HomeCharacterThor ရဲ့ လက်နက်ဖြစ်တဲ့ Mjolnir ကို အောင်အောင်မြင်မြင် ကိုင်နိုင်ခဲ့တဲ့ ဟီးရိုး (၁၀) ယောက်

Thor ရဲ့ လက်နက်ဖြစ်တဲ့ Mjolnir ကို အောင်အောင်မြင်မြင် ကိုင်နိုင်ခဲ့တဲ့ ဟီးရိုး (၁၀) ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thor ဟာ Asgardian တွေရဲ့မင်းသားတစ်ပါး ဖြစ်ပြီးတော့ Mjolnir လို့ခေါ်တဲ့ သူ့ရဲ့လက်နက်နဲ့အတူ ဗီလိန်တွေရဲ့အန္တရာယ်ကနေ ကာကွယ်ပေးထားတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီ Mjolnir ဟာ ထိုက်တန်တဲ့သူမှ မ,နိုင်မှာ ဖြစ်ပြီးတော့ မ,နိုင်တဲ့ ဘယ်သူမဆို Thor ရဲ့ စွမ်းအားကို ပိုင်ဆိုင်ရပါလိမ့်မယ်။ Thor အပြင် တစ်ခြား ဟီးရိုးတွေထဲမှာ ထိုက်တန်တဲ့သူတွေ ရှိတာကြောင့် အဲ့ဒီတူကို မ,နိုင်ခဲ့သူတွေထဲက (၁၀) ယောက်ကို ဖော်ပြပေးချင်ပါတယ်။

(1) Beta Ray Bill
photo via screenrant

သူကတော့ Korbinites ဆိုတဲ့ ဂြိုဟ်သား တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ မွေးရပ်မြေကို Asgard က မကောင်းဆိုးဝါး တစ်ကောင်က ဖျက်စီးသွားတာကြောင့် နေစရာအသစ်ကို ရှာဖွေနေခဲ့ပါတယ်။ အဲ့လိုရှာနေတဲ့အချိန်မှာ Thor နဲ့ တွေ့ကြပြီးတော့ အထင်လွဲကာ တိုက်ခိုက်ကြပါတော့တယ်။ တိုက်ခိုက်နေရင်းနဲ့ သူက Mjolnir ကို မ,နိုင်တယ်လို့ သိလိုက်ရတဲ့အချိန်မှာ Thor ဆီကနေ တိုက်ခိုက်ပြီး လုယူလိုက်ပါတော့တယ်။

သူ မ,နိုင်ရတဲ့ အကြောင်းကတော့ လုံးဝကို ထိုက်တန်ပြီးတော့ သူ့ရဲ့ လူတွေကို ကာကွယ်ပေးချင်ရုံ သက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကို Odin ကသိသွားတဲ့အချိန်မှာ သူ့ကိုခေါ်ပြီးတော့Thor နဲ့ မျှမျှတတ ထပ်ပြီးတော့ တိုက်ခိုက်စေခဲ့ပါတယ်။ ဒုတိယတစ်ခေါက် တိုက်ခိုက်တဲ့အခါမှာလည်း သူကထပ်ပြီး နိုင်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတိုက်ပွဲကို အသိအမှတ်ပြုတဲ့အနေနဲ့ Odin က Mjolnir လိုမျိုး လက်နက်တစ်ခု ဖြစ်တဲ့ Stormbreaker ကို ဖန်တီးပြီးတော့ လက်ဆောင်အဖြစ်နဲ့ ပေးခဲ့ပါတယ်။

(2) Magneto
photo via screenrant

Marvel’s Ultimate Universe ဟာ Marvel Universe ရဲ့ အပြိုင်ကမ္ဘာတစ်ခု ဖြစ်ပြီးတော့ အဲ့ဒီကမ္ဘာဟာတော့ ပုံမှန် universe ထက် အများကြီးပိုပြီး dark ဖြစ်ပါတယ်။ အဲ့ဒီကမ္ဘာမှာတော့ Magneto ဟာ သူ့ရဲ့သားနဲ့သမီး ဖြစ်တဲ့ Quicksilver နဲ့ Scarlet Witch တို့ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူရဲ့ဝမ်းနည်းမှုတွေကနေ ဒေါသအဖြစ်ကို ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေမျိုးစုံကို လုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းကြောင့်လည်း Mjolnir ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ တကယ်ကို ထိုက်တန်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် မ,နိုင်တာမျိုး မဟုတ်ဘဲနဲ့ သူ့ရဲ့သတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းကို အသုံးပြုထားတာကြောင့် အဲ့ဒီတူကို ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရိုးရိုး Marvel Universe မှာတော့ Magneto က Mjolnir ကို ထိန်းချုပ်နိုင်တဲ့အစွမ်း လုံးဝကို မရှိပါဘူး။ အဲ့ဒီတူကို လုပ်ထားတဲ့သတ္ထုဟာ ကမ္ဘာမြေပေါ်က သတ္ထုမဟုတ်တာကြောင့် Magneto ဟာ အဲဒီတူကို ထိန်းချုပ်ဖို့အတွက် တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့လည်း Ultimate Universe နဲ့ ရိုးရိုး universe နဲ့ ကြားက ကွာခြားမှုကို ဘာကြောင့်လဲဆိုတာတော့ သေချာ ရှင်းပြထားတာမျိုး မရှိပါဘူး။

(3) Black Widow
photo via screenrant

Comic စီးရီးတစ်ခုဖြစ်တဲ့ What If…? ထဲမှာ Natasha ဟာ Thor ရဲ့ တူကို မ,နိုင်ခဲ့ပါတယ်။ အဲ့ဒီစီးရီး Thor အပါအဝင် စူပါ,ပါဝါ ရှိတဲ့ စူပါဟီးရိုးတွေ အကုန်လုံးဟာ Ragnarok အဖြစ်အပျက်ကြောင့် အကုန်လုံး သေဆုံးသွားခဲ့ပါတယ်။ စူပါ,ပါဝါ မရှိတဲ့ ဟီးရိုးတွေသာ အသက်ရှင်ကျန်နေခဲ့ပေမယ့် Frost Giant တွေနဲ့ တိုက်ခိုက်ရမယ့်အချိန်မှာတော့ အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အကုန်လုံးဟာ အစိုးရိမ်လွန်နေကြတာကြောင့် Natasha ဟာ Thor ရဲ့တူကို ယူဖို့အတွက် စေလွှတ်ခံခဲ့ရပါတယ်။ အဲ့နောက်မှာတော့ သူမဟာ ဘာလှည့်ကွက်မှ မရှိဘဲနဲ့ ထိုက်တန်တာကြောင့် Mjolnir ကို မ,နိုင်ခဲ့ပါတယ်။ တစ်ချို့သီအိုရီတွေအရ အဲ့ဒီတူကို မ,နိုင်ဖို့အတွက်က စစ်သည်တော် တစ်ယောက်ရဲ့ စိတ်ဓာတ် ရှိဖို့က အဓိက အစိတ်အပိုင်းမှာ ပါဝင်တယ်လို့ ပြောကြပါတယ်။ သူမဟာ စစ်သည်တော် တစ်ယောက်ရဲ့ စိတ်ဓာတ် အပြည့်ရှိတာကြောင့် မ,နိုင်တာပါလို့လည်း တစ်ချို့က ပြောကြပါတယ်။

(4) Vision
photo via screenrant

Age of Ultron ထွက်လာတဲ့ အချိန်မှာတော့ လူတွေတော်တော်များများ အံ့အားသင့်စေမယ့် အခန်းတစ်ခန်း ပါလာခဲ့ပါတယ်။ အဲ့ဒါကတော့ Tony ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်တဲ့ Vision ဟာ Thor ရဲ့တူကို ကိုင်ပြီးတော့ သူ့ဆီကို ပြန်ပြီး ပေးတဲ့ အခန်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကို ကြည့်ချင်းအားဖြင့် သူဟာ ထိုက်တန်တာကြောင့် မ,နိုင်တာပါလို့ ပြောလို့ရပေမယ့် တစ်ခြား သီအိုရီတွေ ရှိပါသေးတယ်။

ပထမတစ်ခုကတော့ Vision ဟာ လူမဟုတ်ဘဲ စက်ရုပ်ဖြစ်တာကြောင့် ထိုက်တန်မှ မ,နိုင်မယ်ဆိုတဲ့ စည်းကမ်းချက်က သူ့အပေါ် မသက်ရောက်နိုင်တာကြောင့်လို့ ပြောကြပါတယ်။ ဒုတိယ တစ်ခုကတော့ သူဟာ စက်ရုပ်ဖြစ်နေတဲ့အပြင် mind stone ကို ထိန်းသိမ်းထားတာကြောင့် အဲ့ဒီ stone ရဲ့အစွမ်းကြောင့် ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်လာတာကြောင့်လို့လည်း ပြောကြပါသေးတယ်။

(5) Storm
photo via screenrant

X – Men တွေထဲက ရာသီဥတုတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတဲ့ Storm ဟာ Thor ရဲ့ အစွမ်းနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ သူမဟာလည်း Loki ရဲ့ ကျေးဇူးကြောင့် Thor ရဲ့ တူကို တစ်ခါ မ,ဖူးပါတယ်။ Loki ဟာ Stormcaster လို့ခေါ်တဲ့ Mjolnir နဲ့တူတဲ့ နောက်ထပ်တူတစ်လုံး ဖန်တီးခဲ့ပြီးတော့ အဲ့ဒီတူကို ကိုင်လိုက်တဲ့သူက Thor နဲ့တူတဲ့ အစွမ်းကိုရနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲ့ဒီတူကို Storm ကို ပေးခဲ့ပြီးတော့ Thor နဲ့ ရန်တိုက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ Loki ရဲ့ လှည့်ကွက်တွေကို ကြိုသိပြီး မကြိုက်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

အဲ့လိုနဲ့ နောက်ထပ်နှစ်တွေ ကြာလာတဲ့အချိန်မှာတော့ သူမဟာ Stormcaster ကိုကိုင်ဖို့ ဖြစ်လာခဲ့ပြီးတော့ မိုးကြိုးနတ်ဘုရားမ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူမနဲ့ Thor နဲ့ဟာ တိုက်ခိုက်ခဲ့ကြပေမယ့် သူမဟာ Thor ကို မတိုက်ခိုက်ဘဲနဲ့ သူကိုင်ထားတဲ့ Stormcaster ကို အပြီးတိုင် ဖျက်စီးဖို့အတွက် Mjolnir ကိုလုယူပြီးတော့ Stormcaster ကိုထုချေဖျက်စီးခဲ့ပါတယ်။ အဲ့လိုလုပ်နိုင်ရတဲ့အကြောင်းအရင်းကတော့ သူမဟာ ထိုက်တန်သူတစ်ယောက်ဖြစ်တာကြောင့် Mjolnir ကိုလုယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာ တစ်ခုကတော့ သူမဟာ နတ်ဘုရားမ တစ်ယောက်လို အစွမ်းတွေ ရရှိလာမယ့် အခွင့်အရေးကို နှစ်ခါတောင်မှ ငြင်းဆိုခဲ့ပါတယ်။

(6) Deadpool
photo via screenrant

Deadpool ဟာလည်း Thor ရဲ့တူကို ခိုးဖို့အတွက် Loki ရဲ့ လှည့်စားခြင်းကို ခံခဲ့ရပါသေးတယ်။ Thor ဟာ မစ်ရှင်တစ်ခုကို လုပ်နေတဲ့အချိန်မှာ သူ့ရဲ့တူကို လွတ်ကျသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ Deadpool က ခိုးယူခဲ့ပြီးတော့ နတ်ဘုရားအသွင် ပြောင်းသွားခဲ့ပါတယ်။ သူရဲ့ထုံးစံအတိုင်း အဲ့ဒီတူကို သုံးပြီးတော့ ပွဲတော်တွေက ကစားပွဲတွေမှာ ဝင်ကစားတာတို့၊ ဘေ့စ်ဘောကစားပွဲတွေမှာ ဝင်ကစားတာတို့လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ခဲ့ပါတယ်။

တကယ်တော့ Deadpool ဟာ တကယ့် Mjolnir ကို ပိုင်ဆိုင်ပြီး မ,နိုင်ခဲ့တာ မဟုတ်ပါဘူး။ တကယ့် Mjolnir ဟာ Thor လွတ်ကျသွားတဲ့ နေရာမှာပဲ ရှိပြီးတော့ အစစ်ကို Loki က မမြင်ရအောင် လုပ်ပြီးတော့ သူဖန်တီးထားတဲ့ အတုနဲ့လဲပြီးတော့ Deadpool ကို ခိုးအောင် လှည့်စားခဲ့တာပါ။ အတုကလည်း အစစ်လိုမျိုး ကိုင်လိုက်ရင် Thor ရဲ့အစွမ်းကို ပိုင်ဆိုင်စေပါတယ်။ ဒီတစ်ချက်ကတော့ တကယ့်အစစ်ကို မ,နိုင်ခဲ့တာ မဟုတ်ပေမယ့် ဟာသအနေနဲ့ရော သိသင့်တယ်လို့ ထင်မိလို့ရော ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

(7) Captain America
photo via screenrant

Mjolnir ကို Cap မ,နိုင်တယ်ဆိုတာတော့ အကုန်လုံးသိကြမှာပါ။ အခုနောက်ဆုံး ထွက်ထားတဲ့ Endgame ထဲမှာ Mjolnir ကို မ,ပြီးတော့ Thanos ကို ဗျင်းခဲ့တဲ့အခန်းက ပရိသတ်တွေကြားမှာ အတော်လေးကို ကျော်ကြားခဲ့ပါတယ်။ အခုလိုမျိုး LA ထဲမှာ မပြခင်ကတည်းက Cap ဟာ comic ထဲမှာ နှစ်ကြိမ်တိုင်တိုင် Mjolnir ကိုကိုင်ပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။

အဲ့ဒီနှစ်ကြိမ်လုံးကလည်း Avenger အဖွဲ့တစ်ဖွဲ့လုံး အန္တရာယ် ရှိနေတဲ့အချိန်တေွမှာ ဖြစ်ခဲ့တာပါ။ ပထမအကြိမ်ကတော့ Avenger တစ်ဖွဲ့လုံး ရှုံးလုနီးနီး ဖြစ်နေတဲ့အချိန်မှာ သူဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့နဲ့ သူ့ရဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် Mjolnir ကိုကိုင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ တိုက်ခိုက်နေရင်းနဲ့ သူ့ရဲ့ ဒိုင်းဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတာကြောင့် Mjolnir ကိုကိုင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

(8) Loki
photo via screenrant

Loki ဟာ ကလေးဘဝထဲက Thor ကို မနာလိုခဲ့တာ ဖြစ်ပြီးတော့ Thor ရဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ချင်ခဲ့ပါတယ်။ သူဟာ ပုံမှန်ဆိုရင် ဘယ်လိုမှကို ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်သလို ဘယ်လိုမှလည်း Mjolnir ကို မ,နိုင်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း Inversion လို့ခေါ်တဲ့ အဖြစ်အပျက်တစ်ခုမှာတော့ သူဟာ ထိုက်တန်တဲ့ သူတစ်ယောက် ဖြစ်လာပြီး Mjolnir ကိုမ,နိုင်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ Doctor Doom နဲ့ Scarlet Witch တို့ပူးပေါင်းပြီး အရာအားလုံးကို ပြောင်းပြန်ဖြစ်စေတဲ့ မန္တာန်တစ်ခုကို ရွတ်ဆိုလိုက်တာကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အဲ့ဒီအဖြစ်အပျက်ထဲမှာ လူတွေအကုန်လုံးဟာ ပြောင်းပြန်တွေ ဖြစ်ကုန်ကြပြီး အရင်ကကောင်းခဲ့တဲ့သူတွေက ဗီလိန်တွေ ဖြစ်လာပြီး ဗီလိန်တွေကတော့ ဟီးရိုးတွေ ဖြစ်လာပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာ Loki ဟာ လူကောင်းတစ်ယောက် ဖြစ်လာပြီး ထိုက်တန်တဲ့လူ ဖြစ်လာတာကြောင့် Mjolnir ကိုမ,နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြောင်းပြန်တွေ ဖြစ်ကုန်တာကြောင့် Thor ဟာ ဗီလိန်ဖြစ်လာပြီးတော့ နှစ်ယောက် တိုက်ခိုက်တဲ့အချိန်မှာ Loki ဟာ ရှုံးနိမ့်ခဲ့ပြီးတော့ Mjolnir ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

(9) Jane Foster
photo via screenrant

Thor ဟာ အနားယူသွားတဲ့အချိန်မှာ Lady Thor ဆိုပြီး နောက်ထပ် Thor အသစ် ပေါ်လာခဲ့ပါတယ်။ ပရိသတ်တွေဟာ အဲ့ဒီ Thor အသစ်ဟာ ဘယ်သူလဲဆိုတာကို သိချင်တာကြောင့် မေးမြန်းမှုတွေ လုပ်ခဲ့ကြပေမယ့် အချိန်အတော်ကြာအောင် အဖြေက ထွက်မလာခဲ့ပါဘူး။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ Thor အသစ်ဟာ Jane Foster ဖြစ်ပါတယ် ဆိုပြီး ဖော်ပြခဲ့ပါတယ်။ အရင် Thor ဟာ ထိုက်တန်သူ တစ်ယောက် မဖြစ်တော့ဘဲ Mjolnir ကို မ,မနိုင်တော့တဲ့အချိန်မှာ သူက Jane Foster ကို သူ့ရဲ့နေရာကို ဆက်ခံဖို့အတွက် ပြောခဲ့ပါတယ်။

အစကတော့ Jane Foster ဟာ ရင်သားကင်ဆာ ဖြစ်နေပြီး ဆေးကုသမှုတွေ ခံယူနေရတာကြောင့် Mjolnir ကိုကိုင်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း တူကိုကိုင်ပြီးနောက်မှာ ရရှိလာတဲ့ အစွမ်းတွေကြောင့် သူမဟာ လုံးဝကို ကျန်းမာတဲ့လူတစ်ယောက် ဖြစ်သွားပြီး Thor ရဲ့နေရာကို ဆက်ခံခဲ့ပါတယ်။ တကယ်တမ်းကတော့ အစွမ်းတွေရလာတာကြောင့်သာ သူမရဲ့အပြင်ပိုင်းပုံစံက ကျန်းမာလာသလို ထင်နေရတာ ဖြစ်ပြီး အဲ့ဒီအစွမ်းတွေကြောင့်ပဲ သူမရဲ့ရောဂါဟာ ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။

(10) Hulk And Red Hulk
photo via screenrant

Hulk နဲ့ Red Hulk တို့ဟာလည်း ထိုက်တန်တဲ့လူတစ်ယောက် ဖြစ်စရာမလိုဘဲနဲ့ မ,နိုင်တဲ့ လူတွေထဲမှာ ပါပါတယ်။ သူတို့ရဲ့ အင်အားဟာ အရမ်းကြီးမားတာကြောင့် ထိုက်တန်သူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို လိုက်နာစရာ မလိုဘဲ အင်အားကြီး သက်သက်နဲ့ မ,နိုင်ကြတာပါ။

ဒါ့အပြင် Red Hulk ဟာ Mjolnir ကိုကိုင်ပြီး အာကာသထဲမှာ Thor နဲ့ တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။ အာကာသထဲမှာဆိုတော့ မြေဆွဲအား မရှိတာကြောင့်နဲ့ သူ့ရဲ့အင်အားတွေကြောင့် သူဟာ Mjolnir ကို လွတ်လွတ်လပ်လပ် ကိုင်ပြီး တိုက်ခိုက်နိုင်ပါတယ်။ Hulk ဟာလည်း Mjolnir ကို Thor ရဲ့လက်ထဲမှာ ရှိနေတဲ့အချိန်မှာတောင် လုယူပြီး Thor ကိုပြန်ပြီး တိုက်ခိုက်ဖူးပါသေးတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Thor ဟာ Asgardian ေတြရဲ႕မင္းသားတစ္ပါး ျဖစ္ၿပီးေတာ့ Mjolnir လို႔ေခၚတဲ့ သူ႔ရဲ႕လက္နက္နဲ႔အတူ ဗီလိန္ေတြရဲ႕အႏၲရာယ္ကေန ကာကြယ္ေပးထားတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီ Mjolnir ဟာ ထိုက္တန္တဲ့သူမွ မ,ႏိုင္မွာ ျဖစ္ၿပီးေတာ့ မ,ႏိုင္တဲ့ ဘယ္သူမဆို Thor ရဲ႕ စြမ္းအားကို ပိုင္ဆိုင္ရပါလိမ့္မယ္။ Thor အျပင္ တစ္ျခား ဟီး႐ိုးေတြထဲမွာ ထိုက္တန္တဲ့သူေတြ ရွိတာေၾကာင့္ အဲ့ဒီတူကို မ,ႏိုင္ခဲ့သူေတြထဲက (၁၀) ေယာက္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Beta Ray Bill
photo via screenrant

သူကေတာ့ Korbinites ဆိုတဲ့ ၿဂိဳဟ္သား တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ ေမြးရပ္ေျမကို Asgard က မေကာင္းဆိုးဝါး တစ္ေကာင္က ဖ်က္စီးသြားတာေၾကာင့္ ေနစရာအသစ္ကို ရွာေဖြေနခဲ့ပါတယ္။ အဲ့လိုရွာေနတဲ့အခ်ိန္မွာ Thor နဲ႔ ေတြ႕ၾကၿပီးေတာ့ အထင္လြဲကာ တိုက္ခိုက္ၾကပါေတာ့တယ္။ တိုက္ခိုက္ေနရင္းနဲ႔ သူက Mjolnir ကို မ,ႏိုင္တယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ Thor ဆီကေန တိုက္ခိုက္ၿပီး လုယူလိုက္ပါေတာ့တယ္။

သူ မ,ႏိုင္ရတဲ့ အေၾကာင္းကေတာ့ လုံးဝကို ထိုက္တန္ၿပီးေတာ့ သူ႔ရဲ႕ လူေတြကို ကာကြယ္ေပးခ်င္႐ုံ သက္သက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါကို Odin ကသိသြားတဲ့အခ်ိန္မွာ သူ႔ကိုေခၚၿပီးေတာ့Thor နဲ႔ မွ်မွ်တတ ထပ္ၿပီးေတာ့ တိုက္ခိုက္ေစခဲ့ပါတယ္။ ဒုတိယတစ္ေခါက္ တိုက္ခိုက္တဲ့အခါမွာလည္း သူကထပ္ၿပီး ႏိုင္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတိုက္ပြဲကို အသိအမွတ္ျပဳတဲ့အေနနဲ႔ Odin က Mjolnir လိုမ်ိဳး လက္နက္တစ္ခု ျဖစ္တဲ့ Stormbreaker ကို ဖန္တီးၿပီးေတာ့ လက္ေဆာင္အျဖစ္နဲ႔ ေပးခဲ့ပါတယ္။

(2) Magneto
photo via screenrant

Marvel’s Ultimate Universe ဟာ Marvel Universe ရဲ႕ အၿပိဳင္ကမာၻတစ္ခု ျဖစ္ၿပီးေတာ့ အဲ့ဒီကမာၻဟာေတာ့ ပုံမွန္ universe ထက္ အမ်ားႀကီးပိုၿပီး dark ျဖစ္ပါတယ္။ အဲ့ဒီကမာၻမွာေတာ့ Magneto ဟာ သူ႔ရဲ႕သားနဲ႔သမီး ျဖစ္တဲ့ Quicksilver နဲ႔ Scarlet Witch တို႔ကို ဆုံးရႈံးခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူရဲ႕ဝမ္းနည္းမႈေတြကေန ေဒါသအျဖစ္ကို ေျပာင္းလဲသြားၿပီး ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြမ်ိဳးစုံကို လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ သတၳဳေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ အစြမ္းေၾကာင့္လည္း Mjolnir ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာ တကယ္ကို ထိုက္တန္တဲ့လူတစ္ေယာက္ ျဖစ္တာေၾကာင့္ မ,ႏိုင္တာမ်ိဳး မဟုတ္ဘဲနဲ႔ သူ႔ရဲ႕သတၳဳေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့အစြမ္းကို အသုံးျပဳထားတာေၾကာင့္ အဲ့ဒီတူကို ကိုင္ႏိုင္တာ ျဖစ္ပါတယ္။

႐ိုး႐ိုး Marvel Universe မွာေတာ့ Magneto က Mjolnir ကို ထိန္းခ်ဳပ္ႏိုင္တဲ့အစြမ္း လုံးဝကို မရွိပါဘူး။ အဲ့ဒီတူကို လုပ္ထားတဲ့သတၳဳဟာ ကမာၻေျမေပၚက သတၳဳမဟုတ္တာေၾကာင့္ Magneto ဟာ အဲဒီတူကို ထိန္းခ်ဳပ္ဖို႔အတြက္ ေတာ္ေတာ္ေလးကို ခက္ခဲပါလိမ့္မယ္။ ဒါေပမဲ့လည္း Ultimate Universe နဲ႔ ႐ိုး႐ိုး universe နဲ႔ ၾကားက ကြာျခားမႈကို ဘာေၾကာင့္လဲဆိုတာေတာ့ ေသခ်ာ ရွင္းျပထားတာမ်ိဳး မရွိပါဘူး။

(3) Black Widow
photo via screenrant

Comic စီးရီးတစ္ခုျဖစ္တဲ့ What If…? ထဲမွာ Natasha ဟာ Thor ရဲ႕ တူကို မ,ႏိုင္ခဲ့ပါတယ္။ အဲ့ဒီစီးရီး Thor အပါအဝင္ စူပါ,ပါဝါ ရွိတဲ့ စူပါဟီး႐ိုးေတြ အကုန္လုံးဟာ Ragnarok အျဖစ္အပ်က္ေၾကာင့္ အကုန္လုံး ေသဆုံးသြားခဲ့ပါတယ္။ စူပါ,ပါဝါ မရွိတဲ့ ဟီး႐ိုးေတြသာ အသက္ရွင္က်န္ေနခဲ့ေပမယ့္ Frost Giant ေတြနဲ႔ တိုက္ခိုက္ရမယ့္အခ်ိန္မွာေတာ့ အခက္အခဲေတြ ျဖစ္လာခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အကုန္လုံးဟာ အစိုးရိမ္လြန္ေနၾကတာေၾကာင့္ Natasha ဟာ Thor ရဲ႕တူကို ယူဖို႔အတြက္ ေစလႊတ္ခံခဲ့ရပါတယ္။ အဲ့ေနာက္မွာေတာ့ သူမဟာ ဘာလွည့္ကြက္မွ မရွိဘဲနဲ႔ ထိုက္တန္တာေၾကာင့္ Mjolnir ကို မ,ႏိုင္ခဲ့ပါတယ္။ တစ္ခ်ိဳ႕သီအိုရီေတြအရ အဲ့ဒီတူကို မ,ႏိုင္ဖို႔အတြက္က စစ္သည္ေတာ္ တစ္ေယာက္ရဲ႕ စိတ္ဓာတ္ ရွိဖို႔က အဓိက အစိတ္အပိုင္းမွာ ပါဝင္တယ္လို႔ ေျပာၾကပါတယ္။ သူမဟာ စစ္သည္ေတာ္ တစ္ေယာက္ရဲ႕ စိတ္ဓာတ္ အျပည့္ရွိတာေၾကာင့္ မ,ႏိုင္တာပါလို႔လည္း တစ္ခ်ိဳ႕က ေျပာၾကပါတယ္။

(4) Vision
photo via screenrant

Age of Ultron ထြက္လာတဲ့ အခ်ိန္မွာေတာ့ လူေတြေတာ္ေတာ္မ်ားမ်ား အံ့အားသင့္ေစမယ့္ အခန္းတစ္ခန္း ပါလာခဲ့ပါတယ္။ အဲ့ဒါကေတာ့ Tony ဖန္တီးထားတဲ့ စက္႐ုပ္ျဖစ္တဲ့ Vision ဟာ Thor ရဲ႕တူကို ကိုင္ၿပီးေတာ့ သူ႔ဆီကို ျပန္ၿပီး ေပးတဲ့ အခန္းပဲ ျဖစ္ပါတယ္။ အဲ့ဒါကို ၾကည့္ခ်င္းအားျဖင့္ သူဟာ ထိုက္တန္တာေၾကာင့္ မ,ႏိုင္တာပါလို႔ ေျပာလို႔ရေပမယ့္ တစ္ျခား သီအိုရီေတြ ရွိပါေသးတယ္။

ပထမတစ္ခုကေတာ့ Vision ဟာ လူမဟုတ္ဘဲ စက္႐ုပ္ျဖစ္တာေၾကာင့္ ထိုက္တန္မွ မ,ႏိုင္မယ္ဆိုတဲ့ စည္းကမ္းခ်က္က သူ႔အေပၚ မသက္ေရာက္ႏိုင္တာေၾကာင့္လို႔ ေျပာၾကပါတယ္။ ဒုတိယ တစ္ခုကေတာ့ သူဟာ စက္႐ုပ္ျဖစ္ေနတဲ့အျပင္ mind stone ကို ထိန္းသိမ္းထားတာေၾကာင့္ အဲ့ဒီ stone ရဲ႕အစြမ္းေၾကာင့္ ထိုက္တန္တဲ့သူတစ္ေယာက္ ျဖစ္လာတာေၾကာင့္လို႔လည္း ေျပာၾကပါေသးတယ္။

(5) Storm
photo via screenrant

X – Men ေတြထဲက ရာသီဥတုေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ အစြမ္းရွိတဲ့ Storm ဟာ Thor ရဲ႕ အစြမ္းနဲ႔ အနည္းငယ္ေတာ့ ဆင္တူပါတယ္။ သူမဟာလည္း Loki ရဲ႕ ေက်းဇူးေၾကာင့္ Thor ရဲ႕ တူကို တစ္ခါ မ,ဖူးပါတယ္။ Loki ဟာ Stormcaster လို႔ေခၚတဲ့ Mjolnir နဲ႔တူတဲ့ ေနာက္ထပ္တူတစ္လုံး ဖန္တီးခဲ့ၿပီးေတာ့ အဲ့ဒီတူကို ကိုင္လိုက္တဲ့သူက Thor နဲ႔တူတဲ့ အစြမ္းကိုရႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဲ့ဒီတူကို Storm ကို ေပးခဲ့ၿပီးေတာ့ Thor နဲ႔ ရန္တိုက္ေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း သူမဟာ Loki ရဲ႕ လွည့္ကြက္ေတြကို ႀကိဳသိၿပီး မႀကိဳက္တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။

အဲ့လိုနဲ႔ ေနာက္ထပ္ႏွစ္ေတြ ၾကာလာတဲ့အခ်ိန္မွာေတာ့ သူမဟာ Stormcaster ကိုကိုင္ဖို႔ ျဖစ္လာခဲ့ၿပီးေတာ့ မိုးႀကိဳးနတ္ဘုရားမ ျဖစ္လာခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ သူမနဲ႔ Thor နဲ႔ဟာ တိုက္ခိုက္ခဲ့ၾကေပမယ့္ သူမဟာ Thor ကို မတိုက္ခိုက္ဘဲနဲ႔ သူကိုင္ထားတဲ့ Stormcaster ကို အၿပီးတိုင္ ဖ်က္စီးဖို႔အတြက္ Mjolnir ကိုလုယူၿပီးေတာ့ Stormcaster ကိုထုေခ်ဖ်က္စီးခဲ့ပါတယ္။ အဲ့လိုလုပ္ႏိုင္ရတဲ့အေၾကာင္းအရင္းကေတာ့ သူမဟာ ထိုက္တန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ Mjolnir ကိုလုယူလိုက္ႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ထူးျခားတာ တစ္ခုကေတာ့ သူမဟာ နတ္ဘုရားမ တစ္ေယာက္လို အစြမ္းေတြ ရရွိလာမယ့္ အခြင့္အေရးကို ႏွစ္ခါေတာင္မွ ျငင္းဆိုခဲ့ပါတယ္။

(6) Deadpool
photo via screenrant

Deadpool ဟာလည္း Thor ရဲ႕တူကို ခိုးဖို႔အတြက္ Loki ရဲ႕ လွည့္စားျခင္းကို ခံခဲ့ရပါေသးတယ္။ Thor ဟာ မစ္ရွင္တစ္ခုကို လုပ္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕တူကို လြတ္က်သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Deadpool က ခိုးယူခဲ့ၿပီးေတာ့ နတ္ဘုရားအသြင္ ေျပာင္းသြားခဲ့ပါတယ္။ သူရဲ႕ထုံးစံအတိုင္း အဲ့ဒီတူကို သုံးၿပီးေတာ့ ပြဲေတာ္ေတြက ကစားပြဲေတြမွာ ဝင္ကစားတာတို႔၊ ေဘ့စ္ေဘာကစားပြဲေတြမွာ ဝင္ကစားတာတို႔လိုမ်ိဳး သူမ်ားနဲ႔ မတူတာေတြ ျပဳလုပ္ခဲ့ပါတယ္။

တကယ္ေတာ့ Deadpool ဟာ တကယ့္ Mjolnir ကို ပိုင္ဆိုင္ၿပီး မ,ႏိုင္ခဲ့တာ မဟုတ္ပါဘူး။ တကယ့္ Mjolnir ဟာ Thor လြတ္က်သြားတဲ့ ေနရာမွာပဲ ရွိၿပီးေတာ့ အစစ္ကို Loki က မျမင္ရေအာင္ လုပ္ၿပီးေတာ့ သူဖန္တီးထားတဲ့ အတုနဲ႔လဲၿပီးေတာ့ Deadpool ကို ခိုးေအာင္ လွည့္စားခဲ့တာပါ။ အတုကလည္း အစစ္လိုမ်ိဳး ကိုင္လိုက္ရင္ Thor ရဲ႕အစြမ္းကို ပိုင္ဆိုင္ေစပါတယ္။ ဒီတစ္ခ်က္ကေတာ့ တကယ့္အစစ္ကို မ,ႏိုင္ခဲ့တာ မဟုတ္ေပမယ့္ ဟာသအေနနဲ႔ေရာ သိသင့္တယ္လို႔ ထင္မိလို႔ေရာ ထည့္ေပးလိုက္တာ ျဖစ္ပါတယ္။

(7) Captain America
photo via screenrant

Mjolnir ကို Cap မ,ႏိုင္တယ္ဆိုတာေတာ့ အကုန္လုံးသိၾကမွာပါ။ အခုေနာက္ဆုံး ထြက္ထားတဲ့ Eng Game ထဲမွာ Mjolnir ကို မ,ၿပီးေတာ့ Thanos ကို ဗ်င္းခဲ့တဲ့အခန္းက ပရိသတ္ေတြၾကားမွာ အေတာ္ေလးကို ေက်ာ္ၾကားခဲ့ပါတယ္။ အခုလိုမ်ိဳး LA ထဲမွာ မျပခင္ကတည္းက Cap ဟာ comic ထဲမွာ ႏွစ္ႀကိမ္တိုင္တိုင္ Mjolnir ကိုကိုင္ၿပီး တိုက္ခိုက္ခဲ့ဖူးပါတယ္။

အဲ့ဒီႏွစ္ႀကိမ္လုံးကလည္း Avenger အဖြဲ႕တစ္ဖြဲ႕လုံး အႏၲရာယ္ ရွိေနတဲ့အခ်ိန္ေတြမွာ ျဖစ္ခဲ့တာပါ။ ပထမအႀကိမ္ကေတာ့ Avenger တစ္ဖြဲ႕လုံး ရႈံးလုနီးနီး ျဖစ္ေနတဲ့အခ်ိန္မွာ သူဟာ ကမာၻႀကီးကို ကယ္တင္ဖို႔နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြကို ကယ္တင္ဖို႔အတြက္ Mjolnir ကိုကိုင္ၿပီး တိုက္ခိုက္ခဲ့ပါတယ္။ ဒုတိယအႀကိမ္ကေတာ့ တိုက္ခိုက္ေနရင္းနဲ႔ သူ႔ရဲ႕ ဒိုင္းဟာ အစိတ္စိတ္အမႊာမႊာ ျဖစ္သြားတာေၾကာင့္ Mjolnir ကိုကိုင္ၿပီး တိုက္ခိုက္ခဲ့ပါတယ္။

(8) Loki
photo via screenrant

Loki ဟာ ကေလးဘဝထဲက Thor ကို မနာလိုခဲ့တာ ျဖစ္ၿပီးေတာ့ Thor ရဲ႕ စြမ္းအားေတြကိုလည္း ပိုင္ဆိုင္ခ်င္ခဲ့ပါတယ္။ သူဟာ ပုံမွန္ဆိုရင္ ဘယ္လိုမွကို ထိုက္တန္တဲ့ လူတစ္ေယာက္ မဟုတ္သလို ဘယ္လိုမွလည္း Mjolnir ကို မ,ႏိုင္တဲ့ လူတစ္ေယာက္ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း Inversion လို႔ေခၚတဲ့ အျဖစ္အပ်က္တစ္ခုမွာေတာ့ သူဟာ ထိုက္တန္တဲ့ သူတစ္ေယာက္ ျဖစ္လာၿပီး Mjolnir ကိုမ,ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ဟာ Doctor Doom နဲ႔ Scarlet Witch တို႔ပူးေပါင္းၿပီး အရာအားလုံးကို ေျပာင္းျပန္ျဖစ္ေစတဲ့ မႏၲာန္တစ္ခုကို ႐ြတ္ဆိုလိုက္တာေၾကာင့္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

အဲ့ဒီအျဖစ္အပ်က္ထဲမွာ လူေတြအကုန္လုံးဟာ ေျပာင္းျပန္ေတြ ျဖစ္ကုန္ၾကၿပီး အရင္ကေကာင္းခဲ့တဲ့သူေတြက ဗီလိန္ေတြ ျဖစ္လာၿပီး ဗီလိန္ေတြကေတာ့ ဟီး႐ိုးေတြ ျဖစ္လာပါတယ္။ အဲ့ဒီအျဖစ္အပ်က္မွာ Loki ဟာ လူေကာင္းတစ္ေယာက္ ျဖစ္လာၿပီး ထိုက္တန္တဲ့လူ ျဖစ္လာတာေၾကာင့္ Mjolnir ကိုမ,ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ေျပာင္းျပန္ေတြ ျဖစ္ကုန္တာေၾကာင့္ Thor ဟာ ဗီလိန္ျဖစ္လာၿပီးေတာ့ ႏွစ္ေယာက္ တိုက္ခိုက္တဲ့အခ်ိန္မွာ Loki ဟာ ရႈံးနိမ့္ခဲ့ၿပီးေတာ့ Mjolnir ကိုလည္း လက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။

(9) Jane Foster
photo via screenrant

Thor ဟာ အနားယူသြားတဲ့အခ်ိန္မွာ Lady Thor ဆိုၿပီး ေနာက္ထပ္ Thor အသစ္ ေပၚလာခဲ့ပါတယ္။ ပရိသတ္ေတြဟာ အဲ့ဒီ Thor အသစ္ဟာ ဘယ္သူလဲဆိုတာကို သိခ်င္တာေၾကာင့္ ေမးျမန္းမႈေတြ လုပ္ခဲ့ၾကေပမယ့္ အခ်ိန္အေတာ္ၾကာေအာင္ အေျဖက ထြက္မလာခဲ့ပါဘူး။ ဒါေပမဲ့လည္း ေနာက္ဆုံးမွာေတာ့ Thor အသစ္ဟာ Jane Foster ျဖစ္ပါတယ္ ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ အရင္ Thor ဟာ ထိုက္တန္သူ တစ္ေယာက္ မျဖစ္ေတာ့ဘဲ Mjolnir ကို မ,မႏိုင္ေတာ့တဲ့အခ်ိန္မွာ သူက Jane Foster ကို သူ႔ရဲ႕ေနရာကို ဆက္ခံဖို႔အတြက္ ေျပာခဲ့ပါတယ္။

အစကေတာ့ Jane Foster ဟာ ရင္သားကင္ဆာ ျဖစ္ေနၿပီး ေဆးကုသမႈေတြ ခံယူေနရတာေၾကာင့္ Mjolnir ကိုကိုင္ႏိုင္မယ္လို႔ မထင္ခဲ့ပါဘူး။ ဒါေပမဲ့လည္း တူကိုကိုင္ၿပီးေနာက္မွာ ရရွိလာတဲ့ အစြမ္းေတြေၾကာင့္ သူမဟာ လုံးဝကို က်န္းမာတဲ့လူတစ္ေယာက္ ျဖစ္သြားၿပီး Thor ရဲ႕ေနရာကို ဆက္ခံခဲ့ပါတယ္။ တကယ္တမ္းကေတာ့ အစြမ္းေတြရလာတာေၾကာင့္သာ သူမရဲ႕အျပင္ပိုင္းပုံစံက က်န္းမာလာသလို ထင္ေနရတာ ျဖစ္ၿပီး အဲ့ဒီအစြမ္းေတြေၾကာင့္ပဲ သူမရဲ႕ေရာဂါဟာ ပိုၿပီး ဆိုး႐ြားလာခဲ့ပါတယ္။

(10) Hulk And Red Hulk
photo via screenrant

Hulk နဲ႔ Red Hulk တို႔ဟာလည္း ထိုက္တန္တဲ့လူတစ္ေယာက္ ျဖစ္စရာမလိုဘဲနဲ႔ မ,ႏိုင္တဲ့ လူေတြထဲမွာ ပါပါတယ္။ သူတို႔ရဲ႕ အင္အားဟာ အရမ္းႀကီးမားတာေၾကာင့္ ထိုက္တန္သူ ျဖစ္ရမယ္ဆိုတဲ့ စည္းကမ္းခ်က္ကို လိုက္နာစရာ မလိုဘဲ အင္အားႀကီး သက္သက္နဲ႔ မ,ႏိုင္ၾကတာပါ။

ဒါ့အျပင္ Red Hulk ဟာ Mjolnir ကိုကိုင္ၿပီး အာကာသထဲမွာ Thor နဲ႔ တိုက္ခိုက္ခဲ့ဖူးပါေသးတယ္။ အာကာသထဲမွာဆိုေတာ့ ေျမဆြဲအား မရွိတာေၾကာင့္နဲ႔ သူ႔ရဲ႕အင္အားေတြေၾကာင့္ သူဟာ Mjolnir ကို လြတ္လြတ္လပ္လပ္ ကိုင္ၿပီး တိုက္ခိုက္ႏိုင္ပါတယ္။ Hulk ဟာလည္း Mjolnir ကို Thor ရဲ႕လက္ထဲမွာ ရွိေနတဲ့အခ်ိန္မွာေတာင္ လုယူၿပီး Thor ကိုျပန္ၿပီး တိုက္ခိုက္ဖူးပါေသးတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular