HomeCelebs Update NewsInternationalလေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ Tarzan သရုပ်ဆောင် Joe Lara 

လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ Tarzan သရုပ်ဆောင် Joe Lara 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tarzan သရုပ်ဆောင် Joe Lara ဟာ အမေရိကန်ပြည်ထောင်စု တန်နက်စီပြည်နယ်အနီးမှာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားပြီလို့ ယူဆထားကြပါတယ်။

အသက်(၅၈)နှစ်ရှိပြီဖြစ်တဲ့ Joe Lara စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ငယ်ဟာ တန်နက်စီပြည်နယ် Smyrna မြို့အနီးက ရေကန်တစ်ခုထဲကို ပြီးခဲ့တဲ့ စနေနေ့က ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ပျက်မှုမှာတော့ စုစုပေါင်း လူခုနှစ်ယောက် ပါဝင်ပြီး Joe Lara ရဲ့ ဇနီးဖြစ်သူ Gwen Shamblin Lara နဲ့ သားမက်ဖြစ်သူ Brandon Hannah တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo via joelara.com

လေယာဉ်ငယ် ပျက်ကျခဲ့ရာ နေရာအတိအကျကတော့ Nashville မြို့တောင်ဘက် (၁၂)မိုင်အကွာက Percy Priest ရေကန် ဖြစ်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကတော့ လေယာဉ်ပျက်ကျရာ အနီးပတ်ဝန်းကျင်မှာ လေယာဉ်အပိုင်းအစတွေနဲ့ လူသေအလောင်းတွေ တွေ့ရှိရတယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ယခုလေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

Joe Lara ဟာ ၁၉၈၉ခုနှစ်က တီဗွီမှာ ထုတ်လွှင့်ခဲ့တဲ့ Tarzan in Manhattan ရုပ်ရှင်ဇာတ်ကားမှာ Tarzan နေရာက သရုပ်ဆောင်ခဲ့သူဖြစ်ပြီး နောက်ဆက်တွဲ ထွက်ရှိလာတဲ့ Tarzan: The Epic Adventures ဇာတ်လမ်းတွဲမှာလည်း အဓိက သရုပ်ဆောင် Tarzan နေရာက ပြန်လည်ပါဝင်ခဲ့ပါတယ်။

Photo via IMDb

ဒီလိုနဲ့ ၂၀၀၂ခုနှစ်မှာတော့ သရုပ်ဆောင်လောကက အနားယူခဲ့ပြီး country ဂီတဘက်ကို ကူးပြောင်းသွားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကိုယ်အလေးချိန် ချပေးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ယခု ကွယ်လွန်ချိန်မှာ အသက်(၆၆)နှစ် ရှိပြီလို့ သိရပါတယ်။

Linda December

Source: bbc

(Zawgyi Version)

Tarzan သ႐ုပ္ေဆာင္ Joe Lara ဟာ အေမရိကန္ျပည္ေထာင္စု တန္နက္စီျပည္နယ္အနီးမွာ ေလယာဥ္ပ်က္က်ၿပီး ေသဆုံးသြားၿပီလို႔ ယူဆထားၾကပါတယ္။

အသက္(၅၈)ႏွစ္ရွိၿပီျဖစ္တဲ့ Joe Lara စီးနင္းလိုက္ပါလာတဲ့ ေလယာဥ္ငယ္ဟာ တန္နက္စီျပည္နယ္ Smyrna ၿမိဳ႕အနီးက ေရကန္တစ္ခုထဲကို ၿပီးခဲ့တဲ့ စေနေန႔က ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ေလယာဥ္ပ်က္မႈမွာေတာ့ စုစုေပါင္း လူခုႏွစ္ေယာက္ ပါဝင္ၿပီး Joe Lara ရဲ႕ ဇနီးျဖစ္သူ Gwen Shamblin Lara နဲ႔ သားမက္ျဖစ္သူ Brandon Hannah တို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Photo via joelara.com

ေလယာဥ္ငယ္ ပ်က္က်ခဲ့ရာ ေနရာအတိအက်ကေတာ့ Nashville ၿမိဳ႕ေတာင္ဘက္ (၁၂)မိုင္အကြာက Percy Priest ေရကန္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ကယ္ဆယ္ေရးလုပ္သားေတြကေတာ့ ေလယာဥ္ပ်က္က်ရာ အနီးပတ္ဝန္းက်င္မွာ ေလယာဥ္အပိုင္းအစေတြနဲ႔ လူေသအေလာင္းေတြ ေတြ႕ရွိရတယ္လို႔ ကနဦး သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ယခုေလယာဥ္ပ်က္က်မႈမွာ အသက္ရွင္က်န္ရစ္သူလည္း မေတြ႕ရဘူးလို႔ ဆိုပါတယ္။

Joe Lara ဟာ ၁၉၈၉ခုႏွစ္က တီဗြီမွာ ထုတ္လႊင့္ခဲ့တဲ့ Tarzan in Manhattan ႐ုပ္ရွင္ဇာတ္ကားမွာ Tarzan ေနရာက သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး ေနာက္ဆက္တြဲ ထြက္ရွိလာတဲ့ Tarzan: The Epic Adventures ဇာတ္လမ္းတြဲမွာလည္း အဓိက သ႐ုပ္ေဆာင္ Tarzan ေနရာက ျပန္လည္ပါဝင္ခဲ့ပါတယ္။

Photo via IMDb

ဒီလိုနဲ႔ ၂၀၀၂ခုႏွစ္မွာေတာ့ သ႐ုပ္ေဆာင္ေလာကက အနားယူခဲ့ၿပီး country ဂီတဘက္ကို ကူးေျပာင္းသြားသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ဇနီးျဖစ္သူကေတာ့ ကိုယ္အေလးခ်ိန္ ခ်ေပးတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ကာ ယခု ကြယ္လြန္ခ်ိန္မွာ အသက္(၆၆)ႏွစ္ ရွိၿပီလို႔ သိရပါတယ္။

Linda December

Source: bbc

RELATED ARTICLES

Most Popular