HomeCelebs Update NewsInternationalဟောလိဝုဒ်ရဲ့ဒရာမာတွေကြားမှာ Taylor နဲ့ Joe တို့ အချစ်ရေးကို ဘယ်လိုထိန်းသိမ်းထားကြလဲ

ဟောလိဝုဒ်ရဲ့ဒရာမာတွေကြားမှာ Taylor နဲ့ Joe တို့ အချစ်ရေးကို ဘယ်လိုထိန်းသိမ်းထားကြလဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift နဲ့ Joe Alwyn တို့နှစ်ယောက်ဟာ အရူးအမူးကို ချစ်နေကြတဲ့ ချစ်သူနှစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းလေး ပြီးဆုံးမသွားအောင် နှစ်ယောက်စလုံးကလည်း ကြိုးစားပြီး ထိန်းသိမ်းနေကြပါတယ်။ ဟောလိဝုဒ်ရဲ့ ကင်မရာမီးရောင်တွေ၊ သတင်းထောက်တွေရဲ့ စူးစမ်းလေ့လာမှုတွေ၊ လူတွေရဲ့ ဝေဖန်စကားသံတွေက နာမည်ကျော်ချစ်သူစုံတွဲတွေကို လမ်းခွဲသွားရအောင် စေ့ဆော်ပေးနိုင်တာကြောင့်လည်း သူတို့နှစ်ယောက်က အခုလို ထိန်းသိမ်းနေကြရတာပါ။

တွဲစကဆိုရင် လူရှေ့သူရှေ့မှာ အချစ်ငှက်လေးတွေလို လူအာရုံစိုက်ခံရအောင် မနေထိုင်ခဲ့ဘဲ သိုသိုသိပ်သိပ်ပဲ နေခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှသာ အရင်ကထက်စာရင် နှစ်ယောက်စလုံးက ကင်မရာတွေရှေ့မှာ နှစ်ယောက်အတူ တွဲထွက်လာကြတာကို မြင်တွေ့ကြရမှာပါ။ သူတို့နှစ်ယောက်စလုံး ခံစားရရှိနေတဲ့ လက်ရှိအချစ်ရေးရဲ့ အခြေအနေကို နှစ်ယောက်လုံးက တန်ဖိုးထားပြီး နှစ်သက်လွန်းတာကြောင့် အခုလို စည်းကမ်း၊ ဘောင်လေးတွေ ထားနေကြတာလည်း ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Taylor တို့ချစ်သူနှစ်ဦးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ “ကော်ဇောနီတွေပေါ်မှာ နှစ်ယောက်အတူ တွဲထွက်လိုက်ပြီဆိုတာနဲ့ သူတို့နှစ်ယောက်အပေါ် လူထုရဲ့အာရုံစိုက်မှုက ပိုပြီးမြင့်တက်လာမယ်ဆိုတာ Taylor က ကောင်းကောင်းသိပါတယ်။ သူ လိုချင်တာ အဲ့ဒါမဟုတ်ပါဘူး။ သူရော Joe ရော နှစ်ယောက်စလုံးက သူတို့ရဲ့အချစ်ရေးကို တတ်နိုင်သမျှ သီးသန့်ဆန်ဆန် ထိန်းသိမ်းထားဖို့ သဘောတူထားကြပါတယ်” လို့ ပြောကြပါတယ်။

ဒါဟာ Taylor အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ အရှေ့မှာ တကယ့်နာမည်ကြီးတွေ အများကြီးနဲ့ သူမ တွဲခဲ့ဖူးပါတယ်။ လူထုရဲ့အာရုံစိုက်မှုနဲ့အတူ ဘေးကဝေဖန်စကားတွေနဲ့ ဖိအားတွေ၊ လှုံ့ဆော်မှုတွေကြောင့် အချစ်ရေးတိုင်းက ပျက်စီးသွားခဲ့ရတာချည်းပါပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ သင်ခန်းစာတွေ ကောင်းကောင်းရသွားတဲ့ Taylor ဟာ အခု ဒီတစ်ယောက်နဲ့ အချစ်ရေးမှာတော့ ကမ္ဘာကြီးကို သိပ်ချမပြတော့ဘဲ သူ့ဘဝလေးထဲမှာပဲ သီးသန့်ပျော်ရွှင်နေအောင် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ကို ကင်မရာတွေရှေ့မှာ တွဲပြီး သိပ်မမြင်ကြရတာ ဖြစ်ပါတယ်။

Photo: joe.alwyn/ Instagram

သို့ပေမယ့် Taylor ပါဝင်သရုပ်ဆောင်ထားတဲ့ Cats ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲကိုတော့ ချစ်သူကို အားပေးဖို့ Joe ကပါ ရှားရှားပါးပါး တူတူပွဲတက်လာပေးတာကို တွေ့ကြရပါတယ်။ Joe နဲ့ ပတ်သက်လို့ နှစ်ယောက်ကြားက အခြေအနေနဲ့ သူမရဲ့ခံစားချက်တွေကို Taylor အပွင့်လင်းဆုံး ချပြထားတာက Lover သီချင်းပါပဲ။ ဒီသီချင်းလေးကလွဲပြီး သူတို့နှစ်ယောက်ရဲ့အကြောင်းကို လူရှေ့မှာ သိပ်ထုတ်မပြတာက လက်ရှိအချိန်အထိတော့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေပါတယ်။

“နှစ်ယောက်လုံးက သိပ်ကိုချစ်နေကြပါတယ်။ ပြီးတော့ အရမ်းလည်းအဆင်ပြေကြပါတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့အချစ်ရေးကို အချိန်အကြာကြီး ထိန်းသိမ်းထားချင်တာကြောင့် အခုလိုပဲ လူရှေ့မှာ သိပ်ထုတ်မပြဘဲ နေသွားကြဦးမှာပါ” လို့ အဆိုပါ အတွင်းစကားက ဆိုပါတယ်။

Photo: taylorswift/ Instagram

“Taylor ရဲ့ဘဝက အရမ်းကို မြန်မြန်ဆန်ဆန်တွေ ဖြစ်ပျက်နေတာပါ။ ဒီကြားထဲမှာ သူ့ကိုပျော်ရွှင်စေပြီး တည်ငြိမ်နေအောင် ကူညီပေးနိုင်တဲ့တစ်ဦးတည်းသောသူကတော့ Joe ပါပဲ။ သူတို့နှစ်ယောက်ကြားမှာ ပြဿနာဆိုလို့လည်း မရှိသလောက်ပါပဲ။ သူ အရင်က တွဲဖူးတဲ့လူတွေလိုမျိုး စိတ်ပူနေရတာမျိုးတွေလည်း မရှိပါဘူး။ သူ့ဘဝထဲမှာ တစ်ခြားအရာတွေကသာ ဖြစ်ပျက် မြန်ဆန်နေတာပါ။ Joe နဲ့ ပတ်သက်ရင်တော့ အရာရာက တကယ်ကို ပြီးပြည့်စုံနေပါတယ်” လို့ Taylor ရဲ့အကြောင်းသိ အတွင်းလူတစ်ယောက်ကလည်း ပြောပြထားပါသေးတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Taylor Swift နဲ႔ Joe Alwyn တို႔ႏွစ္ေယာက္ဟာ အ႐ူးအမူးကို ခ်စ္ေနၾကတဲ့ ခ်စ္သူႏွစ္ဦးပါ။ သူတို႔ႏွစ္ဦးရဲ႕ ၿပီးျပည့္စုံတဲ့ အခ်စ္ဇာတ္လမ္းေလး ၿပီးဆုံးမသြားေအာင္ ႏွစ္ေယာက္စလုံးကလည္း ႀကိဳးစားၿပီး ထိန္းသိမ္းေနၾကပါတယ္။ ေဟာလိဝုဒ္ရဲ႕ ကင္မရာမီးေရာင္ေတြ၊ သတင္းေထာက္ေတြရဲ႕ စူးစမ္းေလ့လာမႈေတြ၊ လူေတြရဲ႕ ေဝဖန္စကားသံေတြက နာမည္ေက်ာ္ခ်စ္သူစုံတြဲေတြကို လမ္းခြဲသြားရေအာင္ ေစ့ေဆာ္ေပးႏိုင္တာေၾကာင့္လည္း သူတို႔ႏွစ္ေယာက္က အခုလို ထိန္းသိမ္းေနၾကရတာပါ။

တြဲစကဆိုရင္ လူေရွ႕သူေရွ႕မွာ အခ်စ္ငွက္ေလးေတြလို လူအာ႐ုံစိုက္ခံရေအာင္ မေနထိုင္ခဲ့ဘဲ သိုသိုသိပ္သိပ္ပဲ ေနခဲ့ၾကပါတယ္။ အခုေနာက္ပိုင္းမွသာ အရင္ကထက္စာရင္ ႏွစ္ေယာက္စလုံးက ကင္မရာေတြေရွ႕မွာ ႏွစ္ေယာက္အတူ တြဲထြက္လာၾကတာကို ျမင္ေတြ႕ၾကရမွာပါ။ သူတို႔ႏွစ္ေယာက္စလုံး ခံစားရရွိေနတဲ့ လက္ရွိအခ်စ္ေရးရဲ႕ အေျခအေနကို ႏွစ္ေယာက္လုံးက တန္ဖိုးထားၿပီး ႏွစ္သက္လြန္းတာေၾကာင့္ အခုလို စည္းကမ္း၊ ေဘာင္ေလးေတြ ထားေနၾကတာလည္း ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

Taylor တို႔ခ်စ္သူႏွစ္ဦးနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းကေတာ့ “ေကာ္ေဇာနီေတြေပၚမွာ ႏွစ္ေယာက္အတူ တြဲထြက္လိုက္ၿပီဆိုတာနဲ႔ သူတို႔ႏွစ္ေယာက္အေပၚ လူထုရဲ႕အာ႐ုံစိုက္မႈက ပိုၿပီးျမင့္တက္လာမယ္ဆိုတာ Taylor က ေကာင္းေကာင္းသိပါတယ္။ သူ လိုခ်င္တာ အဲ့ဒါမဟုတ္ပါဘူး။ သူေရာ Joe ေရာ ႏွစ္ေယာက္စလုံးက သူတို႔ရဲ႕အခ်စ္ေရးကို တတ္ႏိုင္သမွ် သီးသန႔္ဆန္ဆန္ ထိန္းသိမ္းထားဖို႔ သေဘာတူထားၾကပါတယ္” လို႔ ေျပာၾကပါတယ္။

ဒါဟာ Taylor အတြက္ေတာ့ အထူးအဆန္း မဟုတ္ပါဘူး။ အေရွ႕မွာ တကယ့္နာမည္ႀကီးေတြ အမ်ားႀကီးနဲ႔ သူမ တြဲခဲ့ဖူးပါတယ္။ လူထုရဲ႕အာ႐ုံစိုက္မႈနဲ႔အတူ ေဘးကေဝဖန္စကားေတြနဲ႔ ဖိအားေတြ၊ လႈံ႕ေဆာ္မႈေတြေၾကာင့္ အခ်စ္ေရးတိုင္းက ပ်က္စီးသြားခဲ့ရတာခ်ည္းပါပဲ။ ခဲမွန္ဖူးတဲ့ စာသူငယ္လိုပဲ သင္ခန္းစာေတြ ေကာင္းေကာင္းရသြားတဲ့ Taylor ဟာ အခု ဒီတစ္ေယာက္နဲ႔ အခ်စ္ေရးမွာေတာ့ ကမာၻႀကီးကို သိပ္ခ်မျပေတာ့ဘဲ သူ႔ဘဝေလးထဲမွာပဲ သီးသန႔္ေပ်ာ္႐ႊင္ေနေအာင္ ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္ထားပုံ ရပါတယ္။ ဒါေၾကာင့္လည္း သူတို႔ႏွစ္ေယာက္ကို ကင္မရာေတြေရွ႕မွာ တြဲၿပီး သိပ္မျမင္ၾကရတာ ျဖစ္ပါတယ္။

Photo: joe.alwyn/ Instagram

သို႔ေပမယ့္ Taylor ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Cats ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အထူးပြဲကိုေတာ့ ခ်စ္သူကို အားေပးဖို႔ Joe ကပါ ရွားရွားပါးပါး တူတူပြဲတက္လာေပးတာကို ေတြ႕ၾကရပါတယ္။ Joe နဲ႔ ပတ္သက္လို႔ ႏွစ္ေယာက္ၾကားက အေျခအေနနဲ႔ သူမရဲ႕ခံစားခ်က္ေတြကို Taylor အပြင့္လင္းဆုံး ခ်ျပထားတာက Lover သီခ်င္းပါပဲ။ ဒီသီခ်င္းေလးကလြဲၿပီး သူတို႔ႏွစ္ေယာက္ရဲ႕အေၾကာင္းကို လူေရွ႕မွာ သိပ္ထုတ္မျပတာက လက္ရွိအခ်ိန္အထိေတာ့ ႏွစ္ေယာက္စလုံးအတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈ ျဖစ္ေနပါတယ္။

“ႏွစ္ေယာက္လုံးက သိပ္ကိုခ်စ္ေနၾကပါတယ္။ ၿပီးေတာ့ အရမ္းလည္းအဆင္ေျပၾကပါတယ္။ ႏွစ္ေယာက္စလုံးက သူတို႔ရဲ႕အခ်စ္ေရးကို အခ်ိန္အၾကာႀကီး ထိန္းသိမ္းထားခ်င္တာေၾကာင့္ အခုလိုပဲ လူေရွ႕မွာ သိပ္ထုတ္မျပဘဲ ေနသြားၾကဦးမွာပါ” လို႔ အဆိုပါ အတြင္းစကားက ဆိုပါတယ္။

Photo: taylorswift/ Instagram

“Taylor ရဲ႕ဘဝက အရမ္းကို ျမန္ျမန္ဆန္ဆန္ေတြ ျဖစ္ပ်က္ေနတာပါ။ ဒီၾကားထဲမွာ သူ႔ကိုေပ်ာ္႐ႊင္ေစၿပီး တည္ၿငိမ္ေနေအာင္ ကူညီေပးႏိုင္တဲ့တစ္ဦးတည္းေသာသူကေတာ့ Joe ပါပဲ။ သူတို႔ႏွစ္ေယာက္ၾကားမွာ ျပႆနာဆိုလို႔လည္း မရွိသေလာက္ပါပဲ။ သူ အရင္က တြဲဖူးတဲ့လူေတြလိုမ်ိဳး စိတ္ပူေနရတာမ်ိဳးေတြလည္း မရွိပါဘူး။ သူ႔ဘဝထဲမွာ တစ္ျခားအရာေတြကသာ ျဖစ္ပ်က္ ျမန္ဆန္ေနတာပါ။ Joe နဲ႔ ပတ္သက္ရင္ေတာ့ အရာရာက တကယ္ကို ၿပီးျပည့္စုံေနပါတယ္” လို႔ Taylor ရဲ႕အေၾကာင္းသိ အတြင္းလူတစ္ေယာက္ကလည္း ေျပာျပထားပါေသးတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular