HomeEntertainmentFilmThe Boys Season 3 အပိုင်း(၂)ထဲမှာ Butcher မြင်ခဲ့တဲ့ ကောင်လေးက ဘယ်သူလဲ?

The Boys Season 3 အပိုင်း(၂)ထဲမှာ Butcher မြင်ခဲ့တဲ့ ကောင်လေးက ဘယ်သူလဲ?

*** SPOILER ALERT ***

The Boys Season 3 ကတော့ မကြာခင်ကပဲ ထွက်ရှိလာပြီး ပထမဆုံး အပိုင်းသုံးပိုင်းကို တခါတည်း ထွက်ရှိပေးခဲ့ပါတယ်။ ဒီ Season ထဲမှာတော့ Butcher ဟာ Queen Maeve ရဲ့အကူအညီနဲ့ Homelander ကို သတ်ဖို့အတွက် နည်းလမ်းတစ်ခု ရှာတွေ့သွားပါတယ်။ အဲဒါကတော့ Soldier Boy ကိုသေစေခဲ့တဲ့ အရာတစ်ခု ဖြစ်ပြီး တကယ်လို့ အဲဒီအရာဟာ Soldier Boy ကို သတ်နိုင်တယ်ဆိုရင် Homelander ကိုလည်း သတ်နိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Butcher ဟာ Soldier Boy အကြောင်းကို စုံစမ်းဖို့ လိုအပ်လာပြီး ဒီလိုစုံစမ်းဖို့ဆိုရင် မတိုက်ခိုက်နိုင်ဘဲ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ Queen Maeve ဟာ Butcher အနေနဲ့ Superhuman ကို ယှဉ်နိုင်ဖို့အတွက် (၂၄)နာရီကြာ စွမ်းအားတွေ ရရှိသွားစေမယ့် V-24 ကို ပေးသွားပါတယ်။ အဲဒီနောက်မှာတော့ Butcher ဟာ V-24 ကို ထိုးလိုက်တယ်လို့ အိပ်မက်မက်ခဲ့ပြီး အဲဒီအိပ်မက်ထဲမှာတော့ Homelander နဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ တီဗွီထဲကနေ သူ့ကို စကားပြောနေတာ တွေ့ခဲ့ရပါတယ်။

အဲဒီကောင်လေးကတော့ “ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ Becca အတွက်ပေါ့။ ဒီလိုလုပ်ရင် သူမကို အသဲကွဲစေလိမ့်မယ် …” လို့ ပြောသွားပါတယ်။ ဒီနေရာမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ Jack Fulton ပဲ ဖြစ်ပြီး စာတန်းထိုးတဲ့ အချိန်မှာတော့ Teen လို့ပဲ ထိုးသွားပါတယ်။ ဖြစ်နိုင်ချေ အရှိဆုံးကတော့ သူဟာ Butcher ရဲ့ညီဖြစ်တဲ့ Lenny ဖြစ်နိုင်ပါတယ်။ Season 2 ထဲမှာတော့ Butcher ဟာ Lenny ကို လေးစားအားကျသူ ဖြစ်ကြောင်း သိခဲ့ရပါတယ်။ သို့သော်လည်း တစ်ရက်မှာတော့ Lenny ဟာ သူတို့အဖေရဲ့ နှိပ်စက်တတ်တဲ့ အကျင့်တွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတယ်။

photo via screenrant

တီဗွီထဲက ကောင်လေးကတော့ British Accent ရှိနေရုံတင်မကဘဲ Lenny ဟာလည်း အဲဒီအရွယ်လောက်မှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ Butcher ဟာ တီဗွီကို လှည့်ကြည့်ပြီး အဲဒီကောင်လေးကို မမြင်ခင်မှာတော့ “မင်းရပ်လိုက်မှ ရမယ် Butcher …” ဆိုတဲ့ စကားသံကိုလည်း ကြားလိုက်ရပါတယ်။ ဒီအသံကတော့ Hughie ရဲ့အသံနဲ့ ဆင်တူနေပါတယ်။ Season 2 ထဲမှာတော့ Hughie ဟာ Butcher အတွက်တော့ သူ့ရဲ့ညီကို သတိရစေတယ်လို့ Aunt Judy က ပြောခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Butcher ရဲ့ အိပ်မက်ထဲမှာတော့ Hughie နဲ့ သူ့ရဲ့ညီကို ရောနေတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular