HomeCelebs Update NewsInternational၂၀၂၁ မှာ ထွက်ရှိလာဦးမယ့် The Kissing Booth 3

၂၀၂၁ မှာ ထွက်ရှိလာဦးမယ့် The Kissing Booth 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Kissing Booth ဟာ ၂၀၁၈ခုနှစ်မှာ Netflix က ရိုက်ကူးခဲ့တဲ့ ဟာသဇာတ်ကား တစ်ကားဖြစ်ပြီးတော့ ခုနောက်ပိုင်းမှာ တော်တော်လေး လူကြိုက်များလာပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ(၂၄)ရက်နေ့မှာ Kissing Booth 2 ဆိုပြီး ဒုတိယမြောက်ဇာတ်ကားကို ထပ်မံထွက်ရှိခဲ့တာပါ။ သို့ပေမယ့် အံ့ဩစရာတစ်ခုကတော့ ဒုတိယဇာတ်ကားကို ထွက်ရှိပြီး နှစ်ရက်အကြာ ဇူလိုင်လ(၂၆)ရက်နေ့မှာ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kissing Booth 3 ကို ၂၀၂၁ခုနှစ်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ Netflix က ကြေငြာလိုက်ပြန်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Elle Evans အဖြစ် Joey King  ၊ Lee Flynn အဖြစ် Joel Courtney နဲ့ Noah Flynn အဖြစ် Jacob Elordi တို့က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းဟာ စာရေးဆရာ Beth Reekles ရဲ့ဝတ္ထုတွေကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ Vince Marcello က ရိုက်ကူးထားပါတယ်။

photo via imdb

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ နောက်ထပ် အသစ်ထပ်ထွက်လာမယ့် The Kissing Booth 3 ဟာ ရိုက်ကူးရေးတွေ ပြီးသွားပြီလို့ သိရပါတယ်။ ဒီတတိယဇာတ်ကားဟာ ဒုတိယဇာတ်ကားဖြစ်တဲ့ The Kissing Booth 2 နဲ့ အတူတူ တစ်ခါတည်း ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

Kissing Booth ဟာ ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Elle Evans နဲ့ Lee Flynn တို့ရဲ့ ခင်မင်မှုသံယောဇဉ်နဲ့ Elle ရဲ့စိတ်တွေက သူငယ်ချင်းရဲ့အစ်ကိုဖြစ်သူ Noah Flynn ဆီကို ရောက်လာတဲ့အခါမှာတော့ သူငယ်ချင်းသံယောဇဉ်ကြားမှာ အဖုအထစ်တွေ ဖြစ်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via imdb

The Kissing Booth 3 အတွက် ဇာတ်လမ်းအကျဉ်းကတော့ Elle တစ်ယောက် တက္ကသိုလ်မတက်ခင် နွေရာသီကာလကို အခြေတည်ထားပါတယ်။ Elle ရဲ့ crush ဖြစ်သူ Noah ဟာ ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်နေပြီးတော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း Lee Flynn ကတော့ Berkeley တက္ကသိုလ်ကို တက်ရောက်ခွင့် ရထားပါတယ်။ ဒီကြားထဲမှာ ဘယ်သူ့ကိုမှ မပြောပြရသေးတဲ့ Elle ရဲ့ လျှို့ဝှက်ချက်ကတော့ သူမဟာ အဲ့ဒီ့တက္ကသိုလ်နှစ်ခုလုံးကို ဝင်ခွင့်ရနေတာပါပဲ။ ဘယ်သူ့နောက်ကိုလိုက်ပြီး ဘယ်လမ်းကြောင်းကို ရွေးချယ်မယ်ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

photo via imdb

တလောလေးကမှ ထွက်ရှိထားတဲ့ The Kissing Booth 2 ကတော့ ရုပ်ရှင်ဝေဖန်အကဲဖြတ်ရေးတွေရဲ့ အကြိုက်တွေ့မှုကို မရရှိခဲ့ပါဘူး။ Rotten Tomatoes မှာဆိုရင် rating (26%) ပဲ ရရှိထားပါတယ်။ ထပ်မံထွက်ရှိလာမယ့် The Kissing Booth 3 ကတော့ ဘယ်လိုအခြေအနေ ရှိဦးမလည်းဆိုတာ စောင့်မျှော်ကြရမှာ ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Kissing Booth ဟာ ၂၀၁၈ခုႏွစ္မွာ Netflix က ႐ိုက္ကူးခဲ့တဲ့ ဟာသဇာတ္ကား တစ္ကားျဖစ္ၿပီးေတာ့ ခုေနာက္ပိုင္းမွာ ေတာ္ေတာ္ေလး လူႀကိဳက္မ်ားလာပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ ဇူလိုင္လ(၂၄)ရက္ေန႔မွာ Kissing Booth 2 ဆိုၿပီး ဒုတိယေျမာက္ဇာတ္ကားကို ထပ္မံထြက္ရွိခဲ့တာပါ။ သို႔ေပမယ့္ အံ့ဩစရာတစ္ခုကေတာ့ ဒုတိယဇာတ္ကားကို ထြက္ရွိၿပီး ႏွစ္ရက္အၾကာ ဇူလိုင္လ(၂၆)ရက္ေန႔မွာ တတိယေျမာက္ဇာတ္ကားျဖစ္တဲ့ Kissing Booth 3 ကို ၂၀၂၁ခုႏွစ္မွာ ထုတ္လႊင့္ျပသသြားမယ္လို႔ Netflix က ေၾကျငာလိုက္ျပန္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Elle Evans အျဖစ္ Joey King  ၊ Lee Flynn အျဖစ္ Joel Courtney နဲ႔ Noah Flynn အျဖစ္ Jacob Elordi တို႔က သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းဟာ စာေရးဆရာ Beth Reekles ရဲ႕ဝတၳဳေတြကို အေျခခံ ႐ိုက္ကူးထားတာျဖစ္ၿပီး ဒါ႐ိုက္တာ Vince Marcello က ႐ိုက္ကူးထားပါတယ္။

photo via imdb

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေနာက္ထပ္ အသစ္ထပ္ထြက္လာမယ့္ The Kissing Booth 3 ဟာ ႐ိုက္ကူးေရးေတြ ၿပီးသြားၿပီလို႔ သိရပါတယ္။ ဒီတတိယဇာတ္ကားဟာ ဒုတိယဇာတ္ကားျဖစ္တဲ့ The Kissing Booth 2 နဲ႔ အတူတူ တစ္ခါတည္း ႐ိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။

Kissing Booth ဟာ ငယ္စဥ္ကတည္းက ခင္မင္ရင္းႏွီးလာခဲ့ၾကတဲ့ အခ်စ္ဆုံး သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္တဲ့ Elle Evans နဲ႔ Lee Flynn တို႔ရဲ႕ ခင္မင္မႈသံေယာဇဥ္နဲ႔ Elle ရဲ႕စိတ္ေတြက သူငယ္ခ်င္းရဲ႕အစ္ကိုျဖစ္သူ Noah Flynn ဆီကို ေရာက္လာတဲ့အခါမွာေတာ့ သူငယ္ခ်င္းသံေယာဇဥ္ၾကားမွာ အဖုအထစ္ေတြ ျဖစ္လာရတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via imdb

The Kissing Booth 3 အတြက္ ဇာတ္လမ္းအက်ဥ္းကေတာ့ Elle တစ္ေယာက္ တကၠသိုလ္မတက္ခင္ ေႏြရာသီကာလကို အေျခတည္ထားပါတယ္။ Elle ရဲ႕ crush ျဖစ္သူ Noah ဟာ ဟားဗတ္တကၠသိုလ္မွာ တက္ေရာက္ေနၿပီးေတာ့ သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း Lee Flynn ကေတာ့ Berkeley တကၠသိုလ္ကို တက္ေရာက္ခြင့္ ရထားပါတယ္။ ဒီၾကားထဲမွာ ဘယ္သူ႔ကိုမွ မေျပာျပရေသးတဲ့ Elle ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ သူမဟာ အဲ့ဒီ့တကၠသိုလ္ႏွစ္ခုလုံးကို ဝင္ခြင့္ရေနတာပါပဲ။ ဘယ္သူ႔ေနာက္ကိုလိုက္ၿပီး ဘယ္လမ္းေၾကာင္းကို ေ႐ြးခ်ယ္မယ္ဆိုတာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

photo via imdb

တေလာေလးကမွ ထြက္ရွိထားတဲ့ The Kissing Booth 2 ကေတာ့ ႐ုပ္ရွင္ေဝဖန္အကဲျဖတ္ေရးေတြရဲ႕ အႀကိဳက္ေတြ႕မႈကို မရရွိခဲ့ပါဘူး။ Rotten Tomatoes မွာဆိုရင္ rating (26%) ပဲ ရရွိထားပါတယ္။ ထပ္မံထြက္ရွိလာမယ့္ The Kissing Booth 3 ကေတာ့ ဘယ္လိုအေျခအေန ရွိဦးမလည္းဆိုတာ ေစာင့္ေမွ်ာ္ၾကရမွာ ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular