HomeEntertainmentFilmThe Little Mermaid Live Action ထဲက Sebastian နဲ့ Flounder တို့ရဲ့အငြင်းပွားဖွယ်ရာဒီဇိုင်း

The Little Mermaid Live Action ထဲက Sebastian နဲ့ Flounder တို့ရဲ့အငြင်းပွားဖွယ်ရာဒီဇိုင်း

The Little Mermaid Live Action ထဲမှာတော့ Sebastian နဲ့ Flounder တို့ရဲ့ပုံစံကို အပြင်လောက,ကအတိုင်း လက်တွေ့ကျအောင် ဖန်တီးထားပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ကောင်တွေရဲ့ ဒီဇိုင်းကတော့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ Disney Animation တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးရာမှာ ဒီလိုစကားပြောတဲ့ တိရစ္ဆာန်တွေ ပါဝင်တဲ့ ဇာတ်လမ်းတွေကတော့ ဖန်တီးမှုအပိုင်းမှာ ပိုမိုခက်ခဲစေပြီး စတူဒီယိုအတွက် Risk ယူရတာမျိူး ဖြစ်လာပါတယ်။

Live Action ပြန်လည်ဖန်တီးမှုတိုင်းမှာ စိန်ခေါ်မှုတွေရှိပြီး The Little Mermaid ဇာတ်လမ်းဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ တစ်ဝက်လောက်ကိုတော့ ရေအောက်ထဲမှာ ဖန်တီးထားတာကြောင့် Halle Bailey တို့လိုသရုပ်ဆောင်တွေဟာ ရေထဲမှာ သရုပ်ဆောင်ကြရပါတယ်။ ဒီအချက်ဟာ Special Effects Team အတွက်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာတော့ Ariel ဟာ ပင်လယ်ထဲက ချစ်စရာသတ္တဝါလေးတွေနဲ့ ဝန်းရံနေထိုင်သူ ဖြစ်ပြီး အဲဒီသတ္တဝါလေးတွေဟာလည်း တကယ့်လက်တွေ့ဘဝမှာထက် ခံစားချက်ရှိနေသူတွေ ဖြစ်နေပါတယ်။

photo credit The Walt Disney

ဒါကြောင့်ပဲ လက်တွေ့ဆန်အောင် ဖန်တီးထားတဲ့ Live Action မှာတော့ ဒီဇာတ်ကောင်တွေရဲ့ ပုံစံဟာ အငြင်းပွားစရာ ဖြစ်လာပါတော့တယ်။ စကားပြောတဲ့ သတ္တဝါတွေဟာ Disney ရဲ့ ဇာတ်လမ်းတွေထဲမှာတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့်လည်း The Little Mermaid ထွေလာထဲမှာတော့ Hyper-Realistic ဖြစ်အောင် ဖန်တီးထားတဲ့ ဂဏန်းနဲ့ ငါးက စကားပြောနေတာကို မြင်တွေ့ရတာဟာ ကြောင်တောင်တောင်တော့ ဖြစ်နေပါတယ်။ ဒီအချက်ကြောင့်ပဲ Disney ဟာ Sebastian နဲ့ Flounder ဇာတ်ကောင်တွေကို ဖျက်ဆီးနေတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုနေကြပါတယ်။

ယခုအချိန်မှာတော့ မူလဇာတ်လမ်းထဲက ချစ်စရာဇာတ်ကောင်လေးတွေဟာ မမှတ်မိနိုင်လောက်တဲ့ ပုံသဏ္ဍာန်ဖြစ်နေပြီး သူတို့ရဲ့ Emotion ကို မပြသနိုင်တဲ့အချက်ကလည်း ပရိသတ်တွေအတွက် အငြင်းပွားစရာ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မူလဇာတ်လမ်းထဲက တိရစ္ဆာန်တွေရဲ့ပုံစံကလည်း တကယ့်တိရစ္ဆာန်တွေရဲ့ပုံစံနဲ့ လုံးဝမတူဘဲ Cute ဖြစ်နေအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

photo credit The Walt Disney

Flounder ဆိုရင်လည်း တကယ့်ငါးလို ပြားပြားကြီး ဖြစ်နေရမယ့်အစား လုံးဝန်းတဲ့ပုံစံကို ဖန်တီးခဲ့ပြီး Sebastian ကလည်း ဂဏန်းဆိုတာထက် ပုစွန်တုပ်နဲ့ ပိုမိုဆင်တူနေပါတယ်။ Animation ထဲမှာတော့ ဒီလိုပုံစံတွေဟာ ချစ်စရာကောင်းပြီး ပင်လယ်သတ္တဝါတွေရဲ့ ရုပ်ပြောင်လိုပုံစံမျိူး ဖြစ်နေတာကြောင့် အရာရာဟာ အဆင်ပြေခဲ့ပါတယ်။

သို့သော်လည်း Live Action အဖြစ် ဖန်တီးတဲ့အချိန်မှာတော့ Hyper-Realistic ပုံစံနဲ့ ငါးကို Emotion တွေပြသနိုင်တဲ့ မျက်လုံးတွေနဲ့ ဖန်တီးထားရင် ကြောက်စရာကြီး ဖြစ်နေမှာပါ။ ဒီလိုမဟုတ်ဘဲ ဒီသတ္တဝါတွေကို Animation အဖြစ်ပဲ ထည့်သွင်းထားမယ်ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒီလိုအချက်တွေကြောင့် စကားပြောတဲ့ တိရစ္ဆာန်ဇာတ်ကောင်တွေကို မထည့်သွင်းတော့ဘူးဆိုရင်လည်း Mulan ထဲမှာ Mushu မပါဝင်သလို ခံစားရမှာပါ။ စာဖတ်သူတွေအနေနဲ့လည်း The Little Mermaid ဇာတ်လမ်းထဲက ဒီဇာတ်ကောင်တွေရဲ့ ဒီဇိုင်းအပေါ်မှာ ဘယ်လိုခံစားရလည်းဆိုတာ ပြောပြခဲ့ကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular