HomeEntertainmentFilmThe Boys Season 3 ထဲမှာ Queen Maeve သေဆုံးသွားနိုင်တယ်ဆိုတဲ့ Theory

The Boys Season 3 ထဲမှာ Queen Maeve သေဆုံးသွားနိုင်တယ်ဆိုတဲ့ Theory

Queen Maeve ဟာ Seven အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး Vought ကြောင့် ရရှိလာတဲ့ စိတ်ဖိစီးမှုတွေနဲ့ Homelander ရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ရပါတယ်။ အဲဒီနောက် စူပါဟီးရိုးအသစ်ကလေး ဖြစ်တဲ့ Starlight က Seven အဖွဲ့ထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ Queen Maeve ဟာ Starlight ကို သူမလိုမျိူး မခံစားစေချင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ သူမဟာ Homelander ကို ခြိမ်းခြောက်ခဲ့သလို Billy Butcher နဲ့လည်း ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမ ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ Homelander မသေဆုံးမချင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း သိနေခဲ့ပါတယ်။

photo via screenrant

Season 3 ရဲ့ အစပိုင်းမှာတော့ Queen Maeve ဟာ ရုရှားတွေက လျှို့ဝှက်လက်နက်တစ်ခုနဲ့ Soldier Boy ကို သတ်နိုင်ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဖိုင်ကို ရှာတွေ့သွားပါတယ်။ ဒါကြောင့်ပဲ အဲဒီလက်နက်ကို ရှာဖွေဖို့ Butcher ကို သတင်းပေးခဲ့ပါတယ်။ ဒါ့အပြင် အပိုင်း(၄)ထဲမှာတော့ သူမဟာ Butcher တို့ကို ကူညီဖို့အတွက် အပြင်းအထန် လေ့ကျင့်နေတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါတင်မကသေးဘဲ သူမဟာ Homelander ရဲ့ သံသယဝင်မှုကို မခံရအောင် အမြဲတမ်း အရက်နာကျနေပြီး တွေ့ကရာလူနဲ့ အိပ်နေတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း လွှင့်ထားပါသေးတယ်။

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Queen Maeve ဟာ Homelander ကို အနိုင်ယူနိုင်ဖို့တော့ မမျှော်လင့်ထားဘဲ Butcher တို့ ချက်ကောင်းကို တိုက်ခိုက်နိုင်ဖို့အတွက် အချိန်အနည်းငယ် ဆွဲထားနိုင်လိမ့်မယ်လို့ Starlight ကို ပြောပြခဲ့ပါတယ်။ ဒီစကားကတော့ ရုတ်တရက်ဆိုရင် စိတ်လှုပ်ရှားစရာ ဖြစ်နေပေမယ့်လည်း သေချာစဉ်းစားကြည့်လိုက်ရင် Queen Maeve ဟာ သေဆုံးသွားနိုင်တယ်လို့ အရိပ်အမြွက် ဖော်ပြနေသလိုပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာဆိုရင်တော့ Homelander ဟာ တဖြည်းဖြည်းနဲ့ ပိုမိုဆိုးရွားလာတာကြောင့် Starlight ဟာ Seven ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Homelander နဲ့ Black Noir တို့ဟာ Starlight ကို လိုက်လံဖမ်းဆီးခဲ့ပြီး Queen Maeve ကတော့ ကြားဝင်နှောင့်ယှက်ခဲ့ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Queen Maeve ဟာ Homelander တို့ကို အလွယ်တကူပဲ ရှုံးနိမ့်ပြီး အသက်ဆုံးရှုံးသွားပေမယ့်လည်း သူမရဲ့အနစ်နာခံမှုဟာ Starlight လွတ်မြောက်ဖို့အတွက် လုံလောက်တဲ့ အချိန်တစ်ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Live Action ထဲက Queen Maeve ရဲ့ရည်ရွယ်ချက်ဟာလည်း Homelander ကို အနိုင်ယူဖို့ မဟုတ်သလို ထွက်ပြေးဖို့လည်း မဟုတ်ပါဘူး။ သူမရဲ့အစီအစဉ်ကတော့ Homelander ကို Butcher တို့ သတ်နိုင်ဖို့အတွက် သူမအသက်နဲ့ရင်းပြီး အချိန်ဆွဲထားပေးဖို့ပဲ ဖြစ်တာကြောင့် သူမဟာ Season 4 ထဲမှာ သေဆုံးသွားနိုင်ချေ အတော်လေး များနေတယ်လို့ ခန့်မှန်းရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular