HomeEntertainmentFilmအရင် season တွေထက် ပိုကြမ်းလာတော့မယ့် The Boys Season 3

အရင် season တွေထက် ပိုကြမ်းလာတော့မယ့် The Boys Season 3

The Boys Season 3 ထဲမှာတော့ စူပါဟီးရိုးအသစ်တွေ ထပ်မံပါဝင်လာမှာ ဖြစ်ပြီး Homelander ကလည်း ထင်ရာစိုင်းနေတာကို အသစ်ထွက်လာတဲ့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Garth Ennis နဲ့ Darrick Robertson တို့ ဖန်တီးခဲ့တဲ့ ကောမစ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ R-Rated ပဲ ဖြစ်ပြီး အလွန်ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အိပ်ရာခန်းတွေ ပါဝင်တာကြောင့် ကလေးသူငယ်တွေ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။

photo via screenrant

Season 3 ထဲမှာတော့ Karl Urban ၊ Jack Quaid ၊ Karen Fukuhara ၊ Laz Alonso နဲ့ Tomer Capon တို့က The Boys အဖွဲ့အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပြီး Anthony Starr ၊ Jessie T. Usher ၊ Chace Crawford ၊ Nathan Mitchell နဲ့ Dominique McElligott တို့ကတော့ The Seven အဖွဲ့အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Supernatural ဇာတ်လမ်းတွဲထဲက Dean Winchester အဖြစ် လူသိများကြတဲ့ Jensen Ackles ကလည်း Soldier Boy ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

The Boys Season 3 ရဲ့ ထွေလာကိုတော့ မကြာသေးခင်ကပဲ Prime Video က ထွက်ရှိပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ Homelander ဟာ ပုံမှန်မဟုတ်ဘဲ မူမမှန်ဖြစ်နေကာ သူ့ရဲ့ရက်စက်မှုတွေကိုတောင် ဖုံးကွယ်ထားဖို့ မကြိုးစားတော့တာကို မြင်တွေ့ရပါတယ်။ Butcher ကလည်း Queen Maeve ပေးတဲ့ ဆေးတွေကို ထိုးသွင်းကာ စူပါဟီးရိုးတွေကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။ အဲဒီဆေးတွေကတော့ (၂၄)နာရီကြာအောင် စွမ်းအားရရှိစေတာ ဖြစ်ပြီး Jensen Ackles ရဲ့ Soldier Boy ကိုလည်း တွေ့လိုက်ရပါသေးတယ်။

Soldier Boy ပါဝင်လာပြီ ဖြစ်တာကြောင့် Payback အဖွဲ့ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရှိခဲ့တဲ့ စူပါဟီးရိုးအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Payback အဖွဲ့ကတော့ Marvel ရဲ့ Avengers တွေကို Parody ပြုလုပ်ထားတာ ဖြစ်ပြီး Avengers တွေနဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေတဲ့ The Boys Season 3 ကိုတော့ လာမယ့် ဇွန်လ (၃)ရက်နေ့မှာ Prime Video ကနေ ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular