HomeCelebs Update NewsInternationalအရှေ့မှာထွက်ရှိထားတဲ့ အယ်လ်ဘမ်(၆)ချပ်လုံးကို recording ပြန်လုပ်နေပြီဆိုတဲ့ Taylor Swift 

အရှေ့မှာထွက်ရှိထားတဲ့ အယ်လ်ဘမ်(၆)ချပ်လုံးကို recording ပြန်လုပ်နေပြီဆိုတဲ့ Taylor Swift 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ဟာ သူမရဲ့ ထွက်ရှိပြီး တေးအယ်လ်ဘမ်တွေထဲက ပထမ အယ်လ်ဘမ်ခြောက်ချပ်ကို အသံပြန်သွင်းနေပြီလို့ သိရပါတယ်။ အကြောင်းကတော့ music manager တစ်ယောက်ဖြစ်တဲ့ Scooter Braun ဟာ အဲ့ဒီ့အယ်လ်ဘမ်ခြောက်ချပ်ရဲ့ မူရင်းမာစတာခွေတွေကို သူမကို ပြန်လည်ဝယ်ယူခွင့် မပြုတဲ့အပြင် သူမ မသိဘဲ တစ်ခြားကုမ္ပဏီတစ်ခုကို တိတ်တဆိတ် ရောင်းချလိုက်တာကြောင့် ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Taylor Swift ရယ်လို့ စတင်အောင်မြင်စဉ်ကတည်းက လက်တွဲလာခဲ့တဲ့ Big Machine Records ဟာ သူမ ထွက်ရှိထားသမျှ အယ်လ်ဘမ်တွေရဲ့ မူရင်းမာစတာခွေ မူပိုင်ခွင့်တွေကို သူမဆီ ပြန်လည်မရောင်းချဘဲ Scooter Braun ကို ရောင်းချခဲ့ရာက စတင်ပါတယ်။ Scooter Braun ဟာ Taylor Swift ရဲ့ ရန်ဘက်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အယ်လ်ဘမ် ခြောက်ချပ်စာ မူပိုင်ခွင့်တွေကို ဝယ်ယူသွားပြီးနောက် Taylor ဘက်က ဥပဒေအဖွဲ့တွေက ပြန်လည်ဝယ်ယူဖို့ ဆက်သွယ်ခဲ့ရာမှာလည်း မူမမှန်တဲ့ စာချုပ်တွေကို လက်မှတ်ထိုးခိုင်းခဲ့ပြီး ဘယ်ရွေ့ဘယ်မျှနဲ့ ရောင်းချမယ်ဆိုတဲ့ ခေါ်စျေးကိုလည်း အတိအကျ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

Photo: taylorswift/ Instagram

ဒီ့ထက်ဆိုးတာကတော့ Scooter Braun ဟာ Taylor ကို လုံးဝအသိမပေးဘဲ Shamrock Holdings လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို Taylor ရဲ့ အယ်လ်ဘမ်ခြောက်ချပ်စာ မူပိုင်ခွင့်တွေကို ရောင်းစားလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ Shamrock Holdings က သူမရဲ့အယ်လ်ဘမ်ခြောက်ချပ်စာ သီချင်းတွေနဲ့ music video တွေရဲ့ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်သွားပြီလို့ Taylor ရဲ့အဖွဲ့ဆီ သတိပေးစာ ပေးပို့လာတော့မှ Scooter Braun က လက်ဆင့်ကမ်း ထပ်မံရောင်းချလိုက်မှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

အယ်လ်ဘမ်တွေရဲ့ မူပိုင်ခွင့်၊ သို့တည်းမဟုတ် မာစတာခွေ ပိုင်ဆိုင်ခွင့်ဆိုတာကတော့ အဆိုတော်နဲ့ ဓာတ်ပြားတိုက်တို့ကြားက စာချုပ်အရ မူလ အသံသွင်းထားတဲ့ သီချင်း၊ သို့မဟုတ် ဗွီဒီယိုတွေရဲ့ ပိုင်ဆိုင်ခွင့်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုတော်တစ်ယောက် အယ်လ်ဘမ်တစ်ချပ် သွင်းပြီဆိုရင် အဲ့ဒီ့အယ်လ်ဘမ်ရဲ့ မူပိုင်ခွင့်ကို သူနဲ့စာချုပ်ချုပ်ထားတဲ့ ဓာတ်ပြားတိုက်က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီအယ်လ်ဘမ် ရောင်းချနေရသရွေ့ အဆိုတော်ဘက်က ရာခိုင်နှုန်းတစ်ခု အနုပညာကြေး ရရှိပြီး အမြတ်ငွေ အများစုကိုတော့ ဓာတ်ပြားတိုက်ဘက်က ရရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအယ်လ်ဘမ်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကိုလည်း ဓာတ်ပြားတိုက်ဘက်က ချမှတ်နိုင်ပါသေးတယ်။

Photo: taylorswift/ Instagram

Taylor Swift ဖြစ်တဲ့ ပြဿနာကတော့ သူမရဲ့ပထမဆုံး ပွဲဦးထွက်အယ်လ်ဘမ်ကနေ ခြောက်ခွေမြောက်ဖြစ်တဲ့ Reputation အယ်လ်ဘမ်အထိ မူပိုင်ခွင့်တွေကို သူမကိုယ်ပိုင်အဖြစ် ပြန်လည်ဝယ်ယူခွင့် မရရှိတာပဲ ဖြစ်ပါတယ်။ မူလက Big Machine နဲ့မှာလည်း ဝယ်ယူဖို့ ညှိနှိုင်းရာမှာ အဆင်မပြေခဲ့သလို ဒီမူပိုင်ခွင့်တွေကို Scooter Braun က ဝယ်ယူသွားရာမှာလည်း Taylor တစ်ယောက် ရင်ကွဲခဲ့ရပါသေးတယ်။

အခုကတော့ အဲ့ဒီ့ထက်ပိုဆိုးပြီး သူမ မသိလိုက်ခင်မှာတင် နောက်ထပ် ကုမ္ပဏီတစ်ခုဆီ လက်လွှဲရောက်သွားခဲ့ပြီမို့ အခုလို အစ/အဆုံး recording ပြန်လုပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်တယ်လို့ Taylor က ဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ Taylor ရဲ့ အယ်လ်ဘမ်ခြောက်ချပ်စာ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်ထားတဲ့ Shamrock Holdings ကိုလည်း Taylor ဘက်က စာတစ်စောင် ပေးပို့ထားပါသေးတယ်။

Photo: taylorswift/ Instagram

အဲ့ဒါကတော့ Shamrock Holdings အနေနဲ့ Scooter Braun နဲ့ ပတ်သက် ဆက်နွယ်မှု လုံးဝကင်း၊မကင်းဆိုတာကို မေးမြန်းထားပြီး သူမ ဆယ်စုနှစ်တစ်စုစာ ဖန်တီးထားခဲ့တဲ့ တေးသီချင်းတွေ၊ music video တွေကနေ Scooter Braun ကို အမြတ်အစွန်းတွေ ထပ်မရစေချင်ဘူးလို့လည်း အဆိုပါစာထဲမှာ ပြောထားတာ တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိမှာ Shamrock Holdings နဲ့ တွဲဖက်ပြီး ရှေ့က အယ်လ်ဘမ်ခြောက်ချပ်ထဲက သီချင်းတွေကို ဖျော်ဖြေဦးမှာ မဟုတ်ဘူးလို့ Taylor ဘက်က အခိုင်အမာ ပြောဆိုထားပါတယ်။

ဒါတင်မက သူမအနေနဲ့ အဲ့ဒီ့အယ်လ်ဘမ် ခြောက်ချပ်လုံးကို အသံပြန်သွင်းဖို့ အစီအစဉ်ကိုလည်း ပြုလုပ်နေပြီဖြစ်ပြီး သူမရဲ့ recording ‌တွေ အကုန်ပြီးစီးသွားပြီဆိုတာနဲ့ အရှေ့က မူပိုင်ခွင့်အားလုံးဟာ တန်ဖိုးလျော့နည်းရတော့မှာ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ Taylor ရဲ့ အစီအစဉ်ကတော့ သူမကို မူပိုင်ခွင့် မရောင်းချတဲ့အတွက် အဲ့ဒီ့အယ်လ်ဘမ်အားလုံးကို သူမဘာသာ ပြန်အသံသွင်းပြီး သူမကိုယ်တိုင် ပြန်လည်ဖြန့်ချိ ရောင်းချမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့က မာစတာခွေတွေရဲ့ မူပိုင်ခွင့်ကို ကိုင်ထားသူဟာ ငုတ်တုတ်မေ့ရတော့မှာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Taylor ဟာ Big Machine Records နဲ့ ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ လမ်းခွဲခဲ့ပြီး Universal Music Group နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ Universal Music Group မှာတော့ သူမ ဖန်တီးတဲ့ အယ်လ်ဘမ်တိုင်းရဲ့ မူပိုင်ခွင့်ကို သူမ ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိမယ်လို့ သဘောတူ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lover အယ်လ်ဘမ်နဲ့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတဲ့ Folklore အယ်လ်ဘမ်တွေဟာ Taylor ရဲ့ မူပိုင်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် ဒီ့ထက်အံ့ဩစရာတွေလည်း သူမဆီမှာ ရှိနေသေးတယ်လို့ Taylor က ပြောထားပါသေးတယ်။

အဆိုတော်တစ်ယောက်အနေနဲ့ အယ်လ်ဘမ်တစ်ချပ်ကို အသံသွင်းရတာဟာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ သို့ပေမယ့် Taylor ကတော့ ဆယ်စုနှစ်တစ်ခုစာ ဖြစ်ခဲ့တဲ့ အယ်လ်ဘမ်ခြောက်ချပ်လုံးကို အသံပြန်သွင်းတော့မှာ ဖြစ်လို့ ချီးကျူးစရာလား၊ နှမျောစရာလားလို့ ဆိုရမှာပါ။ အကြောင်းကတော့ သူမသာ ဒီအယ်လ်ဘမ်တွေကို အသံပြန်သွင်းစရာ မလိုခဲ့ဘူးဆိုရင် အဲ့ဒီအ့ချိန်မှာ နောက်ထပ် တေးအယ်လ်ဘမ်အသစ်တွေကို ဖန်တီးနိုင်မှာ ဖြစ်တာကြောင့်ပါပဲ။

Glasgow

Source: hollywood life

(Zawgyi Version)

Taylor Swift ဟာ သူမရဲ႕ ထြက္ရွိၿပီး ေတးအယ္လ္ဘမ္ေတြထဲက ပထမ အယ္လ္ဘမ္ေျခာက္ခ်ပ္ကို အသံျပန္သြင္းေနၿပီလို႔ သိရပါတယ္။ အေၾကာင္းကေတာ့ music manager တစ္ေယာက္ျဖစ္တဲ့ Scooter Braun ဟာ အဲ့ဒီ့အယ္လ္ဘမ္ေျခာက္ခ်ပ္ရဲ႕ မူရင္းမာစတာေခြေတြကို သူမကို ျပန္လည္ဝယ္ယူခြင့္ မျပဳတဲ့အျပင္ သူမ မသိဘဲ တစ္ျခားကုမၸဏီတစ္ခုကို တိတ္တဆိတ္ ေရာင္းခ်လိုက္တာေၾကာင့္ ျဖစ္ပါတယ္။

ျဖစ္ပုံကေတာ့ Taylor Swift ရယ္လို႔ စတင္ေအာင္ျမင္စဥ္ကတည္းက လက္တြဲလာခဲ့တဲ့ Big Machine Records ဟာ သူမ ထြက္ရွိထားသမွ် အယ္လ္ဘမ္ေတြရဲ႕ မူရင္းမာစတာေခြ မူပိုင္ခြင့္ေတြကို သူမဆီ ျပန္လည္မေရာင္းခ်ဘဲ Scooter Braun ကို ေရာင္းခ်ခဲ့ရာက စတင္ပါတယ္။ Scooter Braun ဟာ Taylor Swift ရဲ႕ ရန္ဘက္တစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ အယ္လ္ဘမ္ ေျခာက္ခ်ပ္စာ မူပိုင္ခြင့္ေတြကို ဝယ္ယူသြားၿပီးေနာက္ Taylor ဘက္က ဥပေဒအဖြဲ႕ေတြက ျပန္လည္ဝယ္ယူဖို႔ ဆက္သြယ္ခဲ့ရာမွာလည္း မူမမွန္တဲ့ စာခ်ဳပ္ေတြကို လက္မွတ္ထိုးခိုင္းခဲ့ၿပီး ဘယ္ေ႐ြ႕ဘယ္မွ်နဲ႔ ေရာင္းခ်မယ္ဆိုတဲ့ ေခၚေစ်းကိုလည္း အတိအက် မေျပာခဲ့ဘူးလို႔ ဆိုပါတယ္။

Photo: taylorswift/ Instagram

ဒီ့ထက္ဆိုးတာကေတာ့ Scooter Braun ဟာ Taylor ကို လုံးဝအသိမေပးဘဲ Shamrock Holdings လို႔ေခၚတဲ့ ကုမၸဏီတစ္ခုကို Taylor ရဲ႕ အယ္လ္ဘမ္ေျခာက္ခ်ပ္စာ မူပိုင္ခြင့္ေတြကို ေရာင္းစားလိုက္တာပဲ ျဖစ္ပါတယ္။ အဲ့ဒီ့ Shamrock Holdings က သူမရဲ႕အယ္လ္ဘမ္ေျခာက္ခ်ပ္စာ သီခ်င္းေတြနဲ႔ music video ေတြရဲ႕ မူပိုင္ခြင့္ေတြကို ပိုင္ဆိုင္သြားၿပီလို႔ Taylor ရဲ႕အဖြဲ႕ဆီ သတိေပးစာ ေပးပို႔လာေတာ့မွ Scooter Braun က လက္ဆင့္ကမ္း ထပ္မံေရာင္းခ်လိုက္မွန္း သိခဲ့ရတယ္လို႔ ဆိုပါတယ္။

အယ္လ္ဘမ္ေတြရဲ႕ မူပိုင္ခြင့္၊ သို႔တည္းမဟုတ္ မာစတာေခြ ပိုင္ဆိုင္ခြင့္ဆိုတာကေတာ့ အဆိုေတာ္နဲ႔ ဓာတ္ျပားတိုက္တို႔ၾကားက စာခ်ဳပ္အရ မူလ အသံသြင္းထားတဲ့ သီခ်င္း၊ သို႔မဟုတ္ ဗြီဒီယိုေတြရဲ႕ ပိုင္ဆိုင္ခြင့္ကို ဆိုလိုတာ ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ အဆိုေတာ္တစ္ေယာက္ အယ္လ္ဘမ္တစ္ခ်ပ္ သြင္းၿပီဆိုရင္ အဲ့ဒီ့အယ္လ္ဘမ္ရဲ႕ မူပိုင္ခြင့္ကို သူနဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့ ဓာတ္ျပားတိုက္က ပိုင္ဆိုင္တာ ျဖစ္ပါတယ္။ အဲ့ဒီအယ္လ္ဘမ္ ေရာင္းခ်ေနရသေ႐ြ႕ အဆိုေတာ္ဘက္က ရာခိုင္ႏႈန္းတစ္ခု အႏုပညာေၾကး ရရွိၿပီး အျမတ္ေငြ အမ်ားစုကိုေတာ့ ဓာတ္ျပားတိုက္ဘက္က ရရွိတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအယ္လ္ဘမ္ေတြနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ကိုလည္း ဓာတ္ျပားတိုက္ဘက္က ခ်မွတ္ႏိုင္ပါေသးတယ္။

Photo: taylorswift/ Instagram

Taylor Swift ျဖစ္တဲ့ ျပႆနာကေတာ့ သူမရဲ႕ပထမဆုံး ပြဲဦးထြက္အယ္လ္ဘမ္ကေန ေျခာက္ေခြေျမာက္ျဖစ္တဲ့ Reputation အယ္လ္ဘမ္အထိ မူပိုင္ခြင့္ေတြကို သူမကိုယ္ပိုင္အျဖစ္ ျပန္လည္ဝယ္ယူခြင့္ မရရွိတာပဲ ျဖစ္ပါတယ္။ မူလက Big Machine နဲ႔မွာလည္း ဝယ္ယူဖို႔ ညႇိႏႈိင္းရာမွာ အဆင္မေျပခဲ့သလို ဒီမူပိုင္ခြင့္ေတြကို Scooter Braun က ဝယ္ယူသြားရာမွာလည္း Taylor တစ္ေယာက္ ရင္ကြဲခဲ့ရပါေသးတယ္။

အခုကေတာ့ အဲ့ဒီ့ထက္ပိုဆိုးၿပီး သူမ မသိလိုက္ခင္မွာတင္ ေနာက္ထပ္ ကုမၸဏီတစ္ခုဆီ လက္လႊဲေရာက္သြားခဲ့ၿပီမို႔ အခုလို အစ/အဆုံး recording ျပန္လုပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ Taylor က ဆိုထားပါတယ္။ ဒါ့အျပင္ လက္ရွိ Taylor ရဲ႕ အယ္လ္ဘမ္ေျခာက္ခ်ပ္စာ မူပိုင္ခြင့္ေတြကို ပိုင္ဆိုင္ထားတဲ့ Shamrock Holdings ကိုလည္း Taylor ဘက္က စာတစ္ေစာင္ ေပးပို႔ထားပါေသးတယ္။

Photo: taylorswift/ Instagram

အဲ့ဒါကေတာ့ Shamrock Holdings အေနနဲ႔ Scooter Braun နဲ႔ ပတ္သက္ ဆက္ႏြယ္မႈ လုံးဝကင္း၊မကင္းဆိုတာကို ေမးျမန္းထားၿပီး သူမ ဆယ္စုႏွစ္တစ္စုစာ ဖန္တီးထားခဲ့တဲ့ ေတးသီခ်င္းေတြ၊ music video ေတြကေန Scooter Braun ကို အျမတ္အစြန္းေတြ ထပ္မရေစခ်င္ဘူးလို႔လည္း အဆိုပါစာထဲမွာ ေျပာထားတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ လက္ရွိမွာ Shamrock Holdings နဲ႔ တြဲဖက္ၿပီး ေရွ႕က အယ္လ္ဘမ္ေျခာက္ခ်ပ္ထဲက သီခ်င္းေတြကို ေဖ်ာ္ေျဖဦးမွာ မဟုတ္ဘူးလို႔ Taylor ဘက္က အခိုင္အမာ ေျပာဆိုထားပါတယ္။

ဒါတင္မက သူမအေနနဲ႔ အဲ့ဒီ့အယ္လ္ဘမ္ ေျခာက္ခ်ပ္လုံးကို အသံျပန္သြင္းဖို႔ အစီအစဥ္ကိုလည္း ျပဳလုပ္ေနၿပီျဖစ္ၿပီး သူမရဲ႕ recording ‌ေတြ အကုန္ၿပီးစီးသြားၿပီဆိုတာနဲ႔ အေရွ႕က မူပိုင္ခြင့္အားလုံးဟာ တန္ဖိုးေလ်ာ့နည္းရေတာ့မွာ ျဖစ္တယ္လို႔လည္း ဆိုထားပါေသးတယ္။ Taylor ရဲ႕ အစီအစဥ္ကေတာ့ သူမကို မူပိုင္ခြင့္ မေရာင္းခ်တဲ့အတြက္ အဲ့ဒီ့အယ္လ္ဘမ္အားလုံးကို သူမဘာသာ ျပန္အသံသြင္းၿပီး သူမကိုယ္တိုင္ ျပန္လည္ျဖန႔္ခ်ိ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေရွ႕က မာစတာေခြေတြရဲ႕ မူပိုင္ခြင့္ကို ကိုင္ထားသူဟာ ငုတ္တုတ္ေမ့ရေတာ့မွာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

Taylor ဟာ Big Machine Records နဲ႔ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလမွာ လမ္းခြဲခဲ့ၿပီး Universal Music Group နဲ႔ လက္တြဲခဲ့တာ ျဖစ္ပါတယ္။ Universal Music Group မွာေတာ့ သူမ ဖန္တီးတဲ့ အယ္လ္ဘမ္တိုင္းရဲ႕ မူပိုင္ခြင့္ကို သူမ ျပန္လည္ပိုင္ဆိုင္ခြင့္ ရရွိမယ္လို႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Lover အယ္လ္ဘမ္နဲ႔ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိထားတဲ့ Folklore အယ္လ္ဘမ္ေတြဟာ Taylor ရဲ႕ မူပိုင္ေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြအတြက္ ဒီ့ထက္အံ့ဩစရာေတြလည္း သူမဆီမွာ ရွိေနေသးတယ္လို႔ Taylor က ေျပာထားပါေသးတယ္။

အဆိုေတာ္တစ္ေယာက္အေနနဲ႔ အယ္လ္ဘမ္တစ္ခ်ပ္ကို အသံသြင္းရတာဟာ လြယ္ကူတဲ့အရာ မဟုတ္ပါဘူး။ သို႔ေပမယ့္ Taylor ကေတာ့ ဆယ္စုႏွစ္တစ္ခုစာ ျဖစ္ခဲ့တဲ့ အယ္လ္ဘမ္ေျခာက္ခ်ပ္လုံးကို အသံျပန္သြင္းေတာ့မွာ ျဖစ္လို႔ ခ်ီးက်ဴးစရာလား၊ ႏွေမ်ာစရာလားလို႔ ဆိုရမွာပါ။ အေၾကာင္းကေတာ့ သူမသာ ဒီအယ္လ္ဘမ္ေတြကို အသံျပန္သြင္းစရာ မလိုခဲ့ဘူးဆိုရင္ အဲ့ဒီအ့ခ်ိန္မွာ ေနာက္ထပ္ ေတးအယ္လ္ဘမ္အသစ္ေတြကို ဖန္တီးႏိုင္မွာ ျဖစ္တာေၾကာင့္ပါပဲ။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular