HomeCelebs Update NewsInternational2009 VMAs က Kanye West ရဲ့နှောင့်ယှက်မှုကို စတန့်လို့ထင်ခဲ့မိတဲ့ Taylor Lautner

2009 VMAs က Kanye West ရဲ့နှောင့်ယှက်မှုကို စတန့်လို့ထင်ခဲ့မိတဲ့ Taylor Lautner

၂၀၀၉ ခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာတော့ Kanye West ဟာ စင်ပေါ်တက်ပြီး နှောင့်ယှက်ကလူပြုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနဦးတုန်းကတော့ လူအများစုဟာ စိတ်ရှုပ်ထွေးခဲ့ကြပြီး ဒါဟာ ပွဲကိုစည်သွားအောင်လုပ်ဖို့ ဇာတ်ညွှန်းရေးထားတယ်လို့ မှတ်ထင်ခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ Taylor Swift ရဲ့ချစ်သူဟောင်းဖြစ်တဲ့ Twilight သရုပ်ဆောင် Taylor Lautner လည်း ပါဝင်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Taylor Lautner ဟာ သူ့ရဲ့ Podcast အသစ်ဖြစ်တဲ့ The Squeeze ထဲမှာ အဲဒီနေ့က အဖြစ်အပျက်နဲ့ သူ့ရဲ့အတွေးတွေကို ပြန်ပြောင်း ပြောပြထားပါတယ်။ Lautner ဟာ အဲဒီအချိန်တုန်းက Taylor Swift နဲ့ တွဲနေခဲ့တာဖြစ်ပြီး Kanye တစ်ယောက် စင်ပေါ်တက်လာပြီး နှောင့်ယှက်သွားတာကို စစချင်းတုန်းက စတန့်တစ်ခုလို့ပဲ ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။

Photo: taylorlautner/ Instagram

“Taylor ကို ဆုကြေညာပေးလိုက်တယ်။ ပြီးတော့ အနောက်ကို ငါးလှမ်းလောက် ဆုတ်ပြီး သူမရဲ့အနောက် ငါးပေလောက်အကွာကနေ မတ်တပ်ရပ်နေတာပေါ့။ အဲဒီမှာ Taylor ကလည်း ဆုအတွက် ကျေးဇူးတင်စကား ပြောနေတုန်းမှာပဲ Kanye က စင်ပေါ်ခုန်တက်လာတာ …”

“တကယ်တော့ သူတို့ပြောနေတာတွေကို ကျွန်တော့်ဘက်က သိပ်ပြီးမကြားရဘူး။ သူတို့ကိုလည်း မတွေ့ရဘူး။ အဲဒီတော့ ဪ … ဒါသူတို့ ကြိုပြီးဇာတ်တိုက်ထားကြတဲ့ဟာပဲ နေမှာလို့ ထင်လိုက်တာ။ မဟုတ်ရင် ဘာလို့ Taylor Swift ကို Kanye က စင်ပေါ်တက်ပြီး လာနှောင့်ယှက်မှာလည်းပေါ့ …”လို့ Lautner က အဲဒီအဖြစ်အပျက်အတွင်း တွေးမိတဲ့ သူ့ရဲ့ကနဦးအတွေးကို ပြောပြလိုက်ပါတယ်။

Photo Credit: Kevin Mazur/ Wire Image

ဒါ့အပြင် Lautner ဟာ သူ့စိတ်ထဲမှာ ပွဲစည်အောင် ကြိုတင်ဇာတ်တိုက်ပြီး လုပ်နေကြတယ် ထင်တဲ့အတွက် အနောက်ဘက်မှာ ရယ်တောင်ရယ်နေမိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူ့ရဲ့ရည်းစား Taylor Swift က အနောက်ကို လှည့်ကြည့်လာတဲ့အခါ သူရယ်နေတာကို တွေ့သွားရာက တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်တယ်လို့ ပြောပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာတော့ Taylor Swift ဟာ You Belong With Me သီချင်းနဲ့ Best Female Video Award ကို ရရှိခဲ့ပါတယ်။ ဒီဆုအတွက် ကျေးဇူးတင်စကား ပြောနေတုန်းမှာတင် Kanye West ဟာ စင်ပေါ်ကို ခုန်တက်လာပြီး မိုက်ခရိုဖုန်းကို ဆွဲယူကာ သူပြောချင်တဲ့စကားတွေပြောပြီး နှောင့်ယှက်ခဲ့တာ ဖြစ်ပါတယ်။

“Yo … Taylor … နင့်အတွက် ငါအရမ်းပျော်ပါတယ်။ နင့်ကျေးဇူးတင်စကားကို ငါပြီးအောင် ပြောပေးလိုက်မယ်။ ဒါပေမယ့် Beyonce ရဲ့ ဗွီဒီယိုတွေက အကောင်းဆုံးပဲ။ သူ့ဗွီဒီယိုတွေက အကောင်းတကာ့ အကောင်းဆုံးတွေထဲမှာ ပါတယ် …”လို့ Kanye က ဝင်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့်ပဲ Taylor Swift ဟာ အရှက်ရပြီး စင်အနောက်ဘက်မှာ သွားငိုနေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ သို့သော်လည်း အချိန်တိုအတွင်းမှာပဲ Taylor ဟာ စိတ်ကို ရအောင်စုစည်းပြီး သူမရဲ့ဆုရသီချင်းနဲ့ VMAs စင်မြင့်ပေါ်မှာ အောင်မြင်စွာ သီဆိုဖျော်ဖြေနိုင်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို ပြန်လည် ပြောပြနေတဲ့ Taylor Lautner ကတော့ သူ့ရဲ့ podcast ကို ဇနီးဖြစ်သူ Tay Dome Lautner နဲ့အတူ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီ podcast ကို ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ သူ့ရဲ့စိတ်ကျန်းမာရေးအတွက်လို့ ဆိုပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular