HomeCharacterThor: Love and Thunder ထဲမှာ မပါဖြစ်လိုက်တဲ့ Cameo များ

Thor: Love and Thunder ထဲမှာ မပါဖြစ်လိုက်တဲ့ Cameo များ

Thor: Love and Thunder ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး လောလောဆယ်မှာတော့ box-office မှာ ဒေါ်လာ(၆၆၅)သန်းကျော် ဝင်ငွေရရှိထားပါတယ်။ MCU ရဲ့ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ထဲမှာတော့ Cameo တွေ ပါဝင်ထားပေမယ့် တချို့ Cameo တွေကတော့ စီစဉ်ထားပြီးမှ အကြောင်းအမျိူးမျိူးကြောင့် မပါဝင်ခဲ့တာမျိူးတွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Thor: Love and Thunder ထဲမှာ မပါဝင်ဖြစ်ခဲ့တဲ့ Cameo တွေကို ဖော်ပြပေးလိုက်ပါတယ်။

Peter Dinklage ရဲ့ Eitri

photo via screenrant

Eitri the Dwarf ကတော့ Avengers: Infinity War ထဲမှာ ပထမဆုံး စတင်ပါဝင်လာခဲ့ပြီး သူဟာ Mjolnir နဲ့ Stormbreaker နှစ်ခုလုံးကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Thanos ရဲ့ ခြိမ်းခြောက်မှုကြောင့် Infinity Gauntlet ကိုလည်း ဖန်တီးပေးခဲ့ရပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Christian Bale ဟာ Peter Dinklage နဲ့အတူ ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဇာတ်ဝင်ခန်းရဲ့ အကြောင်းအရာတွေကိုတော့ မပြောပြသွားပါဘူး။ ဒါ့အပြင် အဲဒီဇာတ်ဝင်ခန်းတွေဟာလည်း ရုပ်ရှင်ထဲမှာ မပါဝင်ခဲ့ပါဘူး။

Jeff Goldblum ရဲ့ Grandmaster

photo via screenrant

Grandmaster ကတော့ Thor: Ragnarok ထဲမှာ စတင်ပါဝင်လာခဲ့ပြီး သူဟာ Elder of the Universe လည်း ဖြစ်ပါတယ်။ Thor: Ragnarok ဇာတ်လမ်းထဲမှာတော့ Grandmaster ဟာ သေဆုံးသွားတယ်လို့ မပြသခဲ့တာကြောင့် နောက်ထပ်ပရောဂျက်တွေမှာလည်း ထပ်မံပါဝင်လာနိုင်ပါတယ်။

Christian Bale ကပဲ Jeff Goldblum နဲ့အတူ ရိုက်ကူးရေး ပြုလုပ်ခဲ့တယ်လို့ အင်တာဗျူးထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါရိုက်တာ Taika Waititi ဟာ Peter Dinklage နဲ့ Jeff Goldblum တို့ရဲ့ ဇာတ်ဝင်ခန်းတွေကို ဖျက်ပစ်ခဲ့ပါတယ်။ ဒီလိုဖျက်ပစ်ခဲ့တဲ့ အကြောင်းကတော့ ဒီဇာတ်ဝင်ခန်းတွေဟာ ဇာတ်လမ်းအတွက် မလိုအပ်ဘဲ လုံလုံလောက်လောက် ကောင်းမွန်မှု မရှိတာကြောင့်လို့ ဆိုပါတယ်။

Lena Headey ရဲ့ Unknown Role

photo via screenrant

Game of Thrones ဇာတ်လမ်းတွဲထဲမှာ Cersei နေရာက သရုပ်ဆောင်ထားတဲ့ Lena Headey ကလည်း ဒီရုပ်ရှင်ထဲမှာ ဇာတ်ဝင်ခန်းအနည်းငယ်အတွက် ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဘယ်ဇာတ်ကောင်နေရာမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ ကောလာဟလတွေအရ ဆိုရင်တော့ သူမဟာ Valkyrie တစ်ယောက်နေရာက ပါဝင်ထားတယ်လို့ သိရပါတယ်။ MCU ပရိသတ်တွေကတော့ ဒီလိုမျိူး ဖျက်ပစ်ခဲ့တဲ့ Cameo တွေကို ကြည့်ချင်နေကြပေမယ့်လည်း ဒါရိုက်တာ Taika Waititi ကတော့ ဒီ Cameo တွေကို ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular