HomeCharacterJustice League အဖွဲ့ဝင်ဖြစ်တဲ့ Martian Manhunter အကြောင်း စိတ်ဝင်စားစရာများ

Justice League အဖွဲ့ဝင်ဖြစ်တဲ့ Martian Manhunter အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Martian Manhunter ဟာ ၁၉၅၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Comics #255 မှာ စတင်ပြီးတော့ DC ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Silver Age တုန်းက Martian Manhunter ဟာ အခုချိန်လောက် စွမ်းအားမကြီးသေးဘဲ အဲ့ဒီတုန်းက စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းအားနဲ့ လေပေါ်ပျံနိုင်ပြီး သာမန်လူတွေထက် သာလွန်တဲ့ အကြားအာရုံပဲ ရှိပါတယ်။ သူဟာ မားစ်ဂြိုဟ်မှာ နေထိုင်တဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့မျိူးနွယ်မှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့နာမည်အရင်းကတော့ J’onn J’onzz ဖြစ်ပြီး လူသားအဖြစ် နေထိုင်တဲ့အချိန်မှာတော့ John Jones ဆိုတဲ့နာမည်နဲ့ နေထိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Martian Manhunter အကြောင်း စိတ်ဝင်စားဖို့ကောင်းတာတွေကို ဖော်ပြပေးချင်ပါတယ်။

သူဟာ Oreo ကွတ်ကီးတွေကို စွဲလမ်းနှစ်သက်ပါတယ်။
photo via cbr

John ဟာ Oreo ကွတ်ကီးတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့ အဆင့်ထက်ကို ပိုပြီးတော့ ဆေးစွဲသလိုမျိူး စွဲလမ်းနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Blue Beetle နဲ့ Booster Gold တို့က နောက်ပြောင်ပြီးတော့ သူ့ရဲ့ကွတ်ကီးတွေအကုန်လုံးကို ခိုးခဲ့တဲ့အပြင် အနီးအနားမှာ ရှိသမျှ ဆိုင်တွေအကုန်လုံးက Oreo တွေကိုပါ ဝယ်ယူပစ်ခဲ့ပါတယ်။ ဒီမှာတင် John ဟာ စားစရာ Oreo တွေ မရှိတော့တာကြောင့် ရူးသွပ်သွားပြီး (၁၃)ပေလောက်မြင့်တဲ့ အကောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့ ပုံစံပြောင်းလဲနိုင်တဲ့အစွမ်းကို မထိန်းချုပ်နိုင်တော့ဘဲ အဲ့လိုဖြစ်သွားပြီး သောင်းကျန်းပါတော့တယ်။

သူဟာ သံသယများသူတစ်ယောက်လည်း ဖြစ်ပါတယ်။
photo via cbr

Batman ဟာ ဘယ်သူကိုမှ လွယ်လွယ်နဲ့ ယုံကြည်တတ်သူ မဟုတ်ဘဲ Justice League အဖွဲ့ဝင်တွေကိုတောင် ဗီလိန်ဖြစ်သွားခဲ့ရင် အနိုင်ယူနိုင်မယ့် နည်းလမ်းတွေကို သိမ်းဆည်းထားသူတစ်ယောက် ဖြစ်ပါတယ်။ အလားတူပဲ John ဟာလည်း ကမ္ဘာကို ရောက်လာကာစတုန်းက အားလုံးကို အနိုင်ယူနိုင်မယ့် နည်းလမ်းတွေကို သိမ်းထားခဲ့ပါတယ်။ ဒါ့အပြင် တစ်ချို့အခြေအနေတွေမှာဆိုရင် သူ့ရဲ့အဖွဲ့သား အချင်းချင်းကိုတောင်မှ မယုံကြည်တာကြောင့် မှတ်ဉာဏ်ဖျောက်ပစ်တာမျိူးတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Zook လို့ခေါ်တဲ့ တွဲဖက်တစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။
photo via cbr

Zook ဟာလည်း မားစ်ဂြိုဟ်ပေါ်က ဂြိုဟ်သားတစ်‌ယောက် ဖြစ်ပြီးတော့ ကမ္ဘာပေါ်ကို တစ်ခြားရာဇဝတ်သားတွေနဲ့အတူ မတော်တဆ ပါလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ John ဟာ သူ့ကို အိမ်ပြန်ပို့ပေးလို့လည်း မရတာကြောင့် သူ့ရဲ့စွန့်စားခန်းတွေမှာ တွဲဖက်တစ်ယောက်အနေနဲ့ အလုပ်လုပ်စေခဲ့ပါတယ်။ Zook ဟာ သူ့အတွက် အတော်လေး အသုံးဝင်ခဲ့ပြီး အမဲလိုက်ခွေးတွေလိုလည်း ခြေရာခံနိုင်တာကြောင့် သူတို့နှစ်ယောက်ဟာ အတွဲညီခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ Zook ဟာ ဒီကောမစ်ထဲကနေ ထွက်ခွာပေးခဲ့ရပါတယ်။ အကြောင်းကတော့ Zook ရဲ့ ပုံသဏ္ဍာန်ဟာ ချစ်စရာ သတ္တဝါတစ်ကောင်နဲ့ တူနေတာကြောင့် ကလေးတွေပါ ဒီကောမစ်ကို ဖတ်လာကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီကောမစ်ရဲ့ ဇာတ်လမ်းတွေဟာ ကလေးတွေနဲ့ မသင့်တော်ဘဲ dark ဖြစ်တာတွေ ပါဝင်နေတာကြောင့် နောက်ပိုင်းမှာ Zook ဟာ လုံးဝကို မပါဝင်တော့ပါဘူး။ နောက်ထပ် (၃၅)နှစ်ကြာသွားတဲ့ အချိန်ကျမှသာ Superman / Batman ဆိုတဲ့ ကောမစ်ထဲမှာ cameo အနေနဲ့ ပြန်လည်ပါဝင်ခဲ့ပါတယ်။

သူဟာ Sailor Moon ရဲ့ ပရိသတ် ဖြစ်ပါတယ်။
photo via cbr

John ဟာ ကမ္ဘာမြေကို လေ့လာဖို့အတွက် identity ပေါင်းစုံ၊ ပုံစံပေါင်းစုံနဲ့ နေရာပေါင်းစုံမှာ နေထိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဂျပန်နိုင်ငံမှာ Hino Rei ဆိုတဲ့နာမည်နဲ့ သတင်းထောက်အဖြစ် နေထိုင်ခဲ့ဖူးပါတယ်။ Sailor Moon ပရိသတ်တွေဆိုရင် အဲ့ဒီနာမည်ကြားလိုက်တာနဲ့ တန်းပြီးတော့ သိမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Rei Hino ဟာ Sailor Mars ဖြစ်ပြီးတော့ အဲ့ဒီ anime ထဲက နာမည်ကြီး ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့်ပါပဲ။

Black Lantern လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

Final Crisis ဆိုတဲ့ ကောမစ်စီးရီးထဲမှာ John ဟာ သေဆုံးသွားခဲ့ပြီး Blackest Night #8 ထဲမှာတော့ သူဟာ Black Lantern အဖြစ်နဲ့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Flash နဲ့ Green Lantern တို့ဟာ Atom နဲ့ ပူးပေါင်းပြီး မီးလေပွေကို ဖန်တီးကာ သူ့ကို တားဆီးခဲ့ကြပါတယ်။ အဲ့ဒီကောမစ်အပိုင်းရဲ့ အဆုံးမှာတော့ The Entity ဟာ John ကို ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Superman က ပြန်လည်ရှင်သန်လာတဲ့ John ဟာ အရင်က Justice League အဖွဲ့ဝင် John လားဆိုပြီး မေးလိုက်တဲ့အချိန်မှာ သူကတော့ “ထင်တာပဲ” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ Martian Manhunter ရဲ့ပုံစံအစစ်ကို မမြင်ဖူးကြပါဘူး။
photo via cbr

သူ့ရဲ့မျိူးနွယ်ကတော့ ပုံစံပြောင်းလဲနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားကြပြီး သူ့ရဲ့ပုံစံအစစ်ကလည်း အတည်တကျမရှိဘဲ အမြဲတမ်း ပြောင်းလဲနေပါတယ်။ သူ့ကို စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ John ကို ပုံစံမျိူးစုံနဲ့ မြင်တွေ့ခဲ့ရပေမယ့်လည်း အဲ့ဒီပုံစံတွေဟာ သူ့ရဲ့တကယ့်ပုံစံအစစ် မဟုတ်ပါဘူး။ အစတုန်းကတော့ လူသားတွေက သူ့ကိုလက်ခံနိုင်လောက်တဲ့ ပုံစံနဲ့ပဲ သူ့ကိုယ်သူ ဖုံးကွယ်ပြီး နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ ကမ္ဘာနဲ့အသားကျလာပြီး သူ့ရဲ့တကယ့်ပုံစံအစစ်နဲ့ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူ့စိတ်ကူးအတိုင်း စီစဉ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အဆင်မပြေခဲ့ပါဘူး။

Justice League ရုပ်ရှင်ထဲမှာ မပါဝင်ခဲ့ရတဲ့ အကြောင်းအရင်း
photo via cbr

Justice League ရုပ်ရှင် စတင်ထွက်လာတဲ့အချိန်မှာ ပရိသတ်အများစုဟာ မူလအဖွဲ့ဝင်တွေကို မြင်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ John ရဲ့နေရာမှာ Cyborg ကို အစားထိုးပေးခဲ့ပါတယ်။ အကြောင်းကတော့ John ရဲ့စွမ်းအားတွေဟာ Superman နဲ့ ဆင်တူနေတာကြောင့် အဲ့လိုမျိူး ဆင်တူနေတဲ့ ဇာတ်ကောင်ကို မထည့်သွင်းဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကတော့ Martian Manhunter နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် အခြားမိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Martian Manhunter ဟာ ၁၉၅၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Detective Comics #255 မွာ စတင္ၿပီးေတာ့ DC ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ Silver Age တုန္းက Martian Manhunter ဟာ အခုခ်ိန္ေလာက္ စြမ္းအားမႀကီးေသးဘဲ အဲ့ဒီတုန္းက စိတ္ခ်င္းဆက္သြယ္ႏိုင္တဲ့ စြမ္းအားနဲ႔ ေလေပၚပ်ံႏိုင္ၿပီး သာမန္လူေတြထက္ သာလြန္တဲ့ အၾကားအာ႐ုံပဲ ရွိပါတယ္။ သူဟာ မားစ္ၿဂိဳဟ္မွာ ေနထိုင္တဲ့ ၿဂိဳဟ္သားတစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕မ်ိဴးႏြယ္မွာ သူတစ္ေယာက္ပဲ အသက္ရွင္က်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕နာမည္အရင္းကေတာ့ J’onn J’onzz ျဖစ္ၿပီး လူသားအျဖစ္ ေနထိုင္တဲ့အခ်ိန္မွာေတာ့ John Jones ဆိုတဲ့နာမည္နဲ႔ ေနထိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Martian Manhunter အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ Oreo ကြတ္ကီးေတြကို စြဲလမ္းႏွစ္သက္ပါတယ္။
photo via cbr

John ဟာ Oreo ကြတ္ကီးေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုတဲ့ အဆင့္ထက္ကို ပိုၿပီးေတာ့ ေဆးစြဲသလိုမ်ိဴး စြဲလမ္းေနတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Blue Beetle နဲ႔ Booster Gold တို႔က ေနာက္ေျပာင္ၿပီးေတာ့ သူ႔ရဲ႕ကြတ္ကီးေတြအကုန္လုံးကို ခိုးခဲ့တဲ့အျပင္ အနီးအနားမွာ ရွိသမွ် ဆိုင္ေတြအကုန္လုံးက Oreo ေတြကိုပါ ဝယ္ယူပစ္ခဲ့ပါတယ္။ ဒီမွာတင္ John ဟာ စားစရာ Oreo ေတြ မရွိေတာ့တာေၾကာင့္ ႐ူးသြပ္သြားၿပီး (၁၃)ေပေလာက္ျမင့္တဲ့ အေကာင္ႀကီးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ သူ႔ရဲ႕ ပုံစံေျပာင္းလဲႏိုင္တဲ့အစြမ္းကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ အဲ့လိုျဖစ္သြားၿပီး ေသာင္းက်န္းပါေတာ့တယ္။

သူဟာ သံသယမ်ားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။
photo via cbr

Batman ဟာ ဘယ္သူကိုမွ လြယ္လြယ္နဲ႔ ယုံၾကည္တတ္သူ မဟုတ္ဘဲ Justice League အဖြဲ႕ဝင္ေတြကိုေတာင္ ဗီလိန္ျဖစ္သြားခဲ့ရင္ အႏိုင္ယူႏိုင္မယ့္ နည္းလမ္းေတြကို သိမ္းဆည္းထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အလားတူပဲ John ဟာလည္း ကမာၻကို ေရာက္လာကာစတုန္းက အားလုံးကို အႏိုင္ယူႏိုင္မယ့္ နည္းလမ္းေတြကို သိမ္းထားခဲ့ပါတယ္။ ဒါ့အျပင္ တစ္ခ်ိဳ႕အေျခအေနေတြမွာဆိုရင္ သူ႔ရဲ႕အဖြဲ႕သား အခ်င္းခ်င္းကိုေတာင္မွ မယုံၾကည္တာေၾကာင့္ မွတ္ဉာဏ္ေဖ်ာက္ပစ္တာမ်ိဴးေတြလည္း ျပဳလုပ္ခဲ့ဖူးပါတယ္။

Zook လို႔ေခၚတဲ့ တြဲဖက္တစ္ေယာက္လည္း ရွိခဲ့ဖူးပါတယ္။
photo via cbr

Zook ဟာလည္း မားစ္ၿဂိဳဟ္ေပၚက ၿဂိဳဟ္သားတစ္‌ေယာက္ ျဖစ္ၿပီးေတာ့ ကမာၻေပၚကို တစ္ျခားရာဇဝတ္သားေတြနဲ႔အတူ မေတာ္တဆ ပါလာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ John ဟာ သူ႔ကို အိမ္ျပန္ပို႔ေပးလို႔လည္း မရတာေၾကာင့္ သူ႔ရဲ႕စြန႔္စားခန္းေတြမွာ တြဲဖက္တစ္ေယာက္အေနနဲ႔ အလုပ္လုပ္ေစခဲ့ပါတယ္။ Zook ဟာ သူ႔အတြက္ အေတာ္ေလး အသုံးဝင္ခဲ့ၿပီး အမဲလိုက္ေခြးေတြလိုလည္း ေျခရာခံႏိုင္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အတြဲညီခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း အခ်ိန္အနည္းငယ္ ၾကာၿပီးတဲ့ေနာက္မွာေတာ့ Zook ဟာ ဒီေကာမစ္ထဲကေန ထြက္ခြာေပးခဲ့ရပါတယ္။ အေၾကာင္းကေတာ့ Zook ရဲ႕ ပုံသ႑ာန္ဟာ ခ်စ္စရာ သတၱဝါတစ္ေကာင္နဲ႔ တူေနတာေၾကာင့္ ကေလးေတြပါ ဒီေကာမစ္ကို ဖတ္လာၾကပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေကာမစ္ရဲ႕ ဇာတ္လမ္းေတြဟာ ကေလးေတြနဲ႔ မသင့္ေတာ္ဘဲ dark ျဖစ္တာေတြ ပါဝင္ေနတာေၾကာင့္ ေနာက္ပိုင္းမွာ Zook ဟာ လုံးဝကို မပါဝင္ေတာ့ပါဘူး။ ေနာက္ထပ္ (၃၅)ႏွစ္ၾကာသြားတဲ့ အခ်ိန္က်မွသာ Superman / Batman ဆိုတဲ့ ေကာမစ္ထဲမွာ cameo အေနနဲ႔ ျပန္လည္ပါဝင္ခဲ့ပါတယ္။

သူဟာ Sailor Moon ရဲ႕ ပရိသတ္ ျဖစ္ပါတယ္။
photo via cbr

John ဟာ ကမာၻေျမကို ေလ့လာဖို႔အတြက္ identity ေပါင္းစုံ၊ ပုံစံေပါင္းစုံနဲ႔ ေနရာေပါင္းစုံမွာ ေနထိုင္ခဲ့ဖူးပါတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ ဂ်ပန္ႏိုင္ငံမွာ Hino Rei ဆိုတဲ့နာမည္နဲ႔ သတင္းေထာက္အျဖစ္ ေနထိုင္ခဲ့ဖူးပါတယ္။ Sailor Moon ပရိသတ္ေတြဆိုရင္ အဲ့ဒီနာမည္ၾကားလိုက္တာနဲ႔ တန္းၿပီးေတာ့ သိမွာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Rei Hino ဟာ Sailor Mars ျဖစ္ၿပီးေတာ့ အဲ့ဒီ anime ထဲက နာမည္ႀကီး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ပါပဲ။

Black Lantern လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

Final Crisis ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ John ဟာ ေသဆုံးသြားခဲ့ၿပီး Blackest Night #8 ထဲမွာေတာ့ သူဟာ Black Lantern အျဖစ္နဲ႔ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Flash နဲ႔ Green Lantern တို႔ဟာ Atom နဲ႔ ပူးေပါင္းၿပီး မီးေလေပြကို ဖန္တီးကာ သူ႔ကို တားဆီးခဲ့ၾကပါတယ္။ အဲ့ဒီေကာမစ္အပိုင္းရဲ႕ အဆုံးမွာေတာ့ The Entity ဟာ John ကို ျပန္လည္အသက္သြင္းေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Superman က ျပန္လည္ရွင္သန္လာတဲ့ John ဟာ အရင္က Justice League အဖြဲ႕ဝင္ John လားဆိုၿပီး ေမးလိုက္တဲ့အခ်ိန္မွာ သူကေတာ့ “ထင္တာပဲ” ဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ဟာ ဘယ္တုန္းကမွ Martian Manhunter ရဲ႕ပုံစံအစစ္ကို မျမင္ဖူးၾကပါဘူး။
photo via cbr

သူ႔ရဲ႕မ်ိဴးႏြယ္ကေတာ့ ပုံစံေျပာင္းလဲႏိုင္တဲ့ အစြမ္းကို ပိုင္ဆိုင္ထားၾကၿပီး သူ႔ရဲ႕ပုံစံအစစ္ကလည္း အတည္တက်မရွိဘဲ အၿမဲတမ္း ေျပာင္းလဲေနပါတယ္။ သူ႔ကို စတင္မိတ္ဆက္ခဲ့တဲ့ အခ်ိန္ကေန အခုခ်ိန္ထိ John ကို ပုံစံမ်ိဴးစုံနဲ႔ ျမင္ေတြ႕ခဲ့ရေပမယ့္လည္း အဲ့ဒီပုံစံေတြဟာ သူ႔ရဲ႕တကယ့္ပုံစံအစစ္ မဟုတ္ပါဘူး။ အစတုန္းကေတာ့ လူသားေတြက သူ႔ကိုလက္ခံႏိုင္ေလာက္တဲ့ ပုံစံနဲ႔ပဲ သူ႔ကိုယ္သူ ဖုံးကြယ္ၿပီး ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူဟာ ကမာၻနဲ႔အသားက်လာၿပီး သူ႔ရဲ႕တကယ့္ပုံစံအစစ္နဲ႔ ေနထိုင္ဖို႔ ဆုံးျဖတ္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း သူ႔စိတ္ကူးအတိုင္း စီစဥ္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အဆင္မေျပခဲ့ပါဘူး။

Justice League ႐ုပ္ရွင္ထဲမွာ မပါဝင္ခဲ့ရတဲ့ အေၾကာင္းအရင္း
photo via cbr

Justice League ႐ုပ္ရွင္ စတင္ထြက္လာတဲ့အခ်ိန္မွာ ပရိသတ္အမ်ားစုဟာ မူလအဖြဲ႕ဝင္ေတြကို ျမင္ေတြ႕ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ John ရဲ႕ေနရာမွာ Cyborg ကို အစားထိုးေပးခဲ့ပါတယ္။ အေၾကာင္းကေတာ့ John ရဲ႕စြမ္းအားေတြဟာ Superman နဲ႔ ဆင္တူေနတာေၾကာင့္ အဲ့လိုမ်ိဴး ဆင္တူေနတဲ့ ဇာတ္ေကာင္ကို မထည့္သြင္းဖို႔အတြက္ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါကေတာ့ Martian Manhunter နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ အျခားမိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular