HomeEntertainmentFilmThe Witcher ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေရဲ့ အံ့ဩစရာ အသက်အရွယ်များ

The Witcher ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေရဲ့ အံ့ဩစရာ အသက်အရွယ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စိတ်ကူးယဉ်ဇာတ်လမ်းတွေ မြောက်များစွာ ရှိပေမယ့် ပုံစံမျိုးစုံနဲ့ အောင်မြင်တဲ့ ဇာတ်လမ်းမျိုးက ခပ်ရှားရှားပဲ ဖြစ်ပါတယ်။ ဒီထဲကတစ်ခုကတော့ The Witcher ဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း အတွဲလိုက်တွေ ထွက်ရှိပြီး အောင်မြင်ခဲ့သလို ဂိမ်းအနေနဲ့ ထွက်ရှိလာတဲ့အခါမှာလည်း အောင်မြင်ခဲ့ပြန်ပါတယ်။ အခုဆိုရင်တော့ ဒီဇာတ်လမ်းကို ဖန်သားပြင်ပေါ်မှာ ဇာတ်လမ်းတွဲအဖြစ် Netflix က ရိုက်ကူးတင်ဆက်ရာမှာလည်း ပရိသတ်တွေက အကြိုက်တွေ့ခဲ့ကြပြန်ပါတယ်။

The Witcher ဇာတ်လမ်းတွဲထဲမှာဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာများစွာ ပါဝင်ပါတယ်။ ဒီကာရိုက်တာတွေထဲမှာ သာမန်လူတွေတင် မဟုတ်ဘဲ မှင်စာတွေ၊ လူပုလေးတွေ၊ စုန်းကဝေတွေ အစရှိသဖြင့် ကွဲပြားတဲ့မျိုးနွယ်တွေ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ timeline ဟာ အတော်လေးလည်း ရှုပ်တာကြောင့် ဒီထဲက ကာရိုက်တာတွေဟာ အသက်တွေ ဘယ်လောက် ရှိနေကြပြီလည်းဆိုတာ စီးရီးပဲ ကြည့်ဖူးသူတွေအနေနဲ့ အသိရခက်ပါလိမ့်မယ်။ ဒါကြောင့် The Witcher ဇာတ်လမ်းတွဲထဲက ကာရိုက်တာတွေရဲ့ အသက်အရွယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Queen Calanthe
©Netflix

Queen Calanthe ကို ပရိသတ်တွေ စတင်တွေ့ရတဲ့အချိန်မှာ သူမဟာ Ciri ရဲ့ အုပ်ထိန်းသူအဘွား ဖြစ်ပြီး Cintra တိုင်းပြည်ရဲ့ ကြောက်ရွံ့မှုကင်းမဲ့တဲ့ အုပ်ချုပ်သူတစ်ယောက်အဖြစ် တွေ့မြင်ခဲ့ကြရပါတယ်။ စာရေးဆရာ Andrzej Sapkowski ရဲ့ စာအုပ်ထဲမှာတော့ Queen Calanthe ဟာ ၁၂၁၈ခုနှစ်မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ သူမဟာ သူမရဲ့မြေးဖြစ်သူထက် အသက်(၃၅)နှစ်သာ ကြီးပါတယ်။

Pavetta
photo via screenrant

မင်းသမီး Pavetta ဟာ Queen Calanthe ရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်ပါတယ်။ မိခင်ဖြစ်သူနဲ့ မတူညီတဲ့အချက်ကတော့ Pavetta ဟာ မှော်စွမ်းအင် ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမက မွေးဖွားလိုက်တဲ့ Ciri မှာလည်း ဒီအစွမ်းက ပါလာခဲ့ပါတယ်။ Queen Calanthe ဟာ သူမအသက်(၁၅)နှစ်အရွယ် ၁၂၃၇ခုနှစ်မှာ Pavetta ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ Pavetta ကတော့ ကျိန်စာသင့်နေတဲ့ Duny နဲ့ လက်ထပ်ခဲ့ပြီး အဲ့ဒီ့နောက်မှာ Ciri ကို မွေးဖွားခဲ့ပါတယ်။

Regis
Photo via screenrant

Geralt ရဲ့ သူငယ်ချင်းကြီးဖြစ်ပြီး Witcher universe ထဲက အသက်အကြီးဆုံး ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ Regis ဟာ စီးရီးထဲမှာ ပါဝင်လာခြင်း မရှိသေးပေမယ့် စာအုပ်ထဲမှာရော၊ ဂိမ်းထဲမှာရော သူဟာ အရေးကြီးတဲ့ ကာရိုက်တာနေရာကနေ ပါဝင်ထားသူ ဖြစ်ပါတယ်။ Regis ဟာ higher vampire တစ်ကောင်ဖြစ်ပြီး သူဟာ မသေမျိုးတစ်ယောက် ဖြစ်လုနီးနီးလို့ ပြောရမှာပါ။ သူ့ကိုတော့ တစ်ခြား higher vampire တစ်ကောင်က သတ်မှသာ သေနိုင်မှာဖြစ်ပြီး အပြင်းထန်ဆုံးဆိုတဲ့ ဒဏ်ရာတွေကနေတောင် ပြန်လည်ကုသနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။ Regis ဟာ ၈၃၉ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်လို့ သူ့ရဲ့အသက်ဟာ ရာစုနှစ်လေးခုကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။

Vesemir
Photo via screenrant

Geralt ဟာ အဖေဘယ်သူမှန်း မသိဘဲ ကြီးပြင်းခဲ့ရပေမယ့် Vesemir ကတော့ သူ့ကို Witcher ဖြစ်လာအောင် လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်ပါတယ်။ Witcher တွေဟာ အသက်ရှည်လွန်းတယ်ဆိုပေမယ့် Vesemir ကတော့ အဲ့ဒီ့စံချိန်‌တွေကိုပါ ချိုးဖြတ်ထားသူ ဖြစ်ပါတယ်။ Vesemir ရဲ့ မွေးဖွားတဲ့ခုနှစ်ကို အတိအကျ မသိရပေမယ့် သူဟာ Kaer Morhem တည်ဆောက်ခဲ့တဲ့ (၁၁)ရာစုကတည်းက ရှိနေခဲ့သူလို့တော့ သိရပါတယ်။

Philippa Eilhart
photo via screenrant

Philippa Eilhart ဟာ စွမ်းအားကြီးတဲ့ စုန်းမတစ်ယောက်ဖြစ်ပြီး Vesemir လိုပဲ Lodge of Sorceresses ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာလည်း Witcher universe ထဲက အသက်အကြီးဆုံး ကာရိုက်တာတွေထဲမှာ ပါဝင်ပြီး သူမရဲ့မွေးနှစ်သက္ကရာဇ်အတိအကျကို မသိရပါဘူး။

Jaskier/ Dandelion
Photo via IMDb

သူဟာ စီးရီးထဲမှာတော့ Jaskier ဆိုတဲ့အမည်နဲ့ ပါဝင်ခဲ့ပြီး ဂိမ်းထဲမှာတော့ Dandelion ဆိုတဲ့အမည်နဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စီးရီးထဲမှာတော့ သူ့ရဲ့အသက်လုံးဝမကြီးသွားတဲ့ ရုပ်သွင်ကြောင့် meme တွေနဲ့ စနောက်ခံရသူလည်း ဖြစ်ပါတယ်။ စီးရီးထဲမှာတော့ သူ့ရဲ့အသက်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မပြထားပေမယ့် Geralt နဲ့ စတွေ့ချိန်မှာ သူ့အသက်ဟာ(၁၈) နှစ်နဲ့  (၂၀)ကြားမှာရှိပြီး နောက်ပိုင်း နှစ်ယောက်ကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေဖြစ်လာချိန်မှာတော့ သူ့အသက်ဟာ (၄၀)ဝန်းကျင် ရှိနေပြီလို့ ခန့်မှန်းကြပါတယ်။ ဂိမ်းထဲမှာတော့ သူဟာ ၁၂၂၉ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Yennefer of Vengerberg
Photo via IMDb

Yennefer ကတော့ လှပတဲ့ စုန်းမတစ်ယောက်ဖြစ်ပြီး ငယ်စဉ်က ရုပ်ဆိုး ခါးကုန်းမလေးအဖြစ် ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ သူမရဲ့ရုပ်သွင်ကို ခါးသီးစွာ မုန်းတီးလွန်းလို့ မှော်အတတ်ပညာတေွ သင်ယူပြီးချိန်ကျမှ လှပတဲ့အသွင်ကို ပြောင်းလဲလိုက်နိုင်သူလည်း ဖြစ်ပါတယ်။ Yennefer ဟာ အခြားအသက်ရှည်တဲ့ စုန်းမတွေလိုပဲ သူမရဲ့ရုပ်ရည်သွင်ပြင်ကို အိုမင်းမသွားအောင် ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။ သူမကို မွေးဖွားခဲ့တဲ့ခုနှစ်ဟာ ဂိမ်းထဲမှာတော့ ၁၁၇၃ခုနှစ်လို့ ဖော်ပြထားပြီး စီးရီးထဲမှာတော့ ၁၁၈၀ခုနှစ်ဝန်းကျင်မှာ မွေးဖွားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Triss Merigold
Photo via IMDb

Triss ဟာ သူမရဲ့မိတ်ဆွေ စုန်းမတွေနဲ့ အသက်ရွယ်တူလောက်ပဲ ရှိတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူမဟာ အများကြီး ငယ်ရွယ်ပါသေးတယ်။ စာအုပ်ထဲမှာဆိုရင် Triss ဟာ သူမ ကလေးဘဝတည်းက Geralt ကို သိကျွမ်းခဲ့တာပါ။ သူမဟာ ၁၂၃၅ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့တာဖြစ်လို့ Ciri နဲ့မှ မတိမ်းမယိမ်းလောက် ရှိကာ Geralt တို့၊ Yennefer တို့ထက် အများကြီး ငယ်ရွယ်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Triss ဟာ ဂိမ်းထဲမှာဆိုရင် Ciri ကို ညီမလေးလို့ ခေါ်တာ ဖြစ်ပါတယ်။

Ciri
Photo via IMDb

Ciri ကတော့ Witcher universe ထဲက အသက်အငယ်ဆုံး ကာရိုက်တာတစ်ခုဖြစ်ပြီး “child of surprise” လို့လည်း ခေါ်တွင်သူ ဖြစ်ပါတယ်။ သို့ပေမယ့် ပရိသတ်အများစု မသိလောက်သေးတာကတော့ စာအုပ်ထဲက သူမရဲ့အသက်နဲ့ ဂိမ်းထဲကအသက်ဟာ ကွာခြားမှု ရှိနေတယ်ဆိုတာပါပဲ။ စာအုပ်ထဲမှာတော့ သူမရဲ့အသက်ဟာ ၁၂၅၃ခုနှစ်လို့ ဖော်ပြထားပေမယ့် The Witcher 3 ဂိမ်းထဲမှာတော့ ၁၂၅၁ခုနှစ်လို့ ဖော်ပြထားပြီး အသက်ပိုကြီးထားတာကို တွေ့ရပါတယ်။

Geralt of Rivia
Photo via IMDb

Geralt ဟာ ငယ်ရွယ်ပုံ‌ပေါက်နေရတာကတော့ Witcher တွေဟာ လူတွေထက် အိုမင်းရင့်ရော်မှုနှုန်း နှေးကွေးပြီး အသက်ပိုရှည်ကြလို့ပဲ ဖြစ်ပါတယ်။ Geralt ရဲ့ ငွေရောင်ဆံပင်တွေကတော့ သူ့ရဲ့အသက်ကြောင့် မဟုတ်ဘဲ Trial of Grasses ဖြစ်စဉ်ကြောင့် အရောင်ပြောင်းသွားတာ ဖြစ်ပါတယ်။ (Trial of Grasses ဆိုတာကတော့ Witcher အဖြစ် ပြောင်းလဲပေးတဲ့ ဖြစ်စဉ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။) စီးရီးထဲမှာတော့ Geralt ရဲ့ မွေးသက္ကရာဇ်ကို ၁၁၆၈ခုနှစ်လို့ ဖော်ပြထားတာကြောင့် သူ့ရဲ့အချစ် Yennefer နဲ့ အသက်ချင်း မတိမ်းမယိမ်းလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါကတော့ The Witcher ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေရဲ့ အသက်အရွယ်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိချင်တဲ့ Witcher ထဲက အခြားအကြောင်းအရာတွေ ရှိရင်လည်း ပြောခဲ့ပါဦး။

Glasgow

Source: screenrant

(Zawgyi Version)

စိတ္ကူးယဥ္ဇာတ္လမ္းေတြ ေျမာက္မ်ားစြာ ရွိေပမယ့္ ပုံစံမ်ိဳးစုံနဲ႔ ေအာင္ျမင္တဲ့ ဇာတ္လမ္းမ်ိဳးက ခပ္ရွားရွားပဲ ျဖစ္ပါတယ္။ ဒီထဲကတစ္ခုကေတာ့ The Witcher ျဖစ္ပါတယ္။ စာအုပ္အေနနဲ႔လည္း အတြဲလိုက္ေတြ ထြက္ရွိၿပီး ေအာင္ျမင္ခဲ့သလို ဂိမ္းအေနနဲ႔ ထြက္ရွိလာတဲ့အခါမွာလည္း ေအာင္ျမင္ခဲ့ျပန္ပါတယ္။ အခုဆိုရင္ေတာ့ ဒီဇာတ္လမ္းကို ဖန္သားျပင္ေပၚမွာ ဇာတ္လမ္းတြဲအျဖစ္ Netflix က ႐ိုက္ကူးတင္ဆက္ရာမွာလည္း ပရိသတ္ေတြက အႀကိဳက္ေတြ႕ခဲ့ၾကျပန္ပါတယ္။

The Witcher ဇာတ္လမ္းတြဲထဲမွာဆိုရင္ စိတ္ဝင္စားစရာေကာင္းတဲ့ ကာ႐ိုက္တာမ်ားစြာ ပါဝင္ပါတယ္။ ဒီကာ႐ိုက္တာေတြထဲမွာ သာမန္လူေတြတင္ မဟုတ္ဘဲ မွင္စာေတြ၊ လူပုေလးေတြ၊ စုန္းကေဝေတြ အစရွိသျဖင့္ ကြဲျပားတဲ့မ်ိဳးႏြယ္ေတြ ပါဝင္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ timeline ဟာ အေတာ္ေလးလည္း ရႈပ္တာေၾကာင့္ ဒီထဲက ကာ႐ိုက္တာေတြဟာ အသက္ေတြ ဘယ္ေလာက္ ရွိေနၾကၿပီလည္းဆိုတာ စီးရီးပဲ ၾကည့္ဖူးသူေတြအေနနဲ႔ အသိရခက္ပါလိမ့္မယ္။ ဒါေၾကာင့္ The Witcher ဇာတ္လမ္းတြဲထဲက ကာ႐ိုက္တာေတြရဲ႕ အသက္အ႐ြယ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Queen Calanthe
©Netflix

Queen Calanthe ကို ပရိသတ္ေတြ စတင္ေတြ႕ရတဲ့အခ်ိန္မွာ သူမဟာ Ciri ရဲ႕ အုပ္ထိန္းသူအဘြား ျဖစ္ၿပီး Cintra တိုင္းျပည္ရဲ႕ ေၾကာက္႐ြံ႕မႈကင္းမဲ့တဲ့ အုပ္ခ်ဳပ္သူတစ္ေယာက္အျဖစ္ ေတြ႕ျမင္ခဲ့ၾကရပါတယ္။ စာေရးဆရာ Andrzej Sapkowski ရဲ႕ စာအုပ္ထဲမွာေတာ့ Queen Calanthe ဟာ ၁၂၁၈ခုႏွစ္မွာ ေမြးဖြားတယ္လို႔ ဆိုပါတယ္။ သူမဟာ သူမရဲ႕ေျမးျဖစ္သူထက္ အသက္(၃၅)ႏွစ္သာ ႀကီးပါတယ္။

Pavetta
photo via screenrant

မင္းသမီး Pavetta ဟာ Queen Calanthe ရဲ႕ တစ္ဦးတည္းေသာ သမီးေလး ျဖစ္ပါတယ္။ မိခင္ျဖစ္သူနဲ႔ မတူညီတဲ့အခ်က္ကေတာ့ Pavetta ဟာ ေမွာ္စြမ္းအင္ ပိုင္ဆိုင္ထားသူျဖစ္ၿပီး သူမက ေမြးဖြားလိုက္တဲ့ Ciri မွာလည္း ဒီအစြမ္းက ပါလာခဲ့ပါတယ္။ Queen Calanthe ဟာ သူမအသက္(၁၅)ႏွစ္အ႐ြယ္ ၁၂၃၇ခုႏွစ္မွာ Pavetta ကို ေမြးဖြားထားတာ ျဖစ္ပါတယ္။ Pavetta ကေတာ့ က်ိန္စာသင့္ေနတဲ့ Duny နဲ႔ လက္ထပ္ခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ Ciri ကို ေမြးဖြားခဲ့ပါတယ္။

Regis
Photo via screenrant

Geralt ရဲ႕ သူငယ္ခ်င္းႀကီးျဖစ္ၿပီး Witcher universe ထဲက အသက္အႀကီးဆုံး ကာ႐ိုက္တာတစ္ခု ျဖစ္ပါတယ္။ Regis ဟာ စီးရီးထဲမွာ ပါဝင္လာျခင္း မရွိေသးေပမယ့္ စာအုပ္ထဲမွာေရာ၊ ဂိမ္းထဲမွာေရာ သူဟာ အေရးႀကီးတဲ့ ကာ႐ိုက္တာေနရာကေန ပါဝင္ထားသူ ျဖစ္ပါတယ္။ Regis ဟာ higher vampire တစ္ေကာင္ျဖစ္ၿပီး သူဟာ မေသမ်ိဳးတစ္ေယာက္ ျဖစ္လုနီးနီးလို႔ ေျပာရမွာပါ။ သူ႔ကိုေတာ့ တစ္ျခား higher vampire တစ္ေကာင္က သတ္မွသာ ေသႏိုင္မွာျဖစ္ၿပီး အျပင္းထန္ဆုံးဆိုတဲ့ ဒဏ္ရာေတြကေနေတာင္ ျပန္လည္ကုသႏိုင္စြမ္း ရွိသူလည္း ျဖစ္ပါတယ္။ Regis ဟာ ၈၃၉ခုႏွစ္မွာ ေမြးဖြားခဲ့သူျဖစ္လို႔ သူ႔ရဲ႕အသက္ဟာ ရာစုႏွစ္ေလးခုေက်ာ္ေလာက္ ရွိေနၿပီ ျဖစ္ပါတယ္။

Vesemir
Photo via screenrant

Geralt ဟာ အေဖဘယ္သူမွန္း မသိဘဲ ႀကီးျပင္းခဲ့ရေပမယ့္ Vesemir ကေတာ့ သူ႔ကို Witcher ျဖစ္လာေအာင္ ေလ့က်င့္ေပးၿပီး ျပဳစုပ်ိဳးေထာင္ေပးခဲ့သူ ျဖစ္ပါတယ္။ Witcher ေတြဟာ အသက္ရွည္လြန္းတယ္ဆိုေပမယ့္ Vesemir ကေတာ့ အဲ့ဒီ့စံခ်ိန္‌ေတြကိုပါ ခ်ိဳးျဖတ္ထားသူ ျဖစ္ပါတယ္။ Vesemir ရဲ႕ ေမြးဖြားတဲ့ခုႏွစ္ကို အတိအက် မသိရေပမယ့္ သူဟာ Kaer Morhem တည္ေဆာက္ခဲ့တဲ့ (၁၁)ရာစုကတည္းက ရွိေနခဲ့သူလို႔ေတာ့ သိရပါတယ္။

Philippa Eilhart
photo via screenrant

Philippa Eilhart ဟာ စြမ္းအားႀကီးတဲ့ စုန္းမတစ္ေယာက္ျဖစ္ၿပီး Vesemir လိုပဲ Lodge of Sorceresses ရဲ႕ အေရးပါတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာလည္း Witcher universe ထဲက အသက္အႀကီးဆုံး ကာ႐ိုက္တာေတြထဲမွာ ပါဝင္ၿပီး သူမရဲ႕ေမြးႏွစ္သကၠရာဇ္အတိအက်ကို မသိရပါဘူး။

Jaskier/ Dandelion
Photo via IMDb

သူဟာ စီးရီးထဲမွာေတာ့ Jaskier ဆိုတဲ့အမည္နဲ႔ ပါဝင္ခဲ့ၿပီး ဂိမ္းထဲမွာေတာ့ Dandelion ဆိုတဲ့အမည္နဲ႔ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ စီးရီးထဲမွာေတာ့ သူ႔ရဲ႕အသက္လုံးဝမႀကီးသြားတဲ့ ႐ုပ္သြင္ေၾကာင့္ meme ေတြနဲ႔ စေနာက္ခံရသူလည္း ျဖစ္ပါတယ္။ စီးရီးထဲမွာေတာ့ သူ႔ရဲ႕အသက္နဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း မျပထားေပမယ့္ Geralt နဲ႔ စေတြ႕ခ်ိန္မွာ သူ႔အသက္ဟာ(၁၈) ႏွစ္နဲ႔  (၂၀)ၾကားမွာရွိၿပီး ေနာက္ပိုင္း ႏွစ္ေယာက္ၾကားမွာ သေဘာထား မတိုက္ဆိုင္မႈေတြျဖစ္လာခ်ိန္မွာေတာ့ သူ႔အသက္ဟာ (၄၀)ဝန္းက်င္ ရွိေနၿပီလို႔ ခန႔္မွန္းၾကပါတယ္။ ဂိမ္းထဲမွာေတာ့ သူဟာ ၁၂၂၉ခုႏွစ္မွာ ေမြးဖြားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

Yennefer of Vengerberg
Photo via IMDb

Yennefer ကေတာ့ လွပတဲ့ စုန္းမတစ္ေယာက္ျဖစ္ၿပီး ငယ္စဥ္က ႐ုပ္ဆိုး ခါးကုန္းမေလးအျဖစ္ ႀကီးျပင္းခဲ့ရသူ ျဖစ္ပါတယ္။ သူမရဲ႕႐ုပ္သြင္ကို ခါးသီးစြာ မုန္းတီးလြန္းလို႔ ေမွာ္အတတ္ပညာေတြ သင္ယူၿပီးခ်ိန္က်မွ လွပတဲ့အသြင္ကို ေျပာင္းလဲလိုက္ႏိုင္သူလည္း ျဖစ္ပါတယ္။ Yennefer ဟာ အျခားအသက္ရွည္တဲ့ စုန္းမေတြလိုပဲ သူမရဲ႕႐ုပ္ရည္သြင္ျပင္ကို အိုမင္းမသြားေအာင္ ထိန္းသိမ္းထားႏိုင္သူ ျဖစ္ပါတယ္။ သူမကို ေမြးဖြားခဲ့တဲ့ခုႏွစ္ဟာ ဂိမ္းထဲမွာေတာ့ ၁၁၇၃ခုႏွစ္လို႔ ေဖာ္ျပထားၿပီး စီးရီးထဲမွာေတာ့ ၁၁၈၀ခုႏွစ္ဝန္းက်င္မွာ ေမြးဖြားတယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။

Triss Merigold
Photo via IMDb

Triss ဟာ သူမရဲ႕မိတ္ေဆြ စုန္းမေတြနဲ႔ အသက္႐ြယ္တူေလာက္ပဲ ရွိတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ သူမဟာ အမ်ားႀကီး ငယ္႐ြယ္ပါေသးတယ္။ စာအုပ္ထဲမွာဆိုရင္ Triss ဟာ သူမ ကေလးဘဝတည္းက Geralt ကို သိကြၽမ္းခဲ့တာပါ။ သူမဟာ ၁၂၃၅ခုႏွစ္ဝန္းက်င္မွာ ေမြးဖြားခဲ့တာျဖစ္လို႔ Ciri နဲ႔မွ မတိမ္းမယိမ္းေလာက္ ရွိကာ Geralt တို႔၊ Yennefer တို႔ထက္ အမ်ားႀကီး ငယ္႐ြယ္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Triss ဟာ ဂိမ္းထဲမွာဆိုရင္ Ciri ကို ညီမေလးလို႔ ေခၚတာ ျဖစ္ပါတယ္။

Ciri
Photo via IMDb

Ciri ကေတာ့ Witcher universe ထဲက အသက္အငယ္ဆုံး ကာ႐ိုက္တာတစ္ခုျဖစ္ၿပီး “child of surprise” လို႔လည္း ေခၚတြင္သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ ပရိသတ္အမ်ားစု မသိေလာက္ေသးတာကေတာ့ စာအုပ္ထဲက သူမရဲ႕အသက္နဲ႔ ဂိမ္းထဲကအသက္ဟာ ကြာျခားမႈ ရွိေနတယ္ဆိုတာပါပဲ။ စာအုပ္ထဲမွာေတာ့ သူမရဲ႕အသက္ဟာ ၁၂၅၃ခုႏွစ္လို႔ ေဖာ္ျပထားေပမယ့္ The Witcher 3 ဂိမ္းထဲမွာေတာ့ ၁၂၅၁ခုႏွစ္လို႔ ေဖာ္ျပထားၿပီး အသက္ပိုႀကီးထားတာကို ေတြ႕ရပါတယ္။

Geralt of Rivia
Photo via IMDb

Geralt ဟာ ငယ္႐ြယ္ပုံ‌ေပါက္ေနရတာကေတာ့ Witcher ေတြဟာ လူေတြထက္ အိုမင္းရင့္ေရာ္မႈႏႈန္း ေႏွးေကြးၿပီး အသက္ပိုရွည္ၾကလို႔ပဲ ျဖစ္ပါတယ္။ Geralt ရဲ႕ ေငြေရာင္ဆံပင္ေတြကေတာ့ သူ႔ရဲ႕အသက္ေၾကာင့္ မဟုတ္ဘဲ Trial of Grasses ျဖစ္စဥ္ေၾကာင့္ အေရာင္ေျပာင္းသြားတာ ျဖစ္ပါတယ္။ (Trial of Grasses ဆိုတာကေတာ့ Witcher အျဖစ္ ေျပာင္းလဲေပးတဲ့ ျဖစ္စဥ္ကို ေခၚဆိုတာ ျဖစ္ပါတယ္။) စီးရီးထဲမွာေတာ့ Geralt ရဲ႕ ေမြးသကၠရာဇ္ကို ၁၁၆၈ခုႏွစ္လို႔ ေဖာ္ျပထားတာေၾကာင့္ သူ႔ရဲ႕အခ်စ္ Yennefer နဲ႔ အသက္ခ်င္း မတိမ္းမယိမ္းလို႔ ေျပာရမွာ ျဖစ္ပါတယ္။

ဒါကေတာ့ The Witcher ဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္ေတြရဲ႕ အသက္အ႐ြယ္ေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိခ်င္တဲ့ Witcher ထဲက အျခားအေၾကာင္းအရာေတြ ရွိရင္လည္း ေျပာခဲ့ပါဦး။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular