HomeEntertainmentFilmCaptain Marvel 2 မှာ ပါဝင်လာတော့မယ့် Park Seo Joon 

Captain Marvel 2 မှာ ပါဝင်လာတော့မယ့် Park Seo Joon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းသား Park Seo Joon ဟာ Marvel Cinematic Universe ရဲ့ Captain Marvel 2 ရုပ်ရှင်ထဲမှာ ပါဝင်ခွင့် ရရှိလိုက်တာပဲ ဖြစ်ပါတယ်။

မင်းသား Park Seo Joon ဟာ ကိုရီးယားဒရာမာလောကမှာတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး နာမည်ကျော် စီးရီးများစွာနဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် အော်စကာဆု ဆွတ်ခူးခဲ့တဲ့ Parasite ရုပ်ရှင်ထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ အခုလည်း နိုင်ငံတကာ ပရိသတ်တွေ ရင်ခုန်စောင့်စားနေကြတဲ့ ဒုတိယမြောက် Captain Marvel ရုပ်ရှင် The Marvels ထဲမှာ ပါဝင်လာဦးမယ်လို့ သိရပါတယ်။

Photo: bn_sj2013/ Instagram

Park Seo Joon ဟာ The Marvels ရုပ်ရှင်အတွက် ရိုက်ကူးရေး ပြုလုပ်ဖို့ ၂၀၂၁ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမှာ ဖြစ်တယ်လို့ သိရပါတယ်။ The Marvels အတွက် Disney က မျှော်မှန်းထားတဲ့ အောင်မြင်မှုကတော့ အတော်လေး မြင့်မားပါလိမ့်မယ်။ အကြောင်းကတော့ ပထမဇာတ်ကားဖြစ်တဲ့ Captain Marvel ရဲ့ တစ်ကမ္ဘာလုံး box-office ဝင်ငွေဟာ ဒေါ်လာ(၁.၁၃)ဘီလျံ ရရှိခဲ့တာကြောင့်ပါပဲ။

ယခုထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ထဲမှာတော့ Park Seo Joon အပြင် အခြားအရေးကြီးတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်လာဦးမှာပါ။ WandaVision ထဲမှာ Monica Rambeau အဖြစ် သရုပ်ဆောင်ထားတဲ့ Teyonah Paris နဲ့ Kamala Khan အဖြစ် Inman Vellani တို့ဟာလည်း Marvel တွေအဖြစ် ပါဝင်လာမှာ ဖြစ်ပြီး Zawe Ashton ကလည်း ဗီလိန်အဖြစ် သရုပ်ဆောင်သွားဦးမှာပါ။

Photo via IMDb

ဒါ့အပြင် The Marvels ရဲ့ ဇာတ်လမ်းပိုင်းကိုတော့ Secret Invasion ကောမစ်ထဲက ဇာတ်လမ်းကို အခြေခံ ရိုက်ကူးမယ်လို့လည်း ကောလာဟလ ထွက်နေပါတယ်။ ဒါတင်မက Secret Invasion ဟာလည်း Disney Plus မှာ ကိုယ်ပိုင် ဇာတ်လမ်းတွဲ ထွက်လာဦးမှာပါ။

နဂိုတည်းက ပရိသတ်တွေ ရင်ခုန်နေကြတဲ့ The Marvels ရုပ်ရှင်ကို အာရှရဲ့ စတားတစ်ယောက်ဖြစ်တဲ့ Park Seo Joon ပါ ပါဝင်လာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အာရုံစိုက်မှုနဲ့ ရင်ခုန်စောင့်စားမှုကတော့ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်ကားကို ဒါရိုက်တာ Nia DaCosta က ရိုက်ကူးသွားမှာ ဖြစ်ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ လျာထားပါတယ်။

Linda December

Source: indianexpress

(Zawgyi Version)

ကိုရီးယားဒရာမာခ်စ္သူေတြအတြက္ စိတ္လႈပ္ရွားစရာသတင္းတစ္ခု ထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ မင္းသား Park Seo Joon ဟာ Marvel Cinematic Universe ရဲ႕ Captain Marvel 2 ႐ုပ္ရွင္ထဲမွာ ပါဝင္ခြင့္ ရရွိလိုက္တာပဲ ျဖစ္ပါတယ္။

မင္းသား Park Seo Joon ဟာ ကိုရီးယားဒရာမာေလာကမွာေတာ့ ထိပ္တန္းမင္းသားတစ္လက္ျဖစ္ၿပီး နာမည္ေက်ာ္ စီးရီးမ်ားစြာနဲ႔ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ေအာ္စကာဆု ဆြတ္ခူးခဲ့တဲ့ Parasite ႐ုပ္ရွင္ထဲမွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။ အခုလည္း ႏိုင္ငံတကာ ပရိသတ္ေတြ ရင္ခုန္ေစာင့္စားေနၾကတဲ့ ဒုတိယေျမာက္ Captain Marvel ႐ုပ္ရွင္ The Marvels ထဲမွာ ပါဝင္လာဦးမယ္လို႔ သိရပါတယ္။

Photo: bn_sj2013/ Instagram

Park Seo Joon ဟာ The Marvels ႐ုပ္ရွင္အတြက္ ႐ိုက္ကူးေရး ျပဳလုပ္ဖို႔ ၂၀၂၁ရဲ႕ ဒုတိယႏွစ္ဝက္အတြင္းမွာ အေမရိကန္ျပည္ေထာင္စုကို ထြက္ခြာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ The Marvels အတြက္ Disney က ေမွ်ာ္မွန္းထားတဲ့ ေအာင္ျမင္မႈကေတာ့ အေတာ္ေလး ျမင့္မားပါလိမ့္မယ္။ အေၾကာင္းကေတာ့ ပထမဇာတ္ကားျဖစ္တဲ့ Captain Marvel ရဲ႕ တစ္ကမာၻလုံး box-office ဝင္ေငြဟာ ေဒၚလာ(၁.၁၃)ဘီလ်ံ ရရွိခဲ့တာေၾကာင့္ပါပဲ။

ယခုထြက္ရွိလာမယ့္ The Marvels ႐ုပ္ရွင္ထဲမွာေတာ့ Park Seo Joon အျပင္ အျခားအေရးႀကီးတဲ့ ဇာတ္ေကာင္ေတြလည္း ပါဝင္လာဦးမွာပါ။ WandaVision ထဲမွာ Monica Rambeau အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Teyonah Paris နဲ႔ Kamala Khan အျဖစ္ Inman Vellani တို႔ဟာလည္း Marvel ေတြအျဖစ္ ပါဝင္လာမွာ ျဖစ္ၿပီး Zawe Ashton ကလည္း ဗီလိန္အျဖစ္ သ႐ုပ္ေဆာင္သြားဦးမွာပါ။

Photo via IMDb

ဒါ့အျပင္ The Marvels ရဲ႕ ဇာတ္လမ္းပိုင္းကိုေတာ့ Secret Invasion ေကာမစ္ထဲက ဇာတ္လမ္းကို အေျခခံ ႐ိုက္ကူးမယ္လို႔လည္း ေကာလာဟလ ထြက္ေနပါတယ္။ ဒါတင္မက Secret Invasion ဟာလည္း Disney Plus မွာ ကိုယ္ပိုင္ ဇာတ္လမ္းတြဲ ထြက္လာဦးမွာပါ။

နဂိုတည္းက ပရိသတ္ေတြ ရင္ခုန္ေနၾကတဲ့ The Marvels ႐ုပ္ရွင္ကို အာရွရဲ႕ စတားတစ္ေယာက္ျဖစ္တဲ့ Park Seo Joon ပါ ပါဝင္လာေတာ့မွာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈနဲ႔ ရင္ခုန္ေစာင့္စားမႈကေတာ့ အျမင့္ဆုံး အေျခအေနကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

Photo via IMDb

ဒီဇာတ္ကားကို ဒါ႐ိုက္တာ Nia DaCosta က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး ၂၀၂၂ခုႏွစ္ ႏိုဝင္ဘာလ(၁၁)ရက္ေန႔မွာ ႐ုံတင္ျပသမယ္လို႔ လ်ာထားပါတယ္။

Linda December

Source: indianexpress

 

RELATED ARTICLES

Most Popular