HomeCelebs Update NewsInternationalThe Batman ရိုက်ကွင်းကနေ ယူလာလို့ရတဲ့ တစ်ခုတည်းသောပစ္စည်းကို ပြောပြလာတဲ့ Robert Pattinson 

The Batman ရိုက်ကွင်းကနေ ယူလာလို့ရတဲ့ တစ်ခုတည်းသောပစ္စည်းကို ပြောပြလာတဲ့ Robert Pattinson 

ဟောလိဝုဒ်ရိုက်ကွင်းတွေရဲ့ အစဉ်အလာတစ်ခုကတော့ ရိုက်ကွင်းပေါ်မှာ အသုံးပြုတဲ့ props တွေကို စတူဒီယိုဆီ ပြန်လည်အပ်နှံရတာပဲ ဖြစ်ပါတယ်။ ပစ္စည်းကြီးကြီးကနေ သေးသေးအထိ ရိုက်ကွင်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ ပစ္စည်းတွေကိုတော့ ရုပ်ရှင်စတူဒီယိုတွေက ပြန်လည် သိမ်းယူလေ့ရှိပြီး နောက်ပိုင်းကျမှသာ အမာခံ ပရိသတ်တွေကို လေလံတင် ရောင်းချတာမျိုး ပြုလုပ်တတ်ပါတယ်။

သို့သော်လည်း Robert Pattinson ကတော့ The Batman ရုပ်ရှင် ရိုက်ကူးနေချိန်မှာ ဝတ်ဆင်ခဲ့တဲ့ ခြေအိတ်တွေကို အိမ်ကို ပြန်ပြန်သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နာမည်ကြီး ရုပ်ရှင်တွေကို ရိုက်ကူးရတဲ့အခါ သရုပ်ဆောင်တွေဟာ ရိုက်ကွင်းရဲ့ အမှတ်တရတွေကို သိမ်းထားချင်တဲ့အတွက် သယ်ဆောင်ရ လွယ်ကူတဲ့ props တချို့ကို တိတ်တဆိတ် ယူဆောင်သွားလေ့ ရှိကြပါတယ်။

Photo: robertpattinsonofficial/ Instagram

Robert ကတော့ The Batman ရိုက်ကူးနေတဲ့ တလျှောက်လုံး ဝတ်ဆင်ခဲ့သမျှ ခြေအိတ်တွေကို ပြန်မအပ်ဘဲ သူ့အိမ်ကိုပဲ ယူယူသွားတာကြောင့် Warner Bros. စတူဒီယိုကတောင် ပြောယူရတဲ့အထိပါပဲ။ ဒီအကြောင်းကိုတော့ Robert ဟာ BBC1 သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ချိန်မှာ ပြောပြသွားတာ ဖြစ်ပါတယ်။

“ရိုက်ကွင်းကနေ အိမ်ကို ဘာမှယူသွားလို့ မရဘူးလေ။ ကျွန်တော် ယူလာလို့ ရတာကတော့ ခြေအိတ်တွေပဲဗျ။ ကျွန်တော် ခြေအိတ်တွေ တော်တော်များများ ရလိုက်တယ်။ ကျွန်တော့် ခြေအိတ်တွေအားလုံးက Batman ရိုက်ကွင်းမှာ ဝတ်ခဲ့တဲ့ဟာတွေချည်းပဲ … ”

“Warner Brothers ကတောင် ကျွန်တော့်ကို လာလာပြောယူရတယ်။ မင်း လိုချင်ရင် နည်းနည်းလောက်တော့ ယူသွားလို့ ရပါတယ်။ ဒါပေမယ့် မင်းက နေ့တိုင်း ခြေအိတ်တွေ ယူသွားနေတာနော်။ ခြေအိတ် ဘယ်လောက်များ လိုနေလို့တုန်း။ ငါတို့ ရိုက်ကူးရေး လုပ်နေတာ တစ်နှစ်ပတ်လုံးပဲလို့ ကျွန်တော့်ကို လာပြောယူရတယ် … ” လို့ Robert က ပြောပြထားပါတယ်။

Photo: robertpattinsonofficial/ Instagram

ရုပ်ရှင်စတူဒီယိုတွေအနေနဲ့ ရိုက်ကွင်းပေါ်မှာ အသုံးပြုထားသမျှ ပစ္စည်းတွေကို ပြန်လည် သိမ်းယူရတဲ့ အကြောင်းရင်းတစ်ခုကတော့ အကယ်၍ သူတို့အနေနဲ့ နောက်ထပ် sequel ဇာတ်လမ်းတေွ ထပ်မံရိုက်ကူးတဲ့အခါ တူညီတဲ့ အသုံးအဆောင်တွေ၊ ပစ္စည်းတွေပဲ ဖြစ်နေစေဖို့ သိမ်းယူရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်တွေအနေနဲ့ ရိုက်ကွင်းပေါ်က props တွေကို မယူသွားဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

သို့သော်လည်း တချို့သရုပ်ဆောင်တွေကတော့ ရုပ်ရှင်ရဲ့ အမှတ်တရကို လိုချင်လွန်းတာကြောင့် မရရအောင် ခိုးပြီး ယူလာတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် Chris Hemsworth ဟာ Marvel နဲ့ ရိုက်ကူးရေး လုပ်နေရင်း Mjölnir အတွက် ဒီဇိုင်းထုတ်ထားပြီး မသုံးဖြစ်တဲ့ တူဒီဇိုင်းတွေကို ခိုးယူထားတာမျိုး ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular