HomeEntertainmentFilmဆိုးယုတ်တဲ့ လူ့သဘာဝအကြောင်း အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးထိုင်းစီးရီးများ 

ဆိုးယုတ်တဲ့ လူ့သဘာဝအကြောင်း အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးထိုင်းစီးရီးများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပုံမှန် ချစ်ကြိုက်ကွဲညားတွေက ခွဲထွက်ပြီး လူတွေရဲ့ ဆိုးယုတ်တတ်တဲ့ သဘာဝ၊ ဓလေ့စရိုက်နဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်း၊ ဇာတ်ကွက်ကောင်းကောင်းနဲ့ ကြည့်ရှုလိုသူတွေအတွက် ထိုင်းဇာတ်လမ်းတွဲတွေဟာလည်း‌ ရွေးချယ်စရာတစ်ခုပါပဲ။ အနောက်တိုင်း ဇာတ်လမ်းတွဲတွေနဲ့ မတူညီတဲ့ ရသမျိုးကိုလည်း ကြိုက်မယ်၊ ထိုင်းဇာတ်လမ်းတွေကိုလည်း ကြိုက်မယ်ဆိုရင်တော့ အခုညွှန်းပေးမယ့် စီးရီးတွေကို နှစ်သက်ကြမှာပါ။ လူတွေရဲ့ အမှောင်ဘက်ခြမ်းကို ရိုက်ပြထားတဲ့ dark အဖြစ်ဆုံး ထိုင်းဇာတ်လမ်းတွဲတွေကတော့ …

(1) Gift for Someone You Hate
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (9.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဟာ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တစ်ခုနဲ့ ပတ်သက်နေတဲ့ အဖြစ်အပျက်တွေနဲ့ လူသေဆုံးမှုတွေကို ထောက်လှမ်းနေတာ မြင်တွေ့ရမှာပါ။ အဲ့ဒီလက်ဆောင်ပစ္စည်းဆိုင်ကတော့ ပုံမှန်မဟုတ်ဘဲ ကိုယ့်ရဲ့အမုန်းဆုံးလူတွေကို ပေးဖို့အတွက် သီးသန့်ပြုလုပ်ပေးတဲ့ ဆိုင်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Toni Rakkaen နဲ့ Sarunchana Apisamaimongkol တို့ ပါဝင်ထားပါတယ်။

(2) The Gifted
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့ အမှတ်ကသာ အရာရာ ဖြစ်နေတဲ့ ကျောင်းတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ တစ်ရက်မှာတော့ အမှတ်အနည်းဆုံး အတန်းက ကောင်လေးတစ်ယောက်ဟာ Gifted ပရိုဂရမ်ထဲမှာ ပါဝင်သွားပါတယ်။ အဲ့ဒီပရိုဂရမ်ထဲမှာ ပါဝင်သွားသူတွေကတော့ တခြားကျောင်းသား၊ကျောင်းသူတွေ စိတ်ကူးပဲယဉ်နိုင်တဲ့ အထူးခံစားခွင့်တွေကို ရရှိပါတယ်။ သရုပ်ဆောင်တွေကတော့ Korapat Kirdpan ၊ Wachirawit Ruangwiwat နဲ့ Apichaya Thongkham တို့ ပါဝင်ထားပြီး sequel အနေနဲ့ The Gifted: Graduation ဆိုပြီး ထပ်ထွက်ထားပါသေးတယ်။

(3) In Family We Trust
photo via imdb

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ခဲ့ကြပေမယ့်လည်း တစ်ရက်မှာတော့ မိသားစု စီးပွားရေးရဲ့ အကြီးအကဲဖြစ်သူ သားအကြီးဆုံးက အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘယ်သူက သူ့ကို သတ်သွားတာလည်းဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Thanapob Leeratanakachorn နဲ့ Sopitnapa Dabbaransi တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(4) Hormones
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ တခြားဇာတ်လမ်းတွဲတွေလို သဘာဝလွန်အရာတွေ မပါဝင်ဘဲ သာမန် ရိုမန့်စ် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်းကျောင်းသားတွေရဲ့ ဘဝကို ရိုက်ပြထားတာ ဖြစ်ပြီး သာမန် ဆယ်ကျော်သက်တွေ ကြုံတွေ့ရတတ်တဲ့အရာတွေကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Ungsumalynn Sirapatsakmetha နဲ့ Sananthachat Thanapatpisal တို့ ပါဝင်ထားပါတယ်။

(5) Girl From Nowhere
photo via imdb

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၈ ခုနှစ်က စတင်ပြီး Netflix က ထုတ်လွှင့်ပြသခဲ့ကာ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Nanno ဆိုတဲ့ ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်ဟာ ကျောင်းတစ်ကျောင်းကို ပြောင်းရွှေ့လာရာက စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ Nanno ဟာ အဲ့ဒီကျောင်းမှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေနဲ့ ကျောင်းသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပါတော့တယ်။ Chicha Amatayakul ကတော့ Nanno အနေနဲ့ အဓိက ပါဝင်ထားပါတယ်။

(6) Bad Genius: The Series
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bad Genius ရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ထိုင်းကားတစ်ကား ဖြစ်ပြီး အခုချိန်မှာတော့ အဲ့ဒီရုပ်ရှင်ကားကို ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားတစ်စုဟာ စာမေးပွဲကို အသုံးချပြီး ပိုက်ဆံရှာတာကို မြင်တွေ့ရမှာပါ။ Plearnpichaya Komalarajun နဲ့ Jinjett Wattanasin တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(7) ThirTEEN Terrors
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်စုဟာ သူတို့ကျောင်းရဲ့ ထူးဆန်းတဲ့ အတိတ်ကို ပြန်လည်စုံစမ်းကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ တစ်ပိုင်းချင်းစီဟာ မတူညီဘဲ ဇာတ်သိမ်းအထိ တစ်ခါတည်း ကြည့်ချင်သွားအောင် ဆွဲဆောင်သွားမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Sutatta Udomsilp နဲ့ Kemisara Paladesh တို့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပုံမွန္ ခ်စ္ႀကိဳက္ကြဲညားေတြက ခြဲထြက္ၿပီး လူေတြရဲ႕ ဆိုးယုတ္တတ္တဲ့ သဘာဝ၊ ဓေလ့စ႐ိုက္နဲ႔ အျဖစ္အပ်က္ေတြကို ဇာတ္လမ္း၊ ဇာတ္ကြက္ေကာင္းေကာင္းနဲ႔ ၾကည့္ရႈလိုသူေတြအတြက္ ထိုင္းဇာတ္လမ္းတြဲေတြဟာလည္း‌ ေ႐ြးခ်ယ္စရာတစ္ခုပါပဲ။ အေနာက္တိုင္း ဇာတ္လမ္းတြဲေတြနဲ႔ မတူညီတဲ့ ရသမ်ိဳးကိုလည္း ႀကိဳက္မယ္၊ ထိုင္းဇာတ္လမ္းေတြကိုလည္း ႀကိဳက္မယ္ဆိုရင္ေတာ့ အခုၫႊန္းေပးမယ့္ စီးရီးေတြကို ႏွစ္သက္ၾကမွာပါ။ လူေတြရဲ႕ အေမွာင္ဘက္ျခမ္းကို ႐ိုက္ျပထားတဲ့ dark အျဖစ္ဆုံး ထိုင္းဇာတ္လမ္းတြဲေတြကေတာ့ …

(1) Gift for Someone You Hate
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (9.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စုံေထာက္တစ္ေယာက္ဟာ လက္ေဆာင္ပစၥည္း အေရာင္းဆိုင္တစ္ခုနဲ႔ ပတ္သက္ေနတဲ့ အျဖစ္အပ်က္ေတြနဲ႔ လူေသဆုံးမႈေတြကို ေထာက္လွမ္းေနတာ ျမင္ေတြ႕ရမွာပါ။ အဲ့ဒီလက္ေဆာင္ပစၥည္းဆိုင္ကေတာ့ ပုံမွန္မဟုတ္ဘဲ ကိုယ့္ရဲ႕အမုန္းဆုံးလူေတြကို ေပးဖို႔အတြက္ သီးသန႔္ျပဳလုပ္ေပးတဲ့ ဆိုင္ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Toni Rakkaen နဲ႔ Sarunchana Apisamaimongkol တို႔ ပါဝင္ထားပါတယ္။

(2) The Gifted
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္ရဲ႕ အမွတ္ကသာ အရာရာ ျဖစ္ေနတဲ့ ေက်ာင္းတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ တစ္ရက္မွာေတာ့ အမွတ္အနည္းဆုံး အတန္းက ေကာင္ေလးတစ္ေယာက္ဟာ Gifted ပ႐ိုဂရမ္ထဲမွာ ပါဝင္သြားပါတယ္။ အဲ့ဒီပ႐ိုဂရမ္ထဲမွာ ပါဝင္သြားသူေတြကေတာ့ တျခားေက်ာင္းသား၊ေက်ာင္းသူေတြ စိတ္ကူးပဲယဥ္ႏိုင္တဲ့ အထူးခံစားခြင့္ေတြကို ရရွိပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Korapat Kirdpan ၊ Wachirawit Ruangwiwat နဲ႔ Apichaya Thongkham တို႔ ပါဝင္ထားၿပီး sequel အေနနဲ႔ The Gifted: Graduation ဆိုၿပီး ထပ္ထြက္ထားပါေသးတယ္။

(3) In Family We Trust
photo via imdb

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.1) ရရွိထားပါတယ္။ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုတစ္ခုဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ခဲ့ၾကေပမယ့္လည္း တစ္ရက္မွာေတာ့ မိသားစု စီးပြားေရးရဲ႕ အႀကီးအကဲျဖစ္သူ သားအႀကီးဆုံးက အသတ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဘယ္သူက သူ႔ကို သတ္သြားတာလည္းဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ Thanapob Leeratanakachorn နဲ႔ Sopitnapa Dabbaransi တို႔က အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(4) Hormones
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ တျခားဇာတ္လမ္းတြဲေတြလို သဘာဝလြန္အရာေတြ မပါဝင္ဘဲ သာမန္ ႐ိုမန႔္စ္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ထိုင္းေက်ာင္းသားေတြရဲ႕ ဘဝကို ႐ိုက္ျပထားတာ ျဖစ္ၿပီး သာမန္ ဆယ္ေက်ာ္သက္ေတြ ႀကဳံေတြ႕ရတတ္တဲ့အရာေတြကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Ungsumalynn Sirapatsakmetha နဲ႔ Sananthachat Thanapatpisal တို႔ ပါဝင္ထားပါတယ္။

(5) Girl From Nowhere
photo via imdb

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၈ ခုႏွစ္က စတင္ၿပီး Netflix က ထုတ္လႊင့္ျပသခဲ့ကာ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Nanno ဆိုတဲ့ ထူးဆန္းတဲ့ ေကာင္မေလးတစ္ေယာက္ဟာ ေက်ာင္းတစ္ေက်ာင္းကို ေျပာင္းေ႐ႊ႕လာရာက စတင္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Nanno ဟာ အဲ့ဒီေက်ာင္းမွာ ျဖစ္ပ်က္ေနတဲ့ မေကာင္းမႈေတြနဲ႔ ေက်ာင္းသားေတြရဲ႕ မေကာင္းတဲ့ လုပ္ရပ္ေတြကို ေဖာ္ထုတ္ပါေတာ့တယ္။ Chicha Amatayakul ကေတာ့ Nanno အေနနဲ႔ အဓိက ပါဝင္ထားပါတယ္။

(6) Bad Genius: The Series
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ၂၀၁၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Bad Genius ႐ုပ္ရွင္ဟာ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့တဲ့ ထိုင္းကားတစ္ကား ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အဲ့ဒီ႐ုပ္ရွင္ကားကို ဇာတ္လမ္းတြဲအေနနဲ႔ ျပန္လည္႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေက်ာင္းသားတစ္စုဟာ စာေမးပြဲကို အသုံးခ်ၿပီး ပိုက္ဆံရွာတာကို ျမင္ေတြ႕ရမွာပါ။ Plearnpichaya Komalarajun နဲ႔ Jinjett Wattanasin တို႔က အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(7) ThirTEEN Terrors
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ ေက်ာင္းသားတစ္စုဟာ သူတို႔ေက်ာင္းရဲ႕ ထူးဆန္းတဲ့ အတိတ္ကို ျပန္လည္စုံစမ္းၾကတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ တစ္ပိုင္းခ်င္းစီဟာ မတူညီဘဲ ဇာတ္သိမ္းအထိ တစ္ခါတည္း ၾကည့္ခ်င္သြားေအာင္ ဆြဲေဆာင္သြားမယ့္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sutatta Udomsilp နဲ႔ Kemisara Paladesh တို႔ ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular