HomeCelebs Update NewsKoreaလက်ထပ်တော့မယ့်အကြောင်း ကိုယ်တိုင်ကြေငြာလိုက်တဲ့ TVXQ အဖွဲ့က Changmin 

လက်ထပ်တော့မယ့်အကြောင်း ကိုယ်တိုင်ကြေငြာလိုက်တဲ့ TVXQ အဖွဲ့က Changmin 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TVXQ အဖွဲ့က Changmin ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ့်အကြောင်း ကိုယ်တိုင်ကြေငြာမောင်းခတ်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ TVXQ fan cafe မှာ Changmin ကိုယ်တိုင် လက်ရေးနဲ့ရေးသားထားတဲ့ စာတစ်စောင်ကို တင်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။

ယခု Changmin လက်ထပ်မယ့် မိန်းကလေးဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလလောက်တုန်းက မီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့ သူ့ရဲ့ချစ်သူကောင်မလေးပဲ‌ ဖြစ်ပါတယ်။ ကောင်မလေးဟာ Changmin ထက် အသက်ငယ်ပြီး ဆယ်လီတစ်ယောက်တော့ မဟုတ်ပါဘူး။ Changmin ရဲ့ ဇနီးလောင်းလေးနဲ့ ပတ်သက်လို့ ကျန်ရှိနေတဲ့ တစ်ခြားအသေးစိတ် အချက်အလက်တွေကိုတော့ အသိမပေးထားပါဘူး။ Changmin ရေးထားတဲ့ အသိပေးစာထဲက အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo: koreaboo

“မင်္ဂလာပါ။ ကျွန်တော်ကတော့ TVXQ အဖွဲ့က Changmin ပါ။ ကျွန်တော့်ရဲ့ ပရိသတ်တွေကို လူကိုယ်တိုင် အသိပေးစရာတစ်ခု ရှိပါတယ်။ အဲ့ဒါကြောင့် သတ္တိမွေးပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပေါ့ပေါ့ပါးပါး၊ အလွယ်တကူ ပြောပြလိုက်လို့ မရတဲ့အရာဖြစ်တာကြောင့် စာလုံးတစ်လုံးစီကို စိတ်လှုပ်ရှားမှုများစွာနဲ့ ရေးသားပြီး အသိပေးလိုက်ရပါတယ်… ”

“ကျွန်တော့်ကို တစ်ခဲနက် အားပေးကြတဲ့ တစ်ချို့ပရိသတ်တွေအတွက် အခုလိုရုတ်တရက် ကြားရတဲ့ သတင်းတစ်ခုဟာ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲ့ဒီ့အတွက်လည်း တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို တစ်ခြားလူတွေဆီက မဟုတ်ဘဲ ကျွန်တော့်ဆီကပဲ တိုက်ရိုက်ကြားသိရတာက ပိုကောင်းမယ်လို့ ထင်မိပါတယ် …”

“ကျွန်တော် အဆိုတော်တစ်ယောက်အဖြစ် ပွဲထွက်ခဲ့တာ (၁၇)နှစ်ရှိပါပြီ။ အဲ့ဒီ့အချိန်က နမော်နမဲ့နဲ့ ကလေးဆန်တဲ့ အထက်တန်းကျောင်းသားလေးဟာ အခုတော့ အသက်သုံးဆယ်ကျော်လာတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပါပြီ။ TVXQ အဖွဲ့သားတစ်ယောက်အနေနဲ့ ကျွန်တော့်ဘဝရဲ့ တစ်ဝက်နီးပါးလောက်ကို နေထိုင်ခဲ့ပြီးပါပြီ…”

Photo: changmin88/ Instagram

“အတိတ်ကို ပြန်တွေးကြည့်မယ်ဆိုရင် Yunho နဲ့ ကျွန်တော်ရော၊ ပရိသတ်တွေအားလုံးရော TVXQ ရဲ့ အနာဂတ်ကို တွေးပူခဲ့ရတဲ့အချိန်တွေ ရှိပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ TVXQ ဟာ အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့ပါတယ်။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်… ”

“တလောက ဆောင်းပါးတွေမှာ ပရိသတ်တွေအားလုံး သိခဲ့ကြတဲ့အတိုင်းပဲ ကျွန်တော်တွဲနေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး သစ္စာလည်းရှိတာကြောင့် ကောင်းမွန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူနဲ့အတူ ကျွန်တော့်တစ်ဘဝလုံးကို နေထိုင်သွားချင်ပါတယ်။ နွေအပူလျော့သွားတဲ့အချိန် စက်တင်ဘာလလောက်မှာ မင်္ဂလာပွဲလေးလုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အားပေးတဲ့ Yunho နဲ့ အကြံဉာဏ်တွေ၊ မှတ်ချက်တွေ ဝိုင်းပေးခဲ့ကြတဲ့ အေဂျင်စီက အဖွဲ့သားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်…”

Photo: changmin88/ Instagram

“အခု ကျွန်တော်လျှောက်ဖို့ ရွေးချယ်လိုက်တဲ့လမ်းကြောင်းဟာ အရင်က ကျွန်တော်ရွေးချယ်ဖူးတဲ့ လမ်းကြောင်းတွေထက် အများကြီး တာဝန်တွေပိုမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပိုပြီးကြိုးစားပါ့မယ်။ အကောင်းဆုံး ကြိုးစားပြီး အခုထက်လည်း ပိုကောင်းအောင် နေပါမယ်။ ကျွန်တော်ဟာ မိသားစုရဲ့ အကြီးအကဲတာဝန်နဲ့ ကျွန်တော်တို့ကို အချစ်တွေပေးထားသူတွေကို ပြန်လည်ပေးဆပ်ဖို့ တာဝန်ရှိနေတဲ့ TVXQ ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်… ”

“အခုရက်ပိုင်းတွေမှာ ပူအိုက်လွန်းတဲ့ နွေရာသီဖြစ်နေပေမယ့် ကမ္ဘာကြီးရဲ့ နေရာတော်တော်များများမှာတော့ အေးခဲနေတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာအောင် ဂရုစိုက်နေထိုင်ကြပါ။ ဒီလောက် စာအရှည်ကြီးကို ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်…” လို့ Changmin က သူ့ရဲ့စာထဲမှာ ရေးထားပါတယ်။

Photo: changmin88/ Instagram

Changmin ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး SM Entertainment ကလည်း ဂုဏ်ပြုကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားပါသေးတယ်။

“Changmin ရဲ့ သတင်းကို အားလုံးဆီ အသိပေးချင်တာလေး ရှိပါတယ်။ Changmin ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ စက်တင်ဘာလ(၅)ရက်နေ့မှာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ သတို့သမီးလောင်းနဲ့ နှစ်ဖက်မိသားစုရဲ့ ပုဂ္ဂိုလ်ရေးကို စဉ်းစားပေးပြီးတော့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ အချိန်၊နေရာ အတိအကျကိုတော့ သီးသန့်ထားရှိသွားမှာ ဖြစ်ပါတယ်။ Changmin ကတော့ artist တစ်ယောက်အနေနဲ့ရော၊ TVXQ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပါ ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဘဝစာမျက်နှာအသစ် ရေးထိုးတော့မယ့် Changmin ကိုလည်း ဂုဏ်ပြုပေးကြပါဦး… ” လို့ SM က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

TVXQ အဖြဲ႕က Changmin ဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ လက္ထပ္ေတာ့မယ့္အေၾကာင္း ကိုယ္တိုင္ေၾကျငာေမာင္းခတ္လိုက္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ TVXQ fan cafe မွာ Changmin ကိုယ္တိုင္ လက္ေရးနဲ႔ေရးသားထားတဲ့ စာတစ္ေစာင္ကို တင္ၿပီး အသိေပးလိုက္တာ ျဖစ္ပါတယ္။

ယခု Changmin လက္ထပ္မယ့္ မိန္းကေလးဟာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလေလာက္တုန္းက မီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကတဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးပဲ‌ ျဖစ္ပါတယ္။ ေကာင္မေလးဟာ Changmin ထက္ အသက္ငယ္ၿပီး ဆယ္လီတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ Changmin ရဲ႕ ဇနီးေလာင္းေလးနဲ႔ ပတ္သက္လို႔ က်န္ရွိေနတဲ့ တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ အသိမေပးထားပါဘူး။ Changmin ေရးထားတဲ့ အသိေပးစာထဲက အေၾကာင္းအရာေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Photo: koreaboo

“မဂၤလာပါ။ ကြၽန္ေတာ္ကေတာ့ TVXQ အဖြဲ႕က Changmin ပါ။ ကြၽန္ေတာ့္ရဲ႕ ပရိသတ္ေတြကို လူကိုယ္တိုင္ အသိေပးစရာတစ္ခု ရွိပါတယ္။ အဲ့ဒါေၾကာင့္ သတၱိေမြးၿပီး ဒီစာကို ေရးလိုက္ရပါတယ္။ ေပါ့ေပါ့ပါးပါး၊ အလြယ္တကူ ေျပာျပလိုက္လို႔ မရတဲ့အရာျဖစ္တာေၾကာင့္ စာလုံးတစ္လုံးစီကို စိတ္လႈပ္ရွားမႈမ်ားစြာနဲ႔ ေရးသားၿပီး အသိေပးလိုက္ရပါတယ္… ”

“ကြၽန္ေတာ့္ကို တစ္ခဲနက္ အားေပးၾကတဲ့ တစ္ခ်ိဳ႕ပရိသတ္ေတြအတြက္ အခုလို႐ုတ္တရက္ ၾကားရတဲ့ သတင္းတစ္ခုဟာ စိတ္ပ်က္စရာ ျဖစ္ေကာင္းျဖစ္မယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ အဲ့ဒီ့အတြက္လည္း ေတာင္းပန္ပါတယ္။ ဒါေပမယ့္ ဒီအေၾကာင္းကို တစ္ျခားလူေတြဆီက မဟုတ္ဘဲ ကြၽန္ေတာ့္ဆီကပဲ တိုက္႐ိုက္ၾကားသိရတာက ပိုေကာင္းမယ္လို႔ ထင္မိပါတယ္ …”

“ကြၽန္ေတာ္ အဆိုေတာ္တစ္ေယာက္အျဖစ္ ပြဲထြက္ခဲ့တာ (၁၇)ႏွစ္ရွိပါၿပီ။ အဲ့ဒီ့အခ်ိန္က နေမာ္နမဲ့နဲ႔ ကေလးဆန္တဲ့ အထက္တန္းေက်ာင္းသားေလးဟာ အခုေတာ့ အသက္သုံးဆယ္ေက်ာ္လာတဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ေနပါၿပီ။ TVXQ အဖြဲ႕သားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္ဘဝရဲ႕ တစ္ဝက္နီးပါးေလာက္ကို ေနထိုင္ခဲ့ၿပီးပါၿပီ…”

Photo: changmin88/ Instagram

“အတိတ္ကို ျပန္ေတြးၾကည့္မယ္ဆိုရင္ Yunho နဲ႔ ကြၽန္ေတာ္ေရာ၊ ပရိသတ္ေတြအားလုံးေရာ TVXQ ရဲ႕ အနာဂတ္ကို ေတြးပူခဲ့ရတဲ့အခ်ိန္ေတြ ရွိပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈနဲ႔ TVXQ ဟာ အခ်ိန္အၾကာႀကီး ရပ္တည္ႏိုင္ခဲ့ပါတယ္။ အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္… ”

“တေလာက ေဆာင္းပါးေတြမွာ ပရိသတ္ေတြအားလုံး သိခဲ့ၾကတဲ့အတိုင္းပဲ ကြၽန္ေတာ္တြဲေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ရွိပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္ၿပီး သစၥာလည္းရွိတာေၾကာင့္ ေကာင္းမြန္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ သူနဲ႔အတူ ကြၽန္ေတာ့္တစ္ဘဝလုံးကို ေနထိုင္သြားခ်င္ပါတယ္။ ေႏြအပူေလ်ာ့သြားတဲ့အခ်ိန္ စက္တင္ဘာလေလာက္မွာ မဂၤလာပြဲေလးလုပ္မယ္လို႔ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ထားပါတယ္။ ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္ကို အားေပးတဲ့ Yunho နဲ႔ အႀကံဉာဏ္ေတြ၊ မွတ္ခ်က္ေတြ ဝိုင္းေပးခဲ့ၾကတဲ့ ေအဂ်င္စီက အဖြဲ႕သားေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္…”

Photo: changmin88/ Instagram

“အခု ကြၽန္ေတာ္ေလွ်ာက္ဖို႔ ေ႐ြးခ်ယ္လိုက္တဲ့လမ္းေၾကာင္းဟာ အရင္က ကြၽန္ေတာ္ေ႐ြးခ်ယ္ဖူးတဲ့ လမ္းေၾကာင္းေတြထက္ အမ်ားႀကီး တာဝန္ေတြပိုမယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ပိုၿပီးႀကိဳးစားပါ့မယ္။ အေကာင္းဆုံး ႀကိဳးစားၿပီး အခုထက္လည္း ပိုေကာင္းေအာင္ ေနပါမယ္။ ကြၽန္ေတာ္ဟာ မိသားစုရဲ႕ အႀကီးအကဲတာဝန္နဲ႔ ကြၽန္ေတာ္တို႔ကို အခ်စ္ေတြေပးထားသူေတြကို ျပန္လည္ေပးဆပ္ဖို႔ တာဝန္ရွိေနတဲ့ TVXQ ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္… ”

“အခုရက္ပိုင္းေတြမွာ ပူအိုက္လြန္းတဲ့ ေႏြရာသီျဖစ္ေနေပမယ့္ ကမာၻႀကီးရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေအးခဲေနတယ္လို႔ ထင္ရပါတယ္။ ဒါေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာမွာပါ က်န္းမာေအာင္ ဂ႐ုစိုက္ေနထိုင္ၾကပါ။ ဒီေလာက္ စာအရွည္ႀကီးကို ဖတ္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္…” လို႔ Changmin က သူ႔ရဲ႕စာထဲမွာ ေရးထားပါတယ္။

Photo: changmin88/ Instagram

Changmin ရဲ႕ မဂၤလာသတင္းနဲ႔ ပတ္သက္ၿပီး SM Entertainment ကလည္း ဂုဏ္ျပဳေၾကာင္း ေၾကျငာခ်က္တစ္ေစာင္ ထုတ္ျပန္ထားပါေသးတယ္။

“Changmin ရဲ႕ သတင္းကို အားလုံးဆီ အသိေပးခ်င္တာေလး ရွိပါတယ္။ Changmin ဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ စက္တင္ဘာလ(၅)ရက္ေန႔မွာ လက္ထပ္ေတာ့မွာ ျဖစ္ပါတယ္။ သတို႔သမီးေလာင္းနဲ႔ ႏွစ္ဖက္မိသားစုရဲ႕ ပုဂၢိဳလ္ေရးကို စဥ္းစားေပးၿပီးေတာ့ မဂၤလာပြဲနဲ႔ ပတ္သက္တဲ့ အခ်ိန္၊ေနရာ အတိအက်ကိုေတာ့ သီးသန႔္ထားရွိသြားမွာ ျဖစ္ပါတယ္။ Changmin ကေတာ့ artist တစ္ေယာက္အေနနဲ႔ေရာ၊ TVXQ အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ပါ ေကာင္းမြန္တဲ့ ေဖ်ာ္ေျဖမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ဘဝစာမ်က္ႏွာအသစ္ ေရးထိုးေတာ့မယ့္ Changmin ကိုလည္း ဂုဏ္ျပဳေပးၾကပါဦး… ” လို႔ SM က ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular