HomeEntertainmentFilmTalokan မြို့တော်ကြီးကို ဖန်တီးဖို့ စာမျက်နှာ(၂၀၀)ရှိတဲ့ သမိုင်းကြောင်းတစ်ခု ဖန်တီးခဲ့တဲ့ Marvel

Talokan မြို့တော်ကြီးကို ဖန်တီးဖို့ စာမျက်နှာ(၂၀၀)ရှိတဲ့ သမိုင်းကြောင်းတစ်ခု ဖန်တီးခဲ့တဲ့ Marvel

Black Panther: Wakanda Forever ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wakanda ပြည်သူပြည်သားတွေဟာ T’Challa ရဲ့ သေဆုံးသွားမှုကြောင့် ဝမ်းနည်းနေကြချိန်မှာ အခြားနိုင်ငံတွေကတော့ Wakanda ရဲ့ Vibranium တွေကို လိုချင်နေကြပါတယ်။ အဲဒီနောက်မှာတော့ လူမသိသူမသိ ရေအောက်ထဲမှာ နေထိုင်နေကြတဲ့ Talokan တွေနဲ့ Namor တို့ကတော့ Wakanda နိုင်ငံနဲ့အတူ တစ်ကမ္ဘာလုံးကို စစ်တိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီနောက်မှာတော့ စိတ်ဝင်စားစရာတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Namor နဲ့အတူ Talokan မြို့တော်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ Talokan မြို့တော်ကိုတော့ ခဏတာပဲ မြင်တွေ့ခဲ့ရပေမယ့်လည်း Marvel စတူဒီယိုကတော့ ဒီမြို့တော်ကြီးကို သေချာအချိန်ယူပြီး အသေးစိတ်ဖန်တီးထားတာ ဖြစ်ပါတယ်။ Weta VFX Supervisor ဖြစ်သူ Chris White ရဲ့ ပြောပြချက်အရ Marvel စတူဒီယိုဟာ Talokan မြို့တော်ကို ဖန်တီးဖို့အတွက် စာမျက်နှာ (၂၀၀)ခန့်ရှိတဲ့ Bible တစ်ခုကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

“Talokan က အလွန်ကြီးမားလွန်းတဲ့ မြို့တော်ကြီးပါ။ သူ့ရဲ့ဘေးပတ်ပတ်လည်မှာလည်း တခြားမြို့တွေ ရှိပါသေးတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး Marvel ပရော့ဂျက်ပါ။ သူတို့က ကျွန်တော့်ကို စာမျက်နှာ (၂၀၀)လောက်ရှိတဲ့ Talokan Bible ကို ပေးလာတယ်လေ။

အဲဒီထဲမှာ သူတို့ရဲ့ သမိုင်းကြောင်းတွေ၊ ဖန်တီးခဲ့တဲ့ ပစ္စည်းတွေ၊ ဗိသုကာပညာတွေ၊ စစ်ပွဲနည်းဗျူဟာတွေအပြင် တခြားအသေးစိတ်အချက်တွေတောင် ပါနေတယ်ဗျ။ Talokan မြို့က ဒီရုပ်ရှင်ထဲမှာ လေးမိနစ်လောက်ပဲ ပါပေမယ့် သူတို့ကတော့ သေချာအလေးအနက်ထားပြီး စဉ်းစားထားတာပါ …”

photo via screenrant

Namor ရဲ့အိမ်ဖြစ်တဲ့ Talokan မြို့တော်ကို Marvel ဟာ ဒီလောက်အထိ သေချာအသေးစိတ် ဖန်တီးထားပုံထောက်ရင်တော့ သေချာတာတစ်ခုအနေနဲ့ Marvel ရဲ့ နောက်ထပ်ပရောဂျက်တွေမှာလည်း Namor နဲ့ Talokan မြို့တော်တို့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးမှာလည်း Namor ဟာ ရှုံးနိမ့်သွားပေမယ့် Wakanda ကို အသုံးချကာ အချိန်ယူပြီး မြေပေါ်လောကမှာ အင်အားကြီးလာအောင် လုပ်သွားမယ်လို့ သူ့ရဲ့လက်ရုံးတွေကို ကတိပေးခဲ့ပါတယ်။ ပရိသတ်တွေ ကြိုက်နှစ်သက်နေကြတဲ့ Namor ကိုတော့ ဘယ်ဇာတ်လမ်းထဲမှာ ထပ်မံတွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular