HomeCelebs Update NewsInternationalလေလံတင်ရောင်းချတော့မယ့် Taylor Swift ရဲ့ Blank Space MV ထဲက စံအိမ်ကြီး 

လေလံတင်ရောင်းချတော့မယ့် Taylor Swift ရဲ့ Blank Space MV ထဲက စံအိမ်ကြီး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Swifties တွေကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Taylor Swift ရဲ့ Blank Space music video ထဲက ခမ်းနားကြီးကျယ်လှတဲ့ စံအိမ်ကြီးကို မှတ်မိကြဦးမှာပါ။ ယခုဆိုရင်တော့ အဆိုပါစံအိမ်ကြီးကို လေလံတင် ရောင်းချတော့မယ်လို့ သိရပါတယ်။

Taylor Swift ရဲ့ Blank Space MV ကို ကြည့်ရှုနေကျသူတွေ ဆိုရင်တော့ စံအိမ်ကြီးရဲ့ အတွင်းပိုင်းနေရာအချို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ Blank Space MV မှာ ပြသခဲ့တဲ့ အပြင်ပိုင်းအခန်းတွေကတော့ ဒီစံအိမ်ကြီး မဟုတ်ဘဲ အဲဒီအနီးအနားမှာ ရှိတဲ့ Oheka ရဲတိုက်ကြီးကို ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။

Photo: Taylor Swift/ YouTube

Taylor နဲ့ မော်ဒယ်လ် Sean O’Pry တို့ မျက်နှာချင်းဆိုင် ညစာစားခဲ့ကြတဲ့ စားပွဲရှည်ကြီးနဲ့ အခန်းကျယ်ကြီးကတော့ Woolworth စံအိမ်ကြီးရဲ့ ဂီတအခန်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစံအိမ်ကြီးရဲ့ အရှေ့ဘက် ဝင်ပေါက်နားက နံရံကပ်စက္ကူတွေကပ်ထားတဲ့ အခန်းထဲမှာလည်း နှစ်ယောက်တွဲ ကတဲ့ အခန်းတစ်ခု ပါဝင်ခဲ့ပါသေးတယ်။

Photo via people

နောက်တစ်ခန်းကတော့ စကျင်သား မီးလင်းဖိုကြီးဘေးမှာ မျက်ရည်လည်ရွဲဖြစ်နေတဲ့ Taylor ကို မြင်တွေ့ရတဲ့ အခန်းပါ။ Taylor ဟာ ဒီ MV ကို ရိုက်ကူးရင်း သူမရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုကိုလည်း ဒီစံအိမ်ကြီးမှာ ထားရစ်ခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒါကတော့ မိန်းဝင်ပေါက်နားက လှေကားထစ်နားမှာ သူမ မတ်တပ်ရပ်ရမယ့်နေရာကို အမှတ်အသားပေးထားတဲ့ တိပ်ကပ်ရာလေး ဖြစ်ပါတယ်။

Photo: Taylor Swift/ YouTube

Woolworth Estate လို့ခေါ်တဲ့ ဒီစံအိမ်ကြီးကတော့ နယူးယော့ခ်ပြည်နယ်၊ Long Island မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီစံအိမ်ကြီးကတော့ အမေရိကန် ဗိသုကာပညာရှင် C.P.H Gilbert ရဲ့ လက်ရာဖြစ်ပြီး ၁၉၁၅ခုနှစ်နဲ့ ၁၉၁၆ခုနှစ်ကြားမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် Frank Winfield Woolworth အတွက် ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ခမ်းနားကြီးကျယ်ပြီး လက်ရာမြောက်လွန်းတာကြောင့် ဖြိုချဖျက်ဆီးတာ၊ ပြုပြင်ပြောင်းလဲတာတွေ မလုပ်နိုင်အောင် ၁၉၇၉ခုနှစ်မှာတော့ သမိုင်းဝင်အဆောက်အအုံအဖြစ် စာရင်းသွင်းထားခဲ့တာပါ။

Photo via people

ဒီစံအိမ်ကြီးမှာ အိပ်ခန်းပေါင်း (၁၂)ခန်း ပါဝင်ပြီး အကျယ်အဝန်းအားဖြင့် (၃၂,၀၉၈)စတုရန်းပေ ရှိတယ်လို့ သိရပါတယ်။ ခြံဝန်းရဲ့အကျယ်ကတော့ (၁၆)ဧက ကျယ်ဝန်းပြီး ကား(၁၁)စီး ဆန့်တဲ့ ကားဂိုဒေါင်ကြီးတစ်ခုလည်း ပါဝင်သေးတယ်လို့ ဆိုပါတယ်။

ဒီအိမ်ကြီးဟာ (၁၉)ရာစုနှောင်းပိုင်းက တည်ရှိခဲ့ပြီး ယခုထက်ထိ ပုဂ္ဂလိကပိုင်ဆိုင်တဲ့ ရှားပါးသမိုင်းဝင် စံအိမ်တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအိမ်ကြီးရဲ့ နောက်ဆုံးပိုင်ရှင်ကတော့ Martin T. Carey ဖြစ်ပါတယ်။ Martin ဟာ သမိုင်းဝင် အဆောက်အအုံတွေကို ဝယ်ယူထိန်းသိမ်းသူတစ်ဦးဖြစ်ပြီး ဒီအိမ်ကြီးကို ၁၉၇၈ခုနှစ်ကနေ စတင်ပိုင်ဆိုင်ခဲ့တာပါ။ စိတ်မကောင်းစရာနဲ့ပဲ သူဟာ မနှစ်က ကွယ်လွန်သွားခဲ့တာကြောင့် ဒီအိမ်ကြီးကို လေလံတင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

Photo via people

ဒီစံအိမ်ကြီးဟာ ယခင်ကတော့ ဒေါ်လာ(၁၉.၉၅)သန်းနဲ့ ရောင်းချဖို့ စျေးကွက်ထဲမှာ ထည့်သွင်းထားခဲ့တာပါ။ သို့ပေမယ့် နောက်ပိုင်းမှာတော့ အနိမ့်ဆုံး ကြမ်းခင်းစျေး ဒေါ်လာ(၇)သန်းနဲ့ လေလံတင် ရောင်းချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ လေလံပွဲကိုတော့ ဇူလိုင်လ(၁၂)ရက်ကနေ (၁၄)ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး စံအိမ်ကြီးထဲက ခမ်းနားလွန်းလှတဲ့ ပရိဘောဂတွေကိုတော့ သီးခြားလေလံတင်သွားမယ်လို့ သိရပါတယ်။

Glasgow

Source: people

(Zawgyi Version)

Swifties ေတြကေတာ့ ၂၀၁၄ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Taylor Swift ရဲ႕ Blank Space music video ထဲက ခမ္းနားႀကီးက်ယ္လွတဲ့ စံအိမ္ႀကီးကို မွတ္မိၾကဦးမွာပါ။ ယခုဆိုရင္ေတာ့ အဆိုပါစံအိမ္ႀကီးကို ေလလံတင္ ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။

Taylor Swift ရဲ႕ Blank Space MV ကို ၾကည့္ရႈေနက်သူေတြ ဆိုရင္ေတာ့ စံအိမ္ႀကီးရဲ႕ အတြင္းပိုင္းေနရာအခ်ိဳ႕နဲ႔ ရင္းႏွီးၿပီးသား ျဖစ္မွာပါ။ Blank Space MV မွာ ျပသခဲ့တဲ့ အျပင္ပိုင္းအခန္းေတြကေတာ့ ဒီစံအိမ္ႀကီး မဟုတ္ဘဲ အဲဒီအနီးအနားမွာ ရွိတဲ့ Oheka ရဲတိုက္ႀကီးကို ႐ိုက္ျပခဲ့တာ ျဖစ္ပါတယ္။

Photo: Taylor Swift/ YouTube

Taylor နဲ႔ ေမာ္ဒယ္လ္ Sean O’Pry တို႔ မ်က္ႏွာခ်င္းဆိုင္ ညစာစားခဲ့ၾကတဲ့ စားပြဲရွည္ႀကီးနဲ႔ အခန္းက်ယ္ႀကီးကေတာ့ Woolworth စံအိမ္ႀကီးရဲ႕ ဂီတအခန္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစံအိမ္ႀကီးရဲ႕ အေရွ႕ဘက္ ဝင္ေပါက္နားက နံရံကပ္စကၠဴေတြကပ္ထားတဲ့ အခန္းထဲမွာလည္း ႏွစ္ေယာက္တြဲ ကတဲ့ အခန္းတစ္ခု ပါဝင္ခဲ့ပါေသးတယ္။

Photo via people

ေနာက္တစ္ခန္းကေတာ့ စက်င္သား မီးလင္းဖိုႀကီးေဘးမွာ မ်က္ရည္လည္႐ြဲျဖစ္ေနတဲ့ Taylor ကို ျမင္ေတြ႕ရတဲ့ အခန္းပါ။ Taylor ဟာ ဒီ MV ကို ႐ိုက္ကူးရင္း သူမရဲ႕ ကိုယ္ပိုင္အမွတ္အသားတစ္ခုကိုလည္း ဒီစံအိမ္ႀကီးမွာ ထားရစ္ခဲ့ေသးတယ္လို႔ သိရပါတယ္။ အဲဒါကေတာ့ မိန္းဝင္ေပါက္နားက ေလွကားထစ္နားမွာ သူမ မတ္တပ္ရပ္ရမယ့္ေနရာကို အမွတ္အသားေပးထားတဲ့ တိပ္ကပ္ရာေလး ျဖစ္ပါတယ္။

Photo: Taylor Swift/ YouTube

Woolworth Estate လို႔ေခၚတဲ့ ဒီစံအိမ္ႀကီးကေတာ့ နယူးေယာ့ခ္ျပည္နယ္၊ Long Island မွာ တည္ရွိတာ ျဖစ္ပါတယ္။ ဒီစံအိမ္ႀကီးကေတာ့ အေမရိကန္ ဗိသုကာပညာရွင္ C.P.H Gilbert ရဲ႕ လက္ရာျဖစ္ၿပီး ၁၉၁၅ခုႏွစ္နဲ႔ ၁၉၁၆ခုႏွစ္ၾကားမွာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ Frank Winfield Woolworth အတြက္ ေဆာက္လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ခမ္းနားႀကီးက်ယ္ၿပီး လက္ရာေျမာက္လြန္းတာေၾကာင့္ ၿဖိဳခ်ဖ်က္ဆီးတာ၊ ျပဳျပင္ေျပာင္းလဲတာေတြ မလုပ္ႏိုင္ေအာင္ ၁၉၇၉ခုႏွစ္မွာေတာ့ သမိုင္းဝင္အေဆာက္အအုံအျဖစ္ စာရင္းသြင္းထားခဲ့တာပါ။

Photo via people

ဒီစံအိမ္ႀကီးမွာ အိပ္ခန္းေပါင္း (၁၂)ခန္း ပါဝင္ၿပီး အက်ယ္အဝန္းအားျဖင့္ (၃၂,၀၉၈)စတုရန္းေပ ရွိတယ္လို႔ သိရပါတယ္။ ၿခံဝန္းရဲ႕အက်ယ္ကေတာ့ (၁၆)ဧက က်ယ္ဝန္းၿပီး ကား(၁၁)စီး ဆန႔္တဲ့ ကားဂိုေဒါင္ႀကီးတစ္ခုလည္း ပါဝင္ေသးတယ္လို႔ ဆိုပါတယ္။

ဒီအိမ္ႀကီးဟာ (၁၉)ရာစုေႏွာင္းပိုင္းက တည္ရွိခဲ့ၿပီး ယခုထက္ထိ ပုဂၢလိကပိုင္ဆိုင္တဲ့ ရွားပါးသမိုင္းဝင္ စံအိမ္ေတာ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီအိမ္ႀကီးရဲ႕ ေနာက္ဆုံးပိုင္ရွင္ကေတာ့ Martin T. Carey ျဖစ္ပါတယ္။ Martin ဟာ သမိုင္းဝင္ အေဆာက္အအုံေတြကို ဝယ္ယူထိန္းသိမ္းသူတစ္ဦးျဖစ္ၿပီး ဒီအိမ္ႀကီးကို ၁၉၇၈ခုႏွစ္ကေန စတင္ပိုင္ဆိုင္ခဲ့တာပါ။ စိတ္မေကာင္းစရာနဲ႔ပဲ သူဟာ မႏွစ္က ကြယ္လြန္သြားခဲ့တာေၾကာင့္ ဒီအိမ္ႀကီးကို ေလလံတင္လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။

Photo via people

ဒီစံအိမ္ႀကီးဟာ ယခင္ကေတာ့ ေဒၚလာ(၁၉.၉၅)သန္းနဲ႔ ေရာင္းခ်ဖို႔ ေစ်းကြက္ထဲမွာ ထည့္သြင္းထားခဲ့တာပါ။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အနိမ့္ဆုံး ၾကမ္းခင္းေစ်း ေဒၚလာ(၇)သန္းနဲ႔ ေလလံတင္ ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ ေလလံပြဲကိုေတာ့ ဇူလိုင္လ(၁၂)ရက္ကေန (၁၄)ရက္ေန႔အထိ ျပဳလုပ္သြားမွာ ျဖစ္ၿပီး စံအိမ္ႀကီးထဲက ခမ္းနားလြန္းလွတဲ့ ပရိေဘာဂေတြကိုေတာ့ သီးျခားေလလံတင္သြားမယ္လို႔ သိရပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular