HomeEntertainmentFilmSteppenwolf ရဲ့ မူလဒီဇိုင်းဟာ ကြောက်ဖို့ကောင်းတာကြောင့် ပြန်ပြင်ခဲ့ရတယ်ဆိုတဲ့ Zack Snyder

Steppenwolf ရဲ့ မူလဒီဇိုင်းဟာ ကြောက်ဖို့ကောင်းတာကြောင့် ပြန်ပြင်ခဲ့ရတယ်ဆိုတဲ့ Zack Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ Zack Snyder ဟာ Justice League ရဲ့ Steppenwolf မူလဒီဇိုင်းဟာ ပြန်လည်ပြုပြင်ခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။ အကြောင်းကတော့ Steppenwolf ရဲ့ မူလဒီဇိုင်းဟာ အလွန်ကြောက်ဖို့ကောင်းတယ်လို့ Warner Bros က ယူဆခဲ့လို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League ဟာ ကနဦးတုန်းက Snyder က ရိုက်ကူးခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူ့ရဲ့မိသားစုကိစ္စကြောင့် နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Joss Whedon ဟာ Justice League ကို ဆက်လက်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းအများစုကို အပြောင်းအလဲတွေ လုပ်သွားခဲ့ပါတယ်။ အခုချိန်မှာတော့ Snyder ရဲ့ Justice League ဟာ ထပ်မံထွက်ရှိလာမှာ ဖြစ်ပြီး ပရိသတ်တွေကလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

photo via screenrant

နောက်ဆုံးထွက်ရှိထားတဲ့ Justice League teaser ထဲမှာတော့ အဓိကဗီလိန်ဖြစ်တဲ့ Steppenwolf ရဲ့ ပုံစံအသစ်ကို မြင်တွေ့ခဲ့ရပါတယ်။ မကြာသေးခင်ကပဲ Snyder ဟာ Vero YouTube Channel မှာ Steppenwolf ရဲ့ ဒီဇိုင်းကို ပြောင်းလဲခဲ့ရတယ်လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Warner Bros ဟာ Steppenwolf ရဲ့ မူလဒီဇိုင်းကို အလွန်ကြောက်ဖို့ကောင်းတယ်လို့ မြင်ခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။

Snyder ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “အခုဒီဇိုင်းအသစ်ကို ဖန်တီးဖို့အတွက် ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်ခဲ့ရပါတယ်။ မူလဒီဇိုင်းအရဆိုရင်တော့ သူက နည်းနည်း ကြောက်ဖို့ကောင်းပြီး ပိုပြီးတော့လည်း ဂြိုဟ်သားဆန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီ ဒီဇိုင်းကို ကြိုက်နှစ်သက်ပါတယ်။ သူ့ရဲ့ပုံစံဟာ တကယ့်ခြိမ်းခြောက်မှုတစ်ခုနဲ့ ပိုပြီးတော့ တူတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် သူဟာ Justice League တစ်ခုတည်းတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ပုံစံကို တကယ်မိုက်တယ်လို့ ထင်ပါတယ် … ” လို့ ပြောထားပါတယ်။

Photo via IMDb

အခုချိန်မှာတော့ DC ရဲ့ ပရိသတ်တွေဟာ အလွန်စိတ်လှုပ်ရှားနေကြပြီး နှစ်တွေအကြာကြီး စောင့်စားခဲ့ရတဲ့ Justice League Snyder Cut ကိုလည်း သိပ်မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် DC ရဲ့ နောက်ထပ်အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲလည်း ရှိတာကြောင့် ပရိသတ်တွေဟာ ၂၀၂၁ခုနှစ်ကို မြန်မြန် ရောက်ချင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်တွေဟာ ဘယ်လောက်ထိ ကောင်းမလည်းဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ Zack Snyder ဟာ Justice League ရဲ႕ Steppenwolf မူလဒီဇိုင္းဟာ ျပန္လည္ျပဳျပင္ခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Steppenwolf ရဲ႕မူလဒီဇိုင္းဟာ အလြန္ေၾကာက္ဖို႔ေကာင္းတယ္လို႔ Warner Bros က ယူဆခဲ့လို႔ပဲ ျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Justice League ဟာ အစတုန္းက Snyder ႐ိုက္ကူးခဲ့တာ ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕မိသားစုကိစၥကေၾကာင့္ ႏႈတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Joss Whedon ဟာ Justice League ကို ဆက္လက္႐ိုက္ကူးခဲ့ၿပီး ဇာတ္လမ္းအမ်ားစုကို ေျပာင္းလဲသြားခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Snyder ရဲ႕ Justice League ဟာ ထပ္မံထြက္လာမွာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကပါတယ္။

photo via screenrant

ေနာက္ဆုံးထြက္ထားတဲ့ Justice League teaser ထဲမွာေတာ့ အဓိကဗီလိန္ျဖစ္တဲ့ Steppenwolf ရဲ႕ ပုံစံအသစ္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ သိပ္မၾကာေသးခင္တုန္းက Snyder ဟာ Vero YouTube Channel မွာ Steppenwolf ရဲ႕ ဒီဇိုင္းကို ေျပာင္းလဲခဲ့ရပါတယ္လို႔ ေျပာျပခဲ့ပါတယ္။ အေၾကာင္းကေတာ့ Warner Bros ဟာ Steppenwolf ရဲ႕မူလဒီဇိုင္းကို အလြန္ေၾကာက္ဖို႔ေကာင္းတယ္လို႔ ျမင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Snyder ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “အခုဒီဇိုင္းအသစ္ကို ဖန္တီးဖို႔အတြက္ ေဆြးေႏြးမႈေတြ အမ်ားႀကီး ျပဳလုပ္ခဲ့ရပါတယ္။ မူလဒီဇိုင္းအရဆိုရင္ေတာ့ သူက နည္းနည္း ေၾကာက္ဖို႔ေကာင္းၿပီး ပိုၿပီးေတာ့လည္း ၿဂိဳဟ္သားဆန္တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲ့ဒီ ဒီဇိုင္းကို ႀကိဳက္ႏွစ္သက္ပါတယ္။ သူ႔ရဲ႕ပုံစံဟာ တကယ့္ၿခိမ္းေျခာက္မႈတစ္ခုနဲ႔ ပိုၿပီးေတာ့ တူတယ္လို႔ ထင္ပါတယ္။ ဒါ့အျပင္ သူဟာ Justice League တစ္ခုတည္းတင္ မဟုတ္ဘဲ တစ္ကမာၻလုံးအတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ သူ႔ရဲ႕ပုံစံကို တကယ္မိုက္တယ္လို႔ ထင္ပါတယ္ … ” လို႔ ေျပာထားပါတယ္။

Photo via IMDb

အခုခ်ိန္မွာေတာ့ DC ရဲ႕ ပရိသတ္ေတြဟာ အလြန္စိတ္လႈပ္ရွားေနၾကၿပီး ႏွစ္ေတြအၾကာႀကီး ေစာင့္စားခဲ့ရတဲ့ Justice League Snyder Cut ကိုလည္း သိပ္မၾကာခင္မွာ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ DC ရဲ႕ ေနာက္ထပ္အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲလည္း ရွိတာေၾကာင့္ ပရိသတ္ေတြဟာ ၂၀၂၁ခုႏွစ္ကို ျမန္ျမန္ ေရာက္ခ်င္ေနၾကၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ေတြဟာ ဘယ္ေလာက္ထိ ေကာင္းမလည္းဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular