HomeCelebs Update NewsInternationalစံချိန်သစ်တွေတင်ပြီး ချီးကျူးမှုတွေ ရရှိထားတဲ့ Taylor Swift ရဲ့အယ်လ်ဘမ်သစ် Folklore 

စံချိန်သစ်တွေတင်ပြီး ချီးကျူးမှုတွေ ရရှိထားတဲ့ Taylor Swift ရဲ့အယ်လ်ဘမ်သစ် Folklore 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရှစ်ခွေမြောက် အယ်လ်ဘမ်အဖြစ် ထွက်ရှိလာတဲ့ Taylor Swift ရဲ့ Folklore အယ်လ်ဘမ်ဟာ ထွက်ရှိပြီး ပထမအပတ်အတွင်းမှာပဲ စံချိန်တင်ရောင်းအားတွေကို ရရှိထားသလို အကဲဖြတ်ဝေဖန်သူတွေဆီမှာလည်း ချီးကျူးမှုတွေ ရရှိထားပါတယ်။

ဒီအယ်လ်ဘမ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းကျနေစဉ်အတွင်းမှာ ရေးသားထုတ်လုပ်ထားတာဖြစ်ပြီး ဒီမတိုင်ခင် ထွက်ရှိထားတဲ့ ပေါ့ပ်အသားပေး အယ်လ်ဘမ်သုံးချပ်လုံးနဲ့ မတူညီဘဲ အင်ဒီးဘက်ကို သွားထားတာ တွေ့ရပါတယ်။

Folklore ဟာ Spotify မှာတော့ တစ်ရက်တည်းမှာပဲ (၈၀.၆)သန်းကျော် stream လုပ်ခံခဲ့ရပြီး အမျိုးသမီး artist တစ်ယောက်အနေနဲ့ အမြင့်မားဆုံးသော စံချိန်သစ်ကို မှတ်ကျောက်တင်လိုက်နိုင်ပါတယ်။ ယူအက်စ်မှာတော့ အယ်လ်ဘမ် စတင်ရောင်းချတဲ့ ခုနှစ်ရက်အတွင်း ချပ်ရေ(၈၄၆,၀၀၀)ခန့် ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ဖြစ်သွားခဲ့ပါတယ်။

Photo: taylorswift/ Instagram

ဒါ့အပြင် ယူအက်စ်ရဲ့ chart history မှာ တစ်ပတ်အတွင်း အယ်လ်ဘမ် ခုနှစ်ချပ်လုံးကို ချပ်ရေငါးသိန်းကျော် ရောင်းချခဲ့ရတဲ့ ပထမဆုံးသော artist လည်း ဖြစ်သွားပါတယ်။ Folklore ထဲက ဆင်ဂယ်လ်သီချင်းဖြစ်တဲ့ Cardigan ဟာလည်း Hot 100 မှာ နံပါတ်(၁)ချိတ်ခဲ့သလို ရက်သတ္တပတ်တစ်ခုတည်းမှာ အယ်လ်ဘမ်ရော၊ ဆင်ဂယ်လ်ပါ နံပါတ်(၁)ချိတ်နိုင်ခဲ့တဲ့ ပထမဆုံး artist အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

Folklore ဟာ ယူအက်စ်ရဲ့ Billboard chart တစ်ခုတည်းမှာတင် မဟုတ်ဘဲ ယူကေ၊ ဖင်လန်၊ ဩစတျေးလျ၊ နော်ဝေ၊ နယူးဇီလန်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေရဲ့ music chart တွေမှာပါ ထိပ်ဆုံးရောက်နေတာကိုလည်း တွေ့ရပါတယ်။ အိုင်ယာလန်နိုင်ငံမှာဆိုရင်တော့ Taylor Swift ဟာ နံပါတ်(၁)ချိတ်ထားတဲ့ အယ်လ်ဘမ် ငါးချပ်အထိ ရှိနေပြီး (၂၁)ရာစုအတွင်းမှာ တစ်ခြားဘယ်အမျိုးသမီး artist မှ မရနိုင်သေးတဲ့စံချိန်ကို ရရှိထားပါတယ်။ ဒါဟာ နာမည်ကျော် အမျိုးသမီးအဆိုတော်တွေဖြစ်တဲ့ Madonna နဲ့ Beyonce တို့ကို ကျော်တက်ပြီး စံချိန်သစ်တင်သွားတာလည်း ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

ဒါ့အပြင် Folklore ဟာ ယူကေရဲ့ Top 10 chart မှာလည်း ဆင်ဂယ်လ်သုံးပုဒ်နဲ့ နေရာယူထားပါသေးတယ်။ Cardigan က နံပါတ်(၆)၊ Bon Iver နဲ့ စုံတွဲသီဆိုထားတဲ့ Exile က နံပါတ်(၈)နဲ့ အယ်လ်ဘမ်ရဲ့ အဖွင့်သီချင်း The 1 က နံပါတ်(၁၀)မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Folklore ဟာ Taylor Swift ရဲ့ ဂီတသက်တမ်းတစ်လျှောက် အကောင်းဆုံး review တွေ ရရှိထားတဲ့ အယ်လ်ဘမ်တစ်ချပ်လည်း ဖြစ်ပါတယ်။ ဂီတဝေဖန်ရေးသမားတွေဟာ ဒီအယ်လ်ဘမ်ကို ချီးကျူးထားကြပြီး ရိုးသားမှုနဲ့ လတ်ဆတ်တဲ့ ခံစားချက်တွေကို ထည့်သွင်းထားတယ်လို့လည်း မှတ်ချက်ပေးထားကြပါတယ်။

Photo: taylorswift/ Instagram

ဒီအယ်လ်ဘမ်ဟာ ကြိုတင်မကြေညာဘဲ ရုတ်တရက် ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။ အယ်လ်ဘမ်ကို ပြင်ဆင်နေချိန်မှာ သူမရဲ့စတူဒီယိုက ဝန်ထမ်းတွေကိုယ်တိုင်တောင် အယ်လ်ဘမ်သစ်ထွက်ဖို့ ရှိနေမှန်း မသိခဲ့ကြဘူးလို့ ဆိုပါတယ်။

LaNina

Source: bbc

(Zawgyi Version)

ရွစ္ေခြေျမာက္ အယ္လ္ဘမ္အျဖစ္ ထြက္ရွိလာတဲ့ Taylor Swift ရဲ႕ Folklore အယ္လ္ဘမ္ဟာ ထြက္ရွိၿပီး ပထမအပတ္အတြင္းမွာပဲ စံခ်ိန္တင္ေရာင္းအားေတြကို ရရွိထားသလို အကဲျဖတ္ေဝဖန္သူေတြဆီမွာလည္း ခ်ီးက်ဴးမႈေတြ ရရွိထားပါတယ္။

ဒီအယ္လ္ဘမ္ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေလာ့ခ္ေဒါင္းက်ေနစဥ္အတြင္းမွာ ေရးသားထုတ္လုပ္ထားတာျဖစ္ၿပီး ဒီမတိုင္ခင္ ထြက္ရွိထားတဲ့ ေပါ့ပ္အသားေပး အယ္လ္ဘမ္သုံးခ်ပ္လုံးနဲ႔ မတူညီဘဲ အင္ဒီးဘက္ကို သြားထားတာ ေတြ႕ရပါတယ္။

Folklore ဟာ Spotify မွာေတာ့ တစ္ရက္တည္းမွာပဲ (၈၀.၆)သန္းေက်ာ္ stream လုပ္ခံခဲ့ရၿပီး အမ်ိဳးသမီး artist တစ္ေယာက္အေနနဲ႔ အျမင့္မားဆုံးေသာ စံခ်ိန္သစ္ကို မွတ္ေက်ာက္တင္လိုက္ႏိုင္ပါတယ္။ ယူအက္စ္မွာေတာ့ အယ္လ္ဘမ္ စတင္ေရာင္းခ်တဲ့ ခုႏွစ္ရက္အတြင္း ခ်ပ္ေရ(၈၄၆,၀၀၀)ခန႔္ ေရာင္းခ်ခဲ့ရၿပီး ယခုႏွစ္အတြင္း ေရာင္းအားအေကာင္းဆုံး အယ္လ္ဘမ္ ျဖစ္သြားခဲ့ပါတယ္။

Photo: taylorswift/ Instagram

ဒါ့အျပင္ ယူအက္စ္ရဲ႕ chart history မွာ တစ္ပတ္အတြင္း အယ္လ္ဘမ္ ခုႏွစ္ခ်ပ္လုံးကို ခ်ပ္ေရငါးသိန္းေက်ာ္ ေရာင္းခ်ခဲ့ရတဲ့ ပထမဆုံးေသာ artist လည္း ျဖစ္သြားပါတယ္။ Folklore ထဲက ဆင္ဂယ္လ္သီခ်င္းျဖစ္တဲ့ Cardigan ဟာလည္း Hot 100 မွာ နံပါတ္(၁)ခ်ိတ္ခဲ့သလို ရက္သတၱပတ္တစ္ခုတည္းမွာ အယ္လ္ဘမ္ေရာ၊ ဆင္ဂယ္လ္ပါ နံပါတ္(၁)ခ်ိတ္ႏိုင္ခဲ့တဲ့ ပထမဆုံး artist အျဖစ္လည္း မွတ္ေက်ာက္တင္ႏိုင္ခဲ့ပါတယ္။

Folklore ဟာ ယူအက္စ္ရဲ႕ Billboard chart တစ္ခုတည္းမွာတင္ မဟုတ္ဘဲ ယူေက၊ ဖင္လန္၊ ဩစေတ်းလ်၊ ေနာ္ေဝ၊ နယူးဇီလန္နဲ႔ ဘယ္လ္ဂ်ီယမ္ႏိုင္ငံေတြရဲ႕ music chart ေတြမွာပါ ထိပ္ဆုံးေရာက္ေနတာကိုလည္း ေတြ႕ရပါတယ္။ အိုင္ယာလန္ႏိုင္ငံမွာဆိုရင္ေတာ့ Taylor Swift ဟာ နံပါတ္(၁)ခ်ိတ္ထားတဲ့ အယ္လ္ဘမ္ ငါးခ်ပ္အထိ ရွိေနၿပီး (၂၁)ရာစုအတြင္းမွာ တစ္ျခားဘယ္အမ်ိဳးသမီး artist မွ မရႏိုင္ေသးတဲ့စံခ်ိန္ကို ရရွိထားပါတယ္။ ဒါဟာ နာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္ေတြျဖစ္တဲ့ Madonna နဲ႔ Beyonce တို႔ကို ေက်ာ္တက္ၿပီး စံခ်ိန္သစ္တင္သြားတာလည္း ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

ဒါ့အျပင္ Folklore ဟာ ယူေကရဲ႕ Top 10 chart မွာလည္း ဆင္ဂယ္လ္သုံးပုဒ္နဲ႔ ေနရာယူထားပါေသးတယ္။ Cardigan က နံပါတ္(၆)၊ Bon Iver နဲ႔ စုံတြဲသီဆိုထားတဲ့ Exile က နံပါတ္(၈)နဲ႔ အယ္လ္ဘမ္ရဲ႕ အဖြင့္သီခ်င္း The 1 က နံပါတ္(၁၀)မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

Folklore ဟာ Taylor Swift ရဲ႕ ဂီတသက္တမ္းတစ္ေလွ်ာက္ အေကာင္းဆုံး review ေတြ ရရွိထားတဲ့ အယ္လ္ဘမ္တစ္ခ်ပ္လည္း ျဖစ္ပါတယ္။ ဂီတေဝဖန္ေရးသမားေတြဟာ ဒီအယ္လ္ဘမ္ကို ခ်ီးက်ဴးထားၾကၿပီး ႐ိုးသားမႈနဲ႔ လတ္ဆတ္တဲ့ ခံစားခ်က္ေတြကို ထည့္သြင္းထားတယ္လို႔လည္း မွတ္ခ်က္ေပးထားၾကပါတယ္။

Photo: taylorswift/ Instagram

ဒီအယ္လ္ဘမ္ဟာ ႀကိဳတင္မေၾကညာဘဲ ႐ုတ္တရက္ ထြက္ရွိခဲ့တဲ့ အယ္လ္ဘမ္ျဖစ္ပါတယ္။ အယ္လ္ဘမ္ကို ျပင္ဆင္ေနခ်ိန္မွာ သူမရဲ႕စတူဒီယိုက ဝန္ထမ္းေတြကိုယ္တိုင္ေတာင္ အယ္လ္ဘမ္သစ္ထြက္ဖို႔ ရွိေနမွန္း မသိခဲ့ၾကဘူးလို႔ ဆိုပါတယ္။

LaNina

Source: bbc

RELATED ARTICLES

Most Popular