HomeEntertainmentFilmThe Nun နဲ့ Annabelle တို့ရဲ့ ထူးခြားတဲ့ ဆက်နွယ်မှုများနဲ့ သီအိုရီများ

The Nun နဲ့ Annabelle တို့ရဲ့ ထူးခြားတဲ့ ဆက်နွယ်မှုများနဲ့ သီအိုရီများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Conjuring Universe မှာ ရုပ်ရှင်ကားတွေ အများကြီး ပါဝင်ပြီး ဇာတ်ကောင်များစွာကိုလည်း ဖန်တီးခဲ့ပါတယ်။ Annabelle နဲ့ The Nun တို့ဟာလည်း The Conjuring Universe ထဲက နာမည်ကြီးတဲ့ ဇာတ်ကောင်တွေ ဖြစ်ကြပြီး  သူတို့နှစ်ယောက်ဟာ ဇာတ်လမ်းထဲမှာတော့ သိပ်ပြီးတော့ ဆက်နွယ်မှု မရှိကြပါဘူး။ ဒါပေမယ့်လည်း ရုပ်ရှင်ထဲမှာ ထည့်သွင်းထားတဲ့ မြှုပ်ကွက်တွေနဲ့ fan သီအိုရီတွေကို ပေါင်းစပ်လိုက်ရင်တော့ သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာ ကောက်ချက်ချလို့ ရပါတယ်။ ဒါကြောင့် The Nun နဲ့ Annabelle တို့ရဲ့ အပြန်အလှန် ဆက်စပ်မှုတွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

The Conjuring Universe ထဲက နာမည်ကြီး မကောင်းဆိုးဝါး
photo via screenrant

ပရိသတ်တွေဟာ The Conjuring Universe ထဲမှာ ဇာတ်ကောင်ပေါင်းစုံကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း La Llorona ၊ The Crooked Man နဲ့ Bathsheba တို့အပြင် တစ်ခြားဇာတ်ကောင်တွေကိုတော့ ဘယ်တုန်းကမှ တကယ့်မကောင်းဆိုးဝါးကြီးဆိုပြီး ပုံဖော်ခဲ့တာမျိုး မရှိပါဘူး။

Valak နဲ့ Annabelle အရုပ်မှာ ပူးကပ်နေတဲ့မကောင်းဆိုးဝါးတို့ကိုပဲ တကယ့်မကောင်းဆိုးဝါးဆိုပြီး ဖော်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးဟာ Warren မိသားစုကို မုန်းတီးနေကြသူတွေ ဖြစ်ပါတယ်။ The Conjuring ရဲ့ ဒုတိယဇာတ်ကားထဲမှာတော့ Valak ဟာ Ed နဲ့ Lorraine တို့ကို ပစ်မှတ်ထားခဲ့ပြီး Annabelle ကတော့ Annabelle Comes Home ထဲမှာ Judy Warren ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒါကြောင့် Conjuring Universe တစ်ခုလုံးမှာ Valak နဲ့ Annabelle တို့ကသာ နာမည်ကြီး မကောင်းဆိုးဝါးတွေဆိုတာ နားလည်ထားလို့ ရပါတယ်။

 Annabelle Creation ထဲက Credit Scene
photo via screenrant

The Nun ဟာ Annabelle ဇာတ်ကားတွေထဲမှာ မပါဝင်ခဲ့သလို Annabelle ဟာလည်း The Nun ဇာတ်ကားထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် Annabelle Creation ဇာတ်ကားရဲ့အဆုံးက Credit Scene ထဲမှာတော့ မှောင်မည်းနေတဲ့ လျှောက်လမ်းကြီးတစ်ခုကို အရင်ပြသခဲ့ပါတယ်။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ မယ်သီလရှင်တစ်ယောက်ပုံစံ ပေါ်လာပြီးတော့ တစ်လှမ်းချင်းစီ လမ်းလျှောက်လာရင်းနဲ့ နီးကပ်လာတဲ့အချိန်မှာ သူ့အနားက ဖယောင်းတိုင်တွေကလည်း တဖြည်းဖြည်းချင်း မီးငြိမ်းသွားခဲ့ပါတယ်။ အဲ့လိုနဲ့ ကင်မရာနဲ့ နီးစပ်လာတဲ့အချိန်မှာတော့ credit scene ဟာ ပြီးဆုံးသွားပါတယ်။

Sister Charlotte
photo via screenrant

Annabelle Creation ထဲမှာ ပါဝင်တဲ့ Sister Charlotte ဟာ The Nun နဲ့ သေချာပေါက်ကို ဆက်စပ်နေပါတယ်။ အကြောင်းကတော့ ဒီကားထဲမှာ Sister Charlotte ဟာ အရင်တုန်းက သူ့ရဲ့ဓာတ်ပုံဟောင်းကို ပြန်ကြည့်နေတဲ့ အခန်းတစ်ခန်း ပါဝင်ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ သူအပါအဝင် နောက်ထပ်သီလရှင်သုံးယောက်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမ သတိမထားမိတဲ့ တစ်ချက်ကတော့ သူမရဲ့အနောက်က အမှောင်ထဲမှာ Valak ဟာ သူမကို စိုက်ကြည့်နေတာပဲ ဖြစ်ပါတယ်။ Sister Charlotte ဟာ The Nun ရုပ်ရှင်ကားထဲမှာ မပါခဲ့ဖူးပေမယ့်လည်း အဲ့ဒီဓာတ်ပုံအရဆိုရင်တော့ The Nun နိုးထနေတဲ့ အချိန်တစ်ခုမှာ သူမဟာ အဲ့ဒီနေရာမှာ ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါ့အပြင် Sister Charlotte ကိုယ်တိုင်ဟာ မကောင်းဆိုးဝါး ပူးကပ်ခံနေရတာပါဆိုပြီး ပြောထားတဲ့ သီအိုရီတွေလည်း ရှိပါသေးတယ်။

Sister Charlotte ကြည့်နေတဲ့ဓာတ်ပုံဟာ The Nun ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
photo via screenrant

Annabelle Creation ထဲမှာ sister Charlotte ကြည့်နေတဲ့ ဓာတ်ပုံဟာ The Nun ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကတော့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ သီလရှင်လေးယောက်ရဲ့ ဓာတ်ပုံကို အချိန်ခဏလေး ပြသသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Sister Charlotte အပါအဝင် အဲ့ဒီဓာတ်ပုံထဲကသူတွေ တစ်ယောက်မှတော့ The Nun ဇာတ်ကားထဲမှာ မပါဝင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်ပဲ ဒီတစ်ချက်ဟာ ထူးဆန်းတယ်လို့ ပြောလို့ရတဲ့အပြင် Sister Charlotte ဟာ အဲ့ဒီဓာတ်ပုံထဲမှာ Valak ကြီး ပါနေတယ်ဆိုတာကို လုံးဝသတိမထားမိတာလား ဆိုတာကလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါတယ်။ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းတွေ ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ဘေးကနေ အဲ့လိုကြီး ပါလာတာကို သတိမထားမိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါတွေကြောင့်လည်း ဒီဓာတ်ပုံကပေးတဲ့ သဲလွန်စနဲ့ The Nun နဲ့ sister Charlotte ရဲ့ ဆက်စပ်မှုတွေကို ဖြေရှင်းထားတဲ့ သီအိုရီတွေထွက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီသီအိုရီတွေကိုတော့ အောက်မှာ ဆက်လက်ဖော်ပြပေးထားပါတယ်။

သီအိုရီများ
photo via screenrant

The Nun ဇာတ်ကားထဲက အဖြစ်အပျက်ဟာ Annabelle Creation မတိုင်ခင် သုံးနှစ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် The Nun ထဲမှာ Valak က အကုန်လုံးကို သတ်ဖြတ်ခဲ့ပြီး အသက်ရှင်ကျန်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အဲ့ဒီတော့ Sister Charlotte အပါအဝင် ဓာတ်ပုံထဲမှာ ပါတဲ့သူတွေအကုန်လုံးဟာ သေဆုံးသွားသင့်ပါပြီ။ Sister Charlotte တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားစရာပါ။ နောက်ပြီး Annabelle ရှိတဲ့နေရာကို ရောက်လာတာကရော တိုက်ဆိုင်မှုတစ်ခုပဲလားဆိုတာ တွေးစရာတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် အပေါ်မှာ ပြောခဲ့သလိုပဲ sister Charlotte ကိုယ်တိုင်က မကောင်းဆိုးဝါး ပူးကပ်ခံနေရတယ်ဆိုတဲ့ သီအိုရီလည်း ရှိသလို သူကိုယ်တိုင်က Valak ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီလည်း ရှိနေပါတယ်။ Reddit က ဖော်ပြချက်တစ်ခုအရဆိုရင် Valak ဟာ Annabelle အရုပ်မှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကို လွတ်မြောက်စေချင်တယ်ဆိုတဲ့ သီအိုရီလည်း ရှိပါသေးတယ်။ အဲ့ဒါကြောင့် ဒီသီအိုရီနှစ်ခုနဲ့ စဉ်းစားလိုက်ရင် Sister Charlotte ကိုယ်တိုင်က Valak ဖြစ်နေပြီးတော့ Annabelle အရုပ်မှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကို လွတ်မြောက်အောင် ကူညီပေးဖို့အတွက် လာခဲ့တာလို့ ယူဆလို့ရပါတယ်။

ပူးကပ်မှု
photo via screenrant

The Nun ဟာ သူ့ရဲ့ဇာတ်ကားထဲမှာတုန်းက ခရစ်ယာန်ဘုန်းကြီးကျောင်းထဲမှာပဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် Conjuring ဇာတ်ကားတွေထဲမှာတော့ Warren လင်မယားရဲ့အိမ်မှာ သူ့ရဲ့ပုံတူကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီလိုပြထားခြင်းအားဖြင့် The Nun နဲ့ Warren မောင်နှံတို့ တွေ့ဆုံပြီးသွားပြီဆိုတာကို သိရစေပါတယ်။ ဒီတော့ အပေါ်မှာ ဖော်ပြခဲ့သလို Valak ဟာ အဲ့ဒီဘုန်းကြီးကျောင်းထဲက ဘယ်လိုမျိုးအပြင်ကို ထွက်လာခဲ့သလည်းဆိုတဲ့ သီအိုရီတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ်သီအိုရီတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ မကောင်းဆိုးဝါးတွေဟာ အရာဝတ္ထုပစ္စည်းတွေကို ပူးကပ်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ ဒါကြောင့်ပဲ Valak ဟာ Sister Charlotte ရဲ့ ဓာတ်ပုံထဲကို ဝင်ပူးပြီးတော့ လိုက်လာခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ Sister Charlotte ဟာ သူ့ရဲ့ဓာတ်ပုံထဲမှာ Valak ပါဝင်နေတာကို မမြင်ရတာကြောင့် ဓာတ်ပုံထဲမှာ ပါနေမှန်းမသိတာပါလို့လည်း ရှင်းထားတာ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ Valak ဟာ အဲ့ဒီဓာတ်ပုံထဲကနေ တစ်ဆင့် Annabelle အရုပ်ကို ပူးကပ်သွားတယ်လို့လည်း သီအိုရီက ပြောထားပါတယ်။

Vera Farmiga နဲ့ Taissa Farmiga
photo via screenrant

Vera ဟာ The Conjuring Universe ထဲမှာ Lorraine နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်ပြီး The Nun ထဲမှာ Sister Irene နေရာက သရုပ်ဆောင်ထားတဲ့ Taissa နဲ့ အပြင်မှာ တကယ့်ညီအစ်မအရင်းတွေ ဖြစ်ကြပါတယ်။ ဒါဟာ ပုံမှန်တိုက်ဆိုင်မှုတစ်ခုလို့ ပြောလို့ရပေမယ့်လည်း သူတို့ဇာတ်ကောင်‌တွေကို ကြည့်လိုက်ရင်တော့ Lorraine ဟာ အကြားအမြင်ရသလိုမျိူး စွမ်းအားရှိပြီးတော့ Sister Irene ဟာလည်း အလားတူ အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ဇာတ်ကားထဲက တစ်နေရာမှာ Irene ရဲ့ passport ကို ရိုက်ပြခဲ့ပြီး သူမ မွေးဖွားတဲ့နေရာကို ကော်နက်တီကတ်ပြည်နယ် Bridgeport မြို့ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ Lorraine ဟာလည်း အဲ့ဒီမြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် Lorraine နဲ့ sister Irene တို့နှစ်ယောက်ရဲ့ ဇာတ်ကောင်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် နက်နက်နဲနဲ ပတ်သက်မှုတစ်ခုခု ရှိနေတယ်ဆိုတဲ့ သီအိုရီတစ်ခု ထပ်ပြီးတော့ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကတော့ The Nun နဲ့ Annabelle တို့ကြားက ဆက်စပ်နေတဲ့ ပတ်သက်မှုတွေ၊ သီအိုရီတွေအကြောင်း ဖြစ်ပါတယ်။ စာဖတ်သူတို့သိထားတဲ့ အခြားသီအိုရီတွေ၊ မြှုပ်ကွက်တွေ ရှိနေရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Conjuring Universe မွာ ႐ုပ္ရွင္ကားေတြ အမ်ားႀကီး ပါဝင္ၿပီး ဇာတ္ေကာင္မ်ားစြာကိုလည္း ဖန္တီးခဲ့ပါတယ္။ Annabelle နဲ႔ The Nun တို႔ဟာလည္း The Conjuring Universe ထဲက နာမည္ႀကီးတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ၾကၿပီး  သူတို႔ႏွစ္ေယာက္ဟာ ဇာတ္လမ္းထဲမွာေတာ့ သိပ္ၿပီးေတာ့ ဆက္ႏြယ္မႈ မရွိၾကပါဘူး။ ဒါေပမယ့္လည္း ႐ုပ္ရွင္ထဲမွာ ထည့္သြင္းထားတဲ့ ျမႇဳပ္ကြက္ေတြနဲ႔ fan သီအိုရီေတြကို ေပါင္းစပ္လိုက္ရင္ေတာ့ သူတို႔ႏွစ္ေယာက္ၾကားမွာ ႀကီးမားတဲ့ ဆက္ႏြယ္မႈေတြ ရွိေနတယ္ဆိုတာ ေကာက္ခ်က္ခ်လို႔ ရပါတယ္။ ဒါေၾကာင့္ The Nun နဲ႔ Annabelle တို႔ရဲ႕ အျပန္အလွန္ ဆက္စပ္မႈေတြကို ရွာေဖြေဖာ္ျပေပးလိုက္ပါတယ္။

The Conjuring Universe ထဲက နာမည္ႀကီး မေကာင္းဆိုးဝါး
photo via screenrant

ပရိသတ္ေတြဟာ The Conjuring Universe ထဲမွာ ဇာတ္ေကာင္ေပါင္းစုံကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း La Llorona ၊ The Crooked Man နဲ႔ Bathsheba တို႔အျပင္ တစ္ျခားဇာတ္ေကာင္ေတြကိုေတာ့ ဘယ္တုန္းကမွ တကယ့္မေကာင္းဆိုးဝါးႀကီးဆိုၿပီး ပုံေဖာ္ခဲ့တာမ်ိဳး မရွိပါဘူး။

Valak နဲ႔ Annabelle အ႐ုပ္မွာ ပူးကပ္ေနတဲ့မေကာင္းဆိုးဝါးတို႔ကိုပဲ တကယ့္မေကာင္းဆိုးဝါးဆိုၿပီး ေဖာ္ျပခဲ့ဖူးတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္လုံးဟာ Warren မိသားစုကို မုန္းတီးေနၾကသူေတြ ျဖစ္ပါတယ္။ The Conjuring ရဲ႕ ဒုတိယဇာတ္ကားထဲမွာေတာ့ Valak ဟာ Ed နဲ႔ Lorraine တို႔ကို ပစ္မွတ္ထားခဲ့ၿပီး Annabelle ကေတာ့ Annabelle Comes Home ထဲမွာ Judy Warren ကို ပစ္မွတ္ထားခဲ့ပါတယ္။ ဒါေၾကာင့္ Conjuring Universe တစ္ခုလုံးမွာ Valak နဲ႔ Annabelle တို႔ကသာ နာမည္ႀကီး မေကာင္းဆိုးဝါးေတြဆိုတာ နားလည္ထားလို႔ ရပါတယ္။

Annabelle Creation ထဲက Credit Scene
photo via screenrant

The Nun ဟာ Annabelle ဇာတ္ကားေတြထဲမွာ မပါဝင္ခဲ့သလို Annabelle ဟာလည္း The Nun ဇာတ္ကားထဲမွာ မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္ Annabelle Creation ဇာတ္ကားရဲ႕အဆုံးက Credit Scene ထဲမွာေတာ့ ေမွာင္မည္းေနတဲ့ ေလွ်ာက္လမ္းႀကီးတစ္ခုကို အရင္ျပသခဲ့ပါတယ္။ ၿပီးေတာ့မွ တျဖည္းျဖည္းနဲ႔ မယ္သီလရွင္တစ္ေယာက္ပုံစံ ေပၚလာၿပီးေတာ့ တစ္လွမ္းခ်င္းစီ လမ္းေလွ်ာက္လာရင္းနဲ႔ နီးကပ္လာတဲ့အခ်ိန္မွာ သူ႔အနားက ဖေယာင္းတိုင္ေတြကလည္း တျဖည္းျဖည္းခ်င္း မီးၿငိမ္းသြားခဲ့ပါတယ္။ အဲ့လိုနဲ႔ ကင္မရာနဲ႔ နီးစပ္လာတဲ့အခ်ိန္မွာေတာ့ credit scene ဟာ ၿပီးဆုံးသြားပါတယ္။

Sister Charlotte
photo via screenrant

Annabelle Creation ထဲမွာ ပါဝင္တဲ့ Sister Charlotte ဟာ The Nun နဲ႔ ေသခ်ာေပါက္ကို ဆက္စပ္ေနပါတယ္။ အေၾကာင္းကေတာ့ ဒီကားထဲမွာ Sister Charlotte ဟာ အရင္တုန္းက သူ႔ရဲ႕ဓာတ္ပုံေဟာင္းကို ျပန္ၾကည့္ေနတဲ့ အခန္းတစ္ခန္း ပါဝင္ပါတယ္။ အဲ့ဒီဓာတ္ပုံဟာ သူအပါအဝင္ ေနာက္ထပ္သီလရွင္သုံးေယာက္နဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ပုံ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူမ သတိမထားမိတဲ့ တစ္ခ်က္ကေတာ့ သူမရဲ႕အေနာက္က အေမွာင္ထဲမွာ Valak ဟာ သူမကို စိုက္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။ Sister Charlotte ဟာ The Nun ႐ုပ္ရွင္ကားထဲမွာ မပါခဲ့ဖူးေပမယ့္လည္း အဲ့ဒီဓာတ္ပုံအရဆိုရင္ေတာ့ The Nun ႏိုးထေနတဲ့ အခ်ိန္တစ္ခုမွာ သူမဟာ အဲ့ဒီေနရာမွာ ရွိခဲ့တယ္ဆိုတာ ေသခ်ာပါတယ္။ ဒါ့အျပင္ Sister Charlotte ကိုယ္တိုင္ဟာ မေကာင္းဆိုးဝါး ပူးကပ္ခံေနရတာပါဆိုၿပီး ေျပာထားတဲ့ သီအိုရီေတြလည္း ရွိပါေသးတယ္။

Sister Charlotte ၾကည့္ေနတဲ့ဓာတ္ပုံဟာ The Nun ႐ုပ္ရွင္ကားထဲမွာလည္း ပါဝင္ခဲ့ပါတယ္။
photo via screenrant

Annabelle Creation ထဲမွာ sister Charlotte ၾကည့္ေနတဲ့ ဓာတ္ပုံဟာ The Nun ႐ုပ္ရွင္ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ နံရံေပၚမွာ ခ်ိတ္ဆြဲထားတဲ့ သီလရွင္ေလးေယာက္ရဲ႕ ဓာတ္ပုံကို အခ်ိန္ခဏေလး ျပသသြားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Sister Charlotte အပါအဝင္ အဲ့ဒီဓာတ္ပုံထဲကသူေတြ တစ္ေယာက္မွေတာ့ The Nun ဇာတ္ကားထဲမွာ မပါဝင္ခဲ့ပါဘူး။

အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခ်က္ဟာ ထူးဆန္းတယ္လို႔ ေျပာလို႔ရတဲ့အျပင္ Sister Charlotte ဟာ အဲ့ဒီဓာတ္ပုံထဲမွာ Valak ႀကီး ပါေနတယ္ဆိုတာကို လုံးဝသတိမထားမိတာလား ဆိုတာကလည္း ေမးခြန္းထုတ္စရာတစ္ခု ျဖစ္ေနပါတယ္။ ကိုယ္နဲ႔ကိုယ့္သူငယ္ခ်င္းေတြ ႐ိုက္ထားတဲ့ ဓာတ္ပုံထဲမွာ ေဘးကေန အဲ့လိုႀကီး ပါလာတာကို သတိမထားမိဘူးဆိုတာေတာ့ မျဖစ္ႏိုင္ပါဘူး။ အဲ့ဒါေတြေၾကာင့္လည္း ဒီဓာတ္ပုံကေပးတဲ့ သဲလြန္စနဲ႔ The Nun နဲ႔ sister Charlotte ရဲ႕ ဆက္စပ္မႈေတြကို ေျဖရွင္းထားတဲ့ သီအိုရီေတြထြက္လာတာ ျဖစ္ပါတယ္။ အဲ့ဒီသီအိုရီေတြကိုေတာ့ ေအာက္မွာ ဆက္လက္ေဖာ္ျပေပးထားပါတယ္။

သီအိုရီမ်ား
photo via screenrant

The Nun ဇာတ္ကားထဲက အျဖစ္အပ်က္ဟာ Annabelle Creation မတိုင္ခင္ သုံးႏွစ္မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ The Nun ထဲမွာ Valak က အကုန္လုံးကို သတ္ျဖတ္ခဲ့ၿပီး အသက္ရွင္က်န္တဲ့သူ တစ္ေယာက္မွ မရွိပါဘူး။ အဲ့ဒီေတာ့ Sister Charlotte အပါအဝင္ ဓာတ္ပုံထဲမွာ ပါတဲ့သူေတြအကုန္လုံးဟာ ေသဆုံးသြားသင့္ပါၿပီ။ Sister Charlotte တစ္ေယာက္တည္း အသက္ရွင္က်န္ခဲ့တယ္ဆိုတာက ျဖစ္ႏိုင္ပါ့မလားလို႔ စဥ္းစားစရာပါ။ ေနာက္ၿပီး Annabelle ရွိတဲ့ေနရာကို ေရာက္လာတာကေရာ တိုက္ဆိုင္မႈတစ္ခုပဲလားဆိုတာ ေတြးစရာေတြ ျဖစ္လာပါတယ္။

ဒါ့အျပင္ အေပၚမွာ ေျပာခဲ့သလိုပဲ sister Charlotte ကိုယ္တိုင္က မေကာင္းဆိုးဝါး ပူးကပ္ခံေနရတယ္ဆိုတဲ့ သီအိုရီလည္း ရွိသလို သူကိုယ္တိုင္က Valak ျဖစ္ေနႏိုင္တယ္ဆိုတဲ့ သီအိုရီလည္း ရွိေနပါတယ္။ Reddit က ေဖာ္ျပခ်က္တစ္ခုအရဆိုရင္ Valak ဟာ Annabelle အ႐ုပ္မွာ ပူးကပ္ေနတဲ့ မေကာင္းဆိုးဝါးကို လြတ္ေျမာက္ေစခ်င္တယ္ဆိုတဲ့ သီအိုရီလည္း ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီသီအိုရီႏွစ္ခုနဲ႔ စဥ္းစားလိုက္ရင္ Sister Charlotte ကိုယ္တိုင္က Valak ျဖစ္ေနၿပီးေတာ့ Annabelle အ႐ုပ္မွာ ပူးကပ္ေနတဲ့ မေကာင္းဆိုးဝါးကို လြတ္ေျမာက္ေအာင္ ကူညီေပးဖို႔အတြက္ လာခဲ့တာလို႔ ယူဆလို႔ရပါတယ္။

ပူးကပ္မႈ
photo via screenrant

The Nun ဟာ သူ႔ရဲ႕ဇာတ္ကားထဲမွာတုန္းက ခရစ္ယာန္ဘုန္းႀကီးေက်ာင္းထဲမွာပဲ ရွိေနခဲ့တာပါ။ ဒါေပမယ့္ Conjuring ဇာတ္ကားေတြထဲမွာေတာ့ Warren လင္မယားရဲ႕အိမ္မွာ သူ႔ရဲ႕ပုံတူကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။ ဒီလိုျပထားျခင္းအားျဖင့္ The Nun နဲ႔ Warren ေမာင္ႏွံတို႔ ေတြ႕ဆုံၿပီးသြားၿပီဆိုတာကို သိရေစပါတယ္။ ဒီေတာ့ အေပၚမွာ ေဖာ္ျပခဲ့သလို Valak ဟာ အဲ့ဒီဘုန္းႀကီးေက်ာင္းထဲက ဘယ္လိုမ်ိဳးအျပင္ကို ထြက္လာခဲ့သလည္းဆိုတဲ့ သီအိုရီေတြ ေပၚထြက္လာခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္သီအိုရီတစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ မေကာင္းဆိုးဝါးေတြဟာ အရာဝတၳဳပစၥည္းေတြကို ပူးကပ္ႏိုင္တဲ့စြမ္းအား ရွိၾကပါတယ္။ ဒါေၾကာင့္ပဲ Valak ဟာ Sister Charlotte ရဲ႕ ဓာတ္ပုံထဲကို ဝင္ပူးၿပီးေတာ့ လိုက္လာခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ Sister Charlotte ဟာ သူ႔ရဲ႕ဓာတ္ပုံထဲမွာ Valak ပါဝင္ေနတာကို မျမင္ရတာေၾကာင့္ ဓာတ္ပုံထဲမွာ ပါေနမွန္းမသိတာပါလို႔လည္း ရွင္းထားတာ ရွိပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ Valak ဟာ အဲ့ဒီဓာတ္ပုံထဲကေန တစ္ဆင့္ Annabelle အ႐ုပ္ကို ပူးကပ္သြားတယ္လို႔လည္း သီအိုရီက ေျပာထားပါတယ္။

Vera Farmiga နဲ႔ Taissa Farmiga
photo via screenrant

Vera ဟာ The Conjuring Universe ထဲမွာ Lorraine ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးျဖစ္ၿပီး The Nun ထဲမွာ Sister Irene ေနရာက သ႐ုပ္ေဆာင္ထားတဲ့ Taissa နဲ႔ အျပင္မွာ တကယ့္ညီအစ္မအရင္းေတြ ျဖစ္ၾကပါတယ္။ ဒါဟာ ပုံမွန္တိုက္ဆိုင္မႈတစ္ခုလို႔ ေျပာလို႔ရေပမယ့္လည္း သူတို႔ဇာတ္ေကာင္‌ေတြကို ၾကည့္လိုက္ရင္ေတာ့ Lorraine ဟာ အၾကားအျမင္ရသလိုမ်ိဴး စြမ္းအားရွိၿပီးေတာ့ Sister Irene ဟာလည္း အလားတူ အစြမ္းကို ပိုင္ဆိုင္ထားပါတယ္။

ဒါ့အျပင္ ဇာတ္ကားထဲက တစ္ေနရာမွာ Irene ရဲ႕ passport ကို ႐ိုက္ျပခဲ့ၿပီး သူမ ေမြးဖြားတဲ့ေနရာကို ေကာ္နက္တီကတ္ျပည္နယ္ Bridgeport ၿမိဳ႕ဆိုၿပီး ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ Lorraine ဟာလည္း အဲ့ဒီၿမိဳ႕မွာ ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ Lorraine နဲ႔ sister Irene တို႔ႏွစ္ေယာက္ရဲ႕ ဇာတ္ေကာင္ေတြဟာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ နက္နက္နဲနဲ ပတ္သက္မႈတစ္ခုခု ရွိေနတယ္ဆိုတဲ့ သီအိုရီတစ္ခု ထပ္ၿပီးေတာ့ ေပၚထြက္လာခဲ့ပါတယ္။

ဒါကေတာ့ The Nun နဲ႔ Annabelle တို႔ၾကားက ဆက္စပ္ေနတဲ့ ပတ္သက္မႈေတြ၊ သီအိုရီေတြအေၾကာင္း ျဖစ္ပါတယ္။ စာဖတ္သူတို႔သိထားတဲ့ အျခားသီအိုရီေတြ၊ ျမႇဳပ္ကြက္ေတြ ရွိေနရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular