HomeEntertainmentFilmTitanic ရဲ့ဝင်ငွေစံချိန်ကို ကျော်တက်တော့မယ့် Top Gun: Maverick

Titanic ရဲ့ဝင်ငွေစံချိန်ကို ကျော်တက်တော့မယ့် Top Gun: Maverick

လက်ရှိ အောင်ပွဲခံနေတဲ့ Top Gun: Maverick ရုပ်ရှင်ကတော့ ယူအက်စ်ရဲ့ ပြည်တွင်းဝင်ငွေပမာဏမှာ Titanic ကို ကျော်တက်ဖို့ ဖြစ်နေပါပြီ။ Titanic ကတော့ လက်ရှိအချိန်ထိ ယူအက်စ်ရဲ့ ပြည်တွင်းဝင်ငွေအများဆုံး ဇာတ်ကားစာရင်းမှာ နံပါတ်(၇)နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။

Top Gun: Maverick ကတော့ ဝင်ငွေမှာ ကြောက်ခမန်းလိလိ အောင်မြင်နေပြီး စံချိန်များစွာကိုလည်း ချိုးဖြတ်နေပါတယ်။ ဒီဇာတ်ကားဟာ မင်းသားကြီး Tom Cruise ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာပြီး ဇွန်လ(၂၆)ရက်နေ့မှာပဲ ဒီဇာတ်ကားရဲ့ ယူအက်စ်ပြည်တွင်းနဲ့ နိုင်ငံတကာက ရရှိတဲ့ ဝင်ငွေအားလုံးပေါင်း ပမာဏဟာ ဒေါ်လာ(၁)ဘီလျံကျော်သွားပါတယ်။

ဒါ့အပြင် ပရိသတ်တွေနဲ့ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ချီးကျူးထောပနာကိုလည်း ရရှိထားပြီး မူလဇာတ်ကားဖြစ်တဲ့ Top Gun ထက်တောင် ပိုကောင်းတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ ယခုဆိုရင်တော့ Variety ရဲ့ ဖော်ပြချက်အရ Top Gun: Maverick ဟာ နောက်ထပ် စံချိန်တစ်ခုကို ထပ်မံချိုးဖြတ်ဦးမယ်လို့ သိရပါတယ်။

Photo Credit: Paramount Pictures

ယနေ့အချိန်ထိ Top Gun: Maverick ရုပ်ရှင်ဟာ ယူအက်စ် ပြည်တွင်းတစ်ခုတည်းမှာ ဝင်ငွေ ဒေါ်လာ(၆၅၇)သန်းခန့် ရရှိထားပါတယ်။ Titanic ရဲ့ ယူအက်စ်ပြည်တွင်းက ဝင်ငွေပမာဏကတော့ ဒေါ်လာ(၆၅၉)သန်း ဖြစ်ပြီး ယူအက်စ်ပြည်တွင်းရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းမှာ နံပါတ်(၇)နေရာက ရပ်တည်နေပါတယ်။

ဝင်ငွေပမာဏအနေနဲ့ ဒေါ်လာ(၂)သန်း ကွာဟနေသေးပေမယ့် လက်ရှိမှာ Top Gun: Maverick ဟာ ရုံတင်နေဆဲဖြစ်ပြီး Titanic ကတော့ ရုံတင်နေတာ မဟုတ်တဲ့အတွက် လာမယ့်တစ်ပတ်လောက်အတွင်းမှာ Top Gun: Maverick က ဒီနေရာကို ရရှိသွားမှာ ဖြစ်ပါတယ်။ ယူအက်စ်ရဲ့ ပြည်တွင်းဝင်ငွေအကောင်းဆုံး ဇာတ်ကား(၁၀)ကား စာရင်းမှာတော့ Titanic တစ်ကားတည်းသာ (၂၁)ရာစုမှာ ရုံတင်တဲ့ဇာတ်ကား မဟုတ်တာပါ။

Photo Credit: Paramount Pictures

ဒါ့အပြင် Titanic ဟာ နာမည်ကြီး sequel ၊ prequel ဇာတ်ကားတွေလည်း မဟုတ်သလို ဇာတ်အိမ်ကြီးမား ကျယ်ပြန့်လွန်းပြီး universe တည်ဆောက်ထားတဲ့ Marvel Cinematic Universe ထဲက ဇာတ်ကားတွေလည်း မဟုတ်ပါဘူး။ ဒီလိုဇာတ်ကားတစ်ကားတည်းနဲ့ ဝင်ငွေအကောင်းဆုံးစာရင်းမှာ ရပ်တည်ဖို့ကတော့ ယခုခေတ်မှာ ယှဉ်ပြိုင်မှုတွေ အလွန်ပြင်းထန်ပါတယ်။

သို့သော်လည်း Titanic ဟာ (၂၅)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ master ပြန်လုပ်ထားတဲ့ ဗားရှင်းကို ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ထပ်မံရုံတင်သွားဖို့ ရှိနေသေးတာကြောင့် ရှေ့လာမယ့် အနာဂတ်မှာတော့ Titanic ဟာ Top Gun: Maverick ကို ပြန်လည် ကျော်တက်သွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

Vancovuer

Source: screenrant/ variety

RELATED ARTICLES

Most Popular