HomeEntertainmentFilmSpin-Off ဇာတ်လမ်းတွဲအနေနဲ့ အသစ်ထွက်ရှိလာမယ့် The Croods: Family Tree

Spin-Off ဇာတ်လမ်းတွဲအနေနဲ့ အသစ်ထွက်ရှိလာမယ့် The Croods: Family Tree

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Croods Animation ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပြီး (၇) နှစ်ကြာတဲ့အခါမှာတော့ The Croods: A New Age ဆိုပြီး ထပ်မံထွက်ရှိလာခဲ့ပါတယ်။ ဒီ Animation နှစ်ကားလုံးဟာ ပရိသတ်အကြိုက် ဖြစ်ခဲ့တာကြောင့် အခုချိန်မှာတော့ DreamWorks စတူဒီယို The Croods: Family Tree ဆိုပြီး Spin-Off ဇာတ်လမ်းတွဲကို ထပ်မံထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ယခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့မှာ Hulu နဲ့ Peacock တို့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ထွက်ရှိခဲ့တဲ့ The Croods ကတော့ Box Office မှာ ဒေါ်လာ (၅၈၇) သန်း ရရှိခဲ့ပြီး ဒုတိယထွက်ရှိခဲ့တဲ့ The Croods: A New Age ကတော့ ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေ မဖွင့်နိုင်တဲ့အချိန်မှာ ထွက်ရှိခဲ့တာကြောင့် ဒေါ်လာ (၂၁၅) သန်းသာ ရရှိခဲ့ပါတယ်။ ပထမဆုံးထွက်ခဲ့တဲ့ The Croods ကတော့ DreamWorks ရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံး Animation ဖြစ်ခဲ့တာကြောင့် အခုချိန်မှာတော့ DreamWorks ဟာ ဒီ Franchise ကို ဇာတ်လမ်းတွဲအနေနဲ့ ထပ်မံဖန်တီးသွားမှာ ဖြစ်ပါတယ်။

သိပ်မကြာခင်တုန်းကတော့ DreamWorks ဟာ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကို YouTube Channel ပေါ်မှာ တင်ခဲ့ပြီး ဘယ်ရက်မှာ ပြသသွားမယ် ဆိုတာနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုပါ ဖော်ပြသွားပါတယ်။ Dawn အဖြစ်နဲ့ Kelly Marie Tran ၊ Ugga အဖြစ်နဲ့ Amy Landecker ၊ Grug အဖြစ်နဲ့ Kiff VandenHeuvel ၊ Eep အဖြစ်နဲ့ Ally Dixon ၊ Thunk အဖြစ်နဲ့ AJ Locascio ၊ Sandy အဖြစ်နဲ့ Dee Bradley Baker ၊ Gran အဖြစ်နဲ့ Artemis Pebdani ၊ Guy အဖြစ်နဲ့ Darin Brooks ၊ Phil အဖြစ်နဲ့ Matthew Waterson နဲ့ Hope နေရာမှာတော့ Amy Rosoff တို့က ပါဝင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ Season 1 ထဲမှာတော့ အပိုင်းခြောက်ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် The Croods: A New Age ထဲမှာ စတင်ပါဝင်ခဲ့တဲ့ Betterman မိသားစုလည်း ဒီဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်သလို သူတို့မိသားစုနှစ်ခုရဲ့ တဖြည်းဖြည်း တိုးတက်လာပုံတွေကို မြင်တွေ့ရမှာပါ။ အရင်ထွက်ခဲ့တဲ့ Animation နှစ်ကားထဲမှာ ပါဝင်အသံသရုပ်ဆောင်ခဲ့တဲ့ Nicholas Cage ၊ Emma Stone နဲ့ Ryan Reynolds တို့ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပြန်လည်မပါဝင်တော့ပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

The Croods Animation ဟာ ၂၀၁၃ ခုႏွစ္က ထြက္ရွိခဲ့ၿပီး (၇) ႏွစ္ၾကာတဲ့အခါမွာေတာ့ The Croods: A New Age ဆိုၿပီး ထပ္မံထြက္ရွိလာခဲ့ပါတယ္။ ဒီ Animation ႏွစ္ကားလုံးဟာ ပရိသတ္အႀကိဳက္ ျဖစ္ခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ DreamWorks စတူဒီယို The Croods: Family Tree ဆိုၿပီး Spin-Off ဇာတ္လမ္းတြဲကို ထပ္မံထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ ယခုႏွစ္ စက္တင္ဘာလ (၂၃) ရက္ေန႔မွာ Hulu နဲ႔ Peacock တို႔မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။

ပထမဆုံး ထြက္ရွိခဲ့တဲ့ The Croods ကေတာ့ Box Office မွာ ေဒၚလာ (၅၈၇) သန္း ရရွိခဲ့ၿပီး ဒုတိယထြက္ရွိခဲ့တဲ့ The Croods: A New Age ကေတာ့ ကိုဗစ္ေၾကာင့္ တစ္ကမာၻလုံးက ႐ုပ္ရွင္႐ုံေတြ မဖြင့္ႏိုင္တဲ့အခ်ိန္မွာ ထြက္ရွိခဲ့တာေၾကာင့္ ေဒၚလာ (၂၁၅) သန္းသာ ရရွိခဲ့ပါတယ္။ ပထမဆုံးထြက္ခဲ့တဲ့ The Croods ကေတာ့ DreamWorks ရဲ႕ ဒုတိယေျမာက္ ဝင္ေငြအမ်ားဆုံး Animation ျဖစ္ခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ DreamWorks ဟာ ဒီ Franchise ကို ဇာတ္လမ္းတြဲအေနနဲ႔ ထပ္မံဖန္တီးသြားမွာ ျဖစ္ပါတယ္။

သိပ္မၾကာခင္တုန္းကေတာ့ DreamWorks ဟာ ဒီဇာတ္လမ္းတြဲရဲ႕ ေထြလာကို YouTube Channel ေပၚမွာ တင္ခဲ့ၿပီး ဘယ္ရက္မွာ ျပသသြားမယ္ ဆိုတာနဲ႔ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကိုပါ ေဖာ္ျပသြားပါတယ္။ Dawn အျဖစ္နဲ႔ Kelly Marie Tran ၊ Ugga အျဖစ္နဲ႔ Amy Landecker ၊ Grug အျဖစ္နဲ႔ Kiff VandenHeuvel ၊ Eep အျဖစ္နဲ႔ Ally Dixon ၊ Thunk အျဖစ္နဲ႔ AJ Locascio ၊ Sandy အျဖစ္နဲ႔ Dee Bradley Baker ၊ Gran အျဖစ္နဲ႔ Artemis Pebdani ၊ Guy အျဖစ္နဲ႔ Darin Brooks ၊ Phil အျဖစ္နဲ႔ Matthew Waterson နဲ႔ Hope ေနရာမွာေတာ့ Amy Rosoff တို႔က ပါဝင္ထားပါတယ္။

ဒီဇာတ္လမ္းတြဲရဲ႕ Season 1 ထဲမွာေတာ့ အပိုင္းေျခာက္ပိုင္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ The Croods: A New Age ထဲမွာ စတင္ပါဝင္ခဲ့တဲ့ Betterman မိသားစုလည္း ဒီဇာတ္လမ္းတြဲထဲမွာ ျပန္လည္ပါဝင္လာမွာ ျဖစ္သလို သူတို႔မိသားစုႏွစ္ခုရဲ႕ တျဖည္းျဖည္း တိုးတက္လာပုံေတြကို ျမင္ေတြ႕ရမွာပါ။ အရင္ထြက္ခဲ့တဲ့ Animation ႏွစ္ကားထဲမွာ ပါဝင္အသံသ႐ုပ္ေဆာင္ခဲ့တဲ့ Nicholas Cage ၊ Emma Stone နဲ႔ Ryan Reynolds တို႔ကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ ျပန္လည္မပါဝင္ေတာ့ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular