HomeEntertainmentFilmTeaser ထွက်ရှိလာတဲ့ Dune: Part Two

Teaser ထွက်ရှိလာတဲ့ Dune: Part Two

Dune: Part Two ရဲ့ teaser ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီ teaser ထဲမှာတော့ ကာရိုက်တာတွေရဲ့ first look ကို ပြသသွားပြီး ပရိသတ်တွေကတော့ ဗီလိန်ဖြစ်လာမယ့် Feyd-Rautha အကြောင်းကိုလည်း စိတ်ဝင်စားနေကြပါတယ်။

Dune: Part Two ကိုတော့ ပထမ Dune ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Denis Villeneuve ကပဲ ရိုက်ကူးပေးထားပါတယ်။ ဒီ sequel ရုပ်ရှင်မှာလည်း Paul (Timothée Chalamet) ၊ Chani (Zendaya)တို့လို ကာရိုက်တာအများစု ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပြီး ကာရိုက်တာအသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ကာရိုက်တာအသစ်တွေအနေနဲ့ကတော့ Princess Irulan အဖြစ် Florence Pugh နဲ့ Feyd-Rautha Harkonnen အဖြစ် Austin Butler တို့က သရုပ်ဆောင်ထားပါတယ်။

လက်ရှိထွက်ထားတဲ့ teaser အရ ပရိသတ်တွေကတော့ ဗီလိန်ဖြစ်တဲ့ Feyd-Rautha Harkonnen ရဲ့ first look ကို စိတ်ဝင်စားနေကြပြီး နှစ်ခြမ်းကွဲနေကြပါတယ်။ တစ်ခြမ်းကတော့ Austin Butler သရုပ်ဆောင်ထားတဲ့ Feyd-Rautha ရဲ့ပုံစံကို အံ့အားသင့်နေကြပြီး တချို့ကတော့ ဒီပုံစံဟာ Austin Butler နဲ့မတူဘဲ Matt Smith နဲ့ တော်တော်လေး ဆင်တူနေတယ်လို့ ပြောနေကြပါတယ်။ တချို့ကလည်း Noho Hank နဲ့ တူနေတယ်လို့ ပြောနေကြပါတယ်။

လောလောဆယ် first look မှာတော့ ဒီလို meme တွေနဲ့ လူပြောများနေပေမယ့် Austin Butler ဟာ သူ့ရဲ့ဇာတ်ကောင်အပေါ်ထားတဲ့ စိတ်မြှုပ်နှံမှုကိုတော့ Elvis မှာလည်း တွေ့ရမှာဖြစ်သလို Once Upon A Time in Hollywood ထဲက Tex အနေနဲ့လည်း သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုညမှာ ထွက်ရှိလာတော့မယ့် official trailer ထဲမှာလည်း သူ့ရဲ့ဇာတ်ကောင်ကို ပိုပြီးမြင်တွေ့ရဦးမယ်လို့ ယူဆရပါတယ်။

Vancouver

 

RELATED ARTICLES

Most Popular