HomeCelebs Update NewsInternationalThe Batman ထဲက Zoë Kravitz ရဲ့ သရုပ်ဆောင်မှုကို ချီးမွမ်းလိုက်တဲ့ Taylor Swift

The Batman ထဲက Zoë Kravitz ရဲ့ သရုပ်ဆောင်မှုကို ချီးမွမ်းလိုက်တဲ့ Taylor Swift

Taylor Swift ကတော့ သူမရဲ့မိတ်ဆွေသူငယ်ချင်း ဖြစ်တဲ့ Zoë Kravitz ရဲ့ The Batman ရုပ်ရှင်ထဲက သရုပ်ဆောင်မှုကို ဝမ်းသာအားရ ချီးမြှောက်ထားပါတယ်။ Zoë ရဲ့ သရုပ်ဆောင်မှုကို ကြည့်ရှုပြီး နှစ်ထောင်းအားရ ဖြစ်နေတဲ့ Taylor ဟာ သူမရဲ့ The Batman ရုပ်ရှင်အပေါ် ခံစားချက်ကိုတော့ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ မျှဝေထားတာ တွေ့ရပါတယ်။

Zoë Kravitz ကတော့ The Batman ရုပ်ရှင်ထဲမှာ Selina Kyle တဖြစ်လည်း Catwoman အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုကိုတော့ “ကျွန်မ အိပ်မက်ထဲက Catwoman ပါပဲ …” လို့ Taylor Swift က မှတ်ချက်ပေးပြီး အင်စတာဂရမ် စတိုရီမှာ မျှဝေထားပါတယ်။ ဒါ့အပြင် The Batman ရုပ်ရှင်ကိုလည်း “ခြွင်းချက်မရှိ ပြောစမှတ်တွင်လောက်အောင် ကောင်းပါတယ် … ” လို့ Taylor က ဆိုထားပါသေးတယ်။

Photo: taylorswift/ Instagram

Taylor နဲ့ Zoë တို့ဟာ ၂၀၂၀ ခုနှစ်ရဲ့ ကိုဗစ်ကာလတွေတုန်းက လန်ဒန်မှာ အတူတူ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Zoë ဟာ The Batman ရုပ်ရှင် ရိုက်ကူးရေး လုပ်နေတုန်းဖြစ်ပြီး တစ်ရက်မှာ The New York Times မဂ္ဂဇင်းရဲ့ Great Performers ကဏ္ဍအတွက် ဓာတ်ပုံရိုက်ပေးနေတုန်း အကူအညီလိုလာတဲ့အတွက် Taylor ကတောင် လှမ်းပြီး ကူညီခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီတုန်းက ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် social distancing စည်းကမ်းနဲ့အညီ အလုပ်လုပ်ကြရတာကြောင့် Taylor က ဖုန်းနဲ့လှမ်းပြီး ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

Photo: zoeisabellakravitz/ Instagram

Taylor နဲ့ Zoë တို့နှစ်ယောက်ကတော့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါကြောင့်လည်း သူငယ်ချင်းဖြစ်သူရဲ့ ရုပ်ရှင်အသစ်ကို Taylor က အားနဲ့မာန်နဲ့ အားပေးနေတာ ဖြစ်ပါတယ်။ သို့သော်လည်း Zoë ရဲ့ သရုပ်ဆောင်မှုဟာ သူငယ်ချင်း အချင်းချင်းကြောင့် အားပေးခံရတာမျိုးတင် မဟုတ်ဘဲ ပရိသတ်တွေရဲ့ အားပေးချီးမြှောက်မှုကိုပါ တခဲနက် ရရှိနေတာ ဖြစ်ပါတယ်။

Zoë ကတော့ Catwoman ကာရိုက်တာကို ပီပြင်ဖို့အတွက် method acting ကို အသုံးပြုပြီး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ သူမဟာ ကြောင်တွေနဲ့အတူ အချိန်ပေး နေထိုင်ကာ ကြောင်တွေရဲ့ အမူအကျင့်ကိုလည်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular