယောက်ပဲ ရှိလို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ Sam နဲ့ Dean ဖြစ်တာကြောင့် သူတို့နှစ်ယောက်ကလည်း နောက်ဆုံးတိုက်ပွဲမှာ အရေးကြီးတဲ့ နေရာတစ်ခုကနေ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jack ကို ကူညီမယ့်သူတွေဟာ သူတို့နှစ်ယောက်တည်း မဟုတ်လောက်ဘဲ ဇာတ်လမ်းတစ်လျှောက်မှာ ရှိခဲ့တဲ့ သူတို့ရဲ့မိတ်ဆွေတွေလည်း ပါဝင်လာနိုင်ပါတယ်။ ဥပမာပြောရရင် Adam ရဲ့ ကိုယ်ထဲမှာဝင်နေတဲ့ Michael ကလည်း အဖေနဲ့သား ပြဿနာနဲ့ ပါဝင်လာနိုင်ပါတယ်။

photo via screenrant

ဒါ့အပြင် ဘုရားသခင်ဟာ နတ်ပြည်မှာရှိတဲ့ တမန်တော်တွေကိုလည်း စွန့်ပစ်သွားတာကြောင့် တမန်တော်တွေလည်း ပါဝင်လာနိုင်သလို Rowena ကလည်း ငရဲပြည်ကို ထိန်းချုပ်ထားတာကြောင့် နတ်ပြည်ရော၊ ငရဲပြည်ရောပါ အဲ့ဒီနောက်ဆုံးတိုက်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ တစ်ခြား universe က Bobby ၊ Charlie ၊ Wayward Sisters တွေအပြင် တစ်ခြားသူတွေ အများကြီးလည်း ပြန်လည်ပါဝင်နိုင်ပါတယ်။ အဲ့ဒီဇာတ်ကောင်တွေအားလုံး စုပေါင်းပြီးတော့ ဘုရားသခင်ကို အနိုင်ယူဖို့အတွက် အစီအစဉ်ဆွဲကြပါလိမ့်မယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဘုရားသခင်ကို သူတို့အားလုံးစုပေါင်းပြီး ထိန်းထားတဲ့အချိန်မှာ Jack ကို တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ဖန်တီးပေးဖို့ပဲ ဖြစ်လောက်ပါတယ်။

အဲ့ဒါကြောင့်ပဲ အရင်တုန်းက ဇာတ်လမ်းတစ်လျှောက်မှာ ပါဝင်ခဲ့တဲ့ လက်နက်တွေနဲ့ မန္တာန်တွေလည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဥပမာပြောရရင် archangel blade တွေနဲ့ ပြန်လည်တည်ဆောက်ထားတဲ့ Colt သေနတ်တို့လည်း ပြန်လည်ပါဝင်လာနိုင်ပြီး ပစ်မှတ်ကို ထိန်းချုပ်ထားနိုင်တဲ့ မန္တာန်တွေလည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။ အဲ့ဒီအရာတွေဟာ ဘုရားသခင်ကို အနိုင်မယူနိုင်ပေမယ့်လည်း အဲ့ဒါတွေနဲ့ အာရုံလွှဲထားပြီး နောက်ဆုံးမှာ Jack ကို တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ဖန်တီးပေးသွားမယ်လို့ ထင်ပါတယ်။

Sam နဲ့ Dean တို့ကရော နောက်ဆုံးတိုက်ပွဲမှာ အသက်ရှင်နိုင်ပါ့မလား?
photo via screenrant

Supernatural ဇာတ်သိမ်းရဲ့ အကြီးမားဆုံး မေးခွန်းကတော့ နောက်ဆုံးမှာ Sam နဲ့ Dean တို့က အသက်ရှင်သန်နိုင်ပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်။ ပရိသတ်အများစုကတော့ ဇာတ်သိမ်းမှာ Sam နဲ့ Dean တို့ဟာ နေဝင်ချိန်လေးမှာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ wendigo တွေကို အမဲလိုက်ဖို့အတွက် ထွက်သွားတာမျိုးကို မြင်ချင်နေကြပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းတစ်လျှောက်လုံးမှာ ပြလာတဲ့အတိုင်းဆိုရင်တော့ ပရိသတ်တွေ မြင်ချင်တဲ့ ဇာတ်သိမ်းဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Sam နဲ့ Dean တို့နှစ်ယောက်ရဲ့ ပြဿနာကတော့ တစ်ယောက်က သေသွားရင် နောက်တစ်ယောက်က နည်းအမျိူးမျိူးကို သုံးပြီးတော့ ပြန်အသက်သွင်းပေးကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သေချာတာတစ်ခုကတော့ သူတို့နှစ်ယောက်လုံးဟာ တူညီတဲ့ ကံကြမ္မာတစ်ခုကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေ မြင်ချင်သလို သူတို့နှစ်ယောက်လုံးသာ အသက်ရှင်ခဲ့မယ်ဆိုရင်တော့ ဇာတ်သိမ်းက အရသာပေါ့သွားပါလိမ့်မယ်။ အဲ့ဒါကြောင့်ပဲ Sam နဲ့ Dean နှစ်ယောက်လုံးဟာ သေချာပေါက်နီးပါးကို သေဆုံးကြရမှာ ဖြစ်ပါတယ်။ ဘုရားသခင်နဲ့ တိုက်ခိုက်ရင်းနဲ့ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာတဲ့အချိန်မှာ သူတို့တွေထဲက အများစုကတော့ သေတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေနဲ့ နောက်ဆုံးမှာ Jack ၊ Sam ၊ Dean နဲ့ Chuck တို့ပဲ ကျန်ခဲ့ကြပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ နောက်ဆုံးတိုက်ပွဲမှာ နောက်ဆုံးအကြိမ်အဖြစ်နဲ့ တစ်ခြားသူတွေကို ကယ်တင်ဖို့အတွက် Sam နဲ့ Dean တို့ဟာ အနစ်နာခံခဲ့ကြပါလိမ့်မယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ Chuck ကို ချုပ်ထားပြီးတော့ Jack အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ဖန်တီးပေးခဲ့ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒေါသထွက်နေတဲ့ Chuck နဲ့ ခန္ဓာကိုယ်ချင်း ထိနေတာဟာ ကောင်းတဲ့အချက် မဟုတ်တာကြောင့် သူတို့နှစ်ယောက်ဟာ universe ကြီးကို ကယ်တင်ရင်းနဲ့ သေဆုံးသွားကြပါလိမ့်မယ်။

ဒါ့အပြင် သူတို့နှစ်ယောက်ဟာ တမန်တော်တွေသာမက Death နဲ့လည်း မဟာမိတ်တေွ ဖြစ်နေတာကြောင့် universe ကြီးကို ကယ်တင်ခဲ့သူတွေအနေနဲ့ ကမ္ဘာပေါ်မှာ ပြန်ပြီးအသက်ရှင်ချင်လား၊ ဒါမှမဟုတ် သူတို့ရဲ့မိဘတွေနဲ့အတူ အဆုံးမရှိဘဲ နတ်ပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေမလား ဆိုပြီးတော့ ရွေးချယ်ခွင့်ရကြပါလိမ့်မယ်။ သူတို့နှစ်ယောက်လုံးဟာ နှစ်တွေအကြာကြီးအတွင်းမှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ပြီးပြီ ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ သူတို့ဟာလည်း ငြိမ်းချမ်းမှုကို ထိုက်တန်တယ်လို့ ယူဆကာ ဇာတ်သိမ်းသွားပါလိမ့်မယ်။

Supernatural ရဲ့အနာဂတ်က ဘယ်လိုမျိူး ဖြစ်လာမလဲ?
photo via screenrant

Season 15 ထဲမှာပဲ Chuck ဟာ Winchester တွေ နိုင်သွားရင် ကမ္ဘာကြီးက ဘယ်လိုမျိူး ဖြစ်လာမလည်း ဆိုတာကို ပြသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ဘုရားသခင် မရှိတော့တာကြောင့် ကမ္ဘာပေါ်မှာ ရှိသမျှ မကောင်းဆိုးဝါးတွေဟာ သောင်းကျန်းပြီးတော့ ကမ္ဘာကြီးဟာ ပျက်စီးလာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဘုရားသခင်နေရာကို အစားထိုးဖို့ လိုအပ်လာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ Jack က ပါဝင်လာမှာ ဖြစ်ပြီး သူဟာ Chuck ကိုတောင် အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် သူ့ကိုဘုရားသခင်နေရာမှာ အစားထိုးရပါမယ်။ အဲ့ဒါကြောင့်ပဲ Jack ဟာ Chuck မရှိတော့တဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

Jack က ဘုရားသခင်ဖြစ်လာပြီး ကမ္ဘာပေါ်မှာရှိသမျှ မကောင်းဆိုးဝါးတေွ မသောင်းကျန်းအောင် တားနိုင်ခဲ့ပေမယ့်လည်း မကောင်းဆိုးဝါးတွေကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သာမန်လူတွေကို ကာကွယ်ဖို့အတွက် အမဲလိုက်မုဆိုးတွေ လိုအပ်လာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ တစ်ခြား universe က Bobby နဲ့ Charlie တို့ဟာ Winchester တွေရဲ့ စခန်းမှာ အမဲလိုက်မုဆိုး မျိူးဆက်သစ်တွေကို လေ့ကျင့်ပေးသွားလောက်ပါတယ်။

အခုပြောသွားတဲ့အချက်တွေ အားလုံးက ဖြစ်နိုင်ချေရှိတာတွေကို ပြောသွားတာ ဖြစ်တာကြောင့် တကယ့်ဇာတ်သိမ်းမှာ ဖြစ်လာတဲ့အချက်တွေနဲ့ အကုန်လုံးတော့ တိုက်ဆိုင်မှာ မဟုတ်ပါဘူး။ တကယ့်ဇာတ်သိမ်းမှာ ဘယ်လိုမျိူး ဖြစ်လာမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ ၂၀၀၅ခုႏွစ္ကတည္းက စတင္ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ (၁၅)ႏွစ္တာၾကာတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ေနၿပီး ၿပီးဆုံးဖို႔အတြက္ တျဖည္းျဖည္း နီးကပ္လာခဲ့ၿပီ ျဖစ္ပါတယ္။ အဲ့ဒီ (၁၅)ႏွစ္တာအတြင္းမွာလည္း ပရိသတ္ေတြဟာ တျဖည္းျဖည္းနဲ႔ မ်ားျပားလာၿပီး မၾကာခင္မွာ ေရာက္ရွိလာမယ့္ ဇာတ္သိမ္းအတြက္လည္း အားလုံးဟာ စိတ္လႈပ္ရွားေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Supernatural ဇာတ္လမ္းတြဲဟာ ဘယ္လိုပုံစံမ်ိဴးနဲ႔ ဇာတ္သိမ္းသြားႏိုင္လည္း ဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

Winchester မိသားစုေတြက ဘုရားသခင္ကို ဘယ္လိုမ်ိဴး အႏိုင္ယူသြားႏိုင္မလဲ?
photo via screenrant

Supernatural ထဲမွာ ဘုရားသခင္က ဘယ္လိုမ်ိဴး ေသဆုံးသြားမလည္းဆိုတာ ကို ေသခ်ာသိတာဆိုလို႔ Death ျဖစ္သူ Billie ပဲ ရွိပါတယ္။ သူမဆီမွာေတာ့ အဲ့ဒီအေၾကာင္းကို စာအုပ္ထဲမွာ ရွိေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီအေၾကာင္းအေသးစိတ္ အခ်က္အလက္ေတြကို တစ္ျခားသူေတြကို ေျပာျပလို႔မရပါဘူး။ သူမ ေျပာႏိုင္တဲ့ အရာတစ္ခုကေတာ့ Sam ၊ Dean နဲ႔ Jack တို႔ဟာ ဘုရားသခင္ကို အႏိုင္ယူဖို႔အတြက္ အဓိကက်တဲ့ ေနရာကေန ပါဝင္တယ္လို႔ပဲ ေျပာႏိုင္ပါတယ္။ အဲ့ဒီအခ်က္ေတြကို သိရေပမယ့္လည္း သူတို႔ေတြဟာ ဘုရားသခင္ကို ဘယ္လိုမ်ိဴး ရပ္တန႔္ႏိုင္မွာလည္း ဆိုတဲ့ေမးခြန္းလည္း ရွိပါေသးတယ္။

လူေျပာမ်ားၾကတဲ့ အခ်က္ကေတာ့ Supernatural ရဲ႕ေနာက္ဆုံးတိုက္ပြဲမွာ Jack က အဆုံးသတ္ေပးရမွာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အခုအေျခအေနအရဆိုရင္ ဘုရားသခင္ကို ယွဥ္ၿပီးတိုက္ခိုက္ႏိုင္မယ့္သူဟာ Jack တစ္ေယာက္ပဲ ရွိလို႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္ေတြကေတာ့ Sam နဲ႔ Dean ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ကလည္း ေနာက္ဆုံးတိုက္ပြဲမွာ အေရးႀကီးတဲ့ ေနရာတစ္ခုကေန ပါဝင္ၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Jack ကို ကူညီမယ့္သူေတြဟာ သူတို႔ႏွစ္ေယာက္တည္း မဟုတ္ေလာက္ဘဲ ဇာတ္လမ္းတစ္ေလွ်ာက္မွာ ရွိခဲ့တဲ့ သူတို႔ရဲ႕မိတ္ေဆြေတြလည္း ပါဝင္လာႏိုင္ပါတယ္။ ဥပမာေျပာရရင္ Adam ရဲ႕ ကိုယ္ထဲမွာဝင္ေနတဲ့ Michael ကလည္း အေဖနဲ႔သား ျပႆနာနဲ႔ ပါဝင္လာႏိုင္ပါတယ္။

photo via screenrant

ဒါ့အျပင္ ဘုရားသခင္ဟာ နတ္ျပည္မွာရွိတဲ့ တမန္ေတာ္ေတြကိုလည္း စြန႔္ပစ္သြားတာေၾကာင့္ တမန္ေတာ္ေတြလည္း ပါဝင္လာႏိုင္သလို Rowena ကလည္း ငရဲျပည္ကို ထိန္းခ်ဳပ္ထားတာေၾကာင့္ နတ္ျပည္ေရာ၊ ငရဲျပည္ေရာပါ အဲ့ဒီေနာက္ဆုံးတိုက္ပြဲမွာ ပါဝင္လာႏိုင္ပါတယ္။ တစ္ျခား universe က Bobby ၊ Charlie ၊ Wayward Sisters ေတြအျပင္ တစ္ျခားသူေတြ အမ်ားႀကီးလည္း ျပန္လည္ပါဝင္ႏိုင္ပါတယ္။ အဲ့ဒီဇာတ္ေကာင္ေတြအားလုံး စုေပါင္းၿပီးေတာ့ ဘုရားသခင္ကို အႏိုင္ယူဖို႔အတြက္ အစီအစဥ္ဆြဲၾကပါလိမ့္မယ္။ သူတို႔ရဲ႕ အစီအစဥ္ကေတာ့ ဘုရားသခင္ကို သူတို႔အားလုံးစုေပါင္းၿပီး ထိန္းထားတဲ့အခ်ိန္မွာ Jack ကို တိုက္ခိုက္ဖို႔အတြက္ အခြင့္အေရး ဖန္တီးေပးဖို႔ပဲ ျဖစ္ေလာက္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အရင္တုန္းက ဇာတ္လမ္းတစ္ေလွ်ာက္မွာ ပါဝင္ခဲ့တဲ့ လက္နက္ေတြနဲ႔ မႏၲာန္ေတြလည္း ျပန္လည္ပါဝင္လာႏိုင္ပါတယ္။ ဥပမာေျပာရရင္ archangel blade ေတြနဲ႔ ျပန္လည္တည္ေဆာက္ထားတဲ့ Colt ေသနတ္တို႔လည္း ျပန္လည္ပါဝင္လာႏိုင္ၿပီး ပစ္မွတ္ကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ မႏၲာန္ေတြလည္း ျပန္လည္ပါဝင္လာႏိုင္ပါတယ္။ အဲ့ဒီအရာေတြဟာ ဘုရားသခင္ကို အႏိုင္မယူႏိုင္ေပမယ့္လည္း အဲ့ဒါေတြနဲ႔ အာ႐ုံလႊဲထားၿပီး ေနာက္ဆုံးမွာ Jack ကို တိုက္ခိုက္ဖို႔အတြက္ အခြင့္အေရး ဖန္တီးေပးသြားမယ္လို႔ ထင္ပါတယ္။

Sam နဲ႔ Dean တို႔ကေရာ ေနာက္ဆုံးတိုက္ပြဲမွာ အသက္ရွင္ႏိုင္ပါ့မလား?
photo via screenrant

Supernatural ဇာတ္သိမ္းရဲ႕ အႀကီးမားဆုံး ေမးခြန္းကေတာ့ ေနာက္ဆုံးမွာ Sam နဲ႔ Dean တို႔က အသက္ရွင္သန္ႏိုင္ပါ့မလား ဆိုတာပဲ ျဖစ္ပါတယ္။ ပရိသတ္အမ်ားစုကေတာ့ ဇာတ္သိမ္းမွာ Sam နဲ႔ Dean တို႔ဟာ ေနဝင္ခ်ိန္ေလးမွာ ေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ wendigo ေတြကို အမဲလိုက္ဖို႔အတြက္ ထြက္သြားတာမ်ိဳးကို ျမင္ခ်င္ေနၾကပါတယ္။ ဒါေပမယ့္လည္း ဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာ ျပလာတဲ့အတိုင္းဆိုရင္ေတာ့ ပရိသတ္ေတြ ျမင္ခ်င္တဲ့ ဇာတ္သိမ္းဟာ ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Sam နဲ႔ Dean တို႔ႏွစ္ေယာက္ရဲ႕ ျပႆနာကေတာ့ တစ္ေယာက္က ေသသြားရင္ ေနာက္တစ္ေယာက္က နည္းအမ်ိဴးမ်ိဴးကို သုံးၿပီးေတာ့ ျပန္အသက္သြင္းေပးၾကတာပဲ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ ေသခ်ာတာတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ တူညီတဲ့ ကံၾကမၼာတစ္ခုကို ခံစားၾကရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြ ျမင္ခ်င္သလို သူတို႔ႏွစ္ေယာက္လုံးသာ အသက္ရွင္ခဲ့မယ္ဆိုရင္ေတာ့ ဇာတ္သိမ္းက အရသာေပါ့သြားပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ပဲ Sam နဲ႔ Dean ႏွစ္ေယာက္လုံးဟာ ေသခ်ာေပါက္နီးပါးကို ေသဆုံးၾကရမွာ ျဖစ္ပါတယ္။ ဘုရားသခင္နဲ႔ တိုက္ခိုက္ရင္းနဲ႔ ဇာတ္ရွိန္အျမင့္ဆုံးကို ေရာက္လာတဲ့အခ်ိန္မွာ သူတို႔ေတြထဲက အမ်ားစုကေတာ့ ေသတဲ့သူေတြ၊ ဒဏ္ရာရတဲ့သူေတြနဲ႔ ေနာက္ဆုံးမွာ Jack ၊ Sam ၊ Dean နဲ႔ Chuck တို႔ပဲ က်န္ခဲ့ၾကပါလိမ့္မယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေနာက္ဆုံးတိုက္ပြဲမွာ ေနာက္ဆုံးအႀကိမ္အျဖစ္နဲ႔ တစ္ျခားသူေတြကို ကယ္တင္ဖို႔အတြက္ Sam နဲ႔ Dean တို႔ဟာ အနစ္နာခံခဲ့ၾကပါလိမ့္မယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ Chuck ကို ခ်ဳပ္ထားၿပီးေတာ့ Jack အတြက္ တိုက္ခိုက္ဖို႔ အခြင့္အေရး ဖန္တီးေပးခဲ့ၾကပါလိမ့္မယ္။ ဒါေပမယ့္လည္း ေဒါသထြက္ေနတဲ့ Chuck နဲ႔ ခႏၶာကိုယ္ခ်င္း ထိေနတာဟာ ေကာင္းတဲ့အခ်က္ မဟုတ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ universe ႀကီးကို ကယ္တင္ရင္းနဲ႔ ေသဆုံးသြားၾကပါလိမ့္မယ္။

ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ တမန္ေတာ္ေတြသာမက Death နဲ႔လည္း မဟာမိတ္ေတြ ျဖစ္ေနတာေၾကာင့္ universe ႀကီးကို ကယ္တင္ခဲ့သူေတြအေနနဲ႔ ကမာၻေပၚမွာ ျပန္ၿပီးအသက္ရွင္ခ်င္လား၊ ဒါမွမဟုတ္ သူတို႔ရဲ႕မိဘေတြနဲ႔အတူ အဆုံးမရွိဘဲ နတ္ျပည္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနမလား ဆိုၿပီးေတာ့ ေ႐ြးခ်ယ္ခြင့္ရၾကပါလိမ့္မယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ ႏွစ္ေတြအၾကာႀကီးအတြင္းမွာ ျပႆနာေပါင္းစုံနဲ႔ ရင္ဆိုင္ခဲ့ၿပီးၿပီ ျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ သူတို႔ဟာလည္း ၿငိမ္းခ်မ္းမႈကို ထိုက္တန္တယ္လို႔ ယူဆကာ ဇာတ္သိမ္းသြားပါလိမ့္မယ္။

Supernatural ရဲ႕အနာဂတ္က ဘယ္လိုမ်ိဴး ျဖစ္လာမလဲ?
photo via screenrant

Season 15 ထဲမွာပဲ Chuck ဟာ Winchester ေတြ ႏိုင္သြားရင္ ကမာၻႀကီးက ဘယ္လိုမ်ိဴး ျဖစ္လာမလည္း ဆိုတာကို ျပသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဘုရားသခင္ မရွိေတာ့တာေၾကာင့္ ကမာၻေပၚမွာ ရွိသမွ် မေကာင္းဆိုးဝါးေတြဟာ ေသာင္းက်န္းၿပီးေတာ့ ကမာၻႀကီးဟာ ပ်က္စီးလာမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဘုရားသခင္ေနရာကို အစားထိုးဖို႔ လိုအပ္လာပါလိမ့္မယ္။ အဲ့ဒီအခ်ိန္မွာ Jack က ပါဝင္လာမွာ ျဖစ္ၿပီး သူဟာ Chuck ကိုေတာင္ အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ ေသခ်ာေပါက္ သူ႔ကိုဘုရားသခင္ေနရာမွာ အစားထိုးရပါမယ္။ အဲ့ဒါေၾကာင့္ပဲ Jack ဟာ Chuck မရွိေတာ့တဲ့ ကမာၻႀကီးကို ၿငိမ္းခ်မ္းေအာင္ ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။

Jack က ဘုရားသခင္ျဖစ္လာၿပီး ကမာၻေပၚမွာရွိသမွ် မေကာင္းဆိုးဝါးေတြ မေသာင္းက်န္းေအာင္ တားႏိုင္ခဲ့ေပမယ့္လည္း မေကာင္းဆိုးဝါးေတြကေတာ့ ရွိေနဦးမွာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သာမန္လူေတြကို ကာကြယ္ဖို႔အတြက္ အမဲလိုက္မုဆိုးေတြ လိုအပ္လာပါလိမ့္မယ္။ အဲ့ဒီအခ်ိန္မွာေတာ့ တစ္ျခား universe က Bobby နဲ႔ Charlie တို႔ဟာ Winchester ေတြရဲ႕ စခန္းမွာ အမဲလိုက္မုဆိုး မ်ိဴးဆက္သစ္ေတြကို ေလ့က်င့္ေပးသြားေလာက္ပါတယ္။

အခုေျပာသြားတဲ့အခ်က္ေတြ အားလုံးက ျဖစ္ႏိုင္ေခ်ရွိတာေတြကို ေျပာသြားတာ ျဖစ္တာေၾကာင့္ တကယ့္ဇာတ္သိမ္းမွာ ျဖစ္လာတဲ့အခ်က္ေတြနဲ႔ အကုန္လုံးေတာ့ တိုက္ဆိုင္မွာ မဟုတ္ပါဘူး။ တကယ့္ဇာတ္သိမ္းမွာ ဘယ္လိုမ်ိဴး ျဖစ္လာမလည္း ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular