HomeEntertainmentFilmThe Batman 2 ထဲမှာ Robin ပါဝင်လာနိုင်တယ်လို့ ပြောလာတဲ့ ဒါရိုက်တာ Matt Reeves

The Batman 2 ထဲမှာ Robin ပါဝင်လာနိုင်တယ်လို့ ပြောလာတဲ့ ဒါရိုက်တာ Matt Reeves

The Batman 2 ထဲမှာတော့ Robin ပါဝင်လာနိုင်တယ်လို့ ဒါရိုက်တာ Matt Reeves က ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး ကြေကွဲစရာ ဇာတ်လမ်းတစ်ခု ဖြစ်လာနိုင်မလား ဆိုတာကိုတော့ သိချင်နေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ The Batman ရုပ်ရှင်ဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့ Rating တွေ ရရှိထားပါတယ်။

photo via screeenrant

ယခုအချိန်မှာတော့ The Batman ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ ဒါရိုက်တာ Matt Reeves ဟာ Universe ကို ချဲ့ထွင်သွားဖို့ ပြင်ဆင်နေပြီး HBO Max ကနေ ပြသသွားမယ့် Spin-Off ဇာတ်လမ်းတွဲနှစ်ခုလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ တစ်ခုကတော့ Colin Farrell သရုပ်ဆောင်ထားတဲ့ Penguin ရဲ့ ဇာတ်လမ်းတွဲ ဖြစ်ပြီး နောက်တစ်ခုကတော့ Gotham မြို့ရဲ့ ရဲဌာနအကြောင်းကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။

Happy Sad Confused Podcast မှာတော့ ဒါရိုက်တာ Matt Reeves ဟာ The Batman Franchise ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာတော့ Batman ရဲ့ Sidekick ဖြစ်တဲ့ Robin ရော တစ်ချိန်ချိန်မှာ ပါဝင်လာမှာလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ Matt Reeves ကတော့ ဖြစ်နိုင်ပါတယ်လို့ ဖြေကြားခဲ့ပြီး ဒီဇာတ်ကောင်ကို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေအတွက် စဉ်းစားပြီးပါပြီလို့လည်း ဆိုပါတယ်။

photo via screeenrant

Batman နဲ့ Robin ကတော့ ခွဲမရတဲ့ ဇာတ်ကောင်နှစ်ယောက်ပဲ ဖြစ်ပြီး ကောမစ်ထဲမှာလည်း သူတို့နှစ်ယောက်ဟာ အလွန်အတွဲညီခဲ့ပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ Batman Forever နဲ့ Batman & Robin တို့လို ရုပ်ရှင်တွေထဲမှာတော့ ဒီဇာတ်ကောင်နှစ်ယောက်လုံး ပါဝင်ပေမယ့်လည်း ယခုနောက်ပိုင်းမှာတော့ Robin မပါဝင်တဲ့ Batman ရုပ်ရှင်တွေကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ သို့သော်လည်း Matt Reeves ရဲ့ ပြောစကားအရ အနာဂတ်မှာ Batman နဲ့ Robin ကို ပြန်ပြီးတော့ တွဲဖက် မြင်လာရနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular