HomeUncategorizedအပိုင်း(၃)ပိုင်းနဲ့တင် သွေးအတုတွေ ကုန်သွားခဲ့တယ်ဆိုတဲ့ The Boys Season 3

အပိုင်း(၃)ပိုင်းနဲ့တင် သွေးအတုတွေ ကုန်သွားခဲ့တယ်ဆိုတဲ့ The Boys Season 3

The Boys Season 3 ဟာ ကြမ်းတမ်းလွန်းတာကြောင့် အပိုင်းသုံးပိုင်း ရိုက်ကူးပြီးတဲ့ နောက်မှာတော့ သွေးအတုတွေအားလုံး ကုန်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ Butcher နေရာမှာ သရုပ်ဆောင်ထားတဲ့ Karl Urban က ပြောပြထားပါတယ်။ အရင်ကလည်း Season 3 ဟာ ဒီဇာတ်လမ်းတွဲရဲ့ အကြမ်းဆုံး Season ဖြစ်မယ့်အကြောင်း Karl Urban ကပဲ ပြောခဲ့ဖူးပါသေးတယ်။ ဒီဇာတ်လမ်းတွဲကတော့ Amazon Prime က ဖန်တီးခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ရှေ့လမှာတော့ Season 3 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Season 3 ထဲမှာတော့ Karl Urban အပြင် အဓိကသရုပ်ဆောင်တွေ ဖြစ်တဲ့ Anthony Starr ၊ Jack Quaid ၊ Erin Moriarty ၊ Chace Crawford နဲ့ Jessie T. Usher တို့လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စူပါဟီးရိုးအသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပြီး Captain America ကို Parody ပြုလုပ်ထားတဲ့ Soldier Boy ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Soldier Boy နေရာမှာတော့ Jensen Ackles က ပါဝင်သရုပ်ဆောင်ထားပါတယ်။

UK Radio တစ်ခုဖြစ်တဲ့ RadioX နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Karl Urban ဟာ Season 3 နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြခဲ့ပါတယ်။

“အရာရာတိုင်းကို ပုံမှန်ထက် တိုးထားရပါတယ်။ အပိုင်း(၃)ကိုရောက်တော့ မိတ်ကပ်ဌာနက သွေးအတုတွေအားလုံး ကုန်သွားတယ်လေ။ အပိုင်း(၈)ပိုင်းရှိတာ (၃)ပိုင်း ရိုက်ပြီးတော့ သွေးတွေ အကုန်ကုန်သွားတာပဲ …”

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ပရိသတ်တွေအားလုံး သိကြတဲ့အတိုင်း Superhero ဇာတ်လမ်းအမျိူးအစားကို သာမန်ထက် Dark ဖြစ်တဲ့ တင်ဆက်မှုနဲ့ ဖန်တီးခဲ့ပြီး R-Rated လည်း ဖြစ်တာကြောင့် သွေးထွက်သံယိုတွေများစွာ ပါဝင်ပါတယ်။ Season 1 နဲ့ 2 မှာလည်း သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်ခဲ့တာကြောင့် သွေးအတုတွေ ပမာဏများစွာ အသုံးပြုခဲ့ရပါတယ်။ ဒီထက်ပိုကြမ်းတဲ့ Season 3 ကို ရိုက်ကူးတဲ့ အချိန်မှာတော့ မိတ်ကပ်ဌာနက ကြိုတင်ပြင်ဆင်ထားတဲ့ သွေးအတုတွေတောင် မလုံလောက်တော့ဘဲနဲ့ အပိုင်း(၃)ပိုင်းတည်းနဲ့တင် ကုန်သွားတာကို ကြည့်ခြင်းအားဖြင့် Season 3 ရဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေကို မှန်းဆနိုင်ပါပြီ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular