HomeEntertainmentFilmThe Expendables ရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ သရုပ်ဆောင်များ

The Expendables ရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ သရုပ်ဆောင်များ

The Expendables Franchise ကတော့ နာမည်ကြီး အက်ရှင်ဇာတ်ကားပဲ ဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေများစွာလည်း ပါဝင်ခဲ့ကြပါတယ်။ ဒီ Franchise ကတော့ ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး မင်းသားကြီး Sylvester Stallone ကိုယ်တိုင်ရိုက်ကူးထားတဲ့ Franchise တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Franchise ကတော့ ရုပ်ရှင်သုံးကား ထွက်ရှိထားပြီး ယခုနှစ်အတွင်းမှာ လေးကားမြောက်ရုပ်ရှင်လည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီ Franchise ဟာ ပရိသတ်တွေကြားမှာတော့ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း ဒီရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ သရုပ်ဆောင်တွေလည်း ရှိပါသေးတယ်။

(1) Kurt Russell

photo via screenrant

မင်းသားကြီး Stallone ဟာ အစတုန်းကတော့ Mr. Church နေရာမှာ သရုပ်ဆောင်ဖို့ မင်းသားကြီး Kurt Russell ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Kurt Russell ကတော့ အဲဒီအချိန်တုန်းက အက်ရှင်ဇာတ်လမ်းတွေမှာ သရုပ်မဆောင်ချင်တာကြောင့် ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။

(2) Bruce Willis

photo via screenrant

Kurt Russell က Mr. Church ဇာတ်ရုပ်ကို ငြင်းဆန်ပြီးတဲ့ နောက်မှာတော့ Bruce Willis ကို ဆက်လက်ကမ်းလှမ်းခဲ့ပါတယ်။ Bruce Willis ကလည်း ပထမတုန်းကတော့ ဒီဇာတ်ရုပ်ကို လက်ခံခဲ့ပြီး Mr. Church အနေနဲ့ ပထမနှစ်ကားမှာ ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း တတိယကားမှာတော့ သရုပ်ဆောင်ကြေးကြောင့် ဆက်လက်ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

(3) Jean-Claude Van Damme

photo via screenrant

Expendables ရုပ်ရှင်ဟာ အက်ရှင်သရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် Stallone ဟာ နာမည်ကျော်အက်ရှင်မင်းသား Van Damme ကိုလည်း ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Van Damme ကို ကမ်းလှမ်းခဲ့တဲ့ ဇာတ်ကောင်က ဘယ်သူဆိုတာ မသိရပေမယ့်လည်း Van Damme ကတော့ ဒီဇာတ်လမ်းက ဆွဲဆောင်မှုမရှိဘူးလို့ ယူဆတာကြောင့် ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယကားမှာတော့ စိတ်ပြောင်းပြီး ပါဝင်ခဲ့ပါတယ်။

(4) Wesley Snipes

photo via screenrant

အစတုန်းကတော့ Hale Caesar ဇာတ်ကောင်ကို Wesley Snipes အတွက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းကတော့ Wesley ဟာ အခွန်ပြဿနာတွေကြောင့် အမေရိကန်နိုင်ငံက ထွက်ခွာခွင့် မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ Wesley ဟာ ဒီဇာတ်ကောင်ကို ငြင်းပယ်လိုက်ရပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Expendables ထဲမှာတော့ Wesley ဟာ Doc Death နေရာကနေ ပါဝင်လာခဲ့ပါတယ်။

(5) Forest Whitaker

photo via screenrant

Wesley က Hale Caesar ဇာတ်ကောင်ကို ငြင်းပယ်ပြီးနောက်မှာတော့ Forest Whitaker ကို ဆက်လက် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာတော့ Forest Whitaker ဟာ မအားမလပ် ဖြစ်နေတာကြောင့် ငြင်းပယ်ခဲ့ပြန်ပါတယ်။

(6) 50 Cent

photo via screenrant

Wesley နဲ့ Forest တို့က Hale Caesar ဇာတ်ကောင်ကို ငြင်းပယ်ပြီး နောက်မှာတော့ 50 Cent ဟာလည်း အဲဒီဇာတ်ကောင်ကို ကမ်းလှမ်းခံခဲ့ရပါတယ်။ ဘာကြောင့်လည်း ဆိုတာကိုတော့ သေချာမသိရပေမယ့် 50 Cent ဟာလည်း ဒီဇာတ်ကောင်ကို ထပ်မံငြင်းပယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Hale Caesar နေရာမှာ Terry Crews က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(7) Terry Crews

photo via screenrant

Terry Crews ကတော့ Expendables ရုပ်ရှင်သုံးကားထဲက အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Expendables 4 ထဲမှာတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ Terry Crews ဟာ သူ့ရဲ့ talent agent ဖြစ်တဲ့ Adam Venit ဆီက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံစားခဲ့ရတယ်လို့ ထုတ်ပြောကာ တရားစွဲဆိုခဲ့ပါတယ်။ သို့သော်လည်း Expendables ရဲ့ ထုတ်လုပ်သူကတော့ ဒီရုပ်ရှင်ထဲမှာ ဆက်ပြီးပါဝင်ချင်ရင် အဲဒီတရားစွဲဆိုမှုကို ရုတ်သိမ်းရမယ်လို့ ပြောဆိုခဲ့တာကြောင့် Terry Crews ဟာ အမှုကိုမရုတ်သိမ်းဘဲ ဒီရုပ်ရှင်ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

(8) Steven Seagal

photo via screenrant

Expendables ထဲမှာတော့ နာမည်ကြီး အက်ရှင်သရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Steven Seagal ကိုလည်း Cameo အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မင်းသားကြီး Steven Seagal ကတော့ အကြောင်းတစ်ခုကြောင့် ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

(9) Donnie Yen

photo via screenrant

Ip Man အနေနဲ့ လူသိများကြတဲ့ မင်းသား Donnie Yen ဟာလည်း ဒီရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း Donnie Yen ကတော့ သူ့ကိုကမ်းလှမ်းတဲ့ ဇာတ်ကောင်ဟာ စိတ်ဝင်စားဖို့မကောင်းတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

(10) Antonio Banderas

photo via screenrant

The Expendables 2 ထဲမှာ ပါဝင်ဖို့အတွက် မင်းသားကြီး Antonio Banderas ဟာလည်း ကမ်းလှမ်းခံခဲ့ရပါသေးတယ်။ သို့သော်လည်း အဲဒီအချိန်မှာတော့ Antonio ဟာ မအားလပ်တာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း The Expendables 3 ထဲမှာတော့ Galgo ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

(11) John Travolta

photo via screenrant

The Expendables 2 ကို ဖန်တီးနေတဲ့ အချိန်မှာတော့ John Travolta ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် တကယ် မပါဝင်ဖြစ်ခဲ့တာလည်း ဆိုတာကိုတော့ မသိရပါဘူး။

(12) Nicholas Cage

photo via screenrant

John Travolta လိုပဲ Nicholas Cage ဟာလည်း The Expendables 2 ထဲမှာ ပါဝင်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ Nicholas Cage ဟာ ဒီရုပ်ရှင်ထဲမှာ မပါဝင်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့် မပါဖြစ်တာလည်းဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။

(13) Mickey Rourke

photo via screenrant

Mickey Rourke ကတော့ ပထမဆုံး Expendables ရုပ်ရှင်ထဲမှာ Tool ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Expendables 2 နဲ့ 3 မှာလည်း ဆက်လက်ပါဝင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း Mickey ဟာ အကြောင်းတစ်ခုကြောင့် နောက်ထပ်ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

(14) Clint Eastwood

photo via screenrant

မင်းသားကြီး Clint Eastwood ကတော့ Expendables 3 မှာ ပါဝင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မပါဝင်လာခဲ့ပါဘူး။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် လေးကားမြောက်မှာ ပါဝင်ဖို့အတွက် ထပ်မံကမ်းလှမ်းခဲ့ပေမယ့်လည်း အဲဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတာကိုတော့ မသိရပါဘူး။

(15) Milla Jovovich

photo via screenrant

Resident Evil မင်းသမီး Milla Jovovich ဟာလည်း Expendables 3 ထဲမှာ ပါဝင်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဆွေးနွေးမှုဟာ မအောင်မြင်ခဲ့ဘဲ သူမဟာ ဒီ Franchise ထဲမှာ မပါဝင်ခဲ့ပါဘူး။

(16) Jack Nicholson

photo via screenrant

The Expendables 3 ကို ဖန်တီးနေတဲ့ အချိန်မှာတော့ Stallone ဟာ ရုပ်ရှင်ရဲ့ ဗီလိန်အဖြစ် မင်းသားကြီး Jack Nicholson ကို ထည့်သွင်းချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာတော့ နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ မင်းသားကြီး Jack Nicholson ဟာ သရုပ်ဆောင်ဘဝကနေ အနားယူသွားတာကြောင့်ပါပဲ။ အဲဒီနောက်မှာတော့ Expendables 3 ရဲ့ ဗီလိန်နေရာမှ မင်းသားကြီး Mel Gibson က သရုပ်ဆောင်ခဲ့ပါတယ်။

(17) Jackie Chan

photo via screenrant

ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ အက်ရှင်မင်းသားကြီး Jackie Chan ဟာလည်း The Expendables 2 နဲ့ 3 ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာတော့ Jackie Chan ဟာ မအားလပ်ခဲ့တာကြောင့် ဒီရုပ်ရှင်တွေထဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular