HomeCelebs Update NewsInternationalဟောလိဝုဒ်ရဲ့အဆိုးဆုံးChris လို့ ဝေဖန်ခံနေရတဲ့ Chris Pratt ကို ဝန်းရံပေးနေကြတဲ့ Avengersသရုပ်ဆောင်များ

ဟောလိဝုဒ်ရဲ့အဆိုးဆုံးChris လို့ ဝေဖန်ခံနေရတဲ့ Chris Pratt ကို ဝန်းရံပေးနေကြတဲ့ Avengersသရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Chris Pratt ဟာ ဟောလိဝုဒ်က Chris နာမည်နဲ့ မင်းသားတွေထဲမှာ အဆိုးဆုံးပဲဆိုပြီး ဝေဖန်မှုတွေ ခံနေရပါတယ်။

ဖြစ်ပုံကတော့ TV producer တစ်ယောက်ဖြစ်တဲ့ Amy Berg ဟာ အောက်တိုဘာလ(၁၇)ရက်နေ့မှာ Chris နာမည်နဲ့ မင်းသားတွေဖြစ်တဲ့ Chris Pratt ၊ Chris Evans ၊ Chris Hemsworth ၊ Chris Pine တို့ကို Twitter မှာ poll လုပ်စေခဲ့ပြီး “တစ်ယောက်ကတော့ သွားရမှာပဲ”လို့ဆိုကာ ပရိသတ်တွေကို ရွေးချယ်မှု ပြုလုပ်စေခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ Chris Pratt ကို ဟောလိဝုဒ်ရဲ့ အဆိုးဆုံး Chris အဖြစ် တံဆိပ်ကပ်စေခဲ့တာကတော့ ထင်မြင်ယူဆမှု အမျိုးမျိုး ရှိတဲ့အထဲက ဆယ်လီတွေအများစု သွားရောက်လေ့ရှိကြတဲ့ Hillsong ဘုရားရှိခိုးကျောင်းနဲ့ ပတ်သက်မှုနဲ့ သမ္မတထရန့်ကို ထောက်ခံမှုကြောင့် ဝေဖန်မှုခံရမှုက ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အဆိုပါ Hillsong ဘုရားရှိခိုးကျောင်းဟာ နာမည်ကျော် အများအပြား တက်ရောက်ကြတဲ့ ချာ့ချ်ကျောင်းတစ်ခုဖြစ်ပြီး LGBTQ တွေအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ‌ ဖြစ်ပေါ်နေတဲ့ ဘုရားရှိခိုးကျောင်းလည်း ဖြစ်ပါတယ်။

Photo: prattprattpratt/ Instagram

ဒီလိုဝေဖန်မှုတွေ ခံနေရတဲ့ Chris Pratt ကိုတော့ ဇနီးသည် Katherine Schwarzenegger အပါအဝင် Avengers သရုပ်ဆောင်တွေက ဝန်းရံပေးပြီး ပြန်လည်ခုခံ ပြောဆိုပေးနေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ တွစ်တာမှာ ဖြစ်ပေါ်ခဲ့တာ ဆိုပေမယ့် အခုဆိုရင်တော့ လူမှုကွန်ယက် တော်တော်များများကို ပျံ့နှံ့နေပြီဖြစ်ပြီး E! News လို နာမည်ကြီး ရုပ်သံလိုင်းကတောင် သူ့ရဲ့အင်စတာဂရမ် စာမျက်နှာမှာ ဘယ် Chris က အကောင်းဆုံးလည်းဆိုပြီး debate လုပ်ခိုင်းနေတာကို တွေ့ရပါတယ်။ အဆိုပါပို့စ်မှာတော့ Chris Pratt ရဲ့ ဇနီးသည် Katherine က ပြန်လည် ခုခံချေပထားတာကို တွေ့ရပါတယ်။

Photo: prattprattpratt/ Instagram

“ဒါက ကျွန်မတို့ တကယ် လိုအပ်နေတဲ့အရာလား။ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ။ လူတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေကြရတယ်။ ရိုင်းပျတယ်ဆိုတာဟာ တကယ် ဒိတ်အောက်နေပါပြီ။ သူတို့အားလုံးကို ချစ်ဖို့ လူတိုင်းရင်ထဲမှာ နေရာ အလုံအလောက် ရှိပါတယ်။ ကျွန်မတို့ လိုအပ်တာ ချစ်ခြင်းမေတ္တာပါပဲ။ ရိုင်းပျတာတို့၊ အနိုင်ကျင့်တာတို့ကို လိုနေတာ မဟုတ်ပါဘူး။ ကြိုးစားကြည့်ရအောင်ပါ ….” ဆိုပြီး အသက်(၃၀)နှစ်အရွယ် ကလေးစာပေ စာရေးဆရာမ Katherine က သူမရဲ့ခင်ပွန်းဘက်ကနေ ပြောကြားထားပါတယ်။

ဒါတင်မက Avengers သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Robert Downey Jr. ကလည်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Chris Pratt အတွက် ဝန်းရံပေးထားပါသေးတယ်။ “တကယ့် ကမ္ဘာကြီးပါပဲ။ အပြစ်မဲ့တဲ့သူတွေဆိုတော့ ကျွန်တော့်ညီကိုဖြစ်တဲ့ Chris Pratt ကို ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်နေကြလေရဲ့ဗျာ။ သူက စည်းနဲ့ကမ်းနဲ့ နေထိုင်တဲ့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပါ။ သူဟာ အကောင်းမြင်မှုနဲ့ ကျေးဇူးတရားကို အပြန်အလှန် စာနာကမ်းလှမ်းမှုကလွဲပြီး တစ်ခြားမဟုတ်တာ မလုပ်တဲ့သူပါ …” လို့ ရေးသားထားတဲ့ caption နဲ့ နှစ်ယောက်တွဲပုံတစ်ခုကို IG မှာ တင်ထားတာ တွေ့ရပါတယ်။

Photo: robertdowneyjr/ Instagram

Mark Ruffalo ကလည်း Chris Pratt အတွက် တစ်တက်တစ်အား ပါဝင်ဝန်းရံထားပါသေးတယ်။ “သူက တကယ့် အားထားရတဲ့ ယောက်ျားတစ်ယောက်ပါဗျာ။ ကျွန်တော် သူနဲ့ပုဂ္ဂိုလ်ရေးအရ သိကျွမ်းပါတယ်။ သူ့ကို ဂုဏ်သိက္ခာကျအောင် ပြောဆိုစွပ်စွဲနေမယ့်အစား သူနေထိုင်ပုံကို ကြည့်လိုက်ပါဦး …” လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါတင်မက ဒါရိုက်တာ James Gunn ကလည်း တွစ်တာမှာ ပို့စ်တင်ပြီး Chris Pratt ဘက်ကနေ ရပ်တည်ပေးထားပါသေးတယ်။ “ဆောရီးပါ။ ဒီအဓိပ္ပာယ်မရှိတဲ့ ကိစ္စကို အခုမှ သိတယ်။ Chris Prat က ကမ္ဘာပေါ်က အကောင်းဆုံး လူတစ်ယောက်ပါ။ သူနဲ့ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးဖူးတဲ့သူမို့လို့ သူနဲ့ပတ်သက်တဲ့ အမှန်တရားကို အများကြီး ပြောပြနိုင်ပါတယ်။ သူ့ရဲ့ဘာသာရေးအရ၊ နိုင်ငံရေးအရ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ယူဆချက်တွေ ထုတ်နေတာတွေ ရပ်လိုက်ကြပါတော့… ” လို့ James Gunn က ဆိုထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသား Chris Pratt ဟာ ေဟာလိဝုဒ္က Chris နာမည္နဲ႔ မင္းသားေတြထဲမွာ အဆိုးဆုံးပဲဆိုၿပီး ေဝဖန္မႈေတြ ခံေနရပါတယ္။

ျဖစ္ပုံကေတာ့ TV producer တစ္ေယာက္ျဖစ္တဲ့ Amy Berg ဟာ ေအာက္တိုဘာလ(၁၇)ရက္ေန႔မွာ Chris နာမည္နဲ႔ မင္းသားေတြျဖစ္တဲ့ Chris Pratt ၊ Chris Evans ၊ Chris Hemsworth ၊ Chris Pine တို႔ကို Twitter မွာ poll လုပ္ေစခဲ့ၿပီး “တစ္ေယာက္ကေတာ့ သြားရမွာပဲ”လို႔ဆိုကာ ပရိသတ္ေတြကို ေ႐ြးခ်ယ္မႈ ျပဳလုပ္ေစခဲ့ရာက စတင္ခဲ့တာ ျဖစ္ပါတယ္။

ဒီေနရာမွာ Chris Pratt ကို ေဟာလိဝုဒ္ရဲ႕ အဆိုးဆုံး Chris အျဖစ္ တံဆိပ္ကပ္ေစခဲ့တာကေတာ့ ထင္ျမင္ယူဆမႈ အမ်ိဳးမ်ိဳး ရွိတဲ့အထဲက ဆယ္လီေတြအမ်ားစု သြားေရာက္ေလ့ရွိၾကတဲ့ Hillsong ဘုရားရွိခိုးေက်ာင္းနဲ႔ ပတ္သက္မႈနဲ႔ သမၼတထရန႔္ကို ေထာက္ခံမႈေၾကာင့္ ေဝဖန္မႈခံရမႈက ပိုမိုမ်ားျပားေနတာ ျဖစ္ပါတယ္။ အဆိုပါ Hillsong ဘုရားရွိခိုးေက်ာင္းဟာ နာမည္ေက်ာ္ အမ်ားအျပား တက္ေရာက္ၾကတဲ့ ခ်ာ့ခ်္ေက်ာင္းတစ္ခုျဖစ္ၿပီး LGBTQ ေတြအေပၚထားတဲ့ သေဘာထားနဲ႔ ပတ္သက္လို႔ အျငင္းပြားမႈေတြ‌ ျဖစ္ေပၚေနတဲ့ ဘုရားရွိခိုးေက်ာင္းလည္း ျဖစ္ပါတယ္။

Photo: prattprattpratt/ Instagram

ဒီလိုေဝဖန္မႈေတြ ခံေနရတဲ့ Chris Pratt ကိုေတာ့ ဇနီးသည္ Katherine Schwarzenegger အပါအဝင္ Avengers သ႐ုပ္ေဆာင္ေတြက ဝန္းရံေပးၿပီး ျပန္လည္ခုခံ ေျပာဆိုေပးေနၾကတာ ျဖစ္ပါတယ္။

ဒီကိစၥဟာ တြစ္တာမွာ ျဖစ္ေပၚခဲ့တာ ဆိုေပမယ့္ အခုဆိုရင္ေတာ့ လူမႈကြန္ယက္ ေတာ္ေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး E! News လို နာမည္ႀကီး ႐ုပ္သံလိုင္းကေတာင္ သူ႔ရဲ႕အင္စတာဂရမ္ စာမ်က္ႏွာမွာ ဘယ္ Chris က အေကာင္းဆုံးလည္းဆိုၿပီး debate လုပ္ခိုင္းေနတာကို ေတြ႕ရပါတယ္။ အဆိုပါပို႔စ္မွာေတာ့ Chris Pratt ရဲ႕ ဇနီးသည္ Katherine က ျပန္လည္ ခုခံေခ်ပထားတာကို ေတြ႕ရပါတယ္။

Photo: prattprattpratt/ Instagram

“ဒါက ကြၽန္မတို႔ တကယ္ လိုအပ္ေနတဲ့အရာလား။ ကမာၻႀကီးမွာ ျဖစ္ပ်က္ေနတာေတြ အမ်ားႀကီးပဲ။ လူေတြကလည္း သူ႔နည္းသူ႔ဟန္နဲ႔ ႐ုန္းကန္ေနၾကရတယ္။ ႐ိုင္းပ်တယ္ဆိုတာဟာ တကယ္ ဒိတ္ေအာက္ေနပါၿပီ။ သူတို႔အားလုံးကို ခ်စ္ဖို႔ လူတိုင္းရင္ထဲမွာ ေနရာ အလုံအေလာက္ ရွိပါတယ္။ ကြၽန္မတို႔ လိုအပ္တာ ခ်စ္ျခင္းေမတၱာပါပဲ။ ႐ိုင္းပ်တာတို႔၊ အႏိုင္က်င့္တာတို႔ကို လိုေနတာ မဟုတ္ပါဘူး။ ႀကိဳးစားၾကည့္ရေအာင္ပါ ….” ဆိုၿပီး အသက္(၃၀)ႏွစ္အ႐ြယ္ ကေလးစာေပ စာေရးဆရာမ Katherine က သူမရဲ႕ခင္ပြန္းဘက္ကေန ေျပာၾကားထားပါတယ္။

ဒါတင္မက Avengers သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Robert Downey Jr. ကလည္း လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူ Chris Pratt အတြက္ ဝန္းရံေပးထားပါေသးတယ္။ “တကယ့္ ကမာၻႀကီးပါပဲ။ အျပစ္မဲ့တဲ့သူေတြဆိုေတာ့ ကြၽန္ေတာ့္ညီကိုျဖစ္တဲ့ Chris Pratt ကို ေက်ာက္ခဲေတြနဲ႔ ဝိုင္းေပါက္ေနၾကေလရဲ႕ဗ်ာ။ သူက စည္းနဲ႔ကမ္းနဲ႔ ေနထိုင္တဲ့ ခရစ္ယာန္ဘာသာဝင္တစ္ေယာက္ပါ။ သူဟာ အေကာင္းျမင္မႈနဲ႔ ေက်းဇူးတရားကို အျပန္အလွန္ စာနာကမ္းလွမ္းမႈကလြဲၿပီး တစ္ျခားမဟုတ္တာ မလုပ္တဲ့သူပါ …” လို႔ ေရးသားထားတဲ့ caption နဲ႔ ႏွစ္ေယာက္တြဲပုံတစ္ခုကို IG မွာ တင္ထားတာ ေတြ႕ရပါတယ္။

Photo: robertdowneyjr/ Instagram

Mark Ruffalo ကလည္း Chris Pratt အတြက္ တစ္တက္တစ္အား ပါဝင္ဝန္းရံထားပါေသးတယ္။ “သူက တကယ့္ အားထားရတဲ့ ေယာက္်ားတစ္ေယာက္ပါဗ်ာ။ ကြၽန္ေတာ္ သူနဲ႔ပုဂၢိဳလ္ေရးအရ သိကြၽမ္းပါတယ္။ သူ႔ကို ဂုဏ္သိကၡာက်ေအာင္ ေျပာဆိုစြပ္စြဲေနမယ့္အစား သူေနထိုင္ပုံကို ၾကည့္လိုက္ပါဦး …” လို႔ သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ဒါတင္မက ဒါ႐ိုက္တာ James Gunn ကလည္း တြစ္တာမွာ ပို႔စ္တင္ၿပီး Chris Pratt ဘက္ကေန ရပ္တည္ေပးထားပါေသးတယ္။ “ေဆာရီးပါ။ ဒီအဓိပၸာယ္မရွိတဲ့ ကိစၥကို အခုမွ သိတယ္။ Chris Prat က ကမာၻေပၚက အေကာင္းဆုံး လူတစ္ေယာက္ပါ။ သူနဲ႔ နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ဆုံးဖူးတဲ့သူမို႔လို႔ သူနဲ႔ပတ္သက္တဲ့ အမွန္တရားကို အမ်ားႀကီး ေျပာျပႏိုင္ပါတယ္။ သူ႔ရဲ႕ဘာသာေရးအရ၊ ႏိုင္ငံေရးအရ ယုံၾကည္မႈနဲ႔ ပတ္သက္ၿပီး ယူဆခ်က္ေတြ ထုတ္ေနတာေတြ ရပ္လိုက္ၾကပါေတာ့… ” လို႔ James Gunn က ဆိုထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular