HomeEntertainmentFilmMCU ထဲက Thunderbolts အဖွဲ့ရဲ့ First Look ထွက်ရှိလာ

MCU ထဲက Thunderbolts အဖွဲ့ရဲ့ First Look ထွက်ရှိလာ

Marvel ရဲ့ Thunderbolts အဖွဲ့ကိုတော့ လူစုံတက်စုံနဲ့ မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jake Schreier က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Black Widow ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Eric Pearson ကပဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Thunderbolts အဖွဲ့ဟာ အဖွဲ့ဝင်အပြောင်းအလဲများစွာ ရှိခဲ့ပြီး များသောအားဖြင့် General Thunderbolt Ross တဖြစ်လည်း Red Hulk က အဖွဲ့ကို ဦးဆောင်လေ့ ရှိပါတယ်။ ဒီအဖွဲ့ကတော့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဗီလိန်တွေနဲ့ anti-hero တွေ စုစည်းပြီး အန္တရာယ်များတဲ့ မစ်ရှင်တွေကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Thunderbolts အဖွဲ့ဟာ Marvel ဗားရှင်း Suicide Squad အဖွဲ့လို့ ပြောနိုင်ပါတယ်။

Photo: screenrant/ twitter

Thunderbolts ရုပ်ရှင်ကိုတော့ Comic-Con ပွဲမှာ စတင်ကြေညာခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကနဦးက ကြေညာထားတာ ဖြစ်ပါတယ်။ ယခုဆိုရင်တော့ ဒီရုပ်ရှင်အတွက် Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာမယ့် အဖွဲ့ဝင်အပြည့်အစုံကို D23 Expo ပွဲမှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Photo: screenrant/ twitter

Thunderbolts အဖွဲ့ထဲမှာတော့ Yelena Belova (Florence Pugh) ၊ Red Guardian (David Harbour) ၊ US Agent (Wyatt Russell) ၊ Bucky Barnes (Sebastian Stan) ၊ Ghost (Hannah John-Kamen) ၊ Taskmaster တို့ ပါဝင်ပြီး Valentina Allegra de Fontaine (Julia Louis-Dreyfuss)က အဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: screenrant/ twitter

သို့သော်လည်း ဒီအဖွဲ့ထဲမှာ General Ross ကိုတော့ မတွေ့ရသေးပါဘူး။ General Ross နေရာမှာတော့ ယခင်က William Hurt က သရုပ်ဆောင်ထားပြီး စိတ်မကောင်းစရာနဲ့ပဲ ယခုနှစ်အစောပိုင်းမှာတော့ သူဟာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Red Hulk ဟာလည်း တစ်နည်းနည်းနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ဗီလိန်၊ ဒါမှမဟုတ် ခြိမ်းခြောက်မှုက ဘာလည်းဆိုတာကိုတော့ မသိရသေးတာကြောင့် ဆက်လက်ပြီး နားစွင့်ရဦးမှာ ဖြစ်ပါတယ်။

Thunderbolts အဖွဲ့ဟာ DC ရဲ့ Suicide Squad အဖွဲ့နဲ့ ဆင်တူပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ R-rate ဇာတ်ဝင်ခန်းတွေ မပါဝင်လောက်ပါဘူး။ သို့သော်လည်း MCU ရဲ့ စူပါဟီးရိုးတွေကြားမှာ ကျင့်သုံးတဲ့ စံသတ်မှတ်ချက်တွေကိုတော့ ဒီအဖွဲ့ဟာ ချိုးဖြတ်သွားမှာ ဖြစ်ပြီး သူ့နည်းသူ့ဟန်နဲ့ ကြမ်းတမ်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို မြင်တွေ့ရနိုင်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular