HomeCelebs Update NewsBollywoodအသက်(၅၃)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ မင်းသားကြီး Irrfan Khan

အသက်(၅၃)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ မင်းသားကြီး Irrfan Khan

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘောလိဝုဒ်မင်းသားကြီး Irrfan Khan ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက်(၅၃)နှစ်ရှိပြီဖြစ်ပြီး မွမ်ဘိုင်းက ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီးဟာ မနေ့က ဧပြီလ(၂၈)ရက်နေ့မှာ အူမကြီး ပိုးဝင်တာကြောင့် အထူးကြပ်မတ်ကုသဆောင် ICU ထဲမှာ ကုသမှုခံယူခဲ့ရပါတယ်။ အဲ့ဒီ့နောက် ကျန်းမာရေး အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး ဒီကနေ့ (၂၉)ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီးဟာ ကင်ဆာရောဂါကို အချိန်ကြာမြင့်စွာ ခံစားနေခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo: wikimedia commons

မင်းသားကြီးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ ကြေငြာချက်မှာ အခုလို ပြောကြားထားပါတယ်။

” ကျွန်တော် အရှုံးပေးလိုက်ပြီလို့ ယုံကြည်ပါတယ်… ဒီစကားကတော့ ၂၀၁၈ခုနှစ်တုန်းက သူ့မှာကင်ဆာရောဂါ ရှိနေကြောင်း ဖွင့်ပြောပြခဲ့တဲ့ ဝမ်းနည်းစရာ ကြေငြာချက်ထဲက သူပြောခဲ့တဲ့ စကားအချို့ ဖြစ်ပါတယ်။ သူဟာ စကားနည်းတဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မျက်လုံးအကြည့်တွေနဲ့သာ သူ့ရင်ထဲက နက်နဲတဲ့အတွေးတွေကို ထုတ်ပြခဲ့သူပါ။ ပြီးတော့ ဖန်သားပြင်ပေါ်က သူ့ရဲ့ အမှတ်ရစရာ သရုပ်ဆောင်ချက်တွေရောပေါ့… ”

” ဒီကနေ့ သူ ဆုံးသွားပြီဆိုတဲ့သတင်းကိုပဲ ကျွန်တော်တို့ ယူလာပေးနိုင်လို့ သိပ်ကိုဝမ်းနည်းရပါတယ်။ Irrfan ဟာ တကယ် သန်မာတဲ့စိတ်ဝိဉာဉ်နဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားတဲ့လူဖြစ်ပြီး သူ့ဘေးနားက လူအားလုံးအတွက်ကိုလည်း လေးစားစရာလူတစ်ယောက် ဖြစ်ခဲ့သူပါ ….”

Photo Credit: economic times

” ၂၀၁၈ခုနှစ်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ သိပ်ကိုရှားပါးလွန်းတဲ့ ကင်ဆာရောဂါတစ်ခုကို ခံစားနေရကြောင်း သိလိုက်ရပြီး မကြာခင်မှာပဲ သူ့ဘဝကို နှုတ်ယူသွားခံရပေမယ့် ဒီရောဂါကြောင့် ဖြစ်လာတဲ့ တိုက်ပွဲအားလုံးကို သူကြိုးစားပြီး တိုက်သွားပါတယ်…”

” သူချစ်ရတဲ့လူတွေ၊ သူ့ရဲ့မိသားစုတွေ၊ သူ့ကို တကယ်ဂရုစိုက်တဲ့လူတွေ ဝန်းရံပြီးတော့ စစ်မှန်တဲ့ အမွေအနှစ်တွေကို ချန်ထားပြီး ထွက်ခွာသွားခဲ့ပါပြီ။ သူ ငြိမ်းချမ်းတဲ့နေရာမှာ ရှိနေမယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်သလို ဆုလည်းတောင်းပေးပါတယ်။ သူပြောခဲ့တဲ့ စကားအချို့နဲ့ပဲ ဝမ်းနည်းစွာနဲ့ နိဂုံးချုပ်လိုက်ရပါတယ်…”

အဲ့ဒါကတော့ “ဘဝရဲ့ မှော်ဆန်တဲ့အပိုင်းကို ကျွန်တော် ပထမဆုံး မြည်းစမ်းကြည့်ခဲ့ပါတယ်.. ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

မင်းသားကြီးဟာ အနုပညာသက်တမ်းအနေနဲ့ ဆယ်စုနှစ်သုံးခုကျော်လောက် ဖြတ်သန်းခဲ့ပြီး အိန္ဒိယရုပ်ရှင်ပေါင်း (၅၀)ကျော်ကို ရိုက်ကူးထားခဲ့ပါတယ်။ သူ့ရဲ့နာမည်ကြီး နိုင်ငံတကာရုပ်ရှင်တွေကတော့ The Namesake ၊ The Slumdog Millionaire ၊ Life of Pi နဲ့ Jurassic World တို့ ဖြစ်ပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္ ေဘာလိဝုဒ္မင္းသားႀကီး Irrfan Khan ဟာ ဒီကေန႔ ဗုဒၶဟူးေန႔မွာ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ မင္းသားႀကီးဟာ ကြယ္လြန္ခ်ိန္မွာ အသက္(၅၃)ႏွစ္ရွိၿပီျဖစ္ၿပီး မြမ္ဘိုင္းက ေဆး႐ုံတစ္႐ုံမွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

မင္းသားႀကီးဟာ မေန႔က ဧၿပီလ(၂၈)ရက္ေန႔မွာ အူမႀကီး ပိုးဝင္တာေၾကာင့္ အထူးၾကပ္မတ္ကုသေဆာင္ ICU ထဲမွာ ကုသမႈခံယူခဲ့ရပါတယ္။ အဲ့ဒီ့ေနာက္ က်န္းမာေရး အေျခအေနဟာ ပိုမိုဆိုး႐ြားလာခဲ့ၿပီး ဒီကေန႔ (၂၉)ရက္ေန႔မွာ ကြယ္လြန္အနိစၥေရာက္သြားခဲ့တာ ျဖစ္ပါတယ္။ မင္းသားႀကီးဟာ ကင္ဆာေရာဂါကို အခ်ိန္ၾကာျမင့္စြာ ခံစားေနခဲ့ရသူလည္း ျဖစ္ပါတယ္။

Photo: wikimedia commons

မင္းသားႀကီးရဲ႕ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေတာ့ ေၾကျငာခ်က္မွာ အခုလို ေျပာၾကားထားပါတယ္။

” ကြၽန္ေတာ္ အရႈံးေပးလိုက္ၿပီလို႔ ယုံၾကည္ပါတယ္… ဒီစကားကေတာ့ ၂၀၁၈ခုႏွစ္တုန္းက သူ႔မွာကင္ဆာေရာဂါ ရွိေနေၾကာင္း ဖြင့္ေျပာျပခဲ့တဲ့ ဝမ္းနည္းစရာ ေၾကျငာခ်က္ထဲက သူေျပာခဲ့တဲ့ စကားအခ်ိဳ႕ ျဖစ္ပါတယ္။ သူဟာ စကားနည္းတဲ့လူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕မ်က္လုံးအၾကည့္ေတြနဲ႔သာ သူ႔ရင္ထဲက နက္နဲတဲ့အေတြးေတြကို ထုတ္ျပခဲ့သူပါ။ ၿပီးေတာ့ ဖန္သားျပင္ေပၚက သူ႔ရဲ႕ အမွတ္ရစရာ သ႐ုပ္ေဆာင္ခ်က္ေတြေရာေပါ့… ”

” ဒီကေန႔ သူ ဆုံးသြားၿပီဆိုတဲ့သတင္းကိုပဲ ကြၽန္ေတာ္တို႔ ယူလာေပးႏိုင္လို႔ သိပ္ကိုဝမ္းနည္းရပါတယ္။ Irrfan ဟာ တကယ္ သန္မာတဲ့စိတ္ဝိဉာဥ္နဲ႔ လူတစ္ေယာက္ပါ။ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္အထိ တိုက္ပြဲဝင္သြားတဲ့လူျဖစ္ၿပီး သူ႔ေဘးနားက လူအားလုံးအတြက္ကိုလည္း ေလးစားစရာလူတစ္ေယာက္ ျဖစ္ခဲ့သူပါ ….”

Photo Credit: economic times

” ၂၀၁၈ခုႏွစ္မွာ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုပဲ သိပ္ကိုရွားပါးလြန္းတဲ့ ကင္ဆာေရာဂါတစ္ခုကို ခံစားေနရေၾကာင္း သိလိုက္ရၿပီး မၾကာခင္မွာပဲ သူ႔ဘဝကို ႏႈတ္ယူသြားခံရေပမယ့္ ဒီေရာဂါေၾကာင့္ ျဖစ္လာတဲ့ တိုက္ပြဲအားလုံးကို သူႀကိဳးစားၿပီး တိုက္သြားပါတယ္…”

” သူခ်စ္ရတဲ့လူေတြ၊ သူ႔ရဲ႕မိသားစုေတြ၊ သူ႔ကို တကယ္ဂ႐ုစိုက္တဲ့လူေတြ ဝန္းရံၿပီးေတာ့ စစ္မွန္တဲ့ အေမြအႏွစ္ေတြကို ခ်န္ထားၿပီး ထြက္ခြာသြားခဲ့ပါၿပီ။ သူ ၿငိမ္းခ်မ္းတဲ့ေနရာမွာ ရွိေနမယ္လို႔ ကြၽန္ေတာ္တို႔အားလုံး ေမွ်ာ္လင့္သလို ဆုလည္းေတာင္းေပးပါတယ္။ သူေျပာခဲ့တဲ့ စကားအခ်ိဳ႕နဲ႔ပဲ ဝမ္းနည္းစြာနဲ႔ နိဂုံးခ်ဳပ္လိုက္ရပါတယ္…”

အဲ့ဒါကေတာ့ “ဘဝရဲ႕ ေမွာ္ဆန္တဲ့အပိုင္းကို ကြၽန္ေတာ္ ပထမဆုံး ျမည္းစမ္းၾကည့္ခဲ့ပါတယ္.. ” ဆိုတဲ့ စကားပဲ ျဖစ္ပါတယ္။

မင္းသားႀကီးဟာ အႏုပညာသက္တမ္းအေနနဲ႔ ဆယ္စုႏွစ္သုံးခုေက်ာ္ေလာက္ ျဖတ္သန္းခဲ့ၿပီး အိႏၵိယ႐ုပ္ရွင္ေပါင္း (၅၀)ေက်ာ္ကို ႐ိုက္ကူးထားခဲ့ပါတယ္။ သူ႔ရဲ႕နာမည္ႀကီး ႏိုင္ငံတကာ႐ုပ္ရွင္ေတြကေတာ့ The Namesake ၊ The Slumdog Millionaire ၊ Life of Pi နဲ႔ Jurassic World တို႔ ျဖစ္ပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular