HomeCelebs Update NewsInternationalလူေတြမသိေသးတဲ့ ေနာက္ကြယ္က Kanye West နဲ႔ ရန္စအားလုံးကို ဖြင့္ခ်လိုက္တဲ့ Taylor Swift

လူေတြမသိေသးတဲ့ ေနာက္ကြယ္က Kanye West နဲ႔ ရန္စအားလုံးကို ဖြင့္ခ်လိုက္တဲ့ Taylor Swift

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift ဟာ Kanye West နဲ႔ ပတ္သက္လို႔ ဘာေၾကာင့္ ဆတ္ဆတ္ထိမခံ နာရသလည္းဆိုတဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ၂၀၁၅ခုႏွစ္ VMAs Awards ဆုေပးပြဲ ေနာက္ကြယ္က အမ်ားမသိၾကေသးတဲ့အရာေတြကို ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ အေသးစိတ္ ဖြင့္ခ်လိုက္ပါၿပီ။

Taylor ဟာ ျပန္လည္ရင္ၾကားေစ့ထားရတဲ့ Kanye နဲ႔ ခင္မင္မႈကို ၂၀၁၆ခုႏွစ္မွာ ထြက္ရိွလာတဲ့ Kanye ရဲ႕ “Famous” ဆိုတဲ့ သီခ်င္းကို ၾကားရၿပီးေနာက္မွာ လုံး၀အဆုံးသတ္ပစ္ခဲ့ပါတယ္။ Kanye West ရဲ႕ “Famous” လို႔ အမည္ရတဲ့ သီခ်င္းထဲမွာTaylor ကို (B****) ေကာင္မလို႔ ရိုင္းရိုင္းစိုင္းစိုင္း ေခၚေ၀ၚသုံးစြဲထားၿပီး Taylor ေအာင္ျမင္ေက်ာ္ၾကားလာတာဟာ သူ႔ရဲ႕အကူအညီေၾကာင့္လို႔လည္း ဆိုထားေသးတဲ့အျပင္ Taylor ရဲ႕ ပုံစံတူ ၀တ္လစ္စလစ္ ပုံစံေတြကိုပါ MTV ထဲမွာ ထည့္ရိုက္ခဲ့ပါတယ္။

Taylor ဆီက ခြင့္ျပဳခ်က္ကိုေတာ့ သီခ်င္းမထြက္ခင္မွာ ဖုန္းဆက္ၿပီး ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ စာသားအတိအက်ကို ေျပာျပခဲ့တာ မဟုတ္ပါဘူး။ အဲ့ဒီ့ေနာက္ပိုင္း လေတာ္ေတာ္ၾကာေတာ့ Taylor နဲ႔ Kanye တို႔ ေျပာထားတဲ့ အသံဖိုင္ကို Kanye ရဲ႕မိန္းမ Kim Kardashian က အြန္လိုင္းမွာ ေပါက္ၾကားေအာင္ လုပ္လုိက္ပါတယ္။ ဒါေတြဟာ အမ်ားသိၿပီးသား ကိစၥျဖစ္ေပမယ့္ အဲ့ဒီ့ေနာက္ကြယ္မွာ အျပင္လူေတြ မသိၾကေသးတဲ့ ျဖစ္ရပ္ေတြ အမ်ားႀကီးရိွပါေသးတယ္။ ဒါေၾကာင့္လည္း Taylor ဟာ Kanye ကို မ်က္ႏွာႏွစ္ခုနဲ႔လူလို႔ ျပစ္တင္လိုက္ၿပီး ႏွစ္ေယာက္ၾကားက ျဖစ္ေၾကာင္းကုန္စင္ကို Rolling Stone မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးထဲမွာ ခေရေစ့တြင္းက် ဖြင့္ခ်လိုက္တာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

ကမာၻႀကီးက ေနာက္ကြယ္က အေၾကာင္းရင္းကို မသိပါဘူး။ ဒီလိုအက်ယ္အက်ယ္ေတြ ျဖစ္ရေအာင္ မီးၿမိွဳက္ေပးေနတဲ့အရာကိုလည္း မသိၾကပါဘူး။ ေနာက္ကြယ္က အေျခတည္ထားတဲ့ ကိစၥေတြမရိွဘဲနဲ႔ေတာ့ ဘယ္အရာကမွ အခုလို ရန္မီးေတာက္ေလာင္လာစရာ မရိွပါဘူး။

သူ ကၽြန္မကို “ေကာင္မ” လို႔ ေခၚလုိက္ၿပီးတည္းက တစ္ခ်ိဳ႕ကိစၥေတြက ကၽြန္မကို တမင္စိတ္တိုေဒါသထြက္ရေအာင္ ျဖစ္လာတာေတြ ရိွပါတယ္။ အဲ့ဒါက အျဖစ္အပ်က္တစ္ခုတည္းေတာင္ မဟုတ္ပါဘူး။ သူနဲ႔ကၽြန္မနဲ႔ၾကားမွာ အဲ့လိုေတြ ျဖစ္ေနတာကိုလည္း ကၽြန္မအတြက္ အဆင္မေျပပါဘူး။ ၿပီးေတာ့ ျဖစ္တဲ့ကိစၥေတြက အဲ့ဒီ့ဖုန္းေကာလ္ရယ္၊ သီခ်င္းရယ္ေၾကာင့္တင္ မဟုတ္ေသးပါဘူး။ အကုန္လုံးက ဆက္စပ္ေနတာပါ။

Taylor နဲ႔ Kanye ၾကားက ရန္စဟာ ၂၀၀၉ခုႏွစ္ VMAs ဆုေပးပြဲမွာ စတင္ခဲ့တယ္ဆိုတာ ပရိသတ္ေတြကေတာ့ သိထားၾကမွာပါ။ အဲ့ဒီ့တုန္းက Taylor ဟာ Female Video of the Year ဆုရရိွခဲ့ၿပီး စင္ေပၚမွာ ဆုလက္ခံစကား ေျပာေနတုန္း Kanye က စင္ေပၚတက္လာၿပီး ဒီႏွစ္အတြက္ဆုက Beyonce နဲ႔ပဲ ထိုက္တန္တာပါဆိုၿပီး ၀င္ေျပာသြားခဲ့တာပါ။ ဒါေပမယ့္ အဲ့ဒီ့ေနာက္ပိုင္းႏွစ္ေတြမွာ ႏွစ္ေယာက္သား ျပန္အဆင္ေျပသြားခဲ့ပါေသးတယ္။ ၂၀၁၅ခုႏွစ္ VMAs ဆုေပးပြဲမွာေတာ့ Kanye က Video Vanguard Award ရရိွခဲ့ၿပီး Taylor ကလည္း Kanye အတြက္ ဆုတံဆိပ္ကို စင္ေပၚမွာ ေၾကျငာေပးခဲ့ပါေသးတယ္။ သို႔ေပမယ့္ ေနာက္ကြယ္မွာ လူေတြမသိခဲ့တဲ့ ျဖစ္ရပ္ေတြ ျဖစ္ခဲ့ေသးတယ္လို႔ Taylor က ဆိုပါတယ္။

Photo: taylorswift/ Instagram

ကၽြန္မတို႔ ညစာထြက္စားၾကေသးတယ္။ အဲ့မွာ သူကလည္း ကၽြန္မရဲ႕သီခ်င္းေတြ ဘယ္ေလာက္ေကာင္းေၾကာင္း ခ်ီးမြမ္းေတာ့ အမွန္အတိုင္း ေျပာရရင္ ကၽြန္မ ေပ်ာ္ေနခဲ့တာ။ အဲ့လိုၾကားလိုက္ရေတာ့ သိတယ္မွတ္လား။ ငယ္ငယ္က အပယ္ခံလို ခံစားခဲ့ရဖူးတာေတြ၊ အသက္(၁၉)ႏွစ္အရြယ္ေလာက္က ရခဲ့တဲ့ စိတ္ဒဏ္ရာေတြကို ကုစားလိုက္ႏိုင္သလို ျဖစ္သြားတာေပါ့။

အဲ့ဒါနဲ႔ ၂၀၁၅ VMAs ဆုေပးပြဲလည္း က်ေရာ… ပြဲမစခင္ တစ္ပတ္ေလာက္အလိုမွာ ကၽြန္မဆီ သူဖုန္းဆက္ခဲ့တယ္။ အဲ့ဒီ့တုန္းက ေျပာထားတာေတြကို ကၽြန္မ အသံသြင္းမထားမိတဲ့အတြက္ အခု ရွင္တို႔ကို ျပန္ၿပီးေတာ့ ဖြင့္ျပလို႔ေတာ့ မရေဘူးေပါ့။ အဲ့မွာ သူနဲ႔ကၽြန္မနဲ႔ ဖုန္းေျပာၾကတာ တစ္နာရီေက်ာ္ေလာက္ ၾကာမယ္။

အဲ့မွာ သူက ေျပာတယ္။ ကၽြန္ေတာ့္အတြက္ ဒီ Vanguard ဆုကို စင္ေပၚမွာ ခင္ဗ်ားကိုယ္တိုင္ ေၾကျငာေပးရင္ သိပ္ေကာင္းမွာပဲ။ ကၽြန္ေတာ့္အတြက္ သိပ္ကိုအဓိပၸာယ္ရိွသြားမွာလို႔ သူက ေျပာတယ္။ အဲ့ေတာ့ သူကလည္း သိပ္ကို ခ်ိဳခ်ိဳသာသာနဲ႔ ေျပာေနေတာ့ေလ။ ၿပီးေတာ့ အဲ့ဒါက သူ႔အတြက္ အရမ္းအဓိပၸာယ္ရိွသြားမွာဆိုေတာ့ ကၽြန္မလည္း လက္ခံလိုက္မိတယ္။

Photo: taylorswift/ Instagram

သို႔ေပမယ့္ တကယ္တမ္း ဆုေပးပြဲေန႔ကို ေရာက္လာတဲ့အခါမွာေတာ့ Kanye ရဲ႕ပုံစံက တစ္မ်ိဳးေျပာင္းသြားခဲ့ပါတယ္။

သူက ဆုလက္ခံစကားလည္းေျပာေရာ MTV က rating ပိုရေအာင္လို႔ ကၽြန္ေတာ့္ဆုကို ေၾကျငာေပးဖို႔ Taylor ကို ဒီေနရာကို ေခၚထားတာပါလို႔ ေျပာသြားတယ္။ သူတို႔က rating ပိုရဖို႔ Kanye ကို Taylor က ဆုတက္ေၾကျငာေပးတယ္ဆိုတာ ဘယ္ႏွေခါက္ေတာင္ ေျပာသြားမွန္း မသိဘူး။ အဲ့မွာေလ ကၽြန္မက ေတာင့္ေတာင့္ႀကီး ရပ္ေနမိတာ။ သူ႔မိန္းမ Kim Kardashian က ကၽြန္မကို ဖက္ထားတယ္။ ကၽြန္မေလ တစ္ကိုယ္လုံး ၾကက္သီးေတြ ထေနတာ။

အဲ့မွာပဲ Kanye West ဆိုတာ မ်က္ႏွာႏွစ္ဖက္နဲ႔လူဆိုတာ ကၽြန္မ သိသြားတယ္။ သူက လူေတြကြယ္ရာ စင္ေနာက္ဘက္မွာဆိုရင္ ကၽြန္မအေပၚ အရမ္းေကာင္းသလို လုပ္ျပတယ္။ စင္ေပၚေရာက္သြားၿပီဆိုရင္ေတာ့ လူေတြေရွ႕မွာ အရမ္းမိုက္တဲ့အထာ ဖမ္းျပတယ္။ ၿပီးေတာ့ ေသာက္တလြဲစကားေတြ ေျပာေရာ။ ကၽြန္မ အရမ္းစိတ္တိုခဲ့ရတယ္။

Photo Credit: hollywoodlife

အဲ့ဒီ့အခ်ိန္တုန္းကေတာ့ Taylor ဟာ သူမ ခံစားခဲ့ရတာေတြကို လူထုေရွ႕ကို ခ်မျပခဲ့ပါဘူး။ Kanye ဆီက ပို႔လိုက္တဲ့ပန္းစည္းကိုေတာင္ သူမရဲ႕ Instagram မွာ ျပန္တင္ခဲ့ပါေသးတယ္။ သို႔ေပမယ့္ အဲ့ဒီ့ဓာတ္ပုံရဲ႕ ေနာက္ကြယ္မွာလည္း လူေတြမသိေသးတာေတြ ရိွေနပါေသးတယ္။

ဆုေပးပြဲၿပီးသြားေတာ့ သူ႔ရဲ႕အ၀တ္လဲခန္းထဲကို လာၿပီး သူနဲ႔စကားေျပာဖို႔ ကၽြန္မကို ေျပာခိုင္းလိုက္တယ္။ ကၽြန္မ မသြားလိုက္ဘူး။ အဲ့ဒါေၾကာင့္ သူက ေနာက္တစ္ေန႔က်ေတာ့ ပန္းစည္းအႀကီးႀကီး ပို႔ေပးၿပီး ေတာင္းပန္လိုက္တာ။ အဲ့ဒါနဲ႔ ရွင္တို႔လည္း သိတယ္မွတ္လား။ တစ္ခုခု ေျပာမွားဆိုးမွား ျဖစ္သြားလို႔ ေက်ေအးရေအာင္ ေတာင္းပန္ေတာ့လည္း ဆက္ဆံေရးကို မပ်က္ေစခ်င္ဘူးေလ။ အဲ့ဒါနဲ႔ ကၽြန္မလည္း ျဖစ္ၿပီးတာေတြ ၿပီးပါေစေတာ့ဆိုၿပီး ထားလိုက္တယ္။

Taylor နဲ႔ Kanye ၾကားက ဆက္ဆံေရးဟာ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလမွာ ထြက္ရိွလာတဲ့ Kanye ရဲ႕ Famous ဆိုတဲ့ သီခ်င္းစာသားေတြကို Taylor မၾကားေသးခင္အထိ အဆင္ေျပေနခဲ့ပါေသးတယ္။ Taylor ရဲ႕ အဆိုအရ သီခ်င္းထဲက စာသားေတြဟာ ဖုန္းဆက္ၿပီး ခြင့္ေတာင္းတုန္းက ေျပာခဲ့တဲ့ စာသားေတြ မဟုတ္ဘူးလို႔ သိရပါတယ္။

Photo: taylorswift/ Instagram

ကၽြန္မ အဲ့ဒီ့သီခ်င္းလည္း ၾကားေရာ။ ငါ့ဘက္ကေတာ့ ၿပီးၿပီ။ နင့္ဘက္က ဒီလိုမ်ိဳး ဆိုး၀ါးတဲ့ဆက္ဆံေရးကို လိုခ်င္ေနတယ္ဆိုရင္လည္း … ေကာင္းၿပီ။ တကယ္ဆိုး၀ါးတဲ့ ဆက္ဆံေရးကို ေျပာင္းလဲလိုက္ၾကစို႔လို႔ ကၽြန္မေတာ့ ဆုံးျဖတ္ခ်က္ခ်လိုက္တာပဲ။ သူက ကၽြန္မကိုတင္ မဟုတ္ဘူး။ Drake အေပၚ သူလုပ္ခဲ့တာလည္း အဲ့လိုမ်ိဳးပဲ။

Taylor ေျပာတဲ့ Drake ရဲ႕ကိစၥဆိုတာကေတာ့ Kanye West ရဲ႕ Pusha T ဆိုတဲ့ အယ္လ္ဘမ္ကို ရည္ညႊန္းတာ ျဖစ္ပါတယ္။ Kanye ဟာ အဲ့ဒီ့အယ္လ္ဘမ္ထဲမွာ Drake မွာ တိတ္တိတ္ပုန္း ကေလးတစ္ေယာက္ ရိွတဲ့အေၾကာင္း ေဖာ္ေကာင္လုပ္ၿပီး သီခ်င္းဆိုခဲ့ဖူးပါတယ္။ Kanye ကေတာ့ ဒီလိုအတြင္းေရးကို ေဖာက္ခ်ပစ္တဲ့ေနရာမွာ သူ မပါ၀င္ဘူးလို႔ ျငင္းဆိုခဲ့ေပမယ့္ Taylor ကေတာ့ အယုံအၾကည္ မရိွဘူးလို႔ ဆိုပါတယ္။

Drake ရဲ႕မိသားစုနဲ႔ သူတို႔ရဲ႕ဘ၀ေတြကိုလည္း သူလုပ္လိုက္တဲ့ကိစၥေၾကာင့္ သက္ေရာက္မႈေတြ အမ်ားႀကီး ျဖစ္သြားေစခဲ့ပါတယ္။ ဒါက အတူတူပါပဲ။ ရွင့္ကို ခ်ဥ္းကပ္မယ္။ ရွင္႔ရဲ႕ ယုံၾကည္မႈကို ရေအာင္ယူမယ္။ ၿပီးေတာ့မွ အနီးကပ္ ေဖာက္ခြဲပစ္မယ္။ ကၽြန္မ ဒီအေၾကာင္းေတြ ထပ္ၿပီးလည္း မေျပာခ်င္ေတာ့ပါဘူး။ ဒါေတြကေန လြတ္ေျမာက္ေအာင္ လုပ္လာခဲ့ၿပီးၿပီေလ။

ဒါကေတာ့ Rolling Stone မဂၢဇင္းႀကီးနဲ႔ ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးမွာ Kanye နဲ႔ ရန္ၿငိွဳးရန္စအားလုံးကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တာပဲ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Taylor Swift ဟာ Kanye West နဲ့ ပတ်သက်လို့ ဘာကြောင့် ဆတ်ဆတ်ထိမခံ နာရသလည်းဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၂၀၁၅ခုနှစ် VMAs Awards ဆုပေးပွဲ နောက်ကွယ်က အများမသိကြသေးတဲ့အရာတွေကို နှိုက်နှိုက်ချွတ်ချွတ် အသေးစိတ် ဖွင့်ချလိုက်ပါပြီ။

Taylor ဟာ ပြန်လည်ရင်ကြားစေ့ထားရတဲ့ Kanye နဲ့ ခင်မင်မှုကို ၂၀၁၆ခုနှစ်မှာ ထွက်ရှိလာတဲ့ Kanye ရဲ့ “Famous” ဆိုတဲ့ သီချင်းကို ကြားရပြီးနောက်မှာ လုံးဝအဆုံးသတ်ပစ်ခဲ့ပါတယ်။ Kanye West ရဲ့ “Famous” လို့ အမည်ရတဲ့ သီချင်းထဲမှာTaylor ကို (B****) ကောင်မလို့ ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဝေါ်သုံးစွဲထားပြီး Taylor အောင်မြင်ကျော်ကြားလာတာဟာ သူ့ရဲ့အကူအညီကြောင့်လို့လည်း ဆိုထားသေးတဲ့အပြင် Taylor ရဲ့ ပုံစံတူ ဝတ်လစ်စလစ် ပုံစံတွေကိုပါ MTV ထဲမှာ ထည့်ရိုက်ခဲ့ပါတယ်။

Taylor ဆီက ခွင့်ပြုချက်ကိုတော့ သီချင်းမထွက်ခင်မှာ ဖုန်းဆက်ပြီး ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် စာသားအတိအကျကို ပြောပြခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒီ့နောက်ပိုင်း လတော်တော်ကြာတော့ Taylor နဲ့ Kanye တို့ ပြောထားတဲ့ အသံဖိုင်ကို Kanye ရဲ့မိန်းမ Kim Kardashian က အွန်လိုင်းမှာ ပေါက်ကြားအောင် လုပ်လိုက်ပါတယ်။ ဒါတွေဟာ အများသိပြီးသား ကိစ္စဖြစ်ပေမယ့် အဲ့ဒီ့နောက်ကွယ်မှာ အပြင်လူတွေ မသိကြသေးတဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့်လည်း Taylor ဟာ Kanye ကို မျက်နှာနှစ်ခုနဲ့လူလို့ ပြစ်တင်လိုက်ပြီး နှစ်ယောက်ကြားက ဖြစ်ကြောင်းကုန်စင်ကို Rolling Stone မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာ ခရေစေ့တွင်းကျ ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

ကမ္ဘာကြီးက နောက်ကွယ်က အကြောင်းရင်းကို မသိပါဘူး။ ဒီလိုအကျယ်အကျယ်တွေ ဖြစ်ရအောင် မီးမြှိုက်ပေးနေတဲ့အရာကိုလည်း မသိကြပါဘူး။ နောက်ကွယ်က အခြေတည်ထားတဲ့ ကိစ္စတွေမရှိဘဲနဲ့တော့ ဘယ်အရာကမှ အခုလို ရန်မီးတောက်လောင်လာစရာ မရှိပါဘူး။

သူ ကျွန်မကို “ကောင်မ” လို့ ခေါ်လိုက်ပြီးတည်းက တစ်ချို့ကိစ္စတွေက ကျွန်မကို တမင်စိတ်တိုဒေါသထွက်ရအောင် ဖြစ်လာတာတွေ ရှိပါတယ်။ အဲ့ဒါက အဖြစ်အပျက်တစ်ခုတည်းတောင် မဟုတ်ပါဘူး။ သူနဲ့ကျွန်မနဲ့ကြားမှာ အဲ့လိုတွေ ဖြစ်နေတာကိုလည်း ကျွန်မအတွက် အဆင်မပြေပါဘူး။ ပြီးတော့ ဖြစ်တဲ့ကိစ္စတွေက အဲ့ဒီ့ဖုန်းကောလ်ရယ်၊ သီချင်းရယ်ကြောင့်တင် မဟုတ်သေးပါဘူး။ အကုန်လုံးက ဆက်စပ်နေတာပါ။

Taylor နဲ့ Kanye ကြားက ရန်စဟာ ၂၀၀၉ခုနှစ် VMAs ဆုပေးပွဲမှာ စတင်ခဲ့တယ်ဆိုတာ ပရိသတ်တွေကတော့ သိထားကြမှာပါ။ အဲ့ဒီ့တုန်းက Taylor ဟာ Female Video of the Year ဆုရရှိခဲ့ပြီး စင်ပေါ်မှာ ဆုလက်ခံစကား ပြောနေတုန်း Kanye က စင်ပေါ်တက်လာပြီး ဒီနှစ်အတွက်ဆုက Beyonce နဲ့ပဲ ထိုက်တန်တာပါဆိုပြီး ဝင်ပြောသွားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းနှစ်တွေမှာ နှစ်ယောက်သား ပြန်အဆင်ပြေသွားခဲ့ပါသေးတယ်။ ၂၀၁၅ခုနှစ် VMAs ဆုပေးပွဲမှာတော့ Kanye က Video Vanguard Award ရရှိခဲ့ပြီး Taylor ကလည်း Kanye အတွက် ဆုတံဆိပ်ကို စင်ပေါ်မှာ ကြေငြာပေးခဲ့ပါသေးတယ်။ သို့ပေမယ့် နောက်ကွယ်မှာ လူတွေမသိခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့သေးတယ်လို့ Taylor က ဆိုပါတယ်။

Photo: taylorswift/ Instagram

ကျွန်မတို့ ညစာထွက်စားကြသေးတယ်။ အဲ့မှာ သူကလည်း ကျွန်မရဲ့သီချင်းတွေ ဘယ်လောက်ကောင်းကြောင်း ချီးမွမ်းတော့ အမှန်အတိုင်း ပြောရရင် ကျွန်မ ပျော်နေခဲ့တာ။ အဲ့လိုကြားလိုက်ရတော့ သိတယ်မှတ်လား။ ငယ်ငယ်က အပယ်ခံလို ခံစားခဲ့ရဖူးတာတွေ၊ အသက်(၁၉)နှစ်အရွယ်လောက်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားလိုက်နိုင်သလို ဖြစ်သွားတာပေါ့။

အဲ့ဒါနဲ့ ၂၀၁၅ VMAs ဆုပေးပွဲလည်း ကျရော… ပွဲမစခင် တစ်ပတ်လောက်အလိုမှာ ကျွန်မဆီ သူဖုန်းဆက်ခဲ့တယ်။ အဲ့ဒီ့တုန်းက ပြောထားတာတွေကို ကျွန်မ အသံသွင်းမထားမိတဲ့အတွက် အခု ရှင်တို့ကို ပြန်ပြီးတော့ ဖွင့်ပြလို့တော့ မရဘေူးပေါ့။ အဲ့မှာ သူနဲ့ကျွန်မနဲ့ ဖုန်းပြောကြတာ တစ်နာရီကျော်လောက် ကြာမယ်။

အဲ့မှာ သူက ပြောတယ်။ ကျွန်တော့်အတွက် ဒီ Vanguard ဆုကို စင်ပေါ်မှာ ခင်ဗျားကိုယ်တိုင် ကြေငြာပေးရင် သိပ်ကောင်းမှာပဲ။ ကျွန်တော့်အတွက် သိပ်ကိုအဓိပ္ပာယ်ရှိသွားမှာလို့ သူက ပြောတယ်။ အဲ့တော့ သူကလည်း သိပ်ကို ချိုချိုသာသာနဲ့ ပြောနေတော့လေ။ ပြီးတော့ အဲ့ဒါက သူ့အတွက် အရမ်းအဓိပ္ပာယ်ရှိသွားမှာဆိုတော့ ကျွန်မလည်း လက်ခံလိုက်မိတယ်။

Photo: taylorswift/ Instagram

သို့ပေမယ့် တကယ်တမ်း ဆုပေးပွဲနေ့ကို ရောက်လာတဲ့အခါမှာတော့ Kanye ရဲ့ပုံစံက တစ်မျိုးပြောင်းသွားခဲ့ပါတယ်။

သူက ဆုလက်ခံစကားလည်းပြောရော MTV က rating ပိုရအောင်လို့ ကျွန်တော့်ဆုကို ကြေငြာပေးဖို့ Taylor ကို ဒီနေရာကို ခေါ်ထားတာပါလို့ ပြောသွားတယ်။ သူတို့က rating ပိုရဖို့ Kanye ကို Taylor က ဆုတက်ကြေငြာပေးတယ်ဆိုတာ ဘယ်နှခေါက်တောင် ပြောသွားမှန်း မသိဘူး။ အဲ့မှာလေ ကျွန်မက တောင့်တောင့်ကြီး ရပ်နေမိတာ။ သူ့မိန်းမ Kim Kardashian က ကျွန်မကို ဖက်ထားတယ်။ ကျွန်မလေ တစ်ကိုယ်လုံး ကြက်သီးတွေ ထနေတာ။

အဲ့မှာပဲ Kanye West ဆိုတာ မျက်နှာနှစ်ဖက်နဲ့လူဆိုတာ ကျွန်မ သိသွားတယ်။ သူက လူတွေကွယ်ရာ စင်နောက်ဘက်မှာဆိုရင် ကျွန်မအပေါ် အရမ်းကောင်းသလို လုပ်ပြတယ်။ စင်ပေါ်ရောက်သွားပြီဆိုရင်တော့ လူတွေရှေ့မှာ အရမ်းမိုက်တဲ့အထာ ဖမ်းပြတယ်။ ပြီးတော့ သောက်တလွဲစကားတွေ ပြောရော။ ကျွန်မ အရမ်းစိတ်တိုခဲ့ရတယ်။

Photo Credit: hollywoodlife

အဲ့ဒီ့အချိန်တုန်းကတော့ Taylor ဟာ သူမ ခံစားခဲ့ရတာတွေကို လူထုရှေ့ကို ချမပြခဲ့ပါဘူး။ Kanye ဆီက ပို့လိုက်တဲ့ပန်းစည်းကိုတောင် သူမရဲ့ Instagram မှာ ပြန်တင်ခဲ့ပါသေးတယ်။ သို့ပေမယ့် အဲ့ဒီ့ဓာတ်ပုံရဲ့ နောက်ကွယ်မှာလည်း လူတွေမသိသေးတာတွေ ရှိနေပါသေးတယ်။

ဆုပေးပွဲပြီးသွားတော့ သူ့ရဲ့အဝတ်လဲခန်းထဲကို လာပြီး သူနဲ့စကားပြောဖို့ ကျွန်မကို ပြောခိုင်းလိုက်တယ်။ ကျွန်မ မသွားလိုက်ဘူး။ အဲ့ဒါကြောင့် သူက နောက်တစ်နေ့ကျတော့ ပန်းစည်းအကြီးကြီး ပို့ပေးပြီး တောင်းပန်လိုက်တာ။ အဲ့ဒါနဲ့ ရှင်တို့လည်း သိတယ်မှတ်လား။ တစ်ခုခု ပြောမှားဆိုးမှား ဖြစ်သွားလို့ ကျေအေးရအောင် တောင်းပန်တော့လည်း ဆက်ဆံရေးကို မပျက်စေချင်ဘူးလေ။ အဲ့ဒါနဲ့ ကျွန်မလည်း ဖြစ်ပြီးတာတွေ ပြီးပါစေတော့ဆိုပြီး ထားလိုက်တယ်။

Taylor နဲ့ Kanye ကြားက ဆက်ဆံရေးဟာ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိလာတဲ့ Kanye ရဲ့ Famous ဆိုတဲ့ သီချင်းစာသားတွေကို Taylor မကြားသေးခင်အထိ အဆင်ပြေနေခဲ့ပါသေးတယ်။ Taylor ရဲ့ အဆိုအရ သီချင်းထဲက စာသားတွေဟာ ဖုန်းဆက်ပြီး ခွင့်တောင်းတုန်းက ပြောခဲ့တဲ့ စာသားတွေ မဟုတ်ဘူးလို့ သိရပါတယ်။

Photo: taylorswift/ Instagram

ကျွန်မ အဲ့ဒီ့သီချင်းလည်း ကြားရော။ ငါ့ဘက်ကတော့ ပြီးပြီ။ နင့်ဘက်က ဒီလိုမျိုး ဆိုးဝါးတဲ့ဆက်ဆံရေးကို လိုချင်နေတယ်ဆိုရင်လည်း … ကောင်းပြီ။ တကယ်ဆိုးဝါးတဲ့ ဆက်ဆံရေးကို ပြောင်းလဲလိုက်ကြစို့လို့ ကျွန်မတော့ ဆုံးဖြတ်ချက်ချလိုက်တာပဲ။ သူက ကျွန်မကိုတင် မဟုတ်ဘူး။ Drake အပေါ် သူလုပ်ခဲ့တာလည်း အဲ့လိုမျိုးပဲ။

Taylor ပြောတဲ့ Drake ရဲ့ကိစ္စဆိုတာကတော့ Kanye West ရဲ့ Pusha T ဆိုတဲ့ အယ်လ်ဘမ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Kanye ဟာ အဲ့ဒီ့အယ်လ်ဘမ်ထဲမှာ Drake မှာ တိတ်တိတ်ပုန်း ကလေးတစ်ယောက် ရှိတဲ့အကြောင်း ဖော်ကောင်လုပ်ပြီး သီချင်းဆိုခဲ့ဖူးပါတယ်။ Kanye ကတော့ ဒီလိုအတွင်းရေးကို ဖောက်ချပစ်တဲ့နေရာမှာ သူ မပါဝင်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် Taylor ကတော့ အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။

Drake ရဲ့မိသားစုနဲ့ သူတို့ရဲ့ဘဝတွေကိုလည်း သူလုပ်လိုက်တဲ့ကိစ္စကြောင့် သက်ရောက်မှုတွေ အများကြီး ဖြစ်သွားစေခဲ့ပါတယ်။ ဒါက အတူတူပါပဲ။ ရှင့်ကို ချဉ်းကပ်မယ်။ ရှင့်ရဲ့ ယုံကြည်မှုကို ရအောင်ယူမယ်။ ပြီးတော့မှ အနီးကပ် ဖောက်ခွဲပစ်မယ်။ ကျွန်မ ဒီအကြောင်းတွေ ထပ်ပြီးလည်း မပြောချင်တော့ပါဘူး။

ဒါတွေကနေ လွတ်မြောက်အောင် လုပ်လာခဲ့ပြီးပြီလေ။ ဒါကတော့ Rolling Stone မဂ္ဂဇင်းကြီးနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ Kanye နဲ့ ရန်ငြှိုးရန်စအားလုံးကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular