HomeEntertainmentFilmThe Last of Us အပိုင်း(၆)ရဲ့အဆုံးသတ်မှာ Joel တို့ကို တိုက်ခိုက်ခဲ့တာ ဘယ်သူတွေလဲ?

The Last of Us အပိုင်း(၆)ရဲ့အဆုံးသတ်မှာ Joel တို့ကို တိုက်ခိုက်ခဲ့တာ ဘယ်သူတွေလဲ?

*** Spoiler Alert ***

The Last of Us အပိုင်း(၆)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီအပိုင်းထဲမှာတော့ ဇာတ်ကောင်အသစ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Joel တို့ကို လူတစ်စုက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ လုံးထွေးနေကြရင်း Joel ဟာလည်း အသက်အန္တရာယ်ရှိလောက်တဲ့ ဒဏ်ရာကို ရရှိသွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ နောက်ထပ်လာမယ့် အပိုင်းတွေမှာ အရေးပါလာမယ့် အဲဒီလူစုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo via hbo

ဒီလူစုကတော့ The Last of Us ဂိမ်းထဲမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့ကြတဲ့ လူသားစားသူတွေ ဖြစ်ပါတယ်။ ဂိမ်းထဲမှာလည်း Joel နဲ့ Ellie တို့ဟာ ဒီအပိုင်းထဲကလိုပဲ တက္ကသိုလ်တစ်ခုမှာ လူတစ်စုနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ ဂိမ်းထဲမှာတော့ Joel ဟာ အမြင့်ကနေ ပြုတ်ကျပြီး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Ellie ဟာ Joel ကို လုံခြုံတဲ့နေရာတစ်ခုကို ခေါ်သွားပြီး Joel ရဲ့ဒဏ်ရာကို ကုသပေးဖို့ နည်းလမ်းရှာဖွေခဲ့ပါတယ်။

ဒီလူစုရဲ့ခေါင်းဆောင်ကတော့ David ဖြစ်ပါတယ်။ David ကြောင့်ပဲ Joel နဲ့ Ellie တို့ဟာ ပိုမိုနီးစပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ Ellie ဟာ သမင်တစ်ကောင်ကို အမဲလိုက်နေတဲ့အချိန်မှာပဲ လူစိမ်းနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလူစိမ်းနှစ်ယောက်ကတော့ Ellie အမဲလိုက်ထားတဲ့ သမင်ကို သူတို့ဆီက ဆေးဝါးတွေနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူနှစ်ယောက်ဟာ Ellie တို့ကို တိုက်ခိုက်ခဲ့တဲ့ လူစုထဲက လူတွေ ဖြစ်နေပါတယ်။

photo via hbo

David ကတော့ သူတို့ဟာ လူသားစားသူတွေ ဖြစ်ကြောင်း Ellie ကို ပြောပြခဲ့ပြီး သူတို့ရဲ့အုပ်စုထဲဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Ellie က ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အချိန်မှာတော့ David ဟာ Ellie ကိုဖမ်းပြီး သတ်စားဖို့ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Joel ဟာ Ellie ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပြီး Ellie ကို ရှာတွေ့ချိန်မှာတော့ Ellie ဟာ သူ့ဘာသာ David ကို သတ်ပြီးသွားပါပြီ။

အဲဒီနောက်မှာတော့ David ရဲ့လုပ်ရပ်တွေကြောင့် Trauma ရသွားတဲ့ Ellie ဟာ Joel ရဲ့ လက်မောင်းပေါ်မှာ အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပါတယ်။ အဲဒီမှာတင် Joel ဟာလည်း Ellie ကို သူ့ရဲ့သမီးတစ်ယောက်လိုမျိူး ပထမဆုံးအကြိမ် လက်ခံလိုက်ပါတော့တယ်။ ဒါကတော့ ဂိမ်းထဲက ဇာတ်လမ်းဖြစ်ပြီး မကြာခင် ထုတ်လွှင့်ပြသမယ့် အပိုင်း(၇)ထဲမှာတော့ ဘယ်လိုမြင်တွေ့ရမယ်ဆိုတာ အတူတူ စောင့်ကြည့်လိုက်ကြရအောင်ပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular