HomeEntertainmentFilmThe Last of Us အပိုင်း(၁)အဆုံးက သီချင်းဟာ ဘာကိုဆိုလိုတာလဲ?

The Last of Us အပိုင်း(၁)အဆုံးက သီချင်းဟာ ဘာကိုဆိုလိုတာလဲ?

The Last of Us အပိုင်း(၁)ထဲမှာတော့ Joel နဲ့ Tess တို့ဟာ Ellie ကို စတင်ရှာတွေ့ခဲ့ပြီး Fireflies ခေါင်းဆောင် Marlene ရဲ့ တောင်းဆိုချက်အရ Ellie ကို လုံခြုံတဲ့နေရာတစ်ခုကို ပို့ဖို့အတွက် ခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Joel တို့နှစ်ယောက်ဟာ သူတို့ရဲ့ ပုံမှန်နေနေကျ နေရာတစ်ခုဆီ Ellie ကို ခေါ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Ellie ဟာ ရေဒီယိုတစ်လုံးနဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပါတယ်။

Ellie ကတော့ Bill နဲ့ Frank ဆိုတဲ့ ဒီလျှို့ဝှက်ကုတ်ကို ရှာတွေ့ခဲ့ပြီး ရေဒီယိုမှာ ၁၉၆၀ ကျော်က သီချင်းလာနေရင် Bill နဲ့ Frank မှာ ဘာပစ္စည်းအသစ်မှ မရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ၁၉၇၀ ကျော်က သီချင်းလာနေရင်တော့ Bill နဲ့ Frank တို့မှာ ပစ္စည်းတစ်ခုခုအသစ် ရှိနေတာဖြစ်ပြီး ၁၉၈၀ ကျော်က သီချင်းလာနေရင် ဘာအဓိပ္ပာယ်လည်းလို့ Ellie က Joel ကို မေးလိုက်တဲ့ အချိန်မှာတော့ Joel ဟာ ဒေါသတကြီးနဲ့ စာအုပ်ကို ပြန်ယူသွားပါတယ်။ အပိုင်း(၁)ရဲ့ အဆုံးသတ်မှာတော့ Joel ရဲ့ရေဒီယိုကနေ သီချင်းတစ်ပုဒ်လာနေပြီး ဒါဟာ နောက်လာမယ့် ဇာတ်လမ်းအတွက် အရေးပါတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီသီချင်းရဲ့ နာမည်ကတော့ “Never Let Me Down Again” လို့ ခေါ်ပြီး Depeche Mode အဖွဲ့က သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၁၉၈၇ ခုနှစ် ဩဂုတ်လမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Ellie ကတော့ အိပ်ပျော်ရာက နိုးလာတဲ့ Joel ကို လှည့်စားပြီး ၁၉၈၀ ကျော်ကသီချင်းရဲ့ အဓိပ္ပာယ်ကိုသိအောင် ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ ၁၉၈၀ ကျော်ကသီချင်း လာနေရင်တော့ Bill နဲ့ Frank တို့ဟာ မကောင်းတာတစ်ခုခုနဲ့ ကြုံတွေ့နေရပြီလို့ Ellie က ယူဆခဲ့ပါတယ်။ အစတုန်းကတော့ Joel နဲ့ Tess တို့ဟာ Ellie ကို ပို့ပေးပြီးရင် Bill နဲ့ Frank တို့ဆီကို သွားပြီး လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းမယ်လို့ တိုင်ပင်ထားတာကြောင့် Joel တို့ဟာလည်း မကြာခင်မှာ ဒုက္ခရောက်တော့မှာ ဖြစ်ပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Bill နဲ့ Frank တို့ကတော့ Joel နဲ့ လက်တွဲလုပ်နေတဲ့ မှောင်ခိုသမားတွေ ဖြစ်နိုင်ပါတယ်။ ဂိမ်းထဲမှာတော့ Bill နဲ့ Frank တို့ဟာ Boston မြို့ပြင်မှာ နေထိုင်ကြပြီး Joel နဲ့ Tess တို့ကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ အခြားပစ္စည်းတွေများစွာ ပို့ပေးနေသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် Joel နဲ့ Ellie တို့ သူတို့နှစ်ယောက်ဆီ ရောက်သွားချိန်မှာတော့ Bill တစ်ယောက်တည်းကိုသာ မြင်တွေ့ခဲ့ရပြီး Frank ကတော့ ကိုက်ခံလိုက်ရတာကြောင့် သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားပါတယ်။ HBO ကတော့ ဒီအချက်တွေကို အနည်းငယ် ပြောင်းလဲသွားနိုင်ပေမယ့် သေချာတာတစ်ခုကတော့ Joel တို့ဟာ Bill တို့ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ မကြာခင်မှာ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular