HomeEntertainmentFilmThe Boys Season 3 ရဲ့ အပိုင်း (၁+၂+၃)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

The Boys Season 3 ရဲ့ အပိုင်း (၁+၂+၃)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

The Boys ဇာတ်လမ်းတွဲရဲ့ Season 3 ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပထမဆုံး အပိုင်းသုံးပိုင်းကို တစ်ခါတည်း ထွက်ရှိထားပါတယ်။ ဒီအပိုင်းသုံးပိုင်းထဲမှာတော့ Season 2 ရဲ့ အဓိကဗီလိန် ဖြစ်ခဲ့တဲ့ Stormfront က သေဆုံးသွားတာကိုလည်း မြင်တွေ့ခဲ့ရပြီး Homelander ကလည်း ဘာကိုမှဂရုမစိုက်တော့ဘဲ လုပ်ချင်ရာလုပ်တော့မယ့် ပုံစံမျိူးတွေကို အရိပ်အယောင် ပြသနေပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ဇာတ်လမ်းကို အာရုံစိုက်နေတာကြောင့် ဒီအပိုင်းသုံးပိုင်းထဲက Easter Egg တွေနဲ့ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Charlize Theron Cameo

photo via screenrant

Season 3 ရဲ့ အပိုင်း(၁)ကတော့  စလာကတည်းက ပရိသတ်တွေကို အံ့ဩသွားစေတဲ့ Cameo တစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Charlize Theron ဟာ ဒီဇာတ်လမ်းတွဲထဲက The Dawn of the Seven ဆိုတဲ့ ရုပ်ရှင်ထဲမှာ Stormfront နေရာက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ Charlize Theron ကတော့ မကြာသေးခင်ကလည်း Doctor Strange in the Multiverse of Madness ထဲမှာလည်း Cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

(2) Snyder Cut Reference

photo via screenrant

The Dawn of the Seven ကတော့ ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး Reshoot ဖြစ်တဲ့ Snyder Cut ကိုလည်း Reference ပြုလုပ်သွားပါတယ်။ ပရိသတ်တွေက #ReleaseTheBourkeCut ဆိုပြီး တောင်းဆိုခဲ့တာကြောင့် သူတို့ဟာ ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တာလို့ ဆိုပြီး ပရိသတ်တွေ တောင်းဆိုမှုကြောင့် ထွက်ရှိလာတဲ့ Snyder Cut ကို Reference ပြုလုပ်ထားပါတယ်။

(3) Ant-Man နဲ့ Thanos ရဲ့သီအိုရီကို Parody လုပ်ခဲ့တဲ့ The Boys

photo via screenrant

Avengers: Endgame မထွက်လာခင်တုန်းကတော့ Avengers တွေဟာ Thanos ကို ဘယ်လို အနိုင်ယူသွားမလည်းဆိုတာနဲ့ ပတ်သက်ပြီး သီအိုရီတွေများစွာ ထုတ်ခဲ့ကြပါတယ်။ အဲဒီသီအိုရီတွေထဲက နာမည်အကြီးဆုံးတစ်ခုကတော့ Ant-Man ဟာ သူ့ကိုယ်သူ အရွယ်အစား ချုံ့လိုက်ပြီး Thanos ရဲ့စအိုထဲကို ဝင်ရောက်ကာ သူ့ကိုယ်သူ အရွယ်အစား ကြီးလိုက်ရင် Thanos သေဆုံးသွားလိမ့်မယ်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

The Boys Season 3 ရဲ့ အပိုင်း(၁)ထဲမှာတော့ ဒီသီအိုရီကို Parody ပြန်လည် ပြုလုပ်ထားပါသေးတယ်။ အဲဒါကတော့ Ant-Man လိုမျိူး ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲနိုင်တဲ့ Termite ဟာ သူ့ရဲ့ပါတနာကို စိတ်ကျေနပ်စေဖို့အတွက် အရွယ်အစား ချုံ့လိုက်ပြီး သူ့ပါတနာရဲ့ ငယ်ပါထဲကို ဝင်ရောက်သွားပါတယ်။ အဲဒီနောက်မှာတော့ Termite ဟာ နှာချေမိသွားပြီး ပုံမှန်ခန္ဓာကိုယ် ဖြစ်သွားတာကြောင့် သူ့ရဲ့ပါတနာကို ခန္ဓာကိုယ်နှစ်ပိုင်း ဆွဲဖြဲလိုက်သလို ဖြစ်သွားစေပါတော့တယ်။

(4) Butcher ရဲ့ ခွေးလေး Terror

photo via screenrant

Season 2 ထဲမှာတော့ Butcher ဟာ Terror ဆိုတဲ့ ခွေးလေးတစ်ကောင် မွေးထားတယ်လို့ ဖော်ပြသွားပါတယ်။ ဒါပေမယ့်လည်း Butcher ဟာ အဲဒီခွေးလေးကို သူနဲ့အတူ ခေါ်ထားတာ မဟုတ်ဘဲ သူ့ရဲ့အဒေါ်ဆီမှာ ထားထားတာ ဖြစ်ပါတယ်။ Season 3 ထဲမှာတော့ Butcher ဟာ အဲဒီခွေးလေးရဲ့ အမှတ်တရအနေနဲ့ Terror နဲ့ဆင်တူတဲ့ ခွေးပုံစံ ကွတ်ကီးဘူးလေးကို ထားထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Maeve က လာပေးခဲ့တဲ့ Temp-V သုံးလုံးကိုလည်း အဲဒီကွတ်ကီးဘူးထဲမှာ ဖွက်ထားပါသေးတယ်။

(5) Red River

photo via screenrant

Hughie ဟာ Victoria Neuman ရဲ့အတိတ်ကို လိုက်လံစုံစမ်းနေတဲ့ အချိန်မှာတော့ သူဟာ Red River ဆိုတဲ့ မိဘမဲ့ကျောင်းတစ်ခုကို ရောက်ရှိသွားပါတယ်။ အဲဒီမိဘမဲ့ကျောင်းကတော့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ကလေးတွေအတွက် သီးသန့်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Season 3 မတိုင်ခင်မှာ ထွက်ရှိခဲ့တဲ့ The Boys Present: Diabolical animation ထဲက အပိုင်း(၂)ထဲမှာလည်း Red River ဆိုတဲ့ မိဘမဲ့ကျောင်း ပါဝင်ခဲ့ပါသေးတယ်။

အဲဒီထဲမှာတော့ ဒီမိဘမဲ့ကျောင်းမှာ ရှိကြသူတွေဟာ ဘယ်သူမှ မလိုချင်လောက်တဲ့ တလွဲစွမ်းအားတွေကို ရရှိထားပါတယ်။ ဒါ့အပြင် သူတို့မိဘတွေက သူတို့ကိုစွမ်းအားတွေ ရရှိလာအောင် Compound V တွေ ထိုးပေးခဲ့ပြီး ယခုလိုမျိူး တလွဲတွေဖြစ်လာချိန်မှာ စွန့်ပစ်သွားကြတာ ဖြစ်ပါတယ်။ ဒါကိုသိလိုက်ရတဲ့ အချိန်မှာတော့ အဲဒီကလေးတွေဟာ သူတို့ရဲ့မိဘတွေကို လိုက်လံရှာဖွေကာ သတ်ဖြတ်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(6) ကောမစ်ထဲက Payback အဖွဲ့ဝင်များ

photo via screenrant

Season 3 ထဲမှာတော့ Jensen Ackles ပါဝင်သရုပ်ဆောင်ထားတဲ့ Soldier Boy စတင်ပါဝင်လာပြီး သူ့ရဲ့အဖွဲ့ဖြစ်တဲ့ Payback ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Payback အဖွဲ့ဝင်တွေဟာ Soldier Boy ၊ Crimson Countess ၊ Mindstorm ၊ Swatto ၊ T&T Twins ၊ Black Noir နဲ့ Gun Powder တို့ ပါဝင်ထားကြပါတယ်။ တကယ်တော့ ဒီဇာတ်လမ်းတွဲဟာ ကောမစ်ထဲက အဖွဲ့ဝင်တွေ ဖြစ်တဲ့ Tek-Knight ၊ Mind-Droid နဲ့ Eagle the Archer တို့နေရာမှာ Mindstorm ၊ T&T Twins နဲ့ Black Noir တို့ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

(7) Little Nina

photo via screenrant

Season 3 ထဲမှာတော့ နောက်ထပ် ကောမစ်ထဲက အရေးကြီး ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Little Nina ကို ထည့်သွင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Little Nina ဟာ Frenchie အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ရုရှားဒုစရိုက်ခေါင်းဆောင် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း သူမဟာ ရုရှားဒုစရိုက်ခေါင်းဆောင် ဖြစ်ပြီး Vought နဲ့အတူ အလုပ်တွဲလုပ်နေပါသေးတယ်။ ဒါ့အပြင် သူမဟာ အနည်းငယ် မတူညီတဲ့ Compound V ကို အသုံးပြုကာ သူမရဲ့ကိုယ်ပိုင် Superhuman စစ်တပ်ကြီး တည်ထောင်ထားပါသေးတယ်။ ကောမစ်ထဲမှာ သူမကို Little Nina လို့ခေါ်ရတဲ့ အကြောင်းရင်းကတော့ သူမဟာ ကလေးတစ်ယောက်လို အရပ်ပုနေတာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ The Boys Season 3 ရဲ့ ပထမဆုံး သုံးပိုင်းထဲက ပရိသတ်တွေ သတိလက်လွတ် ဖြစ်သွားနိုင်တဲ့ အချက်လေးတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ရှေ့လာမယ့် အပိုင်းတွေမှာလည်း စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးသွားပါဦးမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular