HomeCharacterThor ရဲ့လက်နက်တစ်ခုဖြစ်တဲ့ Mjolnir အကြောင်း သင်မသိလောက်သေးတဲ့အချက်များ

Thor ရဲ့လက်နက်တစ်ခုဖြစ်တဲ့ Mjolnir အကြောင်း သင်မသိလောက်သေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain America လို့ ပြောလိုက်တာနဲ့ သူနဲ့အတူ သူ့ရဲ့ဒိုင်းကာကိုပါ ပြေးမြင်မိကြသလို Thor လို့ ပြောလိုက်ရင်လည်း Mjolnir (myol-neer လို့ အသံထွက်ပါတယ်။)နဲ့အတူ ပြေးမြင်မိကြပါတယ်။ ဒါ့အပြင် Thor ရဲ့ Mjolnir ဟာ Marvel ကောမစ်ထဲက လူသိအများဆုံး လက်နက်တွေထဲမှာ ပါဝင်ပြီးတော့ Thor ကို Stormbreaker ထက် Mjolnir နဲ့ ပိုပြီးတော့ မြင်ချင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ သင်မသိလောက်သေးတဲ့ Mjolnir ရဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Mjolnir ဟာ သူ့ရဲ့ပုံစံကို ပြောင်းလဲ ရုပ်ဖျက်ထားလို့ ရပါတယ်။
photo via cbr

ဒီအချက်ကတော့ Thor ကို ပထမဆုံး ဖန်တီးခဲ့တဲ့အချိန်တုန်းက ပါဝင်ခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဒီအချက်ကို ထပ်ပြီး အသုံးမပြုတော့ပါဘူး။ အဲ့ဒီအချိန်တုန်းက တစ်ခြားဟီးရိုးတွေ တော်တော်များများလိုပဲ Thor မှာလည်း secret identity တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Odin ရဲ့ နယ်နှယ်ဒဏ် ပေးခံရပြီးတဲ့နောက်မှာ Dr. Donald Blake ဆိုတဲ့ identity ကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါမှသာ သူဟာ လူသားတွေကြားထဲမှာ နေထိုင်ရင်းနဲ့ လူသားဆန်မှု အချို့ကို သင်ယူနိုင်မယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ နော်ဝေနိုင်ငံကို ခရီးသွားရင်းနဲ့ ဂူတစ်ခုထဲမှာ သစ်သား လမ်းလျှောက်တုတ်တစ်ချောင်းကို တွေ့ခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီသစ်သားတုတ်ဟာ Mjolnir ကို ပုံစံပြောင်းလဲပြီး ရုပ်ဖျက်ထားတာ ဖြစ်တာကြောင့် Thor ဟာ သူ့ရဲ့စွမ်းအားတွေကို ပြန်လည်ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချက်ကြောင့်ပဲ သူဟာ identity နှစ်ခုကို အလွယ်တကူ ပြောင်းလဲနိုင်တဲ့အပြင် Mjolnir ကို ခိုးယူချင်တဲ့ မသမာသူတွေ လက်ထဲကလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒီလိုသစ်သားတုတ်လေးကိုတော့ ဘယ်သူကမှ စွမ်းအားကြီးမားတဲ့ Mjolnir လို့ ထင်မိမှာ မဟုတ်တာကြောင့်ပါပဲ။

Mjolnir ကို အသုံးပြုပြီးတော့ Wormhole တွေကို ဖန်တီးလို့ ရပါတယ်။
photo via cbr

ရုပ်ရှင်ထဲမှာတော့ Thor ဟာ Asgard နဲ့ ကမ္ဘာကို သွားလာနိုင်ဖို့အတွက် bifrost လို့ခေါ်တဲ့ portal ကို အသုံးပြုတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ အဲ့လိုသွားလာဖို့အတွက် bifrost ကို အသုံးပြုဖို့မလိုဘဲ Mjolnir ကို အသုံးပြုပြီး Wormhole ဖန်တီးကာ သွားလာနိုင်ပါတယ်။

အဲ့လိုမျိူး Wormhole ဖန်တီးဖို့အတွက် လေပေါ်ပျံတဲ့အခါ Mjolnir ကို အသုံးပြုသလိုပဲ အရှိန်ပြင်းပြင်း လွှဲပြီးတော့ ဖန်တီးရပါတယ်။ Wormhole ထဲမှာ ရောက်နေတဲ့အချိန်ဆိုရင် အချိန်စီးဆင်းမှု မရှိတာကြောင့် သူဟာ အချိန်နဲ့နေရာကို တယ်လီပို့တ် လုပ်လို့ရပါတယ်။ ဒါ့အပြင် Mjolnir ကို အသုံးပြုပြီးတော့ လေပေါ်ပျံတဲ့အချိန်မှာဆိုရင် အသံထက် လျင်မြန်တဲ့အရှိန်နဲ့ သွားလာနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ မျိူးသုဉ်းပျောက်ကွယ်သွားရတာဟာ Mjolnir ကြောင့် ဖြစ်နိုင်ပါတယ်။
photo via cbr

Mjolnir ကို စတင်ဖန်တီးခဲ့တဲ့ origin ဟာ ကောမစ်ထဲမှာ အကြိမ်အနည်းငယ်လောက် ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီထဲက origin တစ်ခုကတော့ ကြယ်တစ်လုံးရဲ့ အပူချိန်ကို အသုံးချပြီး ဖန်တီးခဲ့တာ ဖြစ်ကာ Infinity War ထဲက Stormbreaker ကို ပြုလုပ်တဲ့ ဇာတ်ဝင်ခန်းဟာ ဒီ origin ကို အခြေခံပြီးတော့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ dwarf တွေဟာ Mjolnir ကို ဖန်တီးဖို့ ပြုလုပ်နေကြတဲ့အချိန်မှာ Uru သတ္ထုကို ပျော့ပြောင်းသွားစေဖို့လိုအပ်တဲ့ အပူချိန် လုံလုံလောက်လောက် မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ အနီးအနားမှာရှိတဲ့ ကြယ်တစ်လုံးရဲ့ အပူချိန်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲ့ဒီသတ္ထုကို Mjolnir အဖြစ် ဖန်တီးဖို့ ကြယ်ရဲ့အပူချိန်ကို အသုံးပြုထားတာတောင်မှ (၁၇)ပတ်လောက် ကြာမြင်ခဲ့ပြီး နောက်ဆုံးမှာ အဲ့ဒီကြယ်ဟာ ပေါက်ကွဲသွားပါတယ်။ အဲ့ဒီကြယ်ရဲ့ ပေါက်ကွဲမှု အပိုင်းအစတွေဟာ ကမ္ဘာပေါ်ကို ကျရောက်ခဲ့ပြီး ဂြိုဟ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့အပြင် ကမ္ဘာပေါ်က ဒိုင်နိုဆောတွေဟာလည်း ဥက္ကာခဲတွေ ကြွေကျမှုကြောင့် မျိူးသုဉ်းခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Mjolnir ကို ဖန်တီးခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ မျိူးသုဉ်းခဲ့ရတယ်လို့ ယူဆလို့ရပါတယ်။ (Note : အခုဖော်ပြထားတဲ့ ဇာတ်လမ်းဟာ Marvel ကောမစ်ထဲက ဇာတ်လမ်းဖြစ်တာကြောင့် Marvel universe မှာ ဖြစ်ပျက်ခဲ့တယ်လို့ ယူဆလို့ရတဲ့အကြောင်းကို ပြောချင်တာ ဖြစ်ပါတယ်။)

God Tempest ရဲ့ စွမ်းအား
photo via cbr

Asgardian တွေရဲ့ ပုံပြင်တွေအရဆိုရင် ဟိုးအရင်တုန်းက Mother Storm (ခ) God Tempest လို့ခေါ်တဲ့ cosmic မိုးကြိုးမုန်တိုင်းကြီးတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီမိုးကြိုးမုန်းတိုင်းကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာတာကြောင့် စွမ်းအားလည်း ပိုမိုကြီးမားလာတဲ့အပြင် ပိုပြီးလည်း အန္တရာယ်ရှိလာခဲ့ပါတယ်။

အဲ့ဒီမုန်တိုင်းဟာ Asgard ဆီကို ဦးတည်လာတဲ့အခါမှာတော့ Odin ဟာ သူ့ရဲ့စွမ်းအားတွေနဲ့ အဲ့ဒီမုန်တိုင်းကို တားဆီးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ စွမ်းအားကြီးမားတဲ့ သတ္တုတစ်မျိူးကို အသုံးပြုခဲ့ပြီး အဲ့ဒီသတ္တုဟာ မုန်တိုင်းကို စုပ်ယူသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ မုန်တိုင်းရဲ့ စွမ်းအားတွေဟာ အဲ့ဒီသတ္တုထဲမှာ ပိတ်မိနေပြီး နောက်ပိုင်းမှာတော့ အဲ့ဒီသတ္တုကို အသုံးပြုပြီးတော့ Mjolnir ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Mjolnir ကို အသုံးပြုပြီးတော့ သေဆုံးသွားသူတွေကို အသက်ပြန်သွင်းပေးလို့ ရပါတယ်။
photo via cbr

Thor ဟာ Asgard ကိုပဲ အာရုံစိုက်နေတတ်တာကြောင့် ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလည်းဆိုတာကို သိပ်ပြီးတော့ မသိပါဘူး။ အဲ့ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် Adolf Hitler ဘက်ကနေ တိုက်ခိုက်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလည်းဆိုတာကို သေချာမသိတာကြောင့် Hitler က သူ့ကို လှည့်စားတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ Stalin ကို သတ်ဖို့အတွက် မစ်ရှင် ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ Stalin ရှိတဲ့ နေရာကို သွားကာ မိုးကြိုးနဲ့ပစ်ပြီး သတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သေချာစစ်ဆေးလိုက်မှ သိရှိလိုက်ရတာကတော့ Stalin ပုံစံ မျက်နှာဖုံး စွပ်ထားတဲ့ တစ်ခြားလူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် တစ်ခြားဟီးရိုးတွေရဲ့ ပြောစကားတွေကြောင့် သူဟာ လှည့်စားခံလိုက်ရတာကို သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူကြောင့် သေဆုံးသွားတဲ့သူကို Mjolnir ကို အသုံးပြုကာ ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။

သွေးစုပ်ဖုတ်ကောင်တွေရဲ့ အားနည်းချက်
photo via cbr

သွေးစုပ်ဖုတ်ကောင်တွေဟာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေ ရှိနေပေမယ့်လည်း အားနည်းချက်တွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ နေရောင်ကို ကြောက်တာ၊ နှလုံးကို သစ်သားတုတ်နဲ့ ထိုးတာနဲ့ ဘာသာရေးဆိုင်ရာ မြင့်မြတ်တဲ့ ပစ္စည်းတွေကိုလည်း ကြောက်လန့်ကြပါတယ်။

Mjolnir ဟာလည်း Norse God ရဲ့ လက်နက်တစ်ခု ဖြစ်တာကြောင့် ဘာသာရေးအရ ကြည့်မယ်ဆိုရင် Mjolnir ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Mjolnir ကလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor #332 ထဲမှာတော့ Thor ဟာ Dracula အပါအဝင် သွေးစုပ်ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲ့ဒီကောမစ်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေဟာ Mjolnir နဲ့ ထိမိလိုက်ရုံနဲ့တင် ပြာကျပြီး သေဆုံးကုန်ကြပါတယ်။

ဒါကတော့ Marvel ကောမစ်မှာရော၊ ရုပ်ရှင်မှာပါ နာမည်ကြီးတဲ့ လက်နက်တစ်ခုဖြစ်တဲ့ Mjolnir နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒါမျိုးတွေ အမြဲတမ်း ဖတ်နိုင်ဖို့ ဒီပေ့ချ်ကို Like & Follow လုပ်ပေးထားပါလို့ အကြံပြုလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain America လို႔ ေျပာလိုက္တာနဲ႔ သူနဲ႔အတူ သူ႔ရဲ႕ဒိုင္းကာကိုပါ ေျပးျမင္မိၾကသလို Thor လို႔ ေျပာလိုက္ရင္လည္း Mjolnir (myol-neer လို႔ အသံထြက္ပါတယ္။)နဲ႔အတူ ေျပးျမင္မိၾကပါတယ္။ ဒါ့အျပင္ Thor ရဲ႕ Mjolnir ဟာ Marvel ေကာမစ္ထဲက လူသိအမ်ားဆုံး လက္နက္ေတြထဲမွာ ပါဝင္ၿပီးေတာ့ Thor ကို Stormbreaker ထက္ Mjolnir နဲ႔ ပိုၿပီးေတာ့ ျမင္ခ်င္ၾကတဲ့သူေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ သင္မသိေလာက္ေသးတဲ့ Mjolnir ရဲ႕ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Mjolnir ဟာ သူ႔ရဲ႕ပုံစံကို ေျပာင္းလဲ ႐ုပ္ဖ်က္ထားလို႔ ရပါတယ္။
photo via cbr

ဒီအခ်က္ကေတာ့ Thor ကို ပထမဆုံး ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက ပါဝင္ခဲ့တာ ျဖစ္ၿပီး အခုေနာက္ပိုင္းမွာေတာ့ ဒီအခ်က္ကို ထပ္ၿပီး အသုံးမျပဳေတာ့ပါဘူး။ အဲ့ဒီအခ်ိန္တုန္းက တစ္ျခားဟီး႐ိုးေတြ ေတာ္ေတာ္မ်ားမ်ားလိုပဲ Thor မွာလည္း secret identity တစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ Odin ရဲ႕ နယ္ႏွယ္ဒဏ္ ေပးခံရၿပီးတဲ့ေနာက္မွာ Dr. Donald Blake ဆိုတဲ့ identity ကို ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါမွသာ သူဟာ လူသားေတြၾကားထဲမွာ ေနထိုင္ရင္းနဲ႔ လူသားဆန္မႈ အခ်ိဳ႕ကို သင္ယူႏိုင္မယ္လို႔ ယူဆခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ ေနာ္ေဝႏိုင္ငံကို ခရီးသြားရင္းနဲ႔ ဂူတစ္ခုထဲမွာ သစ္သား လမ္းေလွ်ာက္တုတ္တစ္ေခ်ာင္းကို ေတြ႕ခဲ့ပါတယ္။ တကယ္ေတာ့ အဲ့ဒီသစ္သားတုတ္ဟာ Mjolnir ကို ပုံစံေျပာင္းလဲၿပီး ႐ုပ္ဖ်က္ထားတာ ျဖစ္တာေၾကာင့္ Thor ဟာ သူ႔ရဲ႕စြမ္းအားေတြကို ျပန္လည္ရရွိသြားခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ identity ႏွစ္ခုကို အလြယ္တကူ ေျပာင္းလဲႏိုင္တဲ့အျပင္ Mjolnir ကို ခိုးယူခ်င္တဲ့ မသမာသူေတြ လက္ထဲကလည္း ကာကြယ္ၿပီးသား ျဖစ္သြားပါတယ္။ ဒီလိုသစ္သားတုတ္ေလးကိုေတာ့ ဘယ္သူကမွ စြမ္းအားႀကီးမားတဲ့ Mjolnir လို႔ ထင္မိမွာ မဟုတ္တာေၾကာင့္ပါပဲ။

Mjolnir ကို အသုံးျပဳၿပီးေတာ့ Wormhole ေတြကို ဖန္တီးလို႔ ရပါတယ္။
photo via cbr

႐ုပ္ရွင္ထဲမွာေတာ့ Thor ဟာ Asgard နဲ႔ ကမာၻကို သြားလာႏိုင္ဖို႔အတြက္ bifrost လို႔ေခၚတဲ့ portal ကို အသုံးျပဳတာကို မွတ္မိၾကမယ္ ထင္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ အဲ့လိုသြားလာဖို႔အတြက္ bifrost ကို အသုံးျပဳဖို႔မလိုဘဲ Mjolnir ကို အသုံးျပဳၿပီး Wormhole ဖန္တီးကာ သြားလာႏိုင္ပါတယ္။

အဲ့လိုမ်ိဴး Wormhole ဖန္တီးဖို႔အတြက္ ေလေပၚပ်ံတဲ့အခါ Mjolnir ကို အသုံးျပဳသလိုပဲ အရွိန္ျပင္းျပင္း လႊဲၿပီးေတာ့ ဖန္တီးရပါတယ္။ Wormhole ထဲမွာ ေရာက္ေနတဲ့အခ်ိန္ဆိုရင္ အခ်ိန္စီးဆင္းမႈ မရွိတာေၾကာင့္ သူဟာ အခ်ိန္နဲ႔ေနရာကို တယ္လီပို႔တ္ လုပ္လို႔ရပါတယ္။ ဒါ့အျပင္ Mjolnir ကို အသုံးျပဳၿပီးေတာ့ ေလေပၚပ်ံတဲ့အခ်ိန္မွာဆိုရင္ အသံထက္ လ်င္ျမန္တဲ့အရွိန္နဲ႔ သြားလာႏိုင္ပါတယ္။

ကမာၻေပၚမွာ ဒိုင္ႏိုေဆာေတြ မ်ိဴးသုဥ္းေပ်ာက္ကြယ္သြားရတာဟာ Mjolnir ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
photo via cbr

Mjolnir ကို စတင္ဖန္တီးခဲ့တဲ့ origin ဟာ ေကာမစ္ထဲမွာ အႀကိမ္အနည္းငယ္ေလာက္ ေျပာင္းလဲခဲ့ပါတယ္။ အဲ့ဒီထဲက origin တစ္ခုကေတာ့ ၾကယ္တစ္လုံးရဲ႕ အပူခ်ိန္ကို အသုံးခ်ၿပီး ဖန္တီးခဲ့တာ ျဖစ္ကာ Infinity War ထဲက Stormbreaker ကို ျပဳလုပ္တဲ့ ဇာတ္ဝင္ခန္းဟာ ဒီ origin ကို အေျခခံၿပီးေတာ့ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ dwarf ေတြဟာ Mjolnir ကို ဖန္တီးဖို႔ ျပဳလုပ္ေနၾကတဲ့အခ်ိန္မွာ Uru သတၳဳကို ေပ်ာ့ေျပာင္းသြားေစဖို႔လိုအပ္တဲ့ အပူခ်ိန္ လုံလုံေလာက္ေလာက္ မရွိခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ အနီးအနားမွာရွိတဲ့ ၾကယ္တစ္လုံးရဲ႕ အပူခ်ိန္ကို အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

အဲ့ဒီသတၳဳကို Mjolnir အျဖစ္ ဖန္တီးဖို႔ ၾကယ္ရဲ႕အပူခ်ိန္ကို အသုံးျပဳထားတာေတာင္မွ (၁၇)ပတ္ေလာက္ ၾကာျမင္ခဲ့ၿပီး ေနာက္ဆုံးမွာ အဲ့ဒီၾကယ္ဟာ ေပါက္ကြဲသြားပါတယ္။ အဲ့ဒီၾကယ္ရဲ႕ ေပါက္ကြဲမႈ အပိုင္းအစေတြဟာ ကမာၻေပၚကို က်ေရာက္ခဲ့ၿပီး ၿဂိဳဟ္တစ္ခုလုံး ပ်က္စီးလုနီးပါး ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္းမ်ားစြာက ျဖစ္ပ်က္ခဲ့တဲ့အျပင္ ကမာၻေပၚက ဒိုင္ႏိုေဆာေတြဟာလည္း ဥကၠာခဲေတြ ေႂကြက်မႈေၾကာင့္ မ်ိဴးသုဥ္းခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Mjolnir ကို ဖန္တီးခဲ့တဲ့အတြက္ ကမာၻေပၚမွာ ဒိုင္ႏိုေဆာေတြ မ်ိဴးသုဥ္းခဲ့ရတယ္လို႔ ယူဆလို႔ရပါတယ္။ (Note : အခုေဖာ္ျပထားတဲ့ ဇာတ္လမ္းဟာ Marvel ေကာမစ္ထဲက ဇာတ္လမ္းျဖစ္တာေၾကာင့္ Marvel universe မွာ ျဖစ္ပ်က္ခဲ့တယ္လို႔ ယူဆလို႔ရတဲ့အေၾကာင္းကို ေျပာခ်င္တာ ျဖစ္ပါတယ္။)

God Tempest ရဲ႕ စြမ္းအား
photo via cbr

Asgardian ေတြရဲ႕ ပုံျပင္ေတြအရဆိုရင္ ဟိုးအရင္တုန္းက Mother Storm (ခ) God Tempest လို႔ေခၚတဲ့ cosmic မိုးႀကိဳးမုန္တိုင္းႀကီးတစ္ခု ရွိခဲ့ပါတယ္။ အဲ့ဒီမိုးႀကိဳးမုန္းတိုင္းႀကီးဟာ တျဖည္းျဖည္းနဲ႔ ႀကီးထြားလာတာေၾကာင့္ စြမ္းအားလည္း ပိုမိုႀကီးမားလာတဲ့အျပင္ ပိုၿပီးလည္း အႏၲရာယ္ရွိလာခဲ့ပါတယ္။

အဲ့ဒီမုန္တိုင္းဟာ Asgard ဆီကို ဦးတည္လာတဲ့အခါမွာေတာ့ Odin ဟာ သူ႔ရဲ႕စြမ္းအားေတြနဲ႔ အဲ့ဒီမုန္တိုင္းကို တားဆီးခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ စြမ္းအားႀကီးမားတဲ့ သတၱဳတစ္မ်ိဴးကို အသုံးျပဳခဲ့ၿပီး အဲ့ဒီသတၱဳဟာ မုန္တိုင္းကို စုပ္ယူသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ မုန္တိုင္းရဲ႕ စြမ္းအားေတြဟာ အဲ့ဒီသတၱဳထဲမွာ ပိတ္မိေနၿပီး ေနာက္ပိုင္းမွာေတာ့ အဲ့ဒီသတၱဳကို အသုံးျပဳၿပီးေတာ့ Mjolnir ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Mjolnir ကို အသုံးျပဳၿပီးေတာ့ ေသဆုံးသြားသူေတြကို အသက္ျပန္သြင္းေပးလို႔ ရပါတယ္။
photo via cbr

Thor ဟာ Asgard ကိုပဲ အာ႐ုံစိုက္ေနတတ္တာေၾကာင့္ ကမာၻေပၚမွာ ဘာေတြျဖစ္ေနလည္းဆိုတာကို သိပ္ၿပီးေတာ့ မသိပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒုတိယကမာၻစစ္တုန္းကဆိုရင္ Adolf Hitler ဘက္ကေန တိုက္ခိုက္ေပးခဲ့ဖူးတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ ကမာၻေပၚမွာ ဘာေတြျဖစ္ေနလည္းဆိုတာကို ေသခ်ာမသိတာေၾကာင့္ Hitler က သူ႔ကို လွည့္စားတာကို ခံခဲ့ရတာ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ Stalin ကို သတ္ဖို႔အတြက္ မစ္ရွင္ ရရွိခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ Stalin ရွိတဲ့ ေနရာကို သြားကာ မိုးႀကိဳးနဲ႔ပစ္ၿပီး သတ္ပစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေသခ်ာစစ္ေဆးလိုက္မွ သိရွိလိုက္ရတာကေတာ့ Stalin ပုံစံ မ်က္ႏွာဖုံး စြပ္ထားတဲ့ တစ္ျခားလူတစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။ ဒါ့အျပင္ တစ္ျခားဟီး႐ိုးေတြရဲ႕ ေျပာစကားေတြေၾကာင့္ သူဟာ လွည့္စားခံလိုက္ရတာကို သိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူေၾကာင့္ ေသဆုံးသြားတဲ့သူကို Mjolnir ကို အသုံးျပဳကာ ျပန္လည္အသက္သြင္းေပးခဲ့ပါတယ္။

ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ အားနည္းခ်က္
photo via cbr

ေသြးစုပ္ဖုတ္ေကာင္ေတြဟာ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြ ရွိေနေပမယ့္လည္း အားနည္းခ်က္ေတြ ရွိပါေသးတယ္။ အဲဒါေတြကေတာ့ ေနေရာင္ကို ေၾကာက္တာ၊ ႏွလုံးကို သစ္သားတုတ္နဲ႔ ထိုးတာနဲ႔ ဘာသာေရးဆိုင္ရာ ျမင့္ျမတ္တဲ့ ပစၥည္းေတြကိုလည္း ေၾကာက္လန႔္ၾကပါတယ္။

Mjolnir ဟာလည္း Norse God ရဲ႕ လက္နက္တစ္ခု ျဖစ္တာေၾကာင့္ ဘာသာေရးအရ ၾကည့္မယ္ဆိုရင္ Mjolnir ဟာ ဘာသာေရးဆိုင္ရာ ျမင့္ျမတ္တဲ့ ပစၥည္းတစ္ခု ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Mjolnir ကလည္း ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ အားနည္းခ်က္တစ္ခု ျဖစ္ပါတယ္။ ၁၉၈၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor #332 ထဲမွာေတာ့ Thor ဟာ Dracula အပါအဝင္ ေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။ အဲ့ဒီေကာမစ္ထဲမွာ ေသြးစုပ္ဖုတ္ေကာင္ေတြဟာ Mjolnir နဲ႔ ထိမိလိုက္႐ုံနဲ႔တင္ ျပာက်ၿပီး ေသဆုံးကုန္ၾကပါတယ္။

ဒါကေတာ့ Marvel ေကာမစ္မွာေရာ၊ ႐ုပ္ရွင္မွာပါ နာမည္ႀကီးတဲ့ လက္နက္တစ္ခုျဖစ္တဲ့ Mjolnir နဲ႔ ပတ္သက္လို႔ လူသိပ္မသိေသးတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒါမ်ိဳးေတြ အၿမဲတမ္း ဖတ္ႏိုင္ဖို႔ ဒီေပ့ခ်္ကို Like & Follow လုပ္ေပးထားပါလို႔ အႀကံျပဳလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular