HomeEntertainmentFilmThor: Love and Thunder ထဲက Shadow Realm ဆိုတာ ဘာလဲ?

Thor: Love and Thunder ထဲက Shadow Realm ဆိုတာ ဘာလဲ?

Thor: Love and Thunder ရုပ်ရှင်ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီရုပ်ရှင်ထဲမှာတော့ Christian Bale သရုပ်ဆောင်ထားတဲ့ Gorr the God Butcher ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ Gorr the God Butcher ကတော့ Necrosword ကို အသုံးပြုပြီး နတ်ဘုရားတွေကို လိုက်လံသတ်ဖြတ်နေသူ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူ့ရဲ့စွမ်းအားအရင်းအမြစ်ဟာ Shadow Realm ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Shadow Realm လည်း ပါဝင်နေတာကြောင့် စာဖတ်သူတို့အတွက် Shadow Realm အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Shadow Realm ဟာ ကမ္ဘာရဲ့အောက်မှာ ရှိနေတဲ့ Two-Dimensional Realm တစ်ခုလို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတော့ သက်ရှိတွေကို စားသုံးတဲ့ Soul Master တွေဟာ အဲဒီနေရာကို ကျူးကျော်သိမ်းပိုက်ခဲ့ကြပါတယ်။ Soul Master တွေဟာ ရှိသမျှ Existence တွေအားလုံးမှာ သက်ရှိတွေအားလုံးနဲ့ အလင်းရောင်တွေကို ပျောက်ကွယ်သွားစေချင်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပိုပြီးမြင့်မားတဲ့ ဒိုင်မေးရှင်းတွေကို ကျူးကျော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။

Soul Master တွေထဲက အထင်ကရဖြစ်သူကတော့ Warlord Kaa ပဲ ဖြစ်ပြီး သူဟာ ကမ္ဘာပေါ်ကို ကျူးကျော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Hulk ရဲ့အရိပ်ကို ဝင်ရောက်ပူးကပ်လေ့ရှိပြီး ဒီလိုလုပ်လိုက်ရင် Hulk ရဲ့ ခွန်အားတွေနဲ့ အကြမ်းခံနိုင်မှုတွေကို ရရှိသွားပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ Hulk ရဲ့ ရန်သူ ဖြစ်လာခဲ့ပါတယ်။ Shadow Realm ထဲမှာ နေထိုင်ကြတဲ့ Soul Master တွေဟာလည်း ထုထည်မရှိတဲ့ Two-Dimensional Being တွေ ဖြစ်ကြပြီး အရိပ်တွေကို ပူးကပ်နိုင်ကာ အလင်းရောင်ကိုတော့ ကြောက်ရွံ့ကြပါတယ်။

photo via screenrant

Soul Master တွေကိုတော့ ရှေးဟောင်းနတ်ဘုရား Knull က ဖန်တီးထားတာ ဖြစ်ပါတယ်။ Knull ကတော့ God of Darkness ပဲ ဖြစ်ပြီး ဖန်တီးမှုတွေ မရှိခင်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။ Celestial တွေဟာ Big Bang ကို ဖြစ်စေခဲ့ပြီး အလင်းရောင်နဲ့ သက်ရှိတွေကို စကြဝဠာတလျှောက်မှာ ဖန်တီးလိုက်တာကြောင့် Knull ဟာ ဒေါသထွက်သွားပါတယ်။ ဒါကြောင့် Celestial တွေနဲ့ရော သက်ရှိတွေနဲ့ပါ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ Knull ဟာ နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ့ Necrosword ကို ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီဓားကတော့ လက်နက်သက်သက် မဟုတ်ဘဲ Knull ဖန်တီးခဲ့တဲ့ ပထမဆုံး Symbiote လည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Venom တို့လို Symbiote တွေကိုလည်း သူ့ရဲ့အေးဂျင့်အနေနဲ့ ဆက်လက်ဖန်တီးခဲ့ပြီး Soul Master တွေကတော့ Symbiote တွေက ကွဲထွက်သွားတဲ့ Being တွေပဲ ဖြစ်ပါတယ်။

photo via screenrant

Thor: Love and Thunder ထဲမှာတော့ MCU ရဲ့ ထုံးစံအတိုင်းပဲ Shadow Realm ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Shadow Realm ဟာ အရောင်တွေအားလုံး ပျောက်ကွယ်သွားတဲ့ နေရာတစ်ခုလို့ပဲ ပြသသွားပါတယ်။ Gorr the God Butcher ကတော့ Necrosword ကို အသုံးပြုကာ Shadow Realm ကို လိုသလို ခြယ်လှယ်နိုင်ပြီး Soul Master တွေနဲ့ ဆင်တူတဲ့ Shadow Monster တွေကိုလည်း ထုတ်လုပ်နိုင်ပါတယ်။

အဲဒီ Shadow Monster တွေကတော့ အရိပ်နဲ့ဆင်တူပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ ထုထည်တော့ တည်ရှိနေပါတယ်။ ဒါကြောင့်ပဲ Gorr ဟာ Shadow Realm ထဲမှာ စွမ်းအားအကြီးဆုံး ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Necrosword နဲ့ Shadow Realm တို့ဟာ တိုက်ရိုက် ချိတ်ဆက်နေတယ်လို့ မဖော်ပြထားပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular