HomeEntertainmentFilmNetflix ကရိုက်ကူးထားတဲ့ အကောင်းဆုံး လူငယ်ဟာသဇာတ်ကားများ

Netflix ကရိုက်ကူးထားတဲ့ အကောင်းဆုံး လူငယ်ဟာသဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ကထွက်တဲ့ ရုပ်ရှင်ဆိုရင် တော်တော်များများဟာ ပြောစရာ မလို‌အောင် ကောင်းပြီးသား ဆိုတာ သိကြမှာပါ။ ဒါ့အပြင် အင်္ဂလိပ်ကားတွေတင်မဟုတ်ဘဲ စပိန်ကား၊ ကိုရီးယားနဲ့ တစ်ခြားဇာတ်ကားမျိုးစုံကို ရိုက်ကူးကြပြီးတော့ ရုပ်ရှင်အမျိုးအစားတွေလည်း မျိုးစုံရှိပါတယ်။ အဲ့ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီမောရမယ့်ဇာတ်ကားတွေကို ကြိုက်နှစ်သူတွေအတွက် Netflix ကရိုက်ထားတဲ့ အကောင်းဆုံး လူငယ်ဟာသ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(5) The Kissing Booth
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်က ထွက်ခဲ့ပြီး IMDb (6.1) ရထားတဲ့ ရိုမန့်စ်ဟာသ အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ kissing booth ဆိုတဲ့ အထက်တန်းကျောင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုအကြောင်းကို ရိုက်ထားတာပါ။ Elle ဆိုတဲ့ ကောင်မလေးဟာ အဲ့ဒီပွဲဖြစ်မြောက်ဖို့အတွက် လုပ်အားပေးခဲ့ပါတယ်။ သူဟာ ငယ်ငယ်ထဲကပေါင်းလာတဲ့ သူ့သူငယ်ချင်းရဲ့အကိုကို ကြိတ်ပြီး ကြိုက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီပွဲကို လုပ်တဲ့အချိန်မှာတော့ သူ့ crush ရော သူ့ရဲ့သူငယ်ချင်းကရော သူ့ဆီကို အကြင်နာပေးဖို့ လာခဲ့တဲ့အချိန်မှာတော့ သူ့အတွက် အရမ်းကို ခက်ခဲတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။

(4) Alex Strangelove
photo via screenrant

ဒီကားကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.3) ရထားတဲ့ ဟာသဒရာမာ၊ရိုမန့်စ် အမျိုးအစား ဖြစ်ပါတယ်။ ကျောင်းသားဘဝဆိုတာဟာ ကိုယ့်ကိုယ်ကို ဘာတွေစိတ်ဝင်စားလဲ၊ အသက်မွေးဝမ်းကြောင်းအဖြစ် ဘာလုပ်မလဲဆိုတာကို စဉ်းစားဖို့အတွက် အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပါတယ်။ အထက်တန်းကျောင်းက စီနီယာတစ်ယောက်ဟာ သူ့ရဲ့လူပျိုဘဝကို သူ့ရဲ့ရည်းစားဖြစ်သူနဲ့ပဲ ကုန်ဆုံးဖို့အတွက် ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရုပ်ချောပြီးတော့ ချစ်ဖို့ကောင်းတဲ့ လိင်တူကြိုက်တဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာတော့…….။

(3) Dumplin’
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.6) ရထားတဲ့ ဒရာမာဟာသ အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေနဲ့သမီးကြားက အမြင်မတူမှုတွေကို ဟာသဆန်ဆန်ရိုက်ပြထားတာ ဖြစ်ပါတယ်။ Willowdean ဟာ အလှမယ်ဟောင်း တစ်ယောက်ရဲ့သမီးဖြစ်ပြီးတော့ သူ့ရဲ့အမေဟာ သူ့အတွက်လည်း အချိန်သိပ်မပေးတတ်တဲ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့အမေဟာ အလှမယ်ပြိုင်ပွဲတစ်ခုမှာ ဒိုင်လုပ်ဖို့အတွက် လက်ခံလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ အလှမယ်ပြိုင်ပွဲဆိုတာ ရုပ်ရည်ပေါ်မှာပဲ မူတည်တာဆိုပြီးတော့ Willowdean က ပွဲကိုတားဖို့အတွက် သူပါ ဝင်ပြိုင်ဖို့အတွက် လျှောက်လွှာတင်လိုက်ပါတော့တယ်။

(2) To All The Boys I’ve Loved Before
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်က ထွက်ခဲ့ပြီး IMDb (7.2) ရထားတဲ့ ဟာသဒရာမာ၊ရိုမန့်စ် အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထူးခြားတဲ့ ဝါသနာတစ်ခုရှိတဲ့ Lara Jean ဆိုတဲ့ အထက်တန်းကျောင်းသူလေး တစ်ယောက်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ သူမဟာ တစ်ဖက်သတ်ကြိုက်ရတဲ့ကောင်လေးတွေအတွက် စာတွေရေးလေ့ရှိပြီးတော့ အဲ့ဒီစာတွေကိုတော့ ဘယ်တော့မှ မပို့ခဲ့ဘဲ သိမ်းထားခဲ့ပါတယ်။ တစ်ရက်မှာတော့ သူရေးထားတဲ့စာတွေ အကုန်လုံးဟာ တပ်ထားတဲ့လိပ်စာတွေအတိုင်း ပို့ပြီးသား ဖြစ်နေတာကို သိလိုက်ရပါတယ်။

(1) The Edge Of Seventeen
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၆ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (7.3) ရထားတဲ့ ဟာသဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်ကြီးလာခြင်းက ဘယ်လောက်တောင် ခက်ခဲနိုင်လဲ ဆိုတာကို ရိုက်ကူးထားပြီးတော့ Nadine ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ဘဝဟာ အစကတည်းက ခက်ခက်ခဲခဲနေထိုင်ခဲ့ပါတယ်။ အဲ့ဒါကိုမှ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက သူ့ရဲ့အကိုနဲ့ တွဲလိုက်တဲ့အခါမှာတော့…..။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Netflix ကထြက္တဲ့ ႐ုပ္ရွင္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားဟာ ေျပာစရာ မလို‌ေအာင္ ေကာင္းၿပီးသား ဆိုတာ သိၾကမွာပါ။ ဒါ့အျပင္ အဂၤလိပ္ကားေတြတင္မဟုတ္ဘဲ စပိန္ကား၊ ကိုရီးယားနဲ႔ တစ္ျခားဇာတ္ကားမ်ိဳးစုံကို ႐ိုက္ကူးၾကၿပီးေတာ့ ႐ုပ္ရွင္အမ်ိဳးအစားေတြလည္း မ်ိဳးစုံရွိပါတယ္။ အဲ့ဒါေၾကာင့္ ေပါ့ေပါ့ပါးပါးနဲ႔ ရီေမာရမယ့္ဇာတ္ကားေတြကို ႀကိဳက္ႏွစ္သူေတြအတြက္ Netflix က႐ိုက္ထားတဲ့ အေကာင္းဆုံး လူငယ္ဟာသ ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(5) The Kissing Booth
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္က ထြက္ခဲ့ၿပီး IMDb (6.1) ရထားတဲ့ ႐ိုမန႔္စ္ဟာသ အမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ kissing booth ဆိုတဲ့ အထက္တန္းေက်ာင္းမွာ က်င္းပတဲ့ ပြဲတစ္ခုအေၾကာင္းကို ႐ိုက္ထားတာပါ။ Elle ဆိုတဲ့ ေကာင္မေလးဟာ အဲ့ဒီပြဲျဖစ္ေျမာက္ဖို႔အတြက္ လုပ္အားေပးခဲ့ပါတယ္။ သူဟာ ငယ္ငယ္ထဲကေပါင္းလာတဲ့ သူ႔သူငယ္ခ်င္းရဲ႕အကိုကို ႀကိတ္ၿပီး ႀကိဳက္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီပြဲကို လုပ္တဲ့အခ်ိန္မွာေတာ့ သူ႔ crush ေရာ သူ႔ရဲ႕သူငယ္ခ်င္းကေရာ သူ႔ဆီကို အၾကင္နာေပးဖို႔ လာခဲ့တဲ့အခ်ိန္မွာေတာ့ သူ႔အတြက္ အရမ္းကို ခက္ခဲတဲ့အေျခအေန ျဖစ္လာခဲ့ပါတယ္။

(4) Alex Strangelove
photo via screenrant

ဒီကားကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.3) ရထားတဲ့ ဟာသဒရာမာ၊႐ိုမန႔္စ္ အမ်ိဳးအစား ျဖစ္ပါတယ္။ ေက်ာင္းသားဘဝဆိုတာဟာ ကိုယ့္ကိုယ္ကို ဘာေတြစိတ္ဝင္စားလဲ၊ အသက္ေမြးဝမ္းေၾကာင္းအျဖစ္ ဘာလုပ္မလဲဆိုတာကို စဥ္းစားဖို႔အတြက္ အေကာင္းဆုံးအခ်ိန္တစ္ခု ျဖစ္ပါတယ္။ အထက္တန္းေက်ာင္းက စီနီယာတစ္ေယာက္ဟာ သူ႔ရဲ႕လူပ်ိဳဘဝကို သူ႔ရဲ႕ရည္းစားျဖစ္သူနဲ႔ပဲ ကုန္ဆုံးဖို႔အတြက္ ရည္႐ြယ္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ႐ုပ္ေခ်ာၿပီးေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ လိင္တူႀကိဳက္တဲ့ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာေတာ့…….။

(3) Dumplin’
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.6) ရထားတဲ့ ဒရာမာဟာသ အမ်ိဳးအစားျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အေမနဲ႔သမီးၾကားက အျမင္မတူမႈေတြကို ဟာသဆန္ဆန္႐ိုက္ျပထားတာ ျဖစ္ပါတယ္။ Willowdean ဟာ အလွမယ္ေဟာင္း တစ္ေယာက္ရဲ႕သမီးျဖစ္ၿပီးေတာ့ သူ႔ရဲ႕အေမဟာ သူ႔အတြက္လည္း အခ်ိန္သိပ္မေပးတတ္တဲ့သူတစ္ေယာက္ပါ။ တစ္ရက္မွာေတာ့ သူ႔ရဲ႕အေမဟာ အလွမယ္ၿပိဳင္ပြဲတစ္ခုမွာ ဒိုင္လုပ္ဖို႔အတြက္ လက္ခံလိုက္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အလွမယ္ၿပိဳင္ပြဲဆိုတာ ႐ုပ္ရည္ေပၚမွာပဲ မူတည္တာဆိုၿပီးေတာ့ Willowdean က ပြဲကိုတားဖို႔အတြက္ သူပါ ဝင္ၿပိဳင္ဖို႔အတြက္ ေလွ်ာက္လႊာတင္လိုက္ပါေတာ့တယ္။

(2) To All The Boys I’ve Loved Before
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္က ထြက္ခဲ့ၿပီး IMDb (7.2) ရထားတဲ့ ဟာသဒရာမာ၊႐ိုမန႔္စ္ အမ်ိဳးအစားျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ထူးျခားတဲ့ ဝါသနာတစ္ခုရွိတဲ့ Lara Jean ဆိုတဲ့ အထက္တန္းေက်ာင္းသူေလး တစ္ေယာက္အေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ သူမဟာ တစ္ဖက္သတ္ႀကိဳက္ရတဲ့ေကာင္ေလးေတြအတြက္ စာေတြေရးေလ့ရွိၿပီးေတာ့ အဲ့ဒီစာေတြကိုေတာ့ ဘယ္ေတာ့မွ မပို႔ခဲ့ဘဲ သိမ္းထားခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူေရးထားတဲ့စာေတြ အကုန္လုံးဟာ တပ္ထားတဲ့လိပ္စာေတြအတိုင္း ပို႔ၿပီးသား ျဖစ္ေနတာကို သိလိုက္ရပါတယ္။

(1) The Edge Of Seventeen
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၆ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (7.3) ရထားတဲ့ ဟာသဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အသက္ႀကီးလာျခင္းက ဘယ္ေလာက္ေတာင္ ခက္ခဲႏိုင္လဲ ဆိုတာကို ႐ိုက္ကူးထားၿပီးေတာ့ Nadine ဆိုတဲ့ အထက္တန္းေက်ာင္းသူေလးရဲ႕ ဘဝဟာ အစကတည္းက ခက္ခက္ခဲခဲေနထိုင္ခဲ့ပါတယ္။ အဲ့ဒါကိုမွ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းက သူ႔ရဲ႕အကိုနဲ႔ တြဲလိုက္တဲ့အခါမွာေတာ့…..။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular