HomeEntertainmentFilmSupernatural စီးရီးအကြောင်း fan တွေသိရင် အံ့ဩသွားလောက်မယ့် အချက်များ

Supernatural စီးရီးအကြောင်း fan တွေသိရင် အံ့ဩသွားလောက်မယ့် အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural လို့ပြောလိုက်တာနဲ့ ဖလန်နယ်ဝတ်ထားတဲ့ ညီအစ်ကိုနှစ်ယောက်ကို တန်းပြီး မြင်ကြမှာပါ။ ၂၀၀၅ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး အခုလက်ရှိ season 15 ( final season) ထွက်နေဆဲဖြစ်တဲ့ Supernatural စီးရီးရဲ့ နောက်ကွယ်က လူသိပ်မသိသေးတဲ့ အကြောင်းလေးတွေ တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ မသိသေးတာ ဘာတွေရှိသေးလည်းဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

နတ်ပြည်၊ ငရဲပြည်၊ တမန်တော်၊ နတ်ဆိုးတွေအထိ ပါလာဖို့ အစီအစဉ်မရှိခဲ့ပါဘူး။
photo via imdb

Supernatural စီးရီး ထွက်ကာစ season သုံးလေးခုလောက်မှာ မူလဇာတ်လမ်းက အမေရိကန်နိုင်ငံရဲ့ ပုံပြင်၊ ဒဏ္ဍာရီတွေထဲက သရဲတွေနဲ့ မကောင်းဆိုးဝါးတွေအကြောင်းကိုပဲ ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ နတ်ပြည်၊ ငရဲပြည်နဲ့ တမန်တော်၊ နတ်ဆိုးတွေလည်း ပါလာဖို့ အစီအစဉ် လုံးဝမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာမှ ဇာတ်လမ်းရေးသားသူ Eric Kripke က သူရဲ့အစီအစဉ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Season 5 မှာ ဇာတ်သိမ်းဖို့အတွက် စီစဉ်ထားတာပါ။
photo via screenrant

Eric Kripke ရဲ့ အစီအစဉ်အရဆိုရင် Supernatural စီးရီးကို season 5 မှာ အရမ်းကောင်းတဲ့ ဇာတ်သိမ်းနဲ့ အဆုံးသတ်ဖို့အတွက် စီစဉ်ထားတာပါ။ ပြောရရင် သူကိုယ်တိုင်ကတောင် ဒီစီးရီးကို season 5 အထိ ရောက်မယ်လို့ မထင်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် ဒီနေ့အချိန်အထိ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Kripke ဟာ သူစီစဉ်ထားတဲ့အတိုင်း season 5 အပြီးမှာ စီးရီးကို ကောင်းမွန်အောင် ဆက်လက်ရိုက်နိုင်တဲ့လူကို လွှဲပြောင်းပေးခဲ့ပါတယ်။

Castiel ကို မိန်းကာရိုက်တာအဖြစ် ထည့်သွင်းခဲ့တာ မဟုတ်ပါဘူး။
photo via screenrant

Eric Kripke ရဲ့ မူလအစီအစဉ်မှာ Castiel ကို မိန်းကာရိုက်တာအဖြစ် ထည့်သွင်းခဲ့တာ မဟုတ်ပါဘူး။ Winchester တွေ အကူအညီလိုတိုင်း ကူညီရမယ့် တမန်တော်ရဲ့နေရာဟာ Anna ဖြစ်ပါတယ်။ ဒါပေမဲ့ Castiel ရဲ့ ပထမဆုံး စီးရီးထဲမှာ ပါဝင်လာတဲ့ပုံစံအပေါ် ပရိသတ်တွေရဲ့ အားပေးမှုက Anna ထက်ကို ပိုနေတာမို့လို့ အစီအစဉ်ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Anna ကို သတ်လိုက်တာ ဖြစ်ပါတယ်။ မူလအစီအစဉ်အတိုင်းဆိုရင် Castiel ကိုသတ်ပြီး Anna ကို မိန်းကာရိုက်တာ နေရာပေးမှာ ဖြစ်ပါတယ်။ Season 7 မှာ Castiel သေသွားတုန်းကလည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်ပဲ ပြန်လည်အသက်သွင်းခဲ့တာပါ။ အကယ်၍သာ တောင်းဆိုမှုတွေ မရှိခဲ့ရင် Castiel ကို ကျွန်တော်တို့ ထပ်မြင်ရတော့မှာ မဟုတ်ပါဘူး။

မူလအစီအစဉ်အရဆိုရင် Dean ဟာ Mustang ကားကို မောင်းရမှာ ဖြစ်ပါတယ်။
photo via wikipedia commons

Dean ရဲ့ ဘေဘီလေးက Impala မဟုတ်ဘဲ တခြားကားသာ ဖြစ်ခဲ့ရင်ဆိုပြီး စဉ်းစားဖူးကြလားဗျ။ မူလအစီအစဉ်အရဆိုရင် Dean က ’67 Chevy Impala မဟုတ်ဘဲနဲ့ Ford ကထုတ်တဲ့ ’65 Mustang ကို မောင်းရလုနီးနီး ဖြစ်ခဲ့ပါတယ်။ ရှိုးရဲ့သဘောသဘာဝအရ ကားနာမည်နဲ့ အမျိုးအစားကို ဒိုင်ယာလော့ခ်တွေထဲမှာ ထည့်ပြောရမှာ ဖြစ်တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှိုးရဲ့ဖန်တီးသူတို့ အကျေအလည် ဆွေးနွေးကြရာမှာ ’65 Mustang က အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့်ပဲ ’67 Chevy Impala ကို ရွေးဖြစ်သွားကြတာ ဖြစ်ပါတယ်။ Impala ကို ရွေးရတဲ့ တစ်ခြားအကြောင်းအရင်းကတော့ ကားရဲ့နောက်ဖုံးက လူတစ်ယောက်အထိ ကောင်းကောင်းဆံ့တာကြောင့် သူတို့ရဲ့အမဲလိုက်ပစ္စည်းတွေ ထည့်နိုင်အောင် ဖြစ်ပါတယ်။

Gabriel နဲ့ Dean ဟာ ရှိုးထဲမှာ ဒါရိုက်တာဝင်လုပ်ဖူးပါတယ်။
photo via dicksp8jr/instagram

Gabriel နဲ့ Dean တို့ဟာ supernatural ထဲမှာ သူတို့ကိုယ်တိုင် ဒါရိုက်တာ ဝင်လုပ်ဖူးပြီး တစ်ယောက်ကို ငါးပိုင်းစီ ရိုက်ကူးခဲ့ဖူးပါတယ်။ Dean ကတော့ season 6 မှာပါတဲ့ Weekend at Bobby’s ၊ season 7 မှာပါတဲ့ The Girl Next Door ၊ season 8 မှာပါတဲ့ Heartache ၊ season 10 မှာပါတဲ့ Soul Survivor ၊ season 11 မှာ The Bad Seed ဆိုတဲ့ အပိုင်းငါးပိုင်းကို ကိုယ်တိုင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။‌

Gabriel ကတော့ season 11 မှာပါတဲ့ Just My Imagination ၊ season 12 မှာပါတဲ့ Stuck in the Middle (With You) နဲ့ Twigs & Twine & Tasha Banes ၊ season 13 မှာပါတဲ့ War of the Worlds နဲ့ Unfinished Business ဆိုတဲ့ အပိုင်းတွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

John Winchester နဲ့ Mary Winchester တို့ရဲ့ သေဆုံးမှုကို ပုံစံအတူတူ ရေးထားခဲ့တာပါ။ 
photo via jeffreydeanmorgan/instagram

ဇာတ်လမ်းရဲ့ မူလအစီအစဉ်အရဆိုရင် John Winchester ဟာ သူ့အမျိုးသမီးလိုပဲ မျက်နှာကျက်ပေါ်မှာ မီးလောင်ပြီး သေရမယ်လို့ ဇာတ်ညွှန်းရေးထားတာပါ။ ဒါပေမဲ့လည်း  Kripke က Sam ကို သူ့ရဲ့အဖေလိုမျိုး ဇာတ်လမ်းတစ်ခု ပေးချင်တာကြောင့် အစီအစဉ်ကို ဖျက်ပြီးတော့ Jessica ကို သတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကတော့ Supernatural စီးရီးထဲက စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ဖော်ပြပေးခဲ့တာပါ။ စာဖတ်သူတို့ သိထားတဲ့ အခြားအကြောင်းအရာတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural လို႔ေျပာလိုက္တာနဲ႔ ဖလန္နယ္ဝတ္ထားတဲ့ ညီအစ္ကိုႏွစ္ေယာက္ကို တန္းၿပီး ျမင္ၾကမွာပါ။ ၂၀၀၅ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး အခုလက္ရွိ season 15 ( final season) ထြက္ေနဆဲျဖစ္တဲ့ Supernatural စီးရီးရဲ႕ ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အေၾကာင္းေလးေတြ တင္ဆက္ေပးခ်င္ပါတယ္။ ဒီစီးရီးရဲ႕ေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔ မသိေသးတာ ဘာေတြရွိေသးလည္းဆိုတာ ဖတ္ၾကည့္လိုက္ရေအာင္။

နတ္ျပည္၊ ငရဲျပည္၊ တမန္ေတာ္၊ နတ္ဆိုးေတြအထိ ပါလာဖို႔ အစီအစဥ္မရွိခဲ့ပါဘူး။
photo via imdb

Supernatural စီးရီး ထြက္ကာစ season သုံးေလးခုေလာက္မွာ မူလဇာတ္လမ္းက အေမရိကန္ႏိုင္ငံရဲ႕ ပုံျပင္၊ ဒ႑ာရီေတြထဲက သရဲေတြနဲ႔ မေကာင္းဆိုးဝါးေတြအေၾကာင္းကိုပဲ ႐ိုက္ကူးဖို႔ စီစဥ္ထားတာပါ။ နတ္ျပည္၊ ငရဲျပည္နဲ႔ တမန္ေတာ္၊ နတ္ဆိုးေတြလည္း ပါလာဖို႔ အစီအစဥ္ လုံးဝမရွိခဲ့ပါဘူး။ ေနာက္ပိုင္းမွာမွ ဇာတ္လမ္းေရးသားသူ Eric Kripke က သူရဲ႕အစီအစဥ္ကို ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။

Season 5 မွာ ဇာတ္သိမ္းဖို႔အတြက္ စီစဥ္ထားတာပါ။
photo via screenrant

Eric Kripke ရဲ႕ အစီအစဥ္အရဆိုရင္ Supernatural စီးရီးကို season 5 မွာ အရမ္းေကာင္းတဲ့ ဇာတ္သိမ္းနဲ႔ အဆုံးသတ္ဖို႔အတြက္ စီစဥ္ထားတာပါ။ ေျပာရရင္ သူကိုယ္တိုင္ကေတာင္ ဒီစီးရီးကို season 5 အထိ ေရာက္မယ္လို႔ မထင္ထားခဲ့တာပါ။ ဒါေပမဲ့လည္း ပရိသတ္ေတြရဲ႕အားေပးမႈေတြေၾကာင့္ ဒီေန႔အခ်ိန္အထိ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ Kripke ဟာ သူစီစဥ္ထားတဲ့အတိုင္း season 5 အၿပီးမွာ စီးရီးကို ေကာင္းမြန္ေအာင္ ဆက္လက္႐ိုက္ႏိုင္တဲ့လူကို လႊဲေျပာင္းေပးခဲ့ပါတယ္။

Castiel ကို မိန္းကာ႐ိုက္တာအျဖစ္ ထည့္သြင္းခဲ့တာ မဟုတ္ပါဘူး။
photo via screenrant

Eric Kripke ရဲ႕ မူလအစီအစဥ္မွာ Castiel ကို မိန္းကာ႐ိုက္တာအျဖစ္ ထည့္သြင္းခဲ့တာ မဟုတ္ပါဘူး။ Winchester ေတြ အကူအညီလိုတိုင္း ကူညီရမယ့္ တမန္ေတာ္ရဲ႕ေနရာဟာ Anna ျဖစ္ပါတယ္။ ဒါေပမဲ့ Castiel ရဲ႕ ပထမဆုံး စီးရီးထဲမွာ ပါဝင္လာတဲ့ပုံစံအေပၚ ပရိသတ္ေတြရဲ႕ အားေပးမႈက Anna ထက္ကို ပိုေနတာမို႔လို႔ အစီအစဥ္ေျပာင္းလိုက္ရတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Anna ကို သတ္လိုက္တာ ျဖစ္ပါတယ္။ မူလအစီအစဥ္အတိုင္းဆိုရင္ Castiel ကိုသတ္ၿပီး Anna ကို မိန္းကာ႐ိုက္တာ ေနရာေပးမွာ ျဖစ္ပါတယ္။ Season 7 မွာ Castiel ေသသြားတုန္းကလည္း ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ပဲ ျပန္လည္အသက္သြင္းခဲ့တာပါ။ အကယ္၍သာ ေတာင္းဆိုမႈေတြ မရွိခဲ့ရင္ Castiel ကို ကြၽန္ေတာ္တို႔ ထပ္ျမင္ရေတာ့မွာ မဟုတ္ပါဘူး။

မူလအစီအစဥ္အရဆိုရင္ Dean ဟာ Mustang ကားကို ေမာင္းရမွာ ျဖစ္ပါတယ္။
photo via wikipedia commons

Dean ရဲ႕ ေဘဘီေလးက Impala မဟုတ္ဘဲ တျခားကားသာ ျဖစ္ခဲ့ရင္ဆိုၿပီး စဥ္းစားဖူးၾကလားဗ်။ မူလအစီအစဥ္အရဆိုရင္ Dean က ’67 Chevy Impala မဟုတ္ဘဲနဲ႔ Ford ကထုတ္တဲ့ ’65 Mustang ကို ေမာင္းရလုနီးနီး ျဖစ္ခဲ့ပါတယ္။ ရႈိးရဲ႕သေဘာသဘာဝအရ ကားနာမည္နဲ႔ အမ်ိဳးအစားကို ဒိုင္ယာေလာ့ခ္ေတြထဲမွာ ထည့္ေျပာရမွာ ျဖစ္တာေၾကာင့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရႈိးရဲ႕ဖန္တီးသူတို႔ အေက်အလည္ ေဆြးေႏြးၾကရာမွာ ’65 Mustang က အဆင္မေျပခဲ့ပါဘူး။ ဒါေၾကာင့္ပဲ ’67 Chevy Impala ကို ေ႐ြးျဖစ္သြားၾကတာ ျဖစ္ပါတယ္။ Impala ကို ေ႐ြးရတဲ့ တစ္ျခားအေၾကာင္းအရင္းကေတာ့ ကားရဲ႕ေနာက္ဖုံးက လူတစ္ေယာက္အထိ ေကာင္းေကာင္းဆံ့တာေၾကာင့္ သူတို႔ရဲ႕အမဲလိုက္ပစၥည္းေတြ ထည့္ႏိုင္ေအာင္ ျဖစ္ပါတယ္။

Gabriel နဲ႔ Dean ဟာ ရႈိးထဲမွာ ဒါ႐ိုက္တာဝင္လုပ္ဖူးပါတယ္။
photo via dicksp8jr/instagram

Gabriel နဲ႔ Dean တို႔ဟာ supernatural ထဲမွာ သူတို႔ကိုယ္တိုင္ ဒါ႐ိုက္တာ ဝင္လုပ္ဖူးၿပီး တစ္ေယာက္ကို ငါးပိုင္းစီ ႐ိုက္ကူးခဲ့ဖူးပါတယ္။ Dean ကေတာ့ season 6 မွာပါတဲ့ Weekend at Bobby’s ၊ season 7 မွာပါတဲ့ The Girl Next Door ၊ season 8 မွာပါတဲ့ Heartache ၊ season 10 မွာပါတဲ့ Soul Survivor ၊ season 11 မွာ The Bad Seed ဆိုတဲ့ အပိုင္းငါးပိုင္းကို ကိုယ္တိုင္႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။‌

Gabriel ကေတာ့ season 11 မွာပါတဲ့ Just My Imagination ၊ season 12 မွာပါတဲ့ Stuck in the Middle (With You) နဲ႔ Twigs & Twine & Tasha Banes ၊ season 13 မွာပါတဲ့ War of the Worlds နဲ႔ Unfinished Business ဆိုတဲ့ အပိုင္းေတြကို ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးခဲ့ပါတယ္။

John Winchester နဲ႔ Mary Winchester တို႔ရဲ႕ ေသဆုံးမႈကို ပုံစံအတူတူ ေရးထားခဲ့တာပါ။
photo via jeffreydeanmorgan/instagram

ဇာတ္လမ္းရဲ႕ မူလအစီအစဥ္အရဆိုရင္ John Winchester ဟာ သူ႔အမ်ိဳးသမီးလိုပဲ မ်က္ႏွာက်က္ေပၚမွာ မီးေလာင္ၿပီး ေသရမယ္လို႔ ဇာတ္ၫႊန္းေရးထားတာပါ။ ဒါေပမဲ့လည္း  Kripke က Sam ကို သူ႔ရဲ႕အေဖလိုမ်ိဳး ဇာတ္လမ္းတစ္ခု ေပးခ်င္တာေၾကာင့္ အစီအစဥ္ကို ဖ်က္ၿပီးေတာ့ Jessica ကို သတ္လိုက္တာ ျဖစ္ပါတယ္။

ဒါကေတာ့ Supernatural စီးရီးထဲက စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာပါ။ စာဖတ္သူတို႔ သိထားတဲ့ အျခားအေၾကာင္းအရာေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular