HomeEntertainmentFilmThe Boys Season 3 အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

The Boys Season 3 အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

*** Spoiler Alert ***

The Boys Season 3 အပိုင်း(၅)ရဲ့ အမည်ကတော့ “The Last Time to Look on this World of Lies” ပဲ ဖြစ်ပြီး Butcher တို့အဖွဲ့ဟာ Homelander ကို သတ်နိုင်မယ့် လက်နက်ကို ဆက်လက်ရှာဖွေနေကြပါတယ်။ အပိုင်း(၄)ထဲမှာ ရုရှားတွေလက်က လွတ်မြောက်သွားတဲ့ Soldier Boy ဟာလည်း ပြန်လည်ပါဝင်လာပြီး သူကတော့ Butcher နဲ့အပေးအယူ လုပ်လိုက်ပုံ ပေါ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အပိုင်း(၅)ထဲမှာ ပရိသတ်တွေ သိပ်သတိမထားမိလိုက်တဲ့ အချက်တွေနဲ့ စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Super Sonic ရဲ့သေဆုံးမှုကို လိမ်လည်ဖုံးကွယ်ခဲ့တဲ့ Vought

photo via screenrant

Vought ဟာ သူတို့ရဲ့အာဏာနဲ့ လုပ်နိုင်စွမ်းကို အသုံးပြုပြီး လူထုကို အမြဲလိမ်လည်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သလို သူတို့ကပဲ Supe တွေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် Supe တွေဟာလည်း မကြာခဏ တလွဲတွေလုပ်မိပြီး လူတွေသေဆုံးတာမျိူး ရှိခဲ့တာကြောင့် Vought ကတော့ အဲဒီအချက်အလက်တွေအားလုံးကို လူထုမသိအောင် ဖုံးကွယ်ပေးခဲ့ပါတယ်။

အဲဒီနောက် Vought ကုမ္ပဏီတစ်ခုလုံးဟာ Homelander ရဲ့လက်အောက်ကို ရောက်သွားတဲ့ အချိန်မှာတော့ ပိုမိုဆိုးရွားလာပါတယ်။ အပိုင်း(၄)ထဲမှာတော့ Homelander ဟာ Starlight ကို ခြိမ်းခြောက်ဖို့နဲ့ သတိပေးဖို့အတွက် Seven အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Super Sonic ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပါတယ်။ သို့သော်လည်း အပိုင်း(၅)ထဲမှာတော့ Super Sonic ဟာ ဆေးလွန်ပြီး သေဆုံးသွားတယ်လို့ Vought က လိမ်လည်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

(2) Almond Joy သကြားလုံး

photo via screenrant

ဒီအချက်ကတော့ Starlight နဲ့ Hughie တို့ကြားက ချိုမြိန်တဲ့အရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ Season 2 ထဲမှာတော့ သူတို့နှစ်ယောက်ဟာ အကြိုက်ဆုံး သကြားလုံးတွေအကြောင်း ပြောခဲ့ကြပြီး Starlight ကတော့ Almond Joy ကို အကြိုက်ဆုံးပဲလို့ ပြောသွားပါတယ်။ Season 3 အပိုင်း(၅)ထဲမှာတော့ Hughie ဟာ Super Sonic ရဲ့ သေဆုံးမှုကြောင့် ထိတ်လန့်နေတဲ့ Starlight ကို စိတ်ငြိမ်အောင် ကြိုးစားပေးနေပြီး Almond Joy သကြားလုံးအချို့ကိုလည်း ပေးခဲ့ပါသေးတယ်။ ဒါ့အပြင် Almond Joy ဟာ Season 2 ထဲမှာ Black Noir ကို အနိုင်ယူနိုင်ခဲ့တဲ့ Candy လည်း ဖြစ်ပါတယ်။

(3) Hughie ဟာ စွမ်းအားတွေ ထာဝရ ရရှိသွားနိုင်ပါတယ်။

photo via screenrant

Hughie ကတော့ V-24 ကို ထိုးပြီးတဲ့နောက်မှာ တယ်လီပို့ လုပ်နိုင်စွမ်းကို ရရှိသွားတဲ့အပြင် ခွန်အားတွေလည်း တိုးလာပါတယ်။ ပြီးခဲ့တဲ့ အပိုင်းတွေမှာတော့ Hughie ဟာ သူ့အိမ်က ပုလင်းအဖုံးကို လုံးဝမဖွင့်နိုင်ခဲ့ဘဲ ဒီအပိုင်းထဲမှာ‌တော့ Hughie ဟာ အဲဒီပုလင်းအဖုံးကို အလွယ်တကူပဲ ဖွင့်သွားတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ Hughie ဟာ တယ်လီပို့လုပ်နိုင်စွမ်း မရှိတော့ပေမယ့် ခွန်အားတွေ တိုးလာပုံ ပေါ်ပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စာတစ်ပုဒ်နဲ့ ရှင်းပြထားပါသေးတယ်။

(4) Fast & Furious Reference

photo via screenrant

The Boys Universe ကတော့ Pop Culture တွေနဲ့ ပတ်သက်လာရင် အပြင်က တကယ့်လက်တွေ့ဘဝနဲ့ အတော်လေး ကွာခြားနေပါတယ်။ The Boys Universe ထဲမှာတော့ MCU နဲ့ DCEU တို့နေရာမှာ Vought က အစားထိုးဝင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီ Universe ထဲမှာ Fast & Furious Franchise ကတော့ ရှိနေပါသေးတယ်။ အကြောင်းကတော့ ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်နေရာမှာ Hughie က Dominic Toretto ကို Mention သွားလို့ပဲ ဖြစ်ပါတယ်။

(5) Spider-Man Reference

photo via screenrant

ဒီအပိုင်းထဲမှာတော့ Spider-Man ကို သိသိသာသာ Reference လုပ်သွားပါသေးတယ်။ Spider-Man ရဲ့ အထင်ကရ ဒိုင်ယာလော့ခ်တစ်ခုကတော့ “With Great Power there Must Also Come Great Responsibility” ပဲ ဖြစ်ပါတယ်။ ဒီဒိုင်ယာလော့ခ်ကတော့ Live Action ထဲက Spider-Man ဗားရှင်းသုံးမျိုးလုံးမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒီအပိုင်းထဲမှာတော့ Butcher ဟာ ဒီဒိုင်ယာလော့ခ်ကို သူ့ရဲ့ကိုယ်ပိုင်အတွေးအမြင်နဲ့ ရောစပ်ကာ ပြောသွားပါတယ်။ အဲဒါကတော့ “With Great Power Comes the Absolute Certainty that You’ll into a Right Cunt” ပဲ ဖြစ်ပါတယ်။ Butcher ရဲ့ ယူဆချက်ကတော့ ဒီလိုစွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို ဒီစွမ်းအားတွေကို အလွဲသုံးစား လုပ်မိလိမ့်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

(6) Tease လုပ်သွားတဲ့ The Boys Spin-Off

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ A-Train နဲ့ Blue Hawk တို့ဟာ တွေ့ဆုံစကားပြောနေကြပါတယ်။ အဲဒီမှာတော့ သူတို့နှစ်ယောက်ဟာ အရင်တုန်းက နည်းပြတစ်ယောက်တည်းဆီမှာ လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်ကတော့ Vought College ဟာ မျိူးဆက်သစ် Supe တွေကို လေ့ကျင့်ပေးနေတယ်လို့ ညွှန်ပြနေပါတယ်။ အဲဒါကတော့ အသစ်ထွက်ရှိလာမယ့် Spin-Off ဇာတ်လမ်းတွဲကို ရည်ညွှန်းတာ ဖြစ်ပြီး ဇာတ်လမ်းကတော့ အဲဒီ College အကြောင်းကို ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

(7) Stan Lee Parody

photo via screenrant

ဒီအပိုင်းထဲမှာတော့ Legend ဆိုတဲ့ ဇာတ်ကောင်အသစ်ကို မြင်ခဲ့ရပါတယ်။ ဒီဇာတ်ကောင်ကတော့ The Boys ကောမစ်ထဲမှာ Stan Lee ကို Parody အနေနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Legend ဟာ အသက်အရွယ်ကြီးနေတဲ့ ကောမစ်ဖန်တီးသူတစ်ယောက်ဖြစ်ပြီး Butcher ကလွဲရင် ဘယ်သူ့ကိုမှ မယုံပါဘူး။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပြီး သူဟာ Vought ရဲ့ ဝန်ထမ်းဟောင်းတစ်ယောက် ဖြစ်ကာ Butcher ကို လုံးဝမကြိုက်တဲ့ပုံစံအဖြစ် ဖန်တီးထားပါတယ်။

(8) ထုတ်လုပ်သူ Seth Rogen ရဲ့ Cameo

photo via screenrant

နာမည်ကျော် သရုပ်ဆောင်လည်းဖြစ်၊ ဒီရှိုးရဲ့ ထုတ်လုပ်သူလည်းဖြစ်တဲ့ Seth Rogen ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Cameo အဖြစ် ပါဝင်လေ့ရှိပါတယ်။ အရင် Season ထဲမှာတော့ Seth ဟာ အင်တာဗျူးဖြေနေတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ Cameo ပါဝင်ခဲ့ပါတယ်။ ယခု Season ထဲမှာတော့ Crimson Countess နဲ့ Video Call ပြောနေတဲ့ Sir-Cums-A-Lot-779 ဆိုသူကလည်း ထုတ်လုပ်သူ Seth Rogen ကပဲ Cameo ပါဝင်ထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular