HomeCelebs Update NewsInternationalဆင္ဂယ္လ္အသစ္ "ME" နဲ႔ YouTube စံခ်ိန္ခ်ိဳးသြားတဲ့ Taylor Swift

ဆင္ဂယ္လ္အသစ္ “ME” နဲ႔ YouTube စံခ်ိန္ခ်ိဳးသြားတဲ့ Taylor Swift

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ပရိသတ္အခ်စ္ေတာ္ Tay Tay ကေတာ့ (၂)ႏွစ္ဆိုတဲ့ ကာလအပိုင္းအျခားအတြင္းမွာ ဆင္ဂယ္လ္အသစ္ ထုတ္ေ၀ျဖန္႔ခ်ိၿပီး YouTube နဲ႔ Vevo မွာ စံခ်ိန္အသစ္ေတြ တင္သြားၿပီ ျဖစ္ပါတယ္။

“ME” လို႔အမည္ရတဲ့ သီခ်င္းအသစ္ဟာ ထြက္ရိွၿပီး (၂၄)နာရီအတြင္းမွာပဲ ၾကည့္ရႈသူ (၆၅.၂)သန္းအထိ ရိွခဲ့ၿပီး တာထြက္အေကာင္းဆုံး အမ်ိဳးသမီးအဆိုေတာ္ေတြရဲ႕ စံခ်ိန္သာမက solo artist ေတြရဲ႕စံခ်ိန္ကိုပါ ခ်ိဳးျဖတ္သြားခဲ့တာ ျဖစ္ပါတယ္။


ဒီသီခ်င္းဟာ Tay Tay ရဲ႕ ဒုတိယေျမာက္ စံခ်ိန္တင္သြားတဲ့ သီခ်င္းျဖစ္ၿပီး ပထမ စံခ်ိန္တင္ထားတဲ့ သီခ်င္းကေတာ့ ၂၀၁၇ခုႏွစ္က ထြက္ရိွခဲ့တဲ့ “Look What You Made Me Do” ပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ (၂၄)နာရီအတြင္း ၾကည့္ရႈသူအမ်ားဆုံးစံခ်ိန္တင္ သီခ်င္းႏွစ္ပုဒ္ကို ပိုင္ဆိုင္ထားတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီးအဆိုရွင္ဆိုတဲ့ စံခ်ိန္ကိုပါ မွတ္ေက်ာက္တင္သြားႏိုင္ပါေသးတယ္။

https://www.instagram.com/p/Bw0ENivhFnv/?utm_source=ig_embed

၂၀၁၇ခုႏွစ္က ထြက္ရိွခဲ့တဲ့ Reputation အယ္လ္ဘမ္အၿပီး ဆက္လက္ထြက္ရိွလာမယ့္ ယခုအယ္လ္ဘမ္ဟာလည္းပဲ ေနာက္ထပ္စံခ်ိန္ေတြ ခ်ိဳးႏိုင္ဖြယ္ရာ ရိွေသးတယ္လို႔ မီဒီယာမ်ားက သုံးသပ္ေနၾကပါတယ္။ လတ္တေလာမွာေတာ့ သူမဟာ လာမယ့္ အယ္လ္ဘမ္အသစ္အတြက္ ဘာတစြန္းတစမွ ေဖာ္ျပျခင္း မရိွေသးပါဘူး။ Tour Date ေတြလည္း မရိွတ့ဲအတြက္ ဘယ္အခ်ိန္မွာ ဘာထလုပ္မယ္ဆိုတာကို Tay Tay ရဲ႕ အမာခံပရိသတ္ (Swifties)ေလးေတြကေတာ့ ရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနၾကပါတယ္။

ေအာက္မွာ ေဖာ္ျပေပးထားတဲ့ “ME” music video ေလးကိုလည္း ၾကည့္ရႈခံစားလိုက္ပါဦး။

Xei

Source: globalnews.ca

(Unicode Version)

ပရိသတ်အချစ်တော် Tay Tay ကတော့ (၂)နှစ်ဆိုတဲ့ ကာလအပိုင်းအခြားအတွင်းမှာ ဆင်ဂယ်လ်အသစ် ထုတ်ဝေဖြန့်ချိပြီး YouTube နဲ့ Vevo မှာ စံချိန်အသစ်တွေ တင်သွားပြီ ဖြစ်ပါတယ်။

“ME” လို့အမည်ရတဲ့ သီချင်းအသစ်ဟာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူ (၆၅.၂)သန်းအထိ ရှိခဲ့ပြီး တာထွက်အကောင်းဆုံး အမျိုးသမီးအဆိုတော်တွေရဲ့ စံချိန်သာမက solo artist တွေရဲ့စံချိန်ကိုပါ ချိုးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။


ဒီသီချင်းဟာ Tay Tay ရဲ့ ဒုတိယမြောက် စံချိန်တင်သွားတဲ့ သီချင်းဖြစ်ပြီး ပထမ စံချိန်တင်ထားတဲ့ သီချင်းကတော့ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ “Look What You Made Me Do” ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ (၂၄)နာရီအတွင်း ကြည့်ရှုသူအများဆုံးစံချိန်တင် သီချင်းနှစ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော အမျိုးသမီးအဆိုရှင်ဆိုတဲ့ စံချိန်ကိုပါ မှတ်ကျောက်တင်သွားနိုင်ပါသေးတယ်။

https://www.instagram.com/p/Bw0ENivhFnv/?utm_source=ig_embed

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Reputation အယ်လ်ဘမ်အပြီး ဆက်လက်ထွက်ရှိလာမယ့် ယခုအယ်လ်ဘမ်ဟာလည်းပဲ နောက်ထပ်စံချိန်တွေ ချိုးနိုင်ဖွယ်ရာ ရှိသေးတယ်လို့ မီဒီယာများက သုံးသပ်နေကြပါတယ်။ လတ်တလောမှာတော့ သူမဟာ လာမယ့် အယ်လ်ဘမ်အသစ်အတွက် ဘာတစွန်းတစမှ ဖော်ပြခြင်း မရှိသေးပါဘူး။ Tour Date တွေလည်း မရှိတဲ့အတွက် ဘယ်အချိန်မှာ ဘာထလုပ်မယ်ဆိုတာကို Tay Tay ရဲ့ အမာခံပရိသတ် (Swifties)လေးတွေကတော့ ရင်ခုန်စွာ စောင့်မျှော်နေကြပါတယ်။

အောက်မှာ ဖော်ပြပေးထားတဲ့ “ME” music video လေးကိုလည်း ကြည့်ရှုခံစားလိုက်ပါဦး။

Xei

Source: globalnews.ca

RELATED ARTICLES

Most Popular