HomeEntertainmentFilmThor: Love and Thunder ထဲမှာ Mjolnir ဘယ်လို ပြန်လည်ပါဝင်လာမလဲ? (Fan Theory)

Thor: Love and Thunder ထဲမှာ Mjolnir ဘယ်လို ပြန်လည်ပါဝင်လာမလဲ? (Fan Theory)

Mjolnir ကတော့ Thor ရဲ့ လက်နက်ပဲ ဖြစ်ပြီး MCU ထဲက အထင်ကရ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတူကိုတော့ လူတိုင်း မ,မနိုင်ဘဲ ထိုက်တန်သူသာ ကိုင်ဆောင်နိုင်ပြီး ကိုင်ဆောင်နိုင်သူဟာလည်း Thor ရဲ့ စွမ်းအားတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။

Thor: Ragnarok ထဲမှာတော့ Hela ဟာ Mjolnir ကို အစိတ်စိတ် အမွှာအမွှာဖြစ်အောင် ချေမွဖျက်ဆီးပစ်ခဲ့ပေမယ့်လည်း ထွေလာထဲမှာတော့ Jane Foster ဟာ ဒီတူကိုပဲ ကိုင်ဆောင်ကာ Mighty Thor ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Thor: Love and Thunder ထဲမှာ Mjolnir ဟာ ဘယ်လိုပုံစံနဲ့ ပြန်လည် ပါဝင်လာနိုင်မလည်းဆိုတဲ့ Fan Theory တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Mjolnir ကို ပြန်လည် ပြုပြင်လိုက်တာ ဖြစ်နိုင်ပါတယ်။

photo via screenrant

ဒီသီအိုရီကတော့ အဖြစ်နိုင်ဆုံးတွေထဲမှာ ပါဝင်နေပါတယ်။ အကြောင်းကတော့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Mjolnir ဟာ အက်ကြောင်းတွေ ရှိနေပြီး ပြန်လည် ပြုပြင်ထားတယ်လို့ ယူဆရတာကြောင့် ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Thor Odinson ဟာ Jane Foster က Mjolnir ကို ကိုင်ဆောင်ထားတာ မြင်တွေ့လိုက်တဲ့ အချိန်မှာ အံ့အားသင့်သွားတာကြောင့် Mjolnir ကို ပြန်လည် ပြုပြင်လိုက်တဲ့အကြောင်း Thor ကိုယ်တိုင် သိပုံမရပါဘူး။

ကမ္ဘာပေါ်ကို ပြောင်းရွှေ့လာကြတဲ့ Asgardian တွေကတော့ Mjolnir ဟာ သူတို့အတွက် အရေးကြီးတဲ့ သင်္ကေတတစ်ခုလို့ ယူဆထားကြပါတယ်။ တကယ်လို့ ဒီတူကိုသာ ပြန်လည်ပြုပြင်နိုင်ရင် နောက်ထပ် Thor အသစ် ပေါ်ပေါက်လာပြီး သူတို့အတွက် ကာကွယ်သူတစ်ယောက် ထပ်ပြီးရရှိလာမှာကို လိုချင်ကြတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတူကို ပြင်ဖို့အတွက် ဆိုရင်တော့ Stormbreaker ကို ဖန်တီးပေးခဲ့တဲ့ Eitri ရဲ့ အကူအညီကိုလည်း လိုအပ်နိုင်ပါတယ်။

(2) တခြားဒိုင်မေးရှင်းက ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။

photo via screenrant

ဒီသီအိုရီဟာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Mjolnir ဟာ တခြားဒိုင်မေးရှင်းတစ်ခုက ရောက်လာတာလည်း ဖြစ်နေနိုင်ပါတယ်။ Marvel ရဲ့ Phase 4 မှာတော့ Multiverse ကို အဓိကထား ပြသနေတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လတုန်းကတော့ Loki ဇာတ်လမ်းတွဲဟာ Thor: Love and Thunder နဲ့ တိုက်ရိုက် ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ကတော့ Loki မပါဝင်တဲ့ ပထမဆုံး Thor ရုပ်ရှင် ဖြစ်လာမှာ ဖြစ်ပြီး တကယ် ထွက်လာတဲ့ အချိန်မှာတော့ အံ့အားသင့်စရာအနေနဲ့ Loki Variant ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

(3) အချိန်ခရီးသွားခြင်းကနေတဆင့်လည်း ပြန်လည် ပါဝင်လာနိုင်ပါတယ်။

photo via screenrant

Avengers: Endgame ထဲမှာ မြင်တွေ့ခဲ့ရသလိုပဲ အချိန်ခရီးသွားခြင်းကနေတဆင့် Mjolnir ဟာ ပြန်လည် ပါဝင်လာနိုင်ပါသေးတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ Gorr the God Butcher ကို ရင်ဆိုင်ဖို့အတွက် မတူညီတဲ့ အချိန်ကာလတွေမှာ ရှိနေတဲ့ Thor သုံးယောက်ဟာ ပူးပေါင်း တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒါကြောင့်ပဲ အချိန်ခရီးသွားခြင်းကိုလည်း မေ့ထားလို့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြထားတဲ့ သီအိုရီသုံးခုထဲမှာတော့ ပထမဆုံးတစ်ခုက ဖြစ်နိုင်ချေအများဆုံး ဖြစ်ပြီး အသေးစိတ်အချက်တွေ မတူညီရင်တောင် Ragnarok ထဲမှာ ပျက်စီးသွားတဲ့ Mjolnir ကို ပြန်လည် ပြုပြင်သွားမယ်ဆိုတဲ့ အချက်ကတော့ သေချာပေါက်နီးပါး မှန်နေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular